မြန်မာနိုင်ငံက မင်္ဂလာပါ

 1666

ဖြိုးဝေလင်း (ပုသိမ်) (NP News) - အောက်တိုဘာ ၂၅

မြန်မာနိုင်ငံသည် ဧရိယာအကျယ်အဝန်းအား ဖြင့်(၂၆၁,၂၂၈)စတုရန်းမိုင်ရှိပြီး အရှေ့တောင်အာရှ တွင် မြေပြင် တစ်ဆက်တည်း အကျယ်အဝန်းအရဆိုလျှင် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။ မြင့်မားသော တောင်တန်းကြီးများ၊ ကျယ်ပြန့် သောလွင်ပြင်များ၊ ရှည်လျားသောကမ်းရိုးတန်းများအပြင် ကျွန်းပေါင်း (၈၀ဝ)ကျော်ပိုင်ဆိုင်ထားသည့် နိုင်ငံကြီးလည်း ဖြစ်သည်။ ထိုကဲ့သို့ တောတောင်ရေမြေသဘာဝအလှ များနှင့်ပြည့်နှက်နေသော မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှုသည် ကိုရိုနာဗိုင်းရပ်ရောဂါ (ကို ဗစ်-၁၉) မတိုင်မီ (၂၀၁၈) နှင့် (၂၀၁၉) ခုနှစ်တို့တွင် (၁)နှစ်လျှင် ပျှမ်းမျှ (၄)သန်းခန့်ရှိပြီး (၂၀၂၃) ခုနှစ်တွင် (၁,၂၈၄,၇၃၁)ဦးရေရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နိုင်ငံတကာ ပြည်ဝင်ခရီးသွားစစ်တမ်း (၂၀၂၃)အရသိရှိရသည်။ မြန်မာနိုင်ငံ၏ (၃) ပုံ (၁)ပုံခန့်ရှိသော လာအိုနိုင်ငံ၏ (၂၀၂၃) ခုနှစ် နိုင်ငံတကာခရီးသွားဝင် ရောက်မှုသည် (၃,၄၁၇,၆၂၉) ရှိသည်ဟု လာအို သတင်း အချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန (Ministry of Inf­or­mation, Cu­l­ture and Tourism) ၏ Stati­stical Rep­ort on Tourism in Laos (၂၀၂၃) အရသိရသည်။ နိုင်ငံတကာခရီးသွားများထံမှရရှိသော ဝင်ငွေသည် နိုင်ငံ့ GDP ၏ (၁၂) ရာခိုင်နှုန်းရှိသည့်အပြင် ပျှမ်းမျှ (၁)နှစ်လျှင် နိုင်ငံတကာခရီးသွား‌ပေါင်း (၂၈)သန်းနှင့် သန်း(၃၀)ကြား လာရောက်လည်ပတ်နေသော ထိုင်းနိုင်ငံ၊ အန်ကောဝပ်ဘုရားကျောင်းတစ်ခုတည်းနှင့် ပင်ဆွဲဆောင် ထားပြီး နှစ်စဉ်နိုင်ငံတကာခရီးသွား (၃)သန်းခွဲနှင့် (၆)သန်းကြားဝင်ရောက်နေသော ကမ္ဘောဒီးယားနိုင်ငံတို့နှင့်နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုသည် နည်းပါးလွန်း လှသည်ဟုမှတ်ယူနိုင်သည်။

ကမ္ဘာလှည့်ခရီးသွားခြင်းဆိုသည်မှာ အပန်းဖြေရန်ဖြစ်စေ၊ အပျော်သက်သက်ဖြစ်စေ၊ စီးပွားရေး ကိစ္စများ အတွက်ဖြစ်စေ အခြားသောကိစ္စရပ်များအတွက်ဖြစ်စေ မိမိတို့အမြဲနေထိုင်ရာဒေသ၏အပြင် ဘက်သို့ အနည်းဆုံး (၂၄) နာရီနှင့် အများဆုံး တစ် နှစ်အထိ ခရီးသွားလာခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ခရီးသွားခြင်းအမျိုးအစားပေါ်မူတည်၍
၁။ အပန်းဖြေ ခရီးသွားခြင်း
၂။ စွန့်စွန့်စားစား ခရီးသွားခြင်း
၃။ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်သော
ခရီးသွားခြင်း
၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားခြင်း
၅။ စီးပွားရေးနှင့်ဆိုင်သော ခရီးသွားခြင်း
၆။ အားကစားနှင့်ဆိုင်သော ခရီးသွားခြင်း
၇။ ပညာရေးဆိုင်ရာ ခရီးသွားခြင်း
၈။ ကျန်းမာရေးဆိုင်ရာ ခရီးသွားခြင်း စသဖြင့် အကြမ်းဖျင်း ခွဲခြားနိုင်သည်။
(၂၀၂၃) ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများဝင်ရောက်မှုတွင် လေကြောင်း၊ ရေကြောင်းမှ (၂၂.၄၉) ရာခိုင်နှုန်းရှိပြီး နယ်စပ်များမှ ဝင်ရောက်မှုမှာ (၇၇.၅၁) ရာခိုင်နှုန်းရှိသည်။ ဝင် ရောက်သည့်နိုင်ငံခြားသားများမှာ အာရှဒေသမှ (၈၈.၉၉) ရာခိုင်နှုန်း၊ ဥရောပဒေသမှ (၅.၄၉) ရာခိုင် နှုန်း၊ အမေရိကမှ (၃.၇၃) ရာခိုင်နှုန်း၊ သမုဒ္ဒရာပိုင်း ဇုန်ဒေသမှ (၁.ဝ၆) ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းမှ (ဝ.၃၃) ရာခိုင်နှုန်းနှင့် အာဖရိကဒေသမှ (ဝ.၄၀) ရာ ခိုင်နှုန်းရှိ ကြောင်းသိရပြီး (၂၀၂၃) ခုနှစ်တွင် မြန်မာနိုင်ငံသို့ အများဆုံးလာရောက်သောနိုင်ငံသားများမှာ တရုတ်နိုင်ငံသား များဖြစ်ပြီး ဒုတိယနေရာတွင် ထိုင်းနိုင်ငံသားများနှင့် တတိယနေရာတွင် ဂျပန်နိုင်ငံသားတို့ အများဆုံးဝင်ရောက်ကြ သည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံတကာခရီးသွားများ၏ (၃၅) ရာခိုင်နှုန်းမှာ အသက် (၃၀)နှင့် (၃၉)နှစ်ကြား ဖြစ်ပြီး (၂၃) ရာခိုင်နှုန်းမှာ အသက် (၄၀) နှင့် (၄၉) ကြားဖြစ်သည်။ အသက် (၂၀) နှင့် (၂၉) နှစ်ကြား လူငယ်ခရီးသွားဝင် ရောက်မှုနှုန်းမှာ (၁၅) ရာခိုင်နှုန်းရှိသည်။ နိုင်ငံတကာခရီးသွားစုစုပေါင်း၏ (၅၄) ရာခိုင်နှုန်းမှာ တစ်ဦး ချင်းလွတ်လပ်စွာ သွားလာသည့် ခရီးသွားများ (Inde­p­endent travelers) ဖြစ်ပြီး (၄၆)ရာခိုင်နှုန်းမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီများနှင့် ချိတ်ဆတ်သွားလာကြ သည့်ခရီးသည်များ (packaged tour) ဖြစ်သည်။ မြန်မာနိုင်ငံသို့လာရောက်ကြသော နိုင်ငံတကာ ခရီးသွားများ၏ (၆၆) ရာခိုင်နှုန်းသည် အပန်းဖြေခရီးသွားလာရန် လာရောက်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာခရီးသွား တစ်ဦး၏ ပျမ်းမျှနေထိုင်ရက်မှာ (၉)ရက်ခန့်ဖြစ်သည်။ နိုင်ငံတကာခရီးသွားများ၏ (၂၀၂၃) ခုနှစ် အတွင်း မြန်မာနိုင်ငံအတွင်းသုံးစွဲမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၉၃) သန်းဖြစ်ရာ ခရီးသွားတစ်ဦး၏ တစ်ရက်ပျမ်းမျှ အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ (၁၀၄) ဒေါ်လာခန့်ရှိသည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံတကာခရီးသွားများကို နမူနာကောက်ယူခြင်း (Sampling) ပြုလုပ်၍ အကြံပြုချက်များ ကောက်ခံခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိရန်၊ အင်တာနက်လိုင်း ကောင်းမွန် ရန်၊ ဟိုတယ်နှင့်တည်းခိုခန်းများတွင် ဝန်ဆောင်မှုကောင်းမွန်ရန်၊ Public transport ကောင်းမွန်ရန်၊ လည်ပတ်ရာတွင် လုံခြုံ စိတ်ချမှုရှိရန်၊ Night tour လည်ပတ်နိုင် ရေးစီစဉ်ပေးရန်၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် သန့်ရှင်းသပ်ရပ်မှုရှိရန်နှင့် အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ချက်ပြုတ်ထုပ်ပိုး တတ်ရန်လိုအပ် ကြောင်း အကြံပြုခဲ့ကြသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ရေးအတွက် ဖိတ်ခေါ်ရာတွင် အခြေခံ ခရီးသွား ခြင်းအမျိုးအစား (၈) ချက်အပေါ်မူတည်၍ အချိန်ကာလ (၃)ခုခွဲခြားကာ ဆောင်ရွက်သင့်သည့် နည်းလမ်းအချို့ကို တင်ပြလိုသည်။ ပထမဆုံးမှာ နိုင်ငံတကာခရီးသွားများကို လည်ပတ်ချင်လာအောင် ဖိတ်ခေါ်ခြင်းကာလ ဖြစ်သည်။ ဒုတိယအနေဖြင့် ဖိတ်ခေါ်ခြင်းကြောင့်လာရောက် လည်ပတ်သည့်ခရီးသွားများကို ဝန်ဆောင်မှုပေးသည့်ကာလ ဖြစ်သည်။ တတိယနှင့်နောက်ဆုံးမှာ ထပ်မံလည်ပတ်စေရန် ပြန်လည် ဖိတ်ခေါ်ခြင်းကာလ ဖြစ်သည်။

ဖိတ်ခေါ်ခြင်းကာလ
မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံတကာ ခရီးသွား (၅၀) ရာခိုင်နှုန်းသည် ခရီးသွားအေဂျင်စီများနှင့် လေကြောင်းလိုင်းများမှလည်းကောင်း၊ (၂၈) ရာခိုင်နှုန်းသည် သူငယ်ချင်းဆွေမျိုးများမှလည်းကောင်း၊ (၁၀) ရာခိုင်နှုန်း သည် လူမှုမီဒီယာစာမျက်နှာများမှလည်းကောင်း၊ (၈) ရာခိုင်နှုန်းသည် စီးပွားရေးလုပ်ငန်းများမှလည်းကောင်း၊ (၂) ရာခိုင် နှုန်းသည် ခရီးသွားပြပွဲများမှလည်းကောင်း၊ ကျန် (၂) ရာခိုင်နှုန်း သည် နိုင်ငံတော်အစိုးရ website များမှလည်းကောင်း အကြံÓဏ်ရယူ၍ လာရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်လေဆိပ်၌ နိုင်ငံတကာ လေကြောင်းလိုင်း (၁၅) လိုင်းနှင့် မန္တလေး လေဆိပ်တွင် နိုင်ငံ တကာလေကြောင်းလိုင်း (၅)လိုင်း ပြေးဆွဲလျက်ရှိရာ လေကြောင်းလိုင်းများ၊ ခရီးသွားအေ ဂျင်စီများနှင့်ချိတ်ဆက်၍ လာရောက်လည်ပတ်လိုသည့် နိုင်ငံတကာခရီးသွားများအတွက် ကန့်သတ်ချက်များ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ရန်ကုန်၊ မန္တလေး လေဆိပ်တို့တွင် လေကြောင်းဆိုင်ရာဝန် ဆောင်မှု ပိုမိုမြှင့်တင်ရမည့်အပြင် ရန်ကုန်၊ မန္တလေး ပြီးလျှင် နိုင်ငံတကာခရီးသွားများ အများဆုံးလည်ပတ်သည့် အခြားဒေသများ(ကျိုက်ထို၊ ပဲခူး၊ ပုဂံ၊ ပုသိမ်)ရှိ လေဆိပ်များကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းများ တိုးချဲ့ဝင်ရောက်နိုင်မည်ဖြစ် သည်။ နိုင်ငံတကာလေကြောင်း လိုင်းများ ဝင်ရောက်နိုင်မှုမရှိလျှင်ပင် နယ်ဘက်ဒေသများရှိ လေဆိပ်များ၌ ခရီးသွားများ၏ ကိုယ်ပိုင်လေယာဉ်များ ဝင်‌ရောက် နိုင်ရန် ပြင်ဆင်ထားသင့်သည်။ ယနေ့ခေတ်သည် လူမှုမီဒီယာအသုံးပြုမှုများ တွင်ကျယ်နေသည့် ခေတ် ဖြစ်ရာ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်အတွက် လူမှုမီဒီယာကွန်ရက်များကို ထိရောက် စွာအသုံးချသင့်သည်။ ဤနေရာတွင် မြန်မာနိုင်ငံအပေါ် ပျက်စီးစေလိုသည့်အုပ်စုများကြီးစိုးထားသည့် လူမှုမီဒီယာ ပေါ်တွင် မည်ကဲ့သို့ ထိုးဖောက်နိုင်မည်နည်းဟု ဆင်ခြေပေးစရာရှိသည်။ နိုင်ငံတော်၏ ဝန်ကြီးဌာနနှင့် ပြည်တွင်း ခရီးသွားအေ ဂျင်စီများ၏ရုပ်သံဖိုင်များကို လူမှုမီဒီယာပေါ်တင်ဆက်ရာတွင် အကန့်အသတ်ရှိသည်ကို သိပါသည်။ သို့သော် နိုင်ငံတကာမှ မြန်မာနိုင်ငံ အပေါ်စိတ်ဝင်စားသည့် Travel blogger များ၊ Foodblogger များ၊ Youtuber များ၊ Tiktoker များရှိသည်။ လက်ရှိအခြေအနေအတွက် ပိတ်ဆို့မှုများရှိနေသဖြင့် ၎င်းတို့ကို အစိုးရက တိုက်ရိုက်မခေါ်ဘဲ အခြားလူမှုအဖွဲ့အစည်းမှ တစ်ဆင့်ခံခေါ်ယူ၍ မြန်မာနိုင်ငံ၏အလှတရားများကို ပြသနိုင်ပါသည်။ မကြာမီရက်များ အတွင်းက Youtube တွင် Subscribers (၃၂.၄) သန်းရှိသော၊ Tiktok တွင် Followers (၃၄.၃) သန်းရှိသော IShowSpeed အမည်ရှိ လူငယ်သည် အာဆီယံဒေသတွင်းနိုင်ငံများသို့ လာရောက်လည်ပတ်ရာ မြန်မာနိုင်ငံသို့ လာ ရောက်လည် ပတ်လိုကြောင်းပြော ကြားသည့် ရုပ်သံဖိုင်တစ်ခု တွေ့ခဲ့ရသည်။ သို့သော် (၁)လခန့်အကြာဖြစ်သော ယခု ဤဆောင်းပါးရေးချိန်အထိ ရောက်ရှိမလာနိုင်ခဲ့ပါ။ ထိုကဲ့သို့ကိစ္စရပ်မျိုးတွင် တာဝန်ရှိသူများက ကမကထပြုလုပ်၍ ကြိုဆိုလိုက်ပါက ထိုလူငယ်ကိုအမှီပြု၍ ခရီးသွားများ ပိုမိုရောက်ရှိ လာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့သည်သာ နှစ်စဉ် ရုပ်ရှင်ဇာတ်ကားများ ပုံမှန်ရိုက်လေ့ရှိပြီး အခြားသောဝန်ကြီးဌာနများ အထူးသဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနမှာ ရိုက်ကူးလေ့ မရှိသည်ကိုတွေ့ရသည်။ ရုပ်ရှင်ဇာတ်ကားများသည်လည်း နိုင်ငံတကာခရီးသွားများကိုဆွဲဆောင်ရာတွင် ထိရောက်မှုရှိ သည်။ Harry Potter ဇာတ်လမ်းတွဲကြောင့် အင်္ဂလန်နိုင်ငံ၊ Game of thrones ဇာတ်လမ်းတွဲကြောင့် Iceland နိုင်ငံ၊ Kung Fu Panda ဇာတ်လမ်းတွဲကြောင့် တရုတ်နိုင်ငံ၊ ကိုရီးယားဇာတ်လမ်းတွဲများကြောင့် ကိုရီးယားနိုင်ငံ စသဖြင့် ထင်ပေါ်ကျော်ကြားသော ရုပ်ရှင်ဇာတ်ကားများ၊ anime ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို အမှီပြု၍ ထိုနိုင်ငံတို့သည် နိုင်ငံတကာခရီးသွားများဝင်ရောက်မှုကို မြှင့်တင်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အဆင့်မြင့်ရုပ်ရှင် ဇာတ် ကားများ မဟုတ်လျှင်ပင် ခရီးသွားများစိတ်ဝင်စားနိုင်မည့် anime ဇာတ်ကားများရိုက်ကူးနိုင်သည်။ ထို ရုပ်ရှင်/ anime ဇာတ်ကားများတွင် အထင်ကရနေရာများ၊ ရိုးရာပွဲတော်များ၊ အစားအသောက်များကို သမိုင်းကြောင်း နှင့်ယှဉ်၍ဖော်ပြရ မည့်အပြင် အချစ်၊ အလွမ်း ရသများလည်းခံစားနိုင်အောင် ဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်ရာတွင် တစ်ကိုယ်တော်ခရီးသွားပုံစံဖြင့် ဝင်ရောက်မှုသည် (၅၃) ရာခိုင်နှုန်းအထိရှိပြီး မိသားစုနှင့်ဝင် ရောက်မှုမှာ (၃)ရာခိုင်နှုန်းသာရှိသေးကြောင်း သိရသည်။ မိသားစုနှင့်ခရီးသွား လာခြင်းသည် တစ်ကိုယ်တော်ခရီးသွားလာခြင်းထက် စရိတ်ပိုမိုသုံးစွဲလေ့ ရှိသည်မှာ အထင်အရှားဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ မိသားစုများနှင့်အတူ ခရီးသွားများပိုမိုဝင် ရောက်နိုင်ရေး ဆောင်ရွက်ရမည်။ မိသားစုနှင့်အတူ လာရောက် လည်ပတ်နိုင်ရန် အသက်အပိုင်းအခြားအလိုက် အပန်းဖြေနိုင်မည့် စိတ်ဝင်စားနိုင်မည့်ခရီး သွားခြင်းအမျိုးအစားစုံ လင်အောင် ဆောင်ရွက်ရမည်။ ဥပမာအားဖြင့် အဘိုး၊ အဘွား၊ ဖခင်၊ မိခင်၊ သား နှင့် သမီးပါသော မိသားစုသည် ပုဂံတွင် လာရောက်လည် ပတ်သည်ဆိုပါစို့။ ပုဂံဒေသသည် သမိုင်းနှင့်ယဉ်ကျေး မှုဆိုင်ရာစိတ်ဝင်စားသည့် အဘိုးအတွက် အဆင်ပြေသော်လည်း ကျန်းမာရေးဆိုင်ရာအပန်းဖြေလိုသောအဘွား၊ စွန့်စွန့်စားစား ခရီးသွားလိုသည့် ဖခင်၊ အစား အသောက်ကောင်းများ ရှာဖွေစားသောက်လိုသော မိခင်၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝများကိုလေ့ လာလိုသော သားနှင့် Disneyland, Water boom ကဲ့သို့ Theme Parks များကို အလည်အပတ်သွားလို သည့်သမီးအတွက် အဆင်မပြေပါ။ ထို့ကြောင့် ဒေသ တစ်ခုထဲမှာပင် အသက်အရွယ်အပိုင်းအခြားအလိုက် စိတ်ဝင်စားနိုင်မည့်ခရီးစဉ်မျိုး ဖန်တီးထားနိုင်ရန်လိုအပ်သည်။

