ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ

 304

စော (NP News) - အောက်တိုဘာ ၂၄

နှစ်စဉ်ဖြစ်ပွားလေ့ရှိသော တောမီးသည် ပုပ္ပား မျောက်မြီးရှည်များ ရှင်သန်နေထိုင်ရေးအတွက် အဓိက ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေကြောင်း ပုပ္ပား မျောက်မြီးရှည်အရေးနှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ပေးနေသူတစ်ဦးဖြစ်သော ကိုတင်ကိုမင်းက NP News ကိုပြောသည်။

ပုပ္ပားမျောက်မြီးရှည်ကို (၂၀၂၀)ခုနှစ်က တွေ့ရှိ ခဲ့ခြင်းဖြစ်ကာ ပုပ္ပားတောင်၊ ရှမ်းပြည်နယ်၊ ပဲခူး ရိုးမ စသဖြင့် မြန်မာနိုင်ငံအတွင်းက နေရာ(၄)နေရာတွင် တွေ့ရသော်လည်း ပုပ္ပားတွင် အကောင်ရေ အများဆုံး နေထိုင်နေပြီး နောက်ဆုံးရရှိထားသော အချက်အလက်များအရ ပုပ္ပားမီးငြိမ်းတောင်တွင် အကောင်ရေ ရာကျော်ရှိနေကြောင်း သိရသည်။ ၎င်းကို အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ (IUCN) တွင် မျိုးတုံးလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“ နှစ်စဉ်နှစ်တိုင်းမှာ ခြိမ်းခြောက်မှုက ဘာလဲဆိုတော့ တောမီးလောင်တဲ့ ကိစ္စရှိတယ်။ တော မီးလောင်ရင် သူတို့စားတဲ့ အပင်တွေအချို့က ပါသွားတာတွေရှိတယ်။ ဒါကြီးက ရေရှည်ဆိုရင် သူတို့ အတွက် ဒုက္ခတစ်ခုဖြစ်လာနိုင်တယ်ပေါ့။ တောမီးပြဿနာနဲ့ အခုဧည်သည်တွေဝင်လာတဲ့ ပြဿနာက အဲဒီနှစ်ခုကတော့ လောလောဆယ်ခြိမ်းခြောက်နေတာလို့ ပြောလို့ရတယ်”ဟု ၎င်းက ပြောသည်။

ယခုအခါ ပုပ္ပားမျောက်မြီးရှည်များအတွက် သီးပင်အလုံအလောက်ရှိနေသော်လည်း ရေရှည်လုံ လောက်မှုမရှိသောကြောင့် ၎င်းတို့စားသုံးသော သီးပင်များကို စိုက်ပျိုးပေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် ပုပ္ပားတောင်မကြီးကို မီးတောင် ချောက်လမ်းမှတစ်ဆင့် ဝင်ရောက်လာပါက ဆူညံမှု ရှိနိုင်ခြင်း၊ တောင်တက်သမားအများစုသည် အရောင်ပါသော အဝတ်အစားများဝတ်ဆင်လာ‌ခြင်းကြောင့် ၎င်းတို့အတွက် စိုးရိမ်ထိတ်လန့်မှုတစ်ခု ဖြစ်နိုင်ကြောင်းသိရသည်။

“ ပုံမှန်လမ်းဆိုရင် ဆိုင်ကယ်တက်တဲ့လမ်းဆိုရင် တောင်တက်တဲ့လမ်းပဲ။ မျောက်မြီးရှည်နဲ့ တွေ့ ဖို့ရာ နည်းနည်းရှားတယ်။ သူတို့နေတဲ့နေရာက ဒီဇင်ဘာ လောက်မှပဲ နည်းနည်းရွှေ့လာတာလောက်ရှိ တာ။ အမြဲနေတဲ့နေရာမဟုတ်ဘူးပေါ့။ မီးတောင်ချောက် လမ်းကျတော့ အမြဲနေတဲ့ သူတို့အိမ်ဖြစ်နေတာ ပေါ့။ အိမ်ဖြစ်နေတဲ့အတွက်ကျတော့ မီးတောင်ချောက်လမ်းက လုံးဝမသွားသင့်ဘူး”ဟု ကိုတင်ကိုမင်းက ပြောသည်။

အဆိုပါဒေသခံများက လာမည့် နိုဝင်ဘာ (၁၁) ရက်တွင် ပုပ္ပါးမျောက်မြီးရှည်ထိန်းသိမ်းရေး အတွက် တောရွာများတွင် လက်ကမ်းစာစောင်ဝေခြင်း၊ မျောက်ပုံများကို ဓာတ်ပုံများ၊ ဗီဒီယိုများ Base Camp တွင် ပြသထားခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သစ်တောဌာနက လည်း မျောက်ထိန်းသိမ်းရေးကို ယခင်ကထက် ပိုမိုဦးစားပေးဆောင်ရွက်လာပြီး ကင်မရာထောင်ချောက် များတပ်ဆင်ကာ အကောင်အရေအတွက် စောင့်ကြည့်ခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ပုပၸားေမ်ာက္ၿမီးရွည္မ်ားအတြက္ ေတာမီးေလာင္မႈက အဓိကၿခိမ္းေျခာက္မႈ တစ္ခုျဖစ္လာေန
ေစာ (NP News) - ေအာက္တိုဘာ ၂၄