အခြားသောနိုင်ငံများတွင် ဘောလုံးအားကစား၊ တင်းနစ်အားကစားပြိုင်ပွဲများကျင်းပ၍ ခရီးသွားများကို ဖိတ်ခေါ်သကဲ့သို့ ဂေါက်သီးရိုက်အားကစားကွင်းပေါင်း (၁၉၈)ကွင်းရှိသည့် မြန်မာနိုင်ငံတွင်လည်း ဂေါက်သီးရိုက် အားကစားပြိုင်ပွဲများကျင်းပ၍ နိုင်ငံတကာ ခရီးသွားများကို ဖိတ်ခေါ်နိုင်သည်။ ထို့ပြင် E-sport တွင် အဆင့်အတန်း တစ်ခုရှိသည့် မြန်မာလူငယ်များကိုအခြေပြု၍ E-sport ပြိုင်ပွဲများ ကျင်းပနိုင်သည်။ “Swiftonomics”ဟုခေါ်တွင် လောက်အောင်နာ မည်ကြီးလာသော အမေရိကန်အဆိုတော် တေလာဆွစ်ဖ်၏ဂီတဖျော်ဖြေပွဲကိုအခြေပြု၍ ဖြစ်ပေါ်လာ သော စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းမှာ ကမ္ဘာ့စီးပွား ရေးကိုပင် ကြွတက်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း ဂီတပွဲများ၊ နိုင်ငံတကာဖျော်ဖြေပွဲများကို လက်ခံကျင်းပနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သင့်သည်။ K-pop ဂီတအဖွဲ့များတွင်လည်း မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်လျက်ရှိရာ ၎င်းတို့၏အင်အားကို ရယူနိုင်သည်။ ထို့ပြင် English သီချင်းများကို cover ပြန်ဆိုသော အဆိုပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် ထူးချွန်သည့်လူငယ်များ ပေါ်ပေါက်လာနိုင်ပြီး ထိုလူငယ်များသည် မူရင်းအဆိုတော်များနှင့် ရင်းနှီးကျွမ်းဝင်ကာ မိမိနိုင်ငံ အတွင်း၌ ပူးတွဲ ဖျော် ဖြေမှုများ ပြုလုပ်လာနိုင်သည်။ မြန်မာနိုင်ငံ၏ အထင်ကရနေရာများတွင် ဒေသရှုခင်းဆိုင်ရာ ပန်းချီပြိုင်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ များကျင်းပကာ နိုင်ငံခြားသားများကိုဖိတ်ခေါ်၍ ဝင်ရောက်ယှဉ်ပြိုင် စေခြင်းဖြင့်လည်း မြန်မာနိုင်ငံအား နိုင်ငံတကာခရီး သွားများ စိတ်ဝင်စားမှုမြင့်တက်လာအောင်ဆောင် ရွက်နိုင်သည်။ ကီလိုမီတာ (၂၈၀ဝ) ကျော်ရှည်လျား သည့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ရေလွှာလျှောစီးပြိုင်ပွဲများ၊ တုတ်ထောက်လှေ (Stand-Up Paddle boarding) ပြိုင်ပွဲများ၊ လှေလှော်ပြိုင်ပွဲများစသည့် ရေပြင်နှင့်သက်ဆိုင်သောပြိုင်ပွဲများ ကျင်းပပေးနိုင်သလို သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲများ စသည့် သဲသောင်ပြင်နှင့်ဆိုင် သောအားကစားများလည်းကျင်းပနိုင်သေးသည်။

နိုင်ငံတကာခရီးသွား၏ (၅) ရာခိုင်နှုန်းပမာဏရှိသည့် တရားထိုင်ခြင်းနှင့် တရားစခန်းဝင်ရောက် သည့်ခရီးစဉ် များကို ပိုမိုတိုးချဲ့ရန်လိုအပ်သည်။ သင်္ကြန်ဗီဇာ၊ သီတင်းကျွတ်ဗီဇာ၊ တန်ဆောင်တိုင်ဗီဇာစသည့် အထူးဗီဇာမျိုး ဆောင်ရွက်ကာ ထိုဗီဇာများကို ဆိုက်ရောက်ဗီဇာအဖြစ် ပေးနိုင်သည့်အနေအထား မျိုး ဆောင်ရွက်သင့်ပါသည်။ ထိုကဲ့သို့ ဗီဇာများထုတ် ပေးရာတွင် မသမာသူများဝင်ရောက်မှုမရှိနိုင်စေရေး သွားရောက်မည့်မြို့များနှင့် အချိန်ကာလကန့်သတ် ခြင်းတို့ ဆောင်ရွက်နိုင်သည်။

မြန်မာနိုင်ငံတွင် ဟိုတယ်ပေါင်း (၂၄၀ဝ) ကျော်နှင့် တည်းခိုရိပ်သာ‌ပေါင်း (၆၃၀) ခန့်ရှိရာ ခရီးသွားများကို လက်ခံရန် အခန်းပေါင်း (၉၇၀ဝဝ) ကျော်ရှိနေ ကြောင်းသိရသည်။ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် နိုင်ငံ တကာတည်းခိုရေးဆိုင်ရာ website များဖြစ်သော Booking.com, Expedia, Airbnb, Hotels.com စသည်တို့တွင် စာရင်းသွင်း ထားရှိခြင်း၊ နိုင်ငံတကာခရီးသွားအေဂျင်စီများနှင့် ချိတ်ဆက်ခြင်း များဆောင်ရွက်ထားရမည်။ အခန်းကို တည်းခိုသူစိတ်ကြိုက် ပြင်ဆင်ခွင့်ပြုခြင်း၊ (တစ်ခါတစ်ရံတွင် အချို့သောတည်းခိုသူများသည် အခန်းအတွင်းတွင် သစ် ပင်များရှိသည်ကို နှစ်သက်သဘောကျခြင်း၊ အခန်းတွင်းပစ္စည်းနှင့်ပတ်သက်၍ အရောင်ရွေးချယ်မှုရှိခြင်း များရှိတတ် သည်။ တည်းခိုမှုအတွက် အသိအမှတ်ပြု လက်ဆောင်ပေးခြင်း၊ မသန်စွမ်းခရီးသွားများအတွက် လွယ်ကူအဆင်ပြေစေ သောအခန်းများထားရှိခြင်း စသကဲ့သို့သော တီထွင်ဆန်းသစ်မှုတို့ကို ဆောင်ရွက်သင့်သည်။

ယခုအခါ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်တို့သည် နိုင်ငံတကာခရီးသွားပြပွဲများသို့ သွား ရောက်ကာ မြန်မာနိုင်ငံရှိခရီးစဉ်များနှင့်စပ်လျဉ်း၍ ပြခန်းများဝင်ရောက်ပြသလျက်ရှိကြောင်းကြား သိရသည်။ လက်ရှိ တွင် ကုန်ကျစရိတ်များကြောင့် ဒေသတွင်းနိုင်ငံများနှင့် ကုန်ကျစရိတ်နည်းပါးသော နိုင်ငံအချို့တို့တွင်သာ ပြသနိုင်‌သေး‌ သော်လည်း အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်မည်ဟု ယုံကြည်မိသည်။ နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်ဖိတ်ခေါ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးသည် ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း တစ်ခုတည်းကိုသာ အကျိုးပြုခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုလုံးကို အကျိုးပြုနိုင်ခြင်းကြောင့် အခြား‌သော ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များ၊ ပြည်သူများမှလည်း နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်ဖိတ်ခေါ်ခြင်းတွင် ပူးပေါင်းပါ ဝင်ရမည်ဖြစ်သည်။

၀န်ဆောင်မှုပေးသည့်ကာလ
မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းဦးဆောင်သူ အချို့သည် ဈေးကွက်ကိုမကြည့်ဘဲ မိမိရောင်းလို သည့်ပစ္စည်းကို ရောင်းချနေသည့် ကုန်သည်နှင့်တူပေသည်။ မြန်မာနိုင်ငံတွင် စေတီပုထိုးများရှိသည်၊ ကမ်းခြေနေရာများရှိသည်၊ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လာရမည်ဟု တစ်ထစ်ချသတ်မှတ်ထားသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ခရစ်ယာန်ဘုရားကျောင်းများအကြား လည်ပတ်ချင်စိတ်မည်မျှဖြစ် ပေါ်နိုင်မည်နည်း။ မည်မျှကြာကြာ လည်ပတ်ချင် မည်နည်း။ ထို့အတူ ခရီးသွားများ ကမ်းခြေကိုနှစ်သက်ကြခြင်းမှာ ရေကူးခြင်းကို နှစ်သက်လွန်း၍မဟုတ်ဘဲ ကမ်းခြေ တွင်ရနိုင်သော အခြားသောဝန်ဆောင်မှုများကို ရရှိလို၍ဖြစ်သည်။ ဤနေရာတွင် မိမိတို့မြန်မာလူ မျိုးများထိန်းသိမ်း အပ်သော ဟိရိဩတပ္ပတရားများကို ဖယ်ရှားပစ်ရသည့်လုပ်ငန်းများကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းမဟုတ်ပါ။ ဒေသတွင်းနိုင်ငံများ၏ ကမ်းခြေများတွင် မည်ကဲ့သို့ဝန်ဆောင်မှုများ ပေးနေသည်ကိုလေ့လာ၍ ၎င်းတို့ထက် ပိုမိုသာ လွန်အောင် ဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်စေရေးဆောင်ရွက်ရာတွင် အခြေခံအကျဆုံး အချက်မှာ အခြေခံအဆောက်အအုံမြှင့်တင်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက် များရှိရာ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာခရီးသွားလုပ်ငန်း (Eco-Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism) နှင့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Comm­unity-Based Tourism) တို့ကို ဦးစွာအကောင် အထည် ဖော်ရမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် စွန့်စားခရီးသွားလုပ်ငန်းတို့သည် ခရီးသွားများ တည်းခိုရန် အဆင့်မြင့်ဟိုတယ်များမလိုအပ်ဘဲ တောတွင်း၌စခန်းချခြင်း၊ တည်းခိုရိပ်သာအငယ်စားများဖြင့် ဆောင်ရွက်နိုင်သော အခြေအနေပင်ဖြစ်သည်။ ထို့ပြင် ခရီးသွားများကို ရပ်ရွာဒေသများတွင် တည်းခို၊ စားသောက်အနားယူနိုင်ရန် စီစဉ်ထားသော ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းကိုလည်း ဆက်လက်တိုးတက်အောင်ဆောင်ရွက်ရမည်။ ရပ်ရွာ လူထုအ ခြေပြုခရီးသွားလုပ်ငန်းသည် ဟိုတယ်၏ဝန်ဆောင်မှု အမျိုးမျိုးတို့နှင့် ကွဲပြားခြားနားကာ အတွေ့အကြုံသစ် များကိုရယူခံစားနိုင်သည့် ခရီးသွားလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်း၏ (၈၀) ရာခိုင်နှုန်းမှာ နိုင်ငံခြား သားများပိုင်ဖြစ်သဖြင့် တည်းခိုစရိတ်များ၊ ဝန်ဆောင်မှုစရိတ် အများစုတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံသို့ စီးဆင်းသွားမည်ဖြစ်ရာ နိုင်ငံ့ဝင်ငွေအများအပြားဆုံးရှုံးသည့်အခြေအနေဖြစ်သည်။ ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းမှရရှိသောဝင် ငွေသည်ရပ်ရွာပြည်သူလူထုထံ တိုက်ရိုက်စီးဆင်း သွားခြင်းကြောင့် ဒေသအတွင်းအကျိုးကျေးဇူး များစွာ ဖြစ်ထွန်းစေသည်။ ထို့ပြင် ခရီးသွားများနှင့် ဒေသခံ ပြည်သူများအကြား အပြန်အလှန် ရင်းနှီးစွာ ထိတွေ့ ဆက်ဆံနိုင်ပြီး အတွေ့အကြုံနှင့်ယဉ်ကျေးမှုများ ဖလှယ်နိုင်ကာ ဒေသခံများအနေဖြင့် ဘာသာစကားနှင့် အခြားသော စွမ်းရည်များ မြင့်တက်လာနိုင်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာပေါင်း (၄၆) ရွာရှိသည်။

မြန်မာနိုင်ငံတွင်ခေတ်စားနေသော ခရီးသွားလာခြင်းမှာ နေ့ချင်းပြန်ခရီးစဉ်များ၊ အလျင်အမြန် ရက်တို ခရီးစဉ်များဖြစ်သည်။ ထို့ကြောင့် ခရီးသွားတို့မှာ ဒေသတစ်ခုကို (၃) ရက်ခန့်လည်ပတ်ပြီးသည်နှင့် ထိုဒေသတွင် ဆက်လက်လည်ပတ်ရန်မရှိတော့သည် အထိဖြစ်သွားရသည်။ ဥပမာအားဖြင့် ပုဂံ၏ ‘‘စွယ်တော်လေးဆူနေ့ချင်းဖူး” ခရီးစဉ်အစား ‘‘တစ်ရက် တစ်ဆူဖူး” ခရီးစဉ်အဖြစ် ပြောင်းလဲလိုက်ပါက ပုဂံသို့ရောက်လာသော ခရီးသွားများအနေဖြင့် ပုဂံတစ်ခု တည်း၌ပင် (၄-၅) ရက် ဆက်တိုက်နေရမည့်အနေအထားဖြစ်သွားမည်။ ခရီးသွားများ ဘုရားတစ်ဆူ ဖူးလျှင် အနည်းဆုံး မိနစ် (၃၀-၄၅) မိနစ်ခန့် အချိန် ကုန်ရန်၊ အချိန်ယူတတ်စေရန်လိုမည်။ ပုဂံဘုရားများ ၏ ဗိသုကာဟန်၊ တည်ဆောက်ပုံ၊ ဆေးရေးပန်းချီ စသည်တို့၏ ထူးခြားပုံများကို ခရီးသွားများ သတိထားမိစေရန်၊ သိရှိနားလည်ရန် ရှင်းပြရန်လိုအပ် မည်ဖြစ်သည်။ ထို့ပြင် ဒေသတွင်းရှိ ရှေးဟောင်း ဘုန်းကြီးကျောင်းများ၊ အထင်ကရပုဂ္ဂိုလ် များနေထိုင် ခဲ့သည့်နေအိမ်များ၊ ဒေသရိုးရာအဆောက်အအုံများ ကို လည်ပတ်စရာနေရာများအဖြစ် ထည့်သွင်းခြင်း ဖြင့် ခရီးသွားများ ပိုမိုလည်ပတ်နိုင်ရန် ဖန်တီးပေးနိုင်သည်။ အချို့သောနိုင်ငံများတွင် လုပ်ငန်းခွင်များ၊ စက်ရုံများ၊ စားသောက်ဆိုင်များကို လေ့လာလည် ပတ်စရာနေရာများအဖြစ်ဖန်တီးထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် အညာပုန်းရည်ကြီး လုပ်ငန်း တစ်ခုတွင် အခန်းနေရာတစ်ခုကို ပြတိုက်သဘော မျိုးသတ်မှတ်ကာ မိမိကုန်တံဆိပ်၏သမိုင်းကြောင်း၊ အမျိုးအစားများ၊ ထုတ်ကုန်များ အဆင့်ဆင့်တိုး တက်လာပုံ၊ ထင်ရှားသည့် အဖြစ်အပျက်များနှင့် လာရောက်လည်ပတ်ကြသည့် ထင်ရှား သော ပုဂ္ဂိုလ်များ၏မှတ်တမ်းများ စသည်တို့ကို ခင်းကျင်းပြသနိုင်သည်။ နိုင်ငံတကာခရီးသွားများ ဆန္ဒပြုသကဲ့သို့ အနာဂတ်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသောမြို့ကြီး များတွင် ညအချိန်လေ့လာရေးခရီးများနှင့် မြို့ပြများ တွင် လှည့်လည်သွားလာသည့် Tour Bus ဖန် တီးဆောင်ရွက်သင့်ပါသည်။

ကျွန်တော်တို့ ခရီးသွားလာရာတွင် အမှတ်မိဆုံး အရာနှစ်ခုရှိပါသည်။ ယင်းမှာ ခရီးတစ်လျှောက်ကြုံတွေ့ခဲ့သော အရာများနှင့် စားသောက်ခဲ့သော အစားအစာများအကြောင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ အဝေးပြေးကားဂိတ်များ၊ အထင်ကရနေရာများတွင် လူတို့၏ သနားကြင်နာမှုကိုအခွင့်ကောင်းယူကာ နှောင့်ယှက် တောင်းရမ်းစားသောက်သူ များစွာ ဖြစ်နေသည်။ ပြည်တွင်းခရီးသွားများအနေဖြင့် နားလည်ခွင့်လွှတ်ပေး နိုင်သော်လည်း နိုင်ငံတကာခရီးသွားများ အနေဖြင့် လက်သင့်ခံနိုင်ဖွယ်မရှိသော စက်ဆုပ်ဖွယ်ရာဖြစ်သည်။ အခြားနိုင်ငံများမှ တောင်းရမ်းစားသောက်သူ များသည် မိမိတို့တတ်သော အတတ်ပညာ၊ အနုပညာဖြင့် ဖျော်ဖြေခြင်း၊ အေးဆေးငြိမ်သက်စွာထိုင်၍ တောင်းရမ်းစား သောက်ခြင်းများကိုသာ ပြုမူကြသည်။ မြန်မာနိုင်ငံရှိ တောင်းရမ်းစားသောက်သူတို့လည်း ခရီးသွားများကိုပိတ်ဆို့ နှောင့် ယှက်၍ လုယက်မတတ် တောင်းရမ်းကြပါသည်။ တာဝန်ရှိသူများကလည်း ထိရောက်စွာ တားဆီးခြင်းမရှိသေးပေ။ မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးသွားများကို ကာကွယ်စောင့်ရှောက်ရန် ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ ဖွဲ့စည်းထား ကြောင်းသိရသည်။ ထိုတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင် ရည်နှင့်ကာကွယ်စွမ်းပကားတို့ကို နိုင်ငံတကာခရီး သွားများမြင်သာ အောင် ဖော်ပြထားသင့်ပါသည်။ တပ်ဖွဲ့ဝင်များ၏စွမ်းဆောင်မှု ရုပ်သံမှတ်တမ်းများ၊ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များပူးပေါင်း၍ နိုင်ငံတကာခရီးသွားများ၏ လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာအစီအမံများအတွက် ဇာတ်တိုက်လေ့ ကျင့်နေမှုရုပ်သံများ စသည်တို့ကို မြင်သာအောင် ထားရှိသင့်သည်။ ထို့ပြင် နိုင်ငံတကာခရီးသွားများ အပေါ် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လည်ပတ်စရာအထင်ကရနေရာများတွင် ရွေ့လျားဆေးပေး ခန်းများထား ရှိခြင်းဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းသည် ယုံကြည်စိတ်ချရသည့်လည်ပတ် ခြင်းမျိုးဖြစ်ကြောင်း ကမ္ဘာကသိရှိနိုင်မည်ဖြစ်သည်။

ခရီးသွားတို့သည် အစားအသောက်စားရန်အတွက် သီးသန့်ခရီးထွက်လာခြင်းမျိုးနည်းပါးသော် လည်း ခရီးစဉ် အတွင်းတွင် အစားသောက်မကောင်းခြင်း၊ အစားအသောက်ကြောင့် စိတ်အနှောင့်ယှက်ဖြစ် ရခြင်းမျိုးကို မှတ်မိ နေတတ်ကြသည်။ ထိုကဲ့သို့အ ခြေအနေမျိုးတွင် ထိုနေရာကို နောက်တစ်ခါ ပြန်မသွားချင်၊ ပြန်မစားချင် ဆိုသည့်စိတ်မျိုး ဝင်သွားတတ် ပါသည်။ ချိုမြိန်သောအမှတ်တရများ ဖြစ်မည့်အစား ဆိုးရွားသည့်အမှတ်တရများ ဖြစ်သွားတတ်ပါသည်။ မြန်မာစားသောက်ဆိုင်နှင့် အစားအသောက်တို့သည် အရသာအားဖြင့် ကောင်းမွန်သော်လည်း သန့်ရှင်း သပ်ရပ်မှုနှင့် တည်ခင်းထုပ်ပိုးမှုအပိုင်းတွင် လိုအပ်ချက်များရှိနေသည်ကိုတွေ့ရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေ ဖြင့်လည်း သင်တန်းများဖွင့်လှစ်နေသကဲ့သို့ လက် တွေ့မြေပြင်ကွင်းဆင်း၍ တည်ခင်းထုပ်ပိုးနည်းသင်တန်းများ၊ ပညာပေး ဆောင်ရွက်မှုများ ဆောင်ရွက်သင့်သည်။ နိုင်ငံတကာ ခရီးသွားများ ရေးသားခဲ့သည့် အကြံပြုချက်များထဲတွင် အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်ရေးအ ချက်လည်းပါဝင်ရာ ယာဉ်ရပ်နားရာနေရာများနှင့် စား သောက်ဆိုင်များရှိ သန့်စင်ခန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းစစ်ဆေး၍ လိုက်နာမှုမရှိသည့်ဆိုင်များ၊ တိုင်ကြားခံရမှုများပြားသည့်ဆိုင်များကို လိုင်စင် ပိတ်သိမ်းခြင်းများ၊ အရေးယူခြင်းများ ဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံတွင် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်သောနေရာ အများအပြားရှိနေသကဲ့သို့ဆက်လက် ထုတ်ဖော်ရန် နေရာအများအပြား ကျန်ရှိ သေးသည်။ မြန်မာ-တရုတ် စစ်ပွဲကာလအတွင်း အထင်ကရနေရာများ၊ မြန်မာ-ယိုးဒယား စစ်ပွဲကာလအတွင်းအထင်ကရနေရာများ၊ မြန်မာနှင့် အခြားသော နိုင်ငံတစ်ခုချင်းစီအလိုက် ဆက်ဆံမှုသမိုင်း ကြောင်းများကို ပြန်လည်ရှာဖွေကာ ယဉ်ကျေးမှုနှင့် သမိုင်းနှင့် ဆိုင်သော ခရီးသွားခြင်းလုပ်ငန်းအတွက် အသုံးချနိုင် ရမည်။ သို့ရာတွင် ထိုကဲ့သို့ရှာဖွေဖော်ထုတ်မှုသည် နှစ်နိုင်ငံအကြား အမုန်းပွားစေမည့်အမွေအနှစ် (Da­rk heritage) မျိုးမဖြစ်ရပါ။ မြန်မာနိုင်ငံရှိ ပြတိုက်တို့ ၏အပြင်အဆင်များမှာ ပုံသေကားကျဖြစ်နေတတ်ပြီး ခင်းကျင်းမှုများကို ပြောင်းလဲခြင်းများပြု လုပ်လေ့မရှိပါ။ ထိုအချက်မှာ ခရီးသွားများအား ထပ်မံလာရောက်ရန် ဖိတ်ခေါ်မှုမရှိသကဲ့သို့ ဖြစ်နေသည်။ ပြည်ပနိုင်ငံများတွင် ပြတိုက်အပြင်အဆင်၊ ခင်းကျင်းမှုများကို အနည်းဆုံး (၃) လလျှင် (၁) ကြိမ်ခန့် ပြောင်းလဲကြ သည်။ ထိုသို့ ပြောင်းလဲမှုများကြောင့် ပြတိုက်သို့ အကြိမ်ကြိမ် ဝင်ရောက်စူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေ သည်။ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့လုပ်ဆောင်သင့်သည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် သည် အာဇာနည်နေ့နှင့် ဗိုလ်ချုပ်မွေးနေ့တို့တွင်သာ ဝေဝေဆာဆာခင်းကျင်းပြသသော်လည်း ကျန်အချိန်များတွင် သာမန် အခြေအနေသာ ရှိနေတတ်သည်။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်း တို့ဗမာအစည်းအရုံး သို့ဝင်ရောက်သည့် အချိန်ကာလ၊ ဂျပန်နိုင်ငံသို့သွား ရောက်သည့်ကာလများ၊ အောင်ဆန်း-အက်တလီစာ ချုပ်ချုပ်ဆိုရန်သွားခဲ့သည့် ခရီးစဉ်ကာလစသည့် ထင်ရှားသော နေ့ရက်လများတွင် ပြတိုက်ကို ပြောင်းလဲခင်းကျင်းမှုများပြုလုပ်ပါက နိုင်ငံတကာ ခရီးသွား များအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်တိုင်း ပြတိုက်များသို့ ထပ်မံဝင်ရောက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် မြစ်ချောင်းများပေါကြွယ်ဝသောနိုင်ငံဖြစ်သည့်အလျောက် မြစ်တွင်းသင်္ဘောခရီး သွားလုပ်ငန်း များကို တိုးချဲ့လုပ်ကိုင်သင့်သည်။ ဧရာဝတီလင်းပိုင်ကိုအသုံးပြု၍ ငါးဖမ်းပြသောပြကွက်ကို နိုင်ငံတကာခရီးသွားများ အထူးကြိုက်နှစ်သက်ကြ ကြောင်းသိရသည်။ သို့သော် ဧရာဝတီလင်းပိုင်များသည် မျိုးတုံးအန္တရာယ်ဖြင့် အထူးရင်ဆိုင် နေရပြီး ဧရာဝတီမြစ်အတွင်း (၇၉)ကောင်ခန့်သာ ကျန်ရှိသဖြင့် ခရီးသွားများကိုပြသရန် ကန့်သတ်ချက်များရှိသည်။ ထိုအခါမျိုးတွင် ဧရာဝတီလင်းပိုင်ပြကွက်များအစား ရေဘဲများ၊ ငှက်များအသုံးပြု၍ ငါးဖမ်းသည့်ပြ ကွက်များ ဖန်တီးပြုလုပ်၍ နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်သင့်သည်။ အင်းလေးကန် သို့မဟုတ် ခရီး သွားများ လည်ပတ်ရန် အဆင်ပြေသော အခြားသော အင်းအိုင်များတွင် အပျော်တမ်း ကွန်ပစ်ခြင်း၊ ပိုက်ချခြင်းနှင့် အင်းလေးဒေသရိုးရာပုံစံ ငါးဖမ်းသည့်အစီ အစဉ် ထည့်သွင်းပေးခြင်းမျိုး ဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံသည် အခြားသောနိုင်ငံများကဲ့သို့ ပညာရေးဆိုင်ရာခရီးသွားလာခြင်းတွင် အားနည်း လျက်ရှိသေး သော်လည်း ဗေဒင်ပညာရပ်၊ အနှိပ်၊ အကြောပြင် ဘာသာရပ်များကို အပန်းဖြေခရီးသွား ခြင်းအတွက် အသုံးချရုံသက် သက်မဟုတ်ဘဲ အိန္ဒိယ ယောဂပညာရပ်ကဲ့သို့ ပညာရေးဆိုင်ရာ ခရီးသွားလာ ခြင်းတွင်ထည့်သွင်းဆောင်ရွက်သင့်သည်။ ထို့ပြင် နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြသည့် မြန်မာ့သိုင်း၊ လက်ဝှေ့နှင့် မြန်မာ့ရုပ်သေးပညာရပ်သည် လည်း ပညာရေးဆိုင်ရာခရီးသွားလာခြင်းတွင် ထည့်သွင်းနိုင်သည်။ နိုင်ငံတကာအစည်းအဝေးများ၊ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများ တွင်သာ ကျင်းပခြင်းမျိုးမဟုတ်ဘဲ အခြားသောမြို့များ တွင်ကျင်းပခြင်းဖြင့်လည်း ထိုမြို့များရှိ ခရီးသွား လုပ်ငန်းများကို မိတ်ဆက်ပေးနိုင်သည်။

ခရီးသွားလုပ်ငန်းကို နည်းပညာအသုံးပြုမြှင့် တင်ရာတွင် app များ၊ နိုင်ငံတကာငွေကြေးလွှဲ ပြောင်းမှုစနစ်များ၊ online booking system များ ပိုမိုတိုးချဲ့အသုံးပြုသင့်သည်။ Myanmar smart tourism App တီထွင်ကာ ထို app အတွင်း ခရီးသွားများအတွက် အသုံးဝင်သောအချက်အလက်များ (Offline မြေပုံများ၊ Digital directory များ၊ သယ် ယူပို့ဆောင်ရေးဆိုင်ရာအချက်အလက်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင် booking စနစ်များ၊ digital pay စနစ်၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ ဒေသတစ်ခုချင်းစီအလိုက် ယဉ်ကျေးမှုကျင့်ဝတ် အကြံပြုချက်များ၊ ဒေသဆိုင်ရာ အခြေခံစကားအချို့၊ ပွဲတော်ကျင်းပမည့်ကာလ ပြက္ခဒိန်(Festival calendar)၊ အဆင့်သတ်မှတ်ချက်နှင့် တိုင်ကြားနိုင်သည့်စနစ်၊ Loyalty Programs and Rewards အစီအစဉ်များ) ထည့်သွင်းသင့် သည်။ လက်ရှိတွင် ဟိုတယ်၊ တည်းခိုခန်းများ၏ နေ့စဉ် အိပ်ခန်းငှားရမ်းရမှု၊ ဧည့်သည်တည်းခိုမှုစာရင်းများ ကောက်ယူခြင်းအတွက် Hotel Guest List Man­agement System(HGLMS) အသုံးပြုလျက်ရှိ သည်ကိုတွေ့ရသည်။

ပြန်လည်ဖိတ်ခေါ်ခြင်း
(၂၀၂၃) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ်ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်မှာ (၅၅) ရာခိုင်နှုန်းရှိပြီး (၄၅)ရာခိုင်နှုန်းမှာ အကြိမ်ကြိမ် အခါခါလာရောက်သည့် ခရီးသွားများဖြစ်ကြသည်။ ထိုအထဲတွင် (၈) ကြိမ် မှ (၁၀) ကြိမ်အထိ လာရောက်သူများတွင် ထိုင်းလူမျိုးများက အများဆုံးဖြစ်ပြီး (၂) ကြိမ်မှ (၃) ကြိမ်အထိ လာရောက်သူများတွင် တရုတ်လူမျိုးများသည် (၃၇) ရာခိုင်နှုန်းရှိ၍ အခြားနိုင်ငံများမှဝင်ရောက်မှုသည် (၂၅) ရာခိုင်နှုန်း ဖြစ်သည်။ ဆိုလိုသည်မှာ ထိုင်းလူမျိုးများမှလွဲ၍ ကျန်လူမျိုးများသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်မှု ရာခိုင်နှုန်းနည်းပါးသည်ကို ဖော်ပြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ပြီးသည့် ခရီးသွားများ ထပ်မံလာ ရောက်စေရန် ၎င်းတို့လာရောက်ခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက် မည်မျှအကျိုးရှိခဲ့ကြောင်း၊ လည်ပတ်မှုသည် ဒေသခံတို့၏ လူမှုစီးပွား ဘဝ၊ ပညာရေး၊ ကျန်းမာရေးတို့ကို မည်မျှအထောက် အပံ့ဖြစ်ကြောင်း ပေါ်လွင်ထင်ရှား အောင်ဆောင်ရွက် ပေးသင့်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ CBT ကျေးရွာများတွင် (၁) tourist (၁) tree အစီအစဉ်ဆောင် ရွက်နေသည်။ ထို့ပြင် ဥပမာအားဖြင့် အချို့နေရာများတွင် (၁၄-၁၀-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄)ကာလအတွင်း တည်းခိုခဲ့သည့် နိုင်ငံတကာခရီးသွားများ၏ အကူအညီဖြင့် တည်ဆောက်သည်စသဖြင့် အသိအမှတ်ပြုမှုများ ဆောင်ရွက် မည်ဆိုပါက ခရီးသွားများအတွက် ဂုဏ်ယူဖွယ်အမှတ်တရများ ဖြစ်ပေါ်နိုင်သည်။ နည်းပညာမြင့်မားသောနိုင်ငံများတွင် ကာဗွန်မည်မျှလျှော့ချနိုင်ခဲ့သည်ဟူသော အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနေသည်ကိုတွေ့ရသည်။ ထို့ပြင် ထပ်မံလာရောက်စေရေး မက်လုံးများနှင့် Loyalty Programs များထားရှိရမည်။ မြန်မာနိုင်ငံ သို့လာရောက်လည် ပတ်ပြီးသည့် နိုင်ငံခြားသားများ ပြန်လည်ထွက်ခွာချိန်တွင် မြန်မာနိုင်ငံအတွင်း ၎င်းတို့ သုံးစွဲထားသော အခွန်တံဆိပ်ပါ သော ချလံဖြတ်ပိုင်း များကိုပြသစေကာ သုံးစွဲမှု၏ ရာခိုင်နှုန်း တစ်ခုကို Myanmar smart tourism App &Sd digital pay တွင်ဖြစ်စေ၊ အခြားသော မြန်မာပြည်တွင်းသုံး bank’s mobile pay များတွင်ဖြစ်စေ ပြန်လည်ဖြည့် တင်းပေးခြင်း၊ ငွေသားလက်ခံလိုခြင်းမရှိသည့် ခရီး သွားများအတွက် တန်ဖိုးနှင့်ညီသော လက်ဆောင်ချီး မြှင့်ခြင်းဖြင့် နောက်တစ်ကြိမ် ထပ်မံလည်ပတ်ချင်လာ အောင်ဆွဲဆောင်ရမည်။ ထို့ပြင် ထပ်မံဝင်ရောက်မှုအတွက် ဗီဇာကြေးလျှော့ပေါ့ခြင်း၊ တည်းခိုစရိတ် လျှော့ဈေးပေးခြင်းနှင့် အခြားသော ဆန်းသစ်သည့် မက်လုံးများဖန်တီး၍ ခရီးသွားများ ထပ်မံလာရောက် စေရန် ဆောင်ရွက်သင့်ပါသည်။

ဤဆောင်းပါးသည် နိုင်ငံတကာခရီးသွားမြှင့် တင်ရေးအတွက် သိသာထင်ရှားသောအချက်အ လက်များဖြစ် သည့် အခြေခံအဆောက်အအုံများမြှင့် တင်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းပြောင်းလဲခြင်း၊ လူသားအရင်းအမြစ်မြှင့် တင်ခြင်း၊ နိုင်ငံတကာနှင့်ပူး ပေါင်းဆောင်ရွက်ခြင်းကဲ့သို့သော အကြောင်းအရာ များ ဆွေးနွေးခြင်းမပြုဘဲ တီထွင်ဆန်း သစ်နိုင်မည့် နည်းလမ်းအချို့ကိုသာ ဆွေးနွေးတင်ပြထားခြင်းဖြစ် ရာ ကြီးမားစွာပြုပြင်ပြောင်းလဲရမည့်အချက်များ ကျန် ရစ်နေနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ တိုးမြင့်ဝင်ရောက်ခြင်း သည် နိုင်ငံတော်နှင့် ပြည်သူအပေါ်များစွာ အကျိုးရှိ သည့်လုပ်ငန်းဖြစ်သဖြင့် ခရီးသွားများ ပိုမိုတိုးမြင့်ဝင် ရောက်ရေးသည် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများအပြင် ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက် ပေးမှသာ ပိုမိုအောင်မြင်မည့် လုပ်ငန်းတစ်ခုဖြစ်သည်။ မိမိတို့နိုင်ငံသည် ရေမြေ၊ တောတောင်၊ သဘာဝအလှ အပများပေါြွကယ်ဝပြီး ထင်ရှားသောအခွင့်အလမ်းများ ရှိနေပါသော်လည်း နိုင်ငံတကာခရီးသွားဝင် ရောက်မှုတွင် မိမိတို့ထက်သေးငယ်သည့်နို င်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကျကျန်ရစ်နေပါသေးသည်။ ထို့ကြောင့် ပြည်သူအားလုံးတို့၏ စုပေါင်းကြိုးပမ်းမှုဖြင့် “မြန်မာနိုင်ငံက မင်္ဂလာပါ”ဟု နှုတ်ခွန်းဆက်ပြီး မြန် မာ၏အလှတရားများကိုပြသနိုင်စေရေး အကြံပြုတင် ပြလိုက်ရသည်။

zawgyi version
ျမန္မာႏိုင္ငံက မဂၤလာပါ
ၿဖိဳးေဝလင္း (ပုသိမ္) (NP News) - ေအာက္တိုဘာ ၂၅

ျမန္မာႏိုင္ငံသည္ ဧရိယာအက်ယ္အဝန္းအား ျဖင့္(၂၆၁,၂၂၈)စတုရန္းမိုင္ရွိၿပီး အေရွ႕ေတာင္အာရွ တြင္ ေျမျပင္ တစ္ဆက္တည္း အက်ယ္အဝန္းအရဆိုလွ်င္ အႀကီးဆုံးႏိုင္ငံျဖစ္ပါသည္။ ျမင့္မားေသာ ေတာင္တန္းႀကီးမ်ား၊ က်ယ္ျပန႔္ ေသာလြင္ျပင္မ်ား၊ ရွည္လ်ားေသာကမ္း႐ိုးတန္းမ်ားအျပင္ ကြၽန္းေပါင္း (၈၀ဝ)ေက်ာ္ပိုင္ဆိုင္ထားသည့္ ႏိုင္ငံႀကီးလည္း ျဖစ္သည္။ ထိုကဲ့သို႔ ေတာေတာင္ေရေျမသဘာဝအလွ မ်ားႏွင့္ျပည့္ႏွက္ေနေသာ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာ ခရီးသြား ဝင္ေရာက္မႈသည္ ကို႐ိုနာဗိုင္းရပ္ေရာဂါ (ကို ဗစ္-၁၉) မတိုင္မီ (၂၀၁၈) ႏွင့္ (၂၀၁၉) ခုႏွစ္တို႔တြင္ (၁)ႏွစ္လွ်င္ ပွ်မ္းမွ် (၄)သန္းခန႔္ရွိၿပီး (၂၀၂၃) ခုႏွစ္တြင္ (၁,၂၈၄,၇၃၁)ဦးေရရွိခဲ့သည္ဟု ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနက ထုတ္ျပန္သည့္ ႏိုင္ငံတကာ ျပည္ဝင္ခရီးသြားစစ္တမ္း (၂၀၂၃)အရသိရွိရသည္။ ျမန္မာႏိုင္ငံ၏ (၃) ပုံ (၁)ပုံခန႔္ရွိေသာ လာအိုႏိုင္ငံ၏ (၂၀၂၃) ခုႏွစ္ ႏိုင္ငံတကာခရီးသြားဝင္ ေရာက္မႈသည္ (၃,၄၁၇,၆၂၉) ရွိသည္ဟု လာအို သတင္း အခ်က္အလက္၊ ယဥ္ေက်းမႈႏွင့္ ခရီးသြားလာ ေရးဝန္ႀကီးဌာန (Ministry of Inf­or­mation, Cu­l­ture and Tourism) ၏ Stati­stical Rep­ort on Tourism in Laos (၂၀၂၃) အရသိရသည္။ ႏိုင္ငံတကာခရီးသြားမ်ားထံမွရရွိေသာ ဝင္ေငြသည္ ႏိုင္ငံ့ GDP ၏ (၁၂) ရာခိုင္ႏႈန္းရွိသည့္အျပင္ ပွ်မ္းမွ် (၁)ႏွစ္လွ်င္ ႏိုင္ငံတကာခရီးသြား‌ေပါင္း (၂၈)သန္းႏွင့္ သန္း(၃၀)ၾကား လာေရာက္လည္ပတ္ေနေသာ ထိုင္းႏိုင္ငံ၊ အန္ေကာဝပ္ဘုရားေက်ာင္းတစ္ခုတည္းႏွင့္ ပင္ဆြဲေဆာင္ ထားၿပီး ႏွစ္စဥ္ႏိုင္ငံတကာခရီးသြား (၃)သန္းခြဲႏွင့္ (၆)သန္းၾကားဝင္ေရာက္ေနေသာ ကေမာၻဒီးယားႏိုင္ငံတို႔ႏွင့္ႏႈိင္း ယွဥ္ပါက ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားဝင္ေရာက္မႈသည္ နည္းပါးလြန္း လွသည္ဟုမွတ္ယူႏိုင္သည္။

ကမာၻလွည့္ခရီးသြားျခင္းဆိုသည္မွာ အပန္းေျဖရန္ျဖစ္ေစ၊ အေပ်ာ္သက္သက္ျဖစ္ေစ၊ စီးပြားေရး ကိစၥမ်ား အတြက္ျဖစ္ေစ အျခားေသာကိစၥရပ္မ်ားအတြက္ျဖစ္ေစ မိမိတို႔အၿမဲေနထိုင္ရာေဒသ၏အျပင္ ဘက္သို႔ အနည္းဆုံး (၂၄) နာရီႏွင့္ အမ်ားဆုံး တစ္ ႏွစ္အထိ ခရီးသြားလာျခင္းကို ေခၚဆိုျခင္းျဖစ္သည္။ ခရီးသြားျခင္းအမ်ိဳးအစားေပၚမူတည္၍
၁။ အပန္းေျဖ ခရီးသြားျခင္း
၂။ စြန႔္စြန႔္စားစား ခရီးသြားျခင္း
၃။ ဘာသာေရး၊ ယဥ္ေက်းမႈႏွင့္ သမိုင္းဆိုင္ေသာ
ခရီးသြားျခင္း
၄။ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ခရီးသြားျခင္း
၅။ စီးပြားေရးႏွင့္ဆိုင္ေသာ ခရီးသြားျခင္း
၆။ အားကစားႏွင့္ဆိုင္ေသာ ခရီးသြားျခင္း
၇။ ပညာေရးဆိုင္ရာ ခရီးသြားျခင္း
၈။ က်န္းမာေရးဆိုင္ရာ ခရီးသြားျခင္း စသျဖင့္ အၾကမ္းဖ်င္း ခြဲျခားႏိုင္သည္။
(၂၀၂၃) ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားမ်ားဝင္ေရာက္မႈတြင္ ေလေၾကာင္း၊ ေရေၾကာင္းမွ (၂၂.၄၉) ရာခိုင္ႏႈန္းရွိၿပီး နယ္စပ္မ်ားမွ ဝင္ေရာက္မႈမွာ (၇၇.၅၁) ရာခိုင္ႏႈန္းရွိသည္။ ဝင္ ေရာက္သည့္ႏိုင္ငံျခားသားမ်ားမွာ အာရွေဒသမွ (၈၈.၉၉) ရာခိုင္ႏႈန္း၊ ဥေရာပေဒသမွ (၅.၄၉) ရာခိုင္ ႏႈန္း၊ အေမရိကမွ (၃.၇၃) ရာခိုင္ႏႈန္း၊ သမုဒၵရာပိုင္း ဇုန္ေဒသမွ (၁.ဝ၆) ရာခိုင္ႏႈန္း၊ အေရွ႕အလယ္ပိုင္းမွ (ဝ.၃၃) ရာခိုင္ႏႈန္းႏွင့္ အာဖရိကေဒသမွ (ဝ.၄၀) ရာ ခိုင္ႏႈန္းရွိ ေၾကာင္းသိရၿပီး (၂၀၂၃) ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ အမ်ားဆုံးလာေရာက္ေသာႏိုင္ငံသားမ်ားမွာ တ႐ုတ္ႏိုင္ငံသား မ်ားျဖစ္ၿပီး ဒုတိယေနရာတြင္ ထိုင္းႏိုင္ငံသားမ်ားႏွင့္ တတိယေနရာတြင္ ဂ်ပန္ႏိုင္ငံသားတို႔ အမ်ားဆုံးဝင္ေရာက္ၾက သည္။ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္သည့္ ႏိုင္ငံတကာခရီးသြားမ်ား၏ (၃၅) ရာခိုင္ႏႈန္းမွာ အသက္ (၃၀)ႏွင့္ (၃၉)ႏွစ္ၾကား ျဖစ္ၿပီး (၂၃) ရာခိုင္ႏႈန္းမွာ အသက္ (၄၀) ႏွင့္ (၄၉) ၾကားျဖစ္သည္။ အသက္ (၂၀) ႏွင့္ (၂၉) ႏွစ္ၾကား လူငယ္ခရီးသြားဝင္ ေရာက္မႈႏႈန္းမွာ (၁၅) ရာခိုင္ႏႈန္းရွိသည္။ ႏိုင္ငံတကာခရီးသြားစုစုေပါင္း၏ (၅၄) ရာခိုင္ႏႈန္းမွာ တစ္ဦး ခ်င္းလြတ္လပ္စြာ သြားလာသည့္ ခရီးသြားမ်ား (Inde­p­endent travelers) ျဖစ္ၿပီး (၄၆)ရာခိုင္ႏႈန္းမွာ ခရီးသြားလုပ္ငန္းကုမၸဏီမ်ားႏွင့္ ခ်ိတ္ဆတ္သြားလာၾက သည့္ခရီးသည္မ်ား (packaged tour) ျဖစ္သည္။ ျမန္မာႏိုင္ငံသို႔လာေရာက္ၾကေသာ ႏိုင္ငံတကာ ခရီးသြားမ်ား၏ (၆၆) ရာခိုင္ႏႈန္းသည္ အပန္းေျဖခရီးသြားလာရန္ လာေရာက္ၾကျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံတကာခရီးသြား တစ္ဦး၏ ပ်မ္းမွ်ေနထိုင္ရက္မွာ (၉)ရက္ခန႔္ျဖစ္သည္။ ႏိုင္ငံတကာခရီးသြားမ်ား၏ (၂၀၂၃) ခုႏွစ္ အတြင္း ျမန္မာႏိုင္ငံအတြင္းသုံးစြဲမႈပမာဏမွာ အေမရိကန္ေဒၚလာ (၆၉၃) သန္းျဖစ္ရာ ခရီးသြားတစ္ဦး၏ တစ္ရက္ပ်မ္းမွ် အသုံးစရိတ္သည္ အေမရိကန္ေဒၚလာ (၁၀၄) ေဒၚလာခန႔္ရွိသည္။

ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ခဲ့သည့္ ႏိုင္ငံတကာခရီးသြားမ်ားကို နမူနာေကာက္ယူျခင္း (Sampling) ျပဳလုပ္၍ အႀကံျပဳခ်က္မ်ား ေကာက္ခံခဲ့ရာ ျမန္မာႏိုင္ငံအေနျဖင့္ လွ်ပ္စစ္မီးပုံမွန္ရရွိရန္၊ အင္တာနက္လိုင္း ေကာင္းမြန္ ရန္၊ ဟိုတယ္ႏွင့္တည္းခိုခန္းမ်ားတြင္ ဝန္ေဆာင္မႈေကာင္းမြန္ရန္၊ Public transport ေကာင္းမြန္ရန္၊ လည္ပတ္ရာတြင္ လုံၿခဳံ စိတ္ခ်မႈရွိရန္၊ Night tour လည္ပတ္ႏိုင္ ေရးစီစဥ္ေပးရန္၊ အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာေနရာမ်ားတြင္ သန႔္ရွင္းသပ္ရပ္မႈရွိရန္ႏွင့္ အစားအေသာက္မ်ားကို သန႔္ရွင္းသပ္ရပ္စြာ ျပင္ဆင္ခ်က္ျပဳတ္ထုပ္ပိုး တတ္ရန္လိုအပ္ ေၾကာင္း အႀကံျပဳခဲ့ၾကသည္။

ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားမ်ား ပိုမိုဝင္ေရာက္လာႏိုင္ေရးအတြက္ ဖိတ္ေခၚရာတြင္ အေျခခံ ခရီးသြား ျခင္းအမ်ိဳးအစား (၈) ခ်က္အေပၚမူတည္၍ အခ်ိန္ကာလ (၃)ခုခြဲျခားကာ ေဆာင္႐ြက္သင့္သည့္ နည္းလမ္းအခ်ိဳ႕ကို တင္ျပလိုသည္။ ပထမဆုံးမွာ ႏိုင္ငံတကာခရီးသြားမ်ားကို လည္ပတ္ခ်င္လာေအာင္ ဖိတ္ေခၚျခင္းကာလ ျဖစ္သည္။ ဒုတိယအေနျဖင့္ ဖိတ္ေခၚျခင္းေၾကာင့္လာေရာက္ လည္ပတ္သည့္ခရီးသြားမ်ားကို ဝန္ေဆာင္မႈေပးသည့္ကာလ ျဖစ္သည္။ တတိယႏွင့္ေနာက္ဆုံးမွာ ထပ္မံလည္ပတ္ေစရန္ ျပန္လည္ ဖိတ္ေခၚျခင္းကာလ ျဖစ္သည္။

ဖိတ္ေခၚျခင္းကာလ
ျမန္မာႏိုင္ငံသို႔လာေရာက္သည့္ ႏိုင္ငံတကာ ခရီးသြား (၅၀) ရာခိုင္ႏႈန္းသည္ ခရီးသြားေအဂ်င္စီမ်ားႏွင့္ ေလေၾကာင္းလိုင္းမ်ားမွလည္းေကာင္း၊ (၂၈) ရာခိုင္ႏႈန္းသည္ သူငယ္ခ်င္းေဆြမ်ိဳးမ်ားမွလည္းေကာင္း၊ (၁၀) ရာခိုင္ႏႈန္း သည္ လူမႈမီဒီယာစာမ်က္ႏွာမ်ားမွလည္းေကာင္း၊ (၈) ရာခိုင္ႏႈန္းသည္ စီးပြားေရးလုပ္ငန္းမ်ားမွလည္းေကာင္း၊ (၂) ရာခိုင္ ႏႈန္းသည္ ခရီးသြားျပပြဲမ်ားမွလည္းေကာင္း၊ က်န္ (၂) ရာခိုင္ႏႈန္း သည္ ႏိုင္ငံေတာ္အစိုးရ website မ်ားမွလည္းေကာင္း အႀကံÓဏ္ရယူ၍ လာေရာက္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္ေလဆိပ္၌ ႏိုင္ငံတကာ ေလေၾကာင္းလိုင္း (၁၅) လိုင္းႏွင့္ မႏၲေလး ေလဆိပ္တြင္ ႏိုင္ငံ တကာေလေၾကာင္းလိုင္း (၅)လိုင္း ေျပးဆြဲလ်က္ရွိရာ ေလေၾကာင္းလိုင္းမ်ား၊ ခရီးသြားေအ ဂ်င္စီမ်ားႏွင့္ခ်ိတ္ဆက္၍ လာေရာက္လည္ပတ္လိုသည့္ ႏိုင္ငံတကာခရီးသြားမ်ားအတြက္ ကန႔္သတ္ခ်က္မ်ား ျဖစ္ေပၚလ်က္ရွိသည္။ ထို႔ေၾကာင့္ ရန္ကုန္၊ မႏၲေလး ေလဆိပ္တို႔တြင္ ေလေၾကာင္းဆိုင္ရာဝန္ ေဆာင္မႈ ပိုမိုျမႇင့္တင္ရမည့္အျပင္ ရန္ကုန္၊ မႏၲေလး ၿပီးလွ်င္ ႏိုင္ငံတကာခရီးသြားမ်ား အမ်ားဆုံးလည္ပတ္သည့္ အျခားေဒသမ်ား(က်ိဳက္ထို၊ ပဲခူး၊ ပုဂံ၊ ပုသိမ္)ရွိ ေလဆိပ္မ်ားကို အဆင့္ျမႇင့္တင္ျခင္းျဖင့္ ႏိုင္ငံတကာ ေလေၾကာင္းလိုင္းမ်ား တိုးခ်ဲ႕ဝင္ေရာက္ႏိုင္မည္ျဖစ္ သည္။ ႏိုင္ငံတကာေလေၾကာင္း လိုင္းမ်ား ဝင္ေရာက္ႏိုင္မႈမရွိလွ်င္ပင္ နယ္ဘက္ေဒသမ်ားရွိ ေလဆိပ္မ်ား၌ ခရီးသြားမ်ား၏ ကိုယ္ပိုင္ေလယာဥ္မ်ား ဝင္‌ေရာက္ ႏိုင္ရန္ ျပင္ဆင္ထားသင့္သည္။ ယေန႔ေခတ္သည္ လူမႈမီဒီယာအသုံးျပဳမႈမ်ား တြင္က်ယ္ေနသည့္ ေခတ္ ျဖစ္ရာ ႏိုင္ငံတကာခရီးသြားမ်ား ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ရန္အတြက္ လူမႈမီဒီယာကြန္ရက္မ်ားကို ထိေရာက္ စြာအသုံးခ်သင့္သည္။ ဤေနရာတြင္ ျမန္မာႏိုင္ငံအေပၚ ပ်က္စီးေစလိုသည့္အုပ္စုမ်ားႀကီးစိုးထားသည့္ လူမႈမီဒီယာ ေပၚတြင္ မည္ကဲ့သို႔ ထိုးေဖာက္ႏိုင္မည္နည္းဟု ဆင္ေျခေပးစရာရွိသည္။ ႏိုင္ငံေတာ္၏ ဝန္ႀကီးဌာနႏွင့္ ျပည္တြင္း ခရီးသြားေအ ဂ်င္စီမ်ား၏႐ုပ္သံဖိုင္မ်ားကို လူမႈမီဒီယာေပၚတင္ဆက္ရာတြင္ အကန႔္အသတ္ရွိသည္ကို သိပါသည္။ သို႔ေသာ္ ႏိုင္ငံတကာမွ ျမန္မာႏိုင္ငံ အေပၚစိတ္ဝင္စားသည့္ Travel blogger မ်ား၊ Foodblogger မ်ား၊ Youtuber မ်ား၊ Tiktoker မ်ားရွိသည္။ လက္ရွိအေျခအေနအတြက္ ပိတ္ဆို႔မႈမ်ားရွိေနသျဖင့္ ၎တို႔ကို အစိုးရက တိုက္႐ိုက္မေခၚဘဲ အျခားလူမႈအဖြဲ႕အစည္းမွ တစ္ဆင့္ခံေခၚယူ၍ ျမန္မာႏိုင္ငံ၏အလွတရားမ်ားကို ျပသႏိုင္ပါသည္။ မၾကာမီရက္မ်ား အတြင္းက Youtube တြင္ Subscribers (၃၂.၄) သန္းရွိေသာ၊ Tiktok တြင္ Followers (၃၄.၃) သန္းရွိေသာ IShowSpeed အမည္ရွိ လူငယ္သည္ အာဆီယံေဒသတြင္းႏိုင္ငံမ်ားသို႔ လာေရာက္လည္ပတ္ရာ ျမန္မာႏိုင္ငံသို႔ လာ ေရာက္လည္ ပတ္လိုေၾကာင္းေျပာ ၾကားသည့္ ႐ုပ္သံဖိုင္တစ္ခု ေတြ႕ခဲ့ရသည္။ သို႔ေသာ္ (၁)လခန႔္အၾကာျဖစ္ေသာ ယခု ဤေဆာင္းပါးေရးခ်ိန္အထိ ေရာက္ရွိမလာႏိုင္ခဲ့ပါ။ ထိုကဲ့သို႔ကိစၥရပ္မ်ိဳးတြင္ တာဝန္ရွိသူမ်ားက ကမကထျပဳလုပ္၍ ႀကိဳဆိုလိုက္ပါက ထိုလူငယ္ကိုအမွီျပဳ၍ ခရီးသြားမ်ား ပိုမိုေရာက္ရွိ လာႏိုင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ကာကြယ္ေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာနတို႔သည္သာ ႏွစ္စဥ္ ႐ုပ္ရွင္ဇာတ္ကားမ်ား ပုံမွန္႐ိုက္ေလ့ရွိၿပီး အျခားေသာဝန္ႀကီးဌာနမ်ား အထူးသျဖင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ ႀကီးဌာနမွာ ႐ိုက္ကူးေလ့ မရွိသည္ကိုေတြ႕ရသည္။ ႐ုပ္ရွင္ဇာတ္ကားမ်ားသည္လည္း ႏိုင္ငံတကာခရီးသြားမ်ားကိုဆြဲေဆာင္ရာတြင္ ထိေရာက္မႈရွိ သည္။ Harry Potter ဇာတ္လမ္းတြဲေၾကာင့္ အဂၤလန္ႏိုင္ငံ၊ Game of thrones ဇာတ္လမ္းတြဲေၾကာင့္ Iceland ႏိုင္ငံ၊ Kung Fu Panda ဇာတ္လမ္းတြဲေၾကာင့္ တ႐ုတ္ႏိုင္ငံ၊ ကိုရီးယားဇာတ္လမ္းတြဲမ်ားေၾကာင့္ ကိုရီးယားႏိုင္ငံ စသျဖင့္ ထင္ေပၚေက်ာ္ၾကားေသာ ႐ုပ္ရွင္ဇာတ္ကားမ်ား၊ anime ဇာတ္ကားမ်ား၊ ဇာတ္လမ္းတြဲမ်ားကို အမွီျပဳ၍ ထိုႏိုင္ငံတို႔သည္ ႏိုင္ငံတကာခရီးသြားမ်ားဝင္ေရာက္မႈကို ျမႇင့္တင္လ်က္ရွိသည္။ ျမန္မာႏိုင္ငံအေနျဖင့္လည္း အဆင့္ျမင့္႐ုပ္ရွင္ ဇာတ္ ကားမ်ား မဟုတ္လွ်င္ပင္ ခရီးသြားမ်ားစိတ္ဝင္စားႏိုင္မည့္ anime ဇာတ္ကားမ်ား႐ိုက္ကူးႏိုင္သည္။ ထို ႐ုပ္ရွင္/ anime ဇာတ္ကားမ်ားတြင္ အထင္ကရေနရာမ်ား၊ ႐ိုးရာပြဲေတာ္မ်ား၊ အစားအေသာက္မ်ားကို သမိုင္းေၾကာင္း ႏွင့္ယွဥ္၍ေဖာ္ျပရ မည့္အျပင္ အခ်စ္၊ အလြမ္း ရသမ်ားလည္းခံစားႏိုင္ေအာင္ ေဆာင္႐ြက္သင့္သည္။

ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားဝင္ေရာက္ရာတြင္ တစ္ကိုယ္ေတာ္ခရီးသြားပုံစံျဖင့္ ဝင္ေရာက္မႈသည္ (၅၃) ရာခိုင္ႏႈန္းအထိရွိၿပီး မိသားစုႏွင့္ဝင္ ေရာက္မႈမွာ (၃)ရာခိုင္ႏႈန္းသာရွိေသးေၾကာင္း သိရသည္။ မိသားစုႏွင့္ခရီးသြား လာျခင္းသည္ တစ္ကိုယ္ေတာ္ခရီးသြားလာျခင္းထက္ စရိတ္ပိုမိုသုံးစြဲေလ့ ရွိသည္မွာ အထင္အရွားျဖစ္သည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသို႔ မိသားစုမ်ားႏွင့္အတူ ခရီးသြားမ်ားပိုမိုဝင္ ေရာက္ႏိုင္ေရး ေဆာင္႐ြက္ရမည္။ မိသားစုႏွင့္အတူ လာေရာက္ လည္ပတ္ႏိုင္ရန္ အသက္အပိုင္းအျခားအလိုက္ အပန္းေျဖႏိုင္မည့္ စိတ္ဝင္စားႏိုင္မည့္ခရီး သြားျခင္းအမ်ိဳးအစားစုံ လင္ေအာင္ ေဆာင္႐ြက္ရမည္။ ဥပမာအားျဖင့္ အဘိုး၊ အဘြား၊ ဖခင္၊ မိခင္၊ သား ႏွင့္ သမီးပါေသာ မိသားစုသည္ ပုဂံတြင္ လာေရာက္လည္ ပတ္သည္ဆိုပါစို႔။ ပုဂံေဒသသည္ သမိုင္းႏွင့္ယဥ္ေက်း မႈဆိုင္ရာစိတ္ဝင္စားသည့္ အဘိုးအတြက္ အဆင္ေျပေသာ္လည္း က်န္းမာေရးဆိုင္ရာအပန္းေျဖလိုေသာအဘြား၊ စြန႔္စြန႔္စားစား ခရီးသြားလိုသည့္ ဖခင္၊ အစား အေသာက္ေကာင္းမ်ား ရွာေဖြစားေသာက္လိုေသာ မိခင္၊ ေတာ႐ိုင္းတိရစာၦန္မ်ားႏွင့္ သဘာဝမ်ားကိုေလ့ လာလိုေသာ သားႏွင့္ Disneyland, Water boom ကဲ့သို႔ Theme Parks မ်ားကို အလည္အပတ္သြားလို သည့္သမီးအတြက္ အဆင္မေျပပါ။ ထို႔ေၾကာင့္ ေဒသ တစ္ခုထဲမွာပင္ အသက္အ႐ြယ္အပိုင္းအျခားအလိုက္ စိတ္ဝင္စားႏိုင္မည့္ခရီးစဥ္မ်ိဳး ဖန္တီးထားႏိုင္ရန္လိုအပ္သည္။

အျခားေသာႏိုင္ငံမ်ားတြင္ ေဘာလုံးအားကစား၊ တင္းနစ္အားကစားၿပိဳင္ပြဲမ်ားက်င္းပ၍ ခရီးသြားမ်ားကို ဖိတ္ေခၚသကဲ့သို႔ ေဂါက္သီး႐ိုက္အားကစားကြင္းေပါင္း (၁၉၈)ကြင္းရွိသည့္ ျမန္မာႏိုင္ငံတြင္လည္း ေဂါက္သီး႐ိုက္ အားကစားၿပိဳင္ပြဲမ်ားက်င္းပ၍ ႏိုင္ငံတကာ ခရီးသြားမ်ားကို ဖိတ္ေခၚႏိုင္သည္။ ထို႔ျပင္ E-sport တြင္ အဆင့္အတန္း တစ္ခုရွိသည့္ ျမန္မာလူငယ္မ်ားကိုအေျချပဳ၍ E-sport ၿပိဳင္ပြဲမ်ား က်င္းပႏိုင္သည္။ “Swiftonomics”ဟုေခၚတြင္ ေလာက္ေအာင္နာ မည္ႀကီးလာေသာ အေမရိကန္အဆိုေတာ္ ေတလာဆြစ္ဖ္၏ဂီတေဖ်ာ္ေျဖပြဲကိုအေျချပဳ၍ ျဖစ္ေပၚလာ ေသာ စီးပြားေရးႏွင့္ခရီးသြားလုပ္ငန္းမွာ ကမာၻ႔စီးပြား ေရးကိုပင္ ႂကြတက္လာေအာင္ စြမ္းေဆာင္ႏိုင္စြမ္းရွိသည္။ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံအေနျဖင့္လည္း ဂီတပြဲမ်ား၊ ႏိုင္ငံတကာေဖ်ာ္ေျဖပြဲမ်ားကို လက္ခံက်င္းပႏိုင္ေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္သင့္သည္။ K-pop ဂီတအဖြဲ႕မ်ားတြင္လည္း ျမန္မာႏိုင္ငံမွ လူငယ္မ်ား ပါဝင္လ်က္ရွိရာ ၎တို႔၏အင္အားကို ရယူႏိုင္သည္။ ထို႔ျပင္ English သီခ်င္းမ်ားကို cover ျပန္ဆိုေသာ အဆိုၿပိဳင္ပြဲမ်ားျပဳလုပ္ျခင္းျဖင့္ ထူးခြၽန္သည့္လူငယ္မ်ား ေပၚေပါက္လာႏိုင္ၿပီး ထိုလူငယ္မ်ားသည္ မူရင္းအဆိုေတာ္မ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္ကာ မိမိႏိုင္ငံ အတြင္း၌ ပူးတြဲ ေဖ်ာ္ ေျဖမႈမ်ား ျပဳလုပ္လာႏိုင္သည္။ ျမန္မာႏိုင္ငံ၏ အထင္ကရေနရာမ်ားတြင္ ေဒသရႈခင္းဆိုင္ရာ ပန္းခ်ီၿပိဳင္ပြဲ၊ ဓာတ္ပုံၿပိဳင္ပြဲ မ်ားက်င္းပကာ ႏိုင္ငံျခားသားမ်ားကိုဖိတ္ေခၚ၍ ဝင္ေရာက္ယွဥ္ၿပိဳင္ ေစျခင္းျဖင့္လည္း ျမန္မာႏိုင္ငံအား ႏိုင္ငံတကာခရီး သြားမ်ား စိတ္ဝင္စားမႈျမင့္တက္လာေအာင္ေဆာင္ ႐ြက္ႏိုင္သည္။ ကီလိုမီတာ (၂၈၀ဝ) ေက်ာ္ရွည္လ်ား သည့္ ျမန္မာ့ ကမ္း႐ိုးတန္းတစ္ေလွ်ာက္တြင္လည္း ေရလႊာေလွ်ာစီးၿပိဳင္ပြဲမ်ား၊ တုတ္ေထာက္ေလွ (Stand-Up Paddle boarding) ၿပိဳင္ပြဲမ်ား၊ ေလွေလွာ္ၿပိဳင္ပြဲမ်ားစသည့္ ေရျပင္ႏွင့္သက္ဆိုင္ေသာၿပိဳင္ပြဲမ်ား က်င္းပေပးႏိုင္သလို သဲေသာင္ျပင္ ေဘာလုံးၿပိဳင္ပြဲ၊ ေဘာလီေဘာၿပိဳင္ပြဲမ်ား စသည့္ သဲေသာင္ျပင္ႏွင့္ဆိုင္ ေသာအားကစားမ်ားလည္းက်င္းပႏိုင္ေသးသည္။

ႏိုင္ငံတကာခရီးသြား၏ (၅) ရာခိုင္ႏႈန္းပမာဏရွိသည့္ တရားထိုင္ျခင္းႏွင့္ တရားစခန္းဝင္ေရာက္ သည့္ခရီးစဥ္ မ်ားကို ပိုမိုတိုးခ်ဲ႕ရန္လိုအပ္သည္။ သၾကၤန္ဗီဇာ၊ သီတင္းကြၽတ္ဗီဇာ၊ တန္ေဆာင္တိုင္ဗီဇာစသည့္ အထူးဗီဇာမ်ိဳး ေဆာင္႐ြက္ကာ ထိုဗီဇာမ်ားကို ဆိုက္ေရာက္ဗီဇာအျဖစ္ ေပးႏိုင္သည့္အေနအထား မ်ိဳး ေဆာင္႐ြက္သင့္ပါသည္။ ထိုကဲ့သို႔ ဗီဇာမ်ားထုတ္ ေပးရာတြင္ မသမာသူမ်ားဝင္ေရာက္မႈမရွိႏိုင္ေစေရး သြားေရာက္မည့္ၿမိဳ႕မ်ားႏွင့္ အခ်ိန္ကာလကန႔္သတ္ ျခင္းတို႔ ေဆာင္႐ြက္ႏိုင္သည္။

ျမန္မာႏိုင္ငံတြင္ ဟိုတယ္ေပါင္း (၂၄၀ဝ) ေက်ာ္ႏွင့္ တည္းခိုရိပ္သာ‌ေပါင္း (၆၃၀) ခန႔္ရွိရာ ခရီးသြားမ်ားကို လက္ခံရန္ အခန္းေပါင္း (၉၇၀ဝဝ) ေက်ာ္ရွိေန ေၾကာင္းသိရသည္။ ဟိုတယ္ႏွင့္တည္းခိုရိပ္သာမ်ားအေနျဖင့္ ႏိုင္ငံ တကာတည္းခိုေရးဆိုင္ရာ website မ်ားျဖစ္ေသာ Booking.com, Expedia, Airbnb, Hotels.com စသည္တို႔တြင္ စာရင္းသြင္း ထားရွိျခင္း၊ ႏိုင္ငံတကာခရီးသြားေအဂ်င္စီမ်ားႏွင့္ ခ်ိတ္ဆက္ျခင္း မ်ားေဆာင္႐ြက္ထားရမည္။ အခန္းကို တည္းခိုသူစိတ္ႀကိဳက္ ျပင္ဆင္ခြင့္ျပဳျခင္း၊ (တစ္ခါတစ္ရံတြင္ အခ်ိဳ႕ေသာတည္းခိုသူမ်ားသည္ အခန္းအတြင္းတြင္ သစ္ ပင္မ်ားရွိသည္ကို ႏွစ္သက္သေဘာက်ျခင္း၊ အခန္းတြင္းပစၥည္းႏွင့္ပတ္သက္၍ အေရာင္ေ႐ြးခ်ယ္မႈရွိျခင္း မ်ားရွိတတ္ သည္။ တည္းခိုမႈအတြက္ အသိအမွတ္ျပဳ လက္ေဆာင္ေပးျခင္း၊ မသန္စြမ္းခရီးသြားမ်ားအတြက္ လြယ္ကူအဆင္ေျပေစ ေသာအခန္းမ်ားထားရွိျခင္း စသကဲ့သို႔ေသာ တီထြင္ဆန္းသစ္မႈတို႔ကို ေဆာင္႐ြက္သင့္သည္။

ယခုအခါ ျမန္မာႏိုင္ငံမွ ဟိုတယ္ႏွင့္ခရီးသြား လုပ္ငန္းရွင္တို႔သည္ ႏိုင္ငံတကာခရီးသြားျပပြဲမ်ားသို႔ သြား ေရာက္ကာ ျမန္မာႏိုင္ငံရွိခရီးစဥ္မ်ားႏွင့္စပ္လ်ဥ္း၍ ျပခန္းမ်ားဝင္ေရာက္ျပသလ်က္ရွိေၾကာင္းၾကား သိရသည္။ လက္ရွိ တြင္ ကုန္က်စရိတ္မ်ားေၾကာင့္ ေဒသတြင္းႏိုင္ငံမ်ားႏွင့္ ကုန္က်စရိတ္နည္းပါးေသာ ႏိုင္ငံအခ်ိဳ႕တို႔တြင္သာ ျပသႏိုင္‌ေသး‌ ေသာ္လည္း အစိုးရ၊ ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ စိန္ေခၚမႈမ်ားကိုေက်ာ္လႊားႏိုင္မည္ဟု ယုံၾကည္မိသည္။ ႏိုင္ငံတကာခရီးသြားမ်ားကို ဆြဲေဆာင္ဖိတ္ေခၚျခင္းေၾကာင့္ ရရွိလာမည့္အက်ိဳးေက်းဇူးသည္ ဟိုတယ္ႏွင့္ခရီးသြား လာေရးလုပ္ငန္း တစ္ခုတည္းကိုသာ အက်ိဳးျပဳျခင္းမဟုတ္ဘဲ ႏိုင္ငံတစ္ခုလုံးကို အက်ိဳးျပဳႏိုင္ျခင္းေၾကာင့္ အျခား‌ေသာ ဝန္ႀကီးဌာနမ်ားႏွင့္ လုပ္ငန္းရွင္မ်ား၊ ျပည္သူမ်ားမွလည္း ႏိုင္ငံတကာ ခရီးသြားမ်ားကို ဆြဲေဆာင္ဖိတ္ေခၚျခင္းတြင္ ပူးေပါင္းပါ ဝင္ရမည္ျဖစ္သည္။

၀န္ေဆာင္မႈေပးသည့္ကာလ
ျမန္မာႏိုင္ငံမွ ခရီးသြားလုပ္ငန္းဦးေဆာင္သူ အခ်ိဳ႕သည္ ေဈးကြက္ကိုမၾကည့္ဘဲ မိမိေရာင္းလို သည့္ပစၥည္းကို ေရာင္းခ်ေနသည့္ ကုန္သည္ႏွင့္တူေပသည္။ ျမန္မာႏိုင္ငံတြင္ ေစတီပုထိုးမ်ားရွိသည္၊ ကမ္းေျခေနရာမ်ားရွိသည္၊ ႏိုင္ငံတကာခရီးသြားမ်ား ဝင္ေရာက္လာရမည္ဟု တစ္ထစ္ခ်သတ္မွတ္ထားသည္။ ဗုဒၶဘာသာဝင္တစ္ဦးသည္ ခရစ္ယာန္ဘုရားေက်ာင္းမ်ားအၾကား လည္ပတ္ခ်င္စိတ္မည္မွ်ျဖစ္ ေပၚႏိုင္မည္နည္း။ မည္မွ်ၾကာၾကာ လည္ပတ္ခ်င္ မည္နည္း။ ထို႔အတူ ခရီးသြားမ်ား ကမ္းေျခကိုႏွစ္သက္ၾကျခင္းမွာ ေရကူးျခင္းကို ႏွစ္သက္လြန္း၍မဟုတ္ဘဲ ကမ္းေျခ တြင္ရႏိုင္ေသာ အျခားေသာဝန္ေဆာင္မႈမ်ားကို ရရွိလို၍ျဖစ္သည္။ ဤေနရာတြင္ မိမိတို႔ျမန္မာလူ မ်ိဳးမ်ားထိန္းသိမ္း အပ္ေသာ ဟိရိဩတပၸတရားမ်ားကို ဖယ္ရွားပစ္ရသည့္လုပ္ငန္းမ်ားကို လုပ္ေဆာင္ရန္ တိုက္တြန္းျခင္းမဟုတ္ပါ။ ေဒသတြင္းႏိုင္ငံမ်ား၏ ကမ္းေျခမ်ားတြင္ မည္ကဲ့သို႔ဝန္ေဆာင္မႈမ်ား ေပးေနသည္ကိုေလ့လာ၍ ၎တို႔ထက္ ပိုမိုသာ လြန္ေအာင္ ေဆာင္႐ြက္သင့္ပါသည္။

ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားမ်ား ပိုမိုဝင္ေရာက္ေစေရးေဆာင္႐ြက္ရာတြင္ အေျခခံအက်ဆုံး အခ်က္မွာ အေျခခံအေဆာက္အအုံျမႇင့္တင္ျခင္းပင္ျဖစ္သည္။ သို႔ရာတြင္ မိမိတို႔ႏိုင္ငံအေနျဖင့္ ဘ႑ာေရးဆိုင္ရာ ကန႔္သတ္ခ်က္ မ်ားရွိရာ သဘာဝပတ္ဝန္း က်င္ဆိုင္ရာခရီးသြားလုပ္ငန္း (Eco-Tourism)၊ စြန႔္စားခရီးသြားလုပ္ငန္း (Adventure Tourism) ႏွင့္ ရပ္႐ြာလူထုအေျချပဳခရီးသြားလုပ္ငန္း (Comm­unity-Based Tourism) တို႔ကို ဦးစြာအေကာင္ အထည္ ေဖာ္ရမည္ျဖစ္သည္။

သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ခရီးသြားလုပ္ငန္းႏွင့္ စြန႔္စားခရီးသြားလုပ္ငန္းတို႔သည္ ခရီးသြားမ်ား တည္းခိုရန္ အဆင့္ျမင့္ဟိုတယ္မ်ားမလိုအပ္ဘဲ ေတာတြင္း၌စခန္းခ်ျခင္း၊ တည္းခိုရိပ္သာအငယ္စားမ်ားျဖင့္ ေဆာင္႐ြက္ႏိုင္ေသာ အေျခအေနပင္ျဖစ္သည္။ ထို႔ျပင္ ခရီးသြားမ်ားကို ရပ္႐ြာေဒသမ်ားတြင္ တည္းခို၊ စားေသာက္အနားယူႏိုင္ရန္ စီစဥ္ထားေသာ ရပ္႐ြာလူထုအေျချပဳခရီးသြားလုပ္ငန္းကိုလည္း ဆက္လက္တိုးတက္ေအာင္ေဆာင္႐ြက္ရမည္။ ရပ္႐ြာ လူထုအ ေျချပဳခရီးသြားလုပ္ငန္းသည္ ဟိုတယ္၏ဝန္ေဆာင္မႈ အမ်ိဳးမ်ိဳးတို႔ႏွင့္ ကြဲျပားျခားနားကာ အေတြ႕အႀကဳံသစ္ မ်ားကိုရယူခံစားႏိုင္သည့္ ခရီးသြားလုပ္ငန္းျဖစ္သည္။ ျမန္မာႏိုင္ငံရွိ ဟိုတယ္လုပ္ငန္း၏ (၈၀) ရာခိုင္ႏႈန္းမွာ ႏိုင္ငံျခား သားမ်ားပိုင္ျဖစ္သျဖင့္ တည္းခိုစရိတ္မ်ား၊ ဝန္ေဆာင္မႈစရိတ္ အမ်ားစုတို႔သည္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားထံသို႔ စီးဆင္းသြားမည္ျဖစ္ရာ ႏိုင္ငံ့ဝင္ေငြအမ်ားအျပားဆုံးရႈံးသည့္အေျခအေနျဖစ္သည္။ ရပ္႐ြာလူထုအေျချပဳခရီးသြား လုပ္ငန္းမွရရွိေသာဝင္ ေငြသည္ရပ္႐ြာျပည္သူလူထုထံ တိုက္႐ိုက္စီးဆင္း သြားျခင္းေၾကာင့္ ေဒသအတြင္းအက်ိဳးေက်းဇူး မ်ားစြာ ျဖစ္ထြန္းေစသည္။ ထို႔ျပင္ ခရီးသြားမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအၾကား အျပန္အလွန္ ရင္းႏွီးစြာ ထိေတြ႕ ဆက္ဆံႏိုင္ၿပီး အေတြ႕အႀကဳံႏွင့္ယဥ္ေက်းမႈမ်ား ဖလွယ္ႏိုင္ကာ ေဒသခံမ်ားအေနျဖင့္ ဘာသာစကားႏွင့္ အျခားေသာ စြမ္းရည္မ်ား ျမင့္တက္လာႏိုင္ပါသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း၌ ရပ္႐ြာလူထုအေျချပဳခရီးသြားလုပ္ငန္း (CBT) အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည့္ ေက်း႐ြာေပါင္း (၄၆) ႐ြာရွိသည္။

ျမန္မာႏိုင္ငံတြင္ေခတ္စားေနေသာ ခရီးသြားလာျခင္းမွာ ေန႔ခ်င္းျပန္ခရီးစဥ္မ်ား၊ အလ်င္အျမန္ ရက္တို ခရီးစဥ္မ်ားျဖစ္သည္။ ထို႔ေၾကာင့္ ခရီးသြားတို႔မွာ ေဒသတစ္ခုကို (၃) ရက္ခန႔္လည္ပတ္ၿပီးသည္ႏွင့္ ထိုေဒသတြင္ ဆက္လက္လည္ပတ္ရန္မရွိေတာ့သည္ အထိျဖစ္သြားရသည္။ ဥပမာအားျဖင့္ ပုဂံ၏ ‘‘စြယ္ေတာ္ေလးဆူေန႔ခ်င္းဖူး” ခရီးစဥ္အစား ‘‘တစ္ရက္ တစ္ဆူဖူး” ခရီးစဥ္အျဖစ္ ေျပာင္းလဲလိုက္ပါက ပုဂံသို႔ေရာက္လာေသာ ခရီးသြားမ်ားအေနျဖင့္ ပုဂံတစ္ခု တည္း၌ပင္ (၄-၅) ရက္ ဆက္တိုက္ေနရမည့္အေနအထားျဖစ္သြားမည္။ ခရီးသြားမ်ား ဘုရားတစ္ဆူ ဖူးလွ်င္ အနည္းဆုံး မိနစ္ (၃၀-၄၅) မိနစ္ခန႔္ အခ်ိန္ ကုန္ရန္၊ အခ်ိန္ယူတတ္ေစရန္လိုမည္။ ပုဂံဘုရားမ်ား ၏ ဗိသုကာဟန္၊ တည္ေဆာက္ပုံ၊ ေဆးေရးပန္းခ်ီ စသည္တို႔၏ ထူးျခားပုံမ်ားကို ခရီးသြားမ်ား သတိထားမိေစရန္၊ သိရွိနားလည္ရန္ ရွင္းျပရန္လိုအပ္ မည္ျဖစ္သည္။ ထို႔ျပင္ ေဒသတြင္းရွိ ေရွးေဟာင္း ဘုန္းႀကီးေက်ာင္းမ်ား၊ အထင္ကရပုဂၢိဳလ္ မ်ားေနထိုင္ ခဲ့သည့္ေနအိမ္မ်ား၊ ေဒသ႐ိုးရာအေဆာက္အအုံမ်ား ကို လည္ပတ္စရာေနရာမ်ားအျဖစ္ ထည့္သြင္းျခင္း ျဖင့္ ခရီးသြားမ်ား ပိုမိုလည္ပတ္ႏိုင္ရန္ ဖန္တီးေပးႏိုင္သည္။ အခ်ိဳ႕ေသာႏိုင္ငံမ်ားတြင္ လုပ္ငန္းခြင္မ်ား၊ စက္႐ုံမ်ား၊ စားေသာက္ဆိုင္မ်ားကို ေလ့လာလည္ ပတ္စရာေနရာမ်ားအျဖစ္ဖန္တီးထားသည္ကို ေတြ႕ရသည္။ ဥပမာအားျဖင့္ အညာပုန္းရည္ႀကီး လုပ္ငန္း တစ္ခုတြင္ အခန္းေနရာတစ္ခုကို ျပတိုက္သေဘာ မ်ိဳးသတ္မွတ္ကာ မိမိကုန္တံဆိပ္၏သမိုင္းေၾကာင္း၊ အမ်ိဳးအစားမ်ား၊ ထုတ္ကုန္မ်ား အဆင့္ဆင့္တိုး တက္လာပုံ၊ ထင္ရွားသည့္ အျဖစ္အပ်က္မ်ားႏွင့္ လာေရာက္လည္ပတ္ၾကသည့္ ထင္ရွား ေသာ ပုဂၢိဳလ္မ်ား၏မွတ္တမ္းမ်ား စသည္တို႔ကို ခင္းက်င္းျပသႏိုင္သည္။ ႏိုင္ငံတကာခရီးသြားမ်ား ဆႏၵျပဳသကဲ့သို႔ အနာဂတ္တြင္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး စေသာၿမိဳ႕ႀကီး မ်ားတြင္ ညအခ်ိန္ေလ့လာေရးခရီးမ်ားႏွင့္ ၿမိဳ႕ျပမ်ား တြင္ လွည့္လည္သြားလာသည့္ Tour Bus ဖန္ တီးေဆာင္႐ြက္သင့္ပါသည္။

ကြၽန္ေတာ္တို႔ ခရီးသြားလာရာတြင္ အမွတ္မိဆုံး အရာႏွစ္ခုရွိပါသည္။ ယင္းမွာ ခရီးတစ္ေလွ်ာက္ႀကဳံေတြ႕ခဲ့ေသာ အရာမ်ားႏွင့္ စားေသာက္ခဲ့ေသာ အစားအစာမ်ားအေၾကာင္း ျဖစ္သည္။ ျမန္မာႏိုင္ငံရွိ အေဝးေျပးကားဂိတ္မ်ား၊ အထင္ကရေနရာမ်ားတြင္ လူတို႔၏ သနားၾကင္နာမႈကိုအခြင့္ေကာင္းယူကာ ေႏွာင့္ယွက္ ေတာင္းရမ္းစားေသာက္သူ မ်ားစြာ ျဖစ္ေနသည္။ ျပည္တြင္းခရီးသြားမ်ားအေနျဖင့္ နားလည္ခြင့္လႊတ္ေပး ႏိုင္ေသာ္လည္း ႏိုင္ငံတကာခရီးသြားမ်ား အေနျဖင့္ လက္သင့္ခံႏိုင္ဖြယ္မရွိေသာ စက္ဆုပ္ဖြယ္ရာျဖစ္သည္။ အျခားႏိုင္ငံမ်ားမွ ေတာင္းရမ္းစားေသာက္သူ မ်ားသည္ မိမိတို႔တတ္ေသာ အတတ္ပညာ၊ အႏုပညာျဖင့္ ေဖ်ာ္ေျဖျခင္း၊ ေအးေဆးၿငိမ္သက္စြာထိုင္၍ ေတာင္းရမ္းစား ေသာက္ျခင္းမ်ားကိုသာ ျပဳမူၾကသည္။ ျမန္မာႏိုင္ငံရွိ ေတာင္းရမ္းစားေသာက္သူတို႔လည္း ခရီးသြားမ်ားကိုပိတ္ဆို႔ ေႏွာင့္ ယွက္၍ လုယက္မတတ္ ေတာင္းရမ္းၾကပါသည္။ တာဝန္ရွိသူမ်ားကလည္း ထိေရာက္စြာ တားဆီးျခင္းမရွိေသးေပ။ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံတကာခရီးသြားမ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ ကမာၻလွည့္ခရီးသြား ရဲတပ္ဖြဲ႕ ဖြဲ႕စည္းထား ေၾကာင္းသိရသည္။ ထိုတပ္ဖြဲ႕ဝင္မ်ား၏ စြမ္းေဆာင္ ရည္ႏွင့္ကာကြယ္စြမ္းပကားတို႔ကို ႏိုင္ငံတကာခရီး သြားမ်ားျမင္သာ ေအာင္ ေဖာ္ျပထားသင့္ပါသည္။ တပ္ဖြဲ႕ဝင္မ်ား၏စြမ္းေဆာင္မႈ ႐ုပ္သံမွတ္တမ္းမ်ား၊ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူ မ်ားပူးေပါင္း၍ ႏိုင္ငံတကာခရီးသြားမ်ား၏ လုံၿခဳံေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ရာအစီအမံမ်ားအတြက္ ဇာတ္တိုက္ေလ့ က်င့္ေနမႈ႐ုပ္သံမ်ား စသည္တို႔ကို ျမင္သာေအာင္ ထားရွိသင့္သည္။ ထို႔ျပင္ ႏိုင္ငံတကာခရီးသြားမ်ား အေပၚ က်န္းမာေရးေစာင့္ေရွာက္မႈအေနျဖင့္ လည္ပတ္စရာအထင္ကရေနရာမ်ားတြင္ ေ႐ြ႕လ်ားေဆးေပး ခန္းမ်ားထား ရွိျခင္းျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ျခင္းသည္ ယုံၾကည္စိတ္ခ်ရသည့္လည္ပတ္ ျခင္းမ်ိဳးျဖစ္ေၾကာင္း ကမာၻကသိရွိႏိုင္မည္ျဖစ္သည္။

ခရီးသြားတို႔သည္ အစားအေသာက္စားရန္အတြက္ သီးသန႔္ခရီးထြက္လာျခင္းမ်ိဳးနည္းပါးေသာ္ လည္း ခရီးစဥ္ အတြင္းတြင္ အစားေသာက္မေကာင္းျခင္း၊ အစားအေသာက္ေၾကာင့္ စိတ္အေႏွာင့္ယွက္ျဖစ္ ရျခင္းမ်ိဳးကို မွတ္မိ ေနတတ္ၾကသည္။ ထိုကဲ့သို႔အ ေျခအေနမ်ိဳးတြင္ ထိုေနရာကို ေနာက္တစ္ခါ ျပန္မသြားခ်င္၊ ျပန္မစားခ်င္ ဆိုသည့္စိတ္မ်ိဳး ဝင္သြားတတ္ ပါသည္။ ခ်ိဳၿမိန္ေသာအမွတ္တရမ်ား ျဖစ္မည့္အစား ဆိုး႐ြားသည့္အမွတ္တရမ်ား ျဖစ္သြားတတ္ပါသည္။ ျမန္မာစားေသာက္ဆိုင္ႏွင့္ အစားအေသာက္တို႔သည္ အရသာအားျဖင့္ ေကာင္းမြန္ေသာ္လည္း သန႔္ရွင္း သပ္ရပ္မႈႏွင့္ တည္ခင္းထုပ္ပိုးမႈအပိုင္းတြင္ လိုအပ္ခ်က္မ်ားရွိေနသည္ကိုေတြ႕ရသည္။ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနအေန ျဖင့္လည္း သင္တန္းမ်ားဖြင့္လွစ္ေနသကဲ့သို႔ လက္ ေတြ႕ေျမျပင္ကြင္းဆင္း၍ တည္ခင္းထုပ္ပိုးနည္းသင္တန္းမ်ား၊ ပညာေပး ေဆာင္႐ြက္မႈမ်ား ေဆာင္႐ြက္သင့္သည္။ ႏိုင္ငံတကာ ခရီးသြားမ်ား ေရးသားခဲ့သည့္ အႀကံျပဳခ်က္မ်ားထဲတြင္ အမ်ားသုံးသန႔္စင္ခန္းမ်ား သန႔္ရွင္းသပ္ရပ္ေရးအ ခ်က္လည္းပါဝင္ရာ ယာဥ္ရပ္နားရာေနရာမ်ားႏွင့္ စား ေသာက္ဆိုင္မ်ားရွိ သန႔္စင္ခန္းမ်ားကို ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာနႏွင့္ က်န္းမာေရးဝန္ႀကီး ဌာနတို႔ ပူးေပါင္းစစ္ေဆး၍ လိုက္နာမႈမရွိသည့္ဆိုင္မ်ား၊ တိုင္ၾကားခံရမႈမ်ားျပားသည့္ဆိုင္မ်ားကို လိုင္စင္ ပိတ္သိမ္းျခင္းမ်ား၊ အေရးယူျခင္းမ်ား ေဆာင္႐ြက္သင့္သည္။

ျမန္မာႏိုင္ငံတြင္ ဘာသာေရး၊ ယဥ္ေက်းမႈႏွင့္ သမိုင္းဆိုင္ေသာေနရာ အမ်ားအျပားရွိေနသကဲ့သို႔ဆက္လက္ ထုတ္ေဖာ္ရန္ ေနရာအမ်ားအျပား က်န္ရွိ ေသးသည္။ ျမန္မာ-တ႐ုတ္ စစ္ပြဲကာလအတြင္း အထင္ကရေနရာမ်ား၊ ျမန္မာ-ယိုးဒယား စစ္ပြဲကာလအတြင္းအထင္ကရေနရာမ်ား၊ ျမန္မာႏွင့္ အျခားေသာ ႏိုင္ငံတစ္ခုခ်င္းစီအလိုက္ ဆက္ဆံမႈသမိုင္း ေၾကာင္းမ်ားကို ျပန္လည္ရွာေဖြကာ ယဥ္ေက်းမႈႏွင့္ သမိုင္းႏွင့္ ဆိုင္ေသာ ခရီးသြားျခင္းလုပ္ငန္းအတြက္ အသုံးခ်ႏိုင္ ရမည္။ သို႔ရာတြင္ ထိုကဲ့သို႔ရွာေဖြေဖာ္ထုတ္မႈသည္ ႏွစ္ႏိုင္ငံအၾကား အမုန္းပြားေစမည့္အေမြအႏွစ္ (Da­rk heritage) မ်ိဳးမျဖစ္ရပါ။ ျမန္မာႏိုင္ငံရွိ ျပတိုက္တို႔ ၏အျပင္အဆင္မ်ားမွာ ပုံေသကားက်ျဖစ္ေနတတ္ၿပီး ခင္းက်င္းမႈမ်ားကို ေျပာင္းလဲျခင္းမ်ားျပဳ လုပ္ေလ့မရွိပါ။ ထိုအခ်က္မွာ ခရီးသြားမ်ားအား ထပ္မံလာေရာက္ရန္ ဖိတ္ေခၚမႈမရွိသကဲ့သို႔ ျဖစ္ေနသည္။ ျပည္ပႏိုင္ငံမ်ားတြင္ ျပတိုက္အျပင္အဆင္၊ ခင္းက်င္းမႈမ်ားကို အနည္းဆုံး (၃) လလွ်င္ (၁) ႀကိမ္ခန႔္ ေျပာင္းလဲၾက သည္။ ထိုသို႔ ေျပာင္းလဲမႈမ်ားေၾကာင့္ ျပတိုက္သို႔ အႀကိမ္ႀကိမ္ ဝင္ေရာက္စူးစမ္းလိုစိတ္ ျဖစ္ေပၚလာေစ သည္။ ျမန္မာႏိုင္ငံတြင္လည္း ထိုကဲ့သို႔လုပ္ေဆာင္သင့္သည္။ ဥပမာအားျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ သည္ အာဇာနည္ေန႔ႏွင့္ ဗိုလ္ခ်ဳပ္ေမြးေန႔တို႔တြင္သာ ေဝေဝဆာဆာခင္းက်င္းျပသေသာ္လည္း က်န္အခ်ိန္မ်ားတြင္ သာမန္ အေျခအေနသာ ရွိေနတတ္သည္။ အကယ္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တို႔ဗမာအစည္းအ႐ုံး သို႔ဝင္ေရာက္သည့္ အခ်ိန္ကာလ၊ ဂ်ပန္ႏိုင္ငံသို႔သြား ေရာက္သည့္ကာလမ်ား၊ ေအာင္ဆန္း-အက္တလီစာ ခ်ဳပ္ခ်ဳပ္ဆိုရန္သြားခဲ့သည့္ ခရီးစဥ္ကာလစသည့္ ထင္ရွားေသာ ေန႔ရက္လမ်ားတြင္ ျပတိုက္ကို ေျပာင္းလဲခင္းက်င္းမႈမ်ားျပဳလုပ္ပါက ႏိုင္ငံတကာ ခရီးသြား မ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔လာေရာက္တိုင္း ျပတိုက္မ်ားသို႔ ထပ္မံဝင္ေရာက္လာမည္ျဖစ္သည္။

ျမန္မာႏိုင္ငံသည္ ျမစ္ေခ်ာင္းမ်ားေပါႂကြယ္ဝေသာႏိုင္ငံျဖစ္သည့္အေလ်ာက္ ျမစ္တြင္းသေဘၤာခရီး သြားလုပ္ငန္း မ်ားကို တိုးခ်ဲ႕လုပ္ကိုင္သင့္သည္။ ဧရာဝတီလင္းပိုင္ကိုအသုံးျပဳ၍ ငါးဖမ္းျပေသာျပကြက္ကို ႏိုင္ငံတကာခရီးသြားမ်ား အထူးႀကိဳက္ႏွစ္သက္ၾက ေၾကာင္းသိရသည္။ သို႔ေသာ္ ဧရာဝတီလင္းပိုင္မ်ားသည္ မ်ိဳးတုံးအႏၲရာယ္ျဖင့္ အထူးရင္ဆိုင္ ေနရၿပီး ဧရာဝတီျမစ္အတြင္း (၇၉)ေကာင္ခန႔္သာ က်န္ရွိသျဖင့္ ခရီးသြားမ်ားကိုျပသရန္ ကန႔္သတ္ခ်က္မ်ားရွိသည္။ ထိုအခါမ်ိဳးတြင္ ဧရာဝတီလင္းပိုင္ျပကြက္မ်ားအစား ေရဘဲမ်ား၊ ငွက္မ်ားအသုံးျပဳ၍ ငါးဖမ္းသည့္ျပ ကြက္မ်ား ဖန္တီးျပဳလုပ္၍ ႏိုင္ငံတကာခရီးသြားမ်ားကို ဆြဲေဆာင္သင့္သည္။ အင္းေလးကန္ သို႔မဟုတ္ ခရီး သြားမ်ား လည္ပတ္ရန္ အဆင္ေျပေသာ အျခားေသာ အင္းအိုင္မ်ားတြင္ အေပ်ာ္တမ္း ကြန္ပစ္ျခင္း၊ ပိုက္ခ်ျခင္းႏွင့္ အင္းေလးေဒသ႐ိုးရာပုံစံ ငါးဖမ္းသည့္အစီ အစဥ္ ထည့္သြင္းေပးျခင္းမ်ိဳး ေဆာင္႐ြက္သင့္သည္။

ျမန္မာႏိုင္ငံသည္ အျခားေသာႏိုင္ငံမ်ားကဲ့သို႔ ပညာေရးဆိုင္ရာခရီးသြားလာျခင္းတြင္ အားနည္း လ်က္ရွိေသး ေသာ္လည္း ေဗဒင္ပညာရပ္၊ အႏွိပ္၊ အေၾကာျပင္ ဘာသာရပ္မ်ားကို အပန္းေျဖခရီးသြား ျခင္းအတြက္ အသုံးခ်႐ုံသက္ သက္မဟုတ္ဘဲ အိႏၵိယ ေယာဂပညာရပ္ကဲ့သို႔ ပညာေရးဆိုင္ရာ ခရီးသြားလာ ျခင္းတြင္ထည့္သြင္းေဆာင္႐ြက္သင့္သည္။ ထို႔ျပင္ ႏိုင္ငံျခားသားမ်ား အထူးစိတ္ဝင္စားၾကသည့္ ျမန္မာ့သိုင္း၊ လက္ေဝွ႔ႏွင့္ ျမန္မာ့႐ုပ္ေသးပညာရပ္သည္ လည္း ပညာေရးဆိုင္ရာခရီးသြားလာျခင္းတြင္ ထည့္သြင္းႏိုင္သည္။ ႏိုင္ငံတကာအစည္းအေဝးမ်ား၊ စာတမ္းဖတ္ပြဲမ်ား၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ားကို ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး စသည့္ ၿမိဳ႕ႀကီးမ်ား တြင္သာ က်င္းပျခင္းမ်ိဳးမဟုတ္ဘဲ အျခားေသာၿမိဳ႕မ်ား တြင္က်င္းပျခင္းျဖင့္လည္း ထိုၿမိဳ႕မ်ားရွိ ခရီးသြား လုပ္ငန္းမ်ားကို မိတ္ဆက္ေပးႏိုင္သည္။

ခရီးသြားလုပ္ငန္းကို နည္းပညာအသုံးျပဳျမႇင့္ တင္ရာတြင္ app မ်ား၊ ႏိုင္ငံတကာေငြေၾကးလႊဲ ေျပာင္းမႈစနစ္မ်ား၊ online booking system မ်ား ပိုမိုတိုးခ်ဲ႕အသုံးျပဳသင့္သည္။ Myanmar smart tourism App တီထြင္ကာ ထို app အတြင္း ခရီးသြားမ်ားအတြက္ အသုံးဝင္ေသာအခ်က္အလက္မ်ား (Offline ေျမပုံမ်ား၊ Digital directory မ်ား၊ သယ္ ယူပို႔ေဆာင္ေရးဆိုင္ရာအခ်က္အလက္မ်ား၊ ဟိုတယ္ႏွင့္ စားေသာက္ဆိုင္ booking စနစ္မ်ား၊ digital pay စနစ္၊ က်န္းမာေရး၊ လုံၿခဳံေရးႏွင့္ အေရးေပၚဆက္သြယ္ရန္ဖုန္းနံပါတ္မ်ား၊ ေဒသတစ္ခုခ်င္းစီအလိုက္ ယဥ္ေက်းမႈက်င့္ဝတ္ အႀကံျပဳခ်က္မ်ား၊ ေဒသဆိုင္ရာ အေျခခံစကားအခ်ိဳ႕၊ ပြဲေတာ္က်င္းပမည့္ကာလ ျပကၡဒိန္(Festival calendar)၊ အဆင့္သတ္မွတ္ခ်က္ႏွင့္ တိုင္ၾကားႏိုင္သည့္စနစ္၊ Loyalty Programs and Rewards အစီအစဥ္မ်ား) ထည့္သြင္းသင့္ သည္။ လက္ရွိတြင္ ဟိုတယ္၊ တည္းခိုခန္းမ်ား၏ ေန႔စဥ္ အိပ္ခန္းငွားရမ္းရမႈ၊ ဧည့္သည္တည္းခိုမႈစာရင္းမ်ား ေကာက္ယူျခင္းအတြက္ Hotel Guest List Man­agement System(HGLMS) အသုံးျပဳလ်က္ရွိ သည္ကိုေတြ႕ရသည္။

ျပန္လည္ဖိတ္ေခၚျခင္း
(၂၀၂၃) ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ပထမဆုံး အႀကိမ္အျဖစ္ဝင္ေရာက္ခဲ့သည့္ ခရီးသြားဧည့္သည္မွာ (၅၅) ရာခိုင္ႏႈန္းရွိၿပီး (၄၅)ရာခိုင္ႏႈန္းမွာ အႀကိမ္ႀကိမ္ အခါခါလာေရာက္သည့္ ခရီးသြားမ်ားျဖစ္ၾကသည္။ ထိုအထဲတြင္ (၈) ႀကိမ္ မွ (၁၀) ႀကိမ္အထိ လာေရာက္သူမ်ားတြင္ ထိုင္းလူမ်ိဳးမ်ားက အမ်ားဆုံးျဖစ္ၿပီး (၂) ႀကိမ္မွ (၃) ႀကိမ္အထိ လာေရာက္သူမ်ားတြင္ တ႐ုတ္လူမ်ိဳးမ်ားသည္ (၃၇) ရာခိုင္ႏႈန္းရွိ၍ အျခားႏိုင္ငံမ်ားမွဝင္ေရာက္မႈသည္ (၂၅) ရာခိုင္ႏႈန္း ျဖစ္သည္။ ဆိုလိုသည္မွာ ထိုင္းလူမ်ိဳးမ်ားမွလြဲ၍ က်န္လူမ်ိဳးမ်ားသည္ ျမန္မာႏိုင္ငံသို႔ အႀကိမ္ႀကိမ္လာေရာက္မႈ ရာခိုင္ႏႈန္းနည္းပါးသည္ကို ေဖာ္ျပျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံသို႔လာေရာက္လည္ပတ္ၿပီးသည့္ ခရီးသြားမ်ား ထပ္မံလာ ေရာက္ေစရန္ ၎တို႔လာေရာက္ျခင္းသည္ သဘာဝပတ္ဝန္းက်င္အတြက္ မည္မွ်အက်ိဳးရွိခဲ့ေၾကာင္း၊ လည္ပတ္မႈသည္ ေဒသခံတို႔၏ လူမႈစီးပြား ဘဝ၊ ပညာေရး၊ က်န္းမာေရးတို႔ကို မည္မွ်အေထာက္ အပံ့ျဖစ္ေၾကာင္း ေပၚလြင္ထင္ရွား ေအာင္ေဆာင္႐ြက္ ေပးသင့္သည္။ ယခုအခါ ျမန္မာႏိုင္ငံရွိ CBT ေက်း႐ြာမ်ားတြင္ (၁) tourist (၁) tree အစီအစဥ္ေဆာင္ ႐ြက္ေနသည္။ ထို႔ျပင္ ဥပမာအားျဖင့္ အခ်ိဳ႕ေနရာမ်ားတြင္ (၁၄-၁၀-၂၀၂၄) ရက္မွ (၂၀-၁၀-၂၀၂၄)ကာလအတြင္း တည္းခိုခဲ့သည့္ ႏိုင္ငံတကာခရီးသြားမ်ား၏ အကူအညီျဖင့္ တည္ေဆာက္သည္စသျဖင့္ အသိအမွတ္ျပဳမႈမ်ား ေဆာင္႐ြက္ မည္ဆိုပါက ခရီးသြားမ်ားအတြက္ ဂုဏ္ယူဖြယ္အမွတ္တရမ်ား ျဖစ္ေပၚႏိုင္သည္။ နည္းပညာျမင့္မားေသာႏိုင္ငံမ်ားတြင္ ကာဗြန္မည္မွ်ေလွ်ာ့ခ်ႏိုင္ခဲ့သည္ဟူေသာ အသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးေနသည္ကိုေတြ႕ရသည္။ ထို႔ျပင္ ထပ္မံလာေရာက္ေစေရး မက္လုံးမ်ားႏွင့္ Loyalty Programs မ်ားထားရွိရမည္။ ျမန္မာႏိုင္ငံ သို႔လာေရာက္လည္ ပတ္ၿပီးသည့္ ႏိုင္ငံျခားသားမ်ား ျပန္လည္ထြက္ခြာခ်ိန္တြင္ ျမန္မာႏိုင္ငံအတြင္း ၎တို႔ သုံးစြဲထားေသာ အခြန္တံဆိပ္ပါ ေသာ ခ်လံျဖတ္ပိုင္း မ်ားကိုျပသေစကာ သုံးစြဲမႈ၏ ရာခိုင္ႏႈန္း တစ္ခုကို Myanmar smart tourism App &Sd digital pay တြင္ျဖစ္ေစ၊ အျခားေသာ ျမန္မာျပည္တြင္းသုံး bank’s mobile pay မ်ားတြင္ျဖစ္ေစ ျပန္လည္ျဖည့္ တင္းေပးျခင္း၊ ေငြသားလက္ခံလိုျခင္းမရွိသည့္ ခရီး သြားမ်ားအတြက္ တန္ဖိုးႏွင့္ညီေသာ လက္ေဆာင္ခ်ီး ျမႇင့္ျခင္းျဖင့္ ေနာက္တစ္ႀကိမ္ ထပ္မံလည္ပတ္ခ်င္လာ ေအာင္ဆြဲေဆာင္ရမည္။ ထို႔ျပင္ ထပ္မံဝင္ေရာက္မႈအတြက္ ဗီဇာေၾကးေလွ်ာ့ေပါ့ျခင္း၊ တည္းခိုစရိတ္ ေလွ်ာ့ေဈးေပးျခင္းႏွင့္ အျခားေသာ ဆန္းသစ္သည့္ မက္လုံးမ်ားဖန္တီး၍ ခရီးသြားမ်ား ထပ္မံလာေရာက္ ေစရန္ ေဆာင္႐ြက္သင့္ပါသည္။

ဤေဆာင္းပါးသည္ ႏိုင္ငံတကာခရီးသြားျမႇင့္ တင္ေရးအတြက္ သိသာထင္ရွားေသာအခ်က္အ လက္မ်ားျဖစ္ သည့္ အေျခခံအေဆာက္အအုံမ်ားျမႇင့္ တင္ျခင္း၊ ဥပေဒ၊ လုပ္ထုံးလုပ္နည္းေျပာင္းလဲျခင္း၊ လူသားအရင္းအျမစ္ျမႇင့္ တင္ျခင္း၊ ႏိုင္ငံတကာႏွင့္ပူး ေပါင္းေဆာင္႐ြက္ျခင္းကဲ့သို႔ေသာ အေၾကာင္းအရာ မ်ား ေဆြးေႏြးျခင္းမျပဳဘဲ တီထြင္ဆန္း သစ္ႏိုင္မည့္ နည္းလမ္းအခ်ိဳ႕ကိုသာ ေဆြးေႏြးတင္ျပထားျခင္းျဖစ္ ရာ ႀကီးမားစြာျပဳျပင္ေျပာင္းလဲရမည့္အခ်က္မ်ား က်န္ ရစ္ေနႏိုင္သည္။ အခ်ဳပ္အားျဖင့္ဆိုေသာ္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာခရီးသြားမ်ား တိုးျမင့္ဝင္ေရာက္ျခင္း သည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူအေပၚမ်ားစြာ အက်ိဳးရွိ သည့္လုပ္ငန္းျဖစ္သျဖင့္ ခရီးသြားမ်ား ပိုမိုတိုးျမင့္ဝင္ ေရာက္ေရးသည္ ႏိုင္ငံေတာ္အစိုးရႏွင့္ တာဝန္ရွိသူမ်ားအျပင္ ျပည္သူမ်ားကလည္း ပူးေပါင္းေဆာင္႐ြက္ ေပးမွသာ ပိုမိုေအာင္ျမင္မည့္ လုပ္ငန္းတစ္ခုျဖစ္သည္။ မိမိတို႔ႏိုင္ငံသည္ ေရေျမ၊ ေတာေတာင္၊ သဘာဝအလွ အပမ်ားေပါျြကယ္ဝၿပီး ထင္ရွားေသာအခြင့္အလမ္းမ်ား ရွိေနပါေသာ္လည္း ႏိုင္ငံတကာခရီးသြားဝင္ ေရာက္မႈတြင္ မိမိတို႔ထက္ေသးငယ္သည့္ႏို င္ငံမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ေနာက္က်က်န္ရစ္ေနပါေသးသည္။ ထို႔ေၾကာင့္ ျပည္သူအားလုံးတို႔၏ စုေပါင္းႀကိဳးပမ္းမႈျဖင့္ “ျမန္မာႏိုင္ငံက မဂၤလာပါ”ဟု ႏႈတ္ခြန္းဆက္ၿပီး ျမန္ မာ၏အလွတရားမ်ားကိုျပသႏိုင္ေစေရး အႀကံျပဳတင္ ျပလိုက္ရသည္။

Related news

© 2021. All rights reserved.