ႏွစ္စဥ္ျဖစ္ပြားေလ့ရွိေသာ ေတာမီးသည္ ပုပၸား ေမ်ာက္ၿမီးရွည္မ်ား ရွင္သန္ေနထိုင္ေရးအတြက္ အဓိက ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာေနေၾကာင္း ပုပၸား ေမ်ာက္ၿမီးရွည္အေရးႏွင့္ပတ္သက္၍ ထိန္းသိမ္းေစာင့္ေရွာက္ေပးေနသူတစ္ဦးျဖစ္ေသာ ကိုတင္ကိုမင္းက NP News ကိုေျပာသည္။

ပုပၸားေမ်ာက္ၿမီးရွည္ကို (၂၀၂၀)ခုႏွစ္က ေတြ႕ရွိ ခဲ့ျခင္းျဖစ္ကာ ပုပၸားေတာင္၊ ရွမ္းျပည္နယ္၊ ပဲခူး ႐ိုးမ စသျဖင့္ ျမန္မာႏိုင္ငံအတြင္းက ေနရာ(၄)ေနရာတြင္ ေတြ႕ရေသာ္လည္း ပုပၸားတြင္ အေကာင္ေရ အမ်ားဆုံး ေနထိုင္ေနၿပီး ေနာက္ဆုံးရရွိထားေသာ အခ်က္အလက္မ်ားအရ ပုပၸားမီးၿငိမ္းေတာင္တြင္ အေကာင္ေရ ရာေက်ာ္ရွိေနေၾကာင္း သိရသည္။ ၎ကို အျပည္ျပည္ဆိုင္ရာ သဘာဝအရင္းအျမစ္မ်ား ထိန္းသိမ္းေရးအဖြဲ႕ (IUCN) တြင္ မ်ိဳးတုံးလုနီးပါးအႏၲရာယ္ရွိေသာ မ်ိဳးစိတ္အျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။

“ ႏွစ္စဥ္ႏွစ္တိုင္းမွာ ၿခိမ္းေျခာက္မႈက ဘာလဲဆိုေတာ့ ေတာမီးေလာင္တဲ့ ကိစၥရွိတယ္။ ေတာ မီးေလာင္ရင္ သူတို႔စားတဲ့ အပင္ေတြအခ်ိဳ႕က ပါသြားတာေတြရွိတယ္။ ဒါႀကီးက ေရရွည္ဆိုရင္ သူတို႔ အတြက္ ဒုကၡတစ္ခုျဖစ္လာႏိုင္တယ္ေပါ့။ ေတာမီးျပႆနာနဲ႔ အခုဧည္သည္ေတြဝင္လာတဲ့ ျပႆနာက အဲဒီႏွစ္ခုကေတာ့ ေလာေလာဆယ္ၿခိမ္းေျခာက္ေနတာလို႔ ေျပာလို႔ရတယ္”ဟု ၎က ေျပာသည္။

ယခုအခါ ပုပၸားေမ်ာက္ၿမီးရွည္မ်ားအတြက္ သီးပင္အလုံအေလာက္ရွိေနေသာ္လည္း ေရရွည္လုံ ေလာက္မႈမရွိေသာေၾကာင့္ ၎တို႔စားသုံးေသာ သီးပင္မ်ားကို စိုက္ပ်ိဳးေပးရန္လိုအပ္ေၾကာင္း ၎က ေျပာသည္။ ထို႔ျပင္ ပုပၸားေတာင္မႀကီးကို မီးေတာင္ ေခ်ာက္လမ္းမွတစ္ဆင့္ ဝင္ေရာက္လာပါက ဆူညံမႈ ရွိႏိုင္ျခင္း၊ ေတာင္တက္သမားအမ်ားစုသည္ အေရာင္ပါေသာ အဝတ္အစားမ်ားဝတ္ဆင္လာ‌ျခင္းေၾကာင့္ ၎တို႔အတြက္ စိုးရိမ္ထိတ္လန႔္မႈတစ္ခု ျဖစ္ႏိုင္ေၾကာင္းသိရသည္။

“ ပုံမွန္လမ္းဆိုရင္ ဆိုင္ကယ္တက္တဲ့လမ္းဆိုရင္ ေတာင္တက္တဲ့လမ္းပဲ။ ေမ်ာက္ၿမီးရွည္နဲ႔ ေတြ႕ ဖို႔ရာ နည္းနည္းရွားတယ္။ သူတို႔ေနတဲ့ေနရာက ဒီဇင္ဘာ ေလာက္မွပဲ နည္းနည္းေ႐ႊ႕လာတာေလာက္ရွိ တာ။ အၿမဲေနတဲ့ေနရာမဟုတ္ဘူးေပါ့။ မီးေတာင္ေခ်ာက္ လမ္းက်ေတာ့ အၿမဲေနတဲ့ သူတို႔အိမ္ျဖစ္ေနတာ ေပါ့။ အိမ္ျဖစ္ေနတဲ့အတြက္က်ေတာ့ မီးေတာင္ေခ်ာက္လမ္းက လုံးဝမသြားသင့္ဘူး”ဟု ကိုတင္ကိုမင္းက ေျပာသည္။

အဆိုပါေဒသခံမ်ားက လာမည့္ ႏိုဝင္ဘာ (၁၁) ရက္တြင္ ပုပၸါးေမ်ာက္ၿမီးရွည္ထိန္းသိမ္းေရး အတြက္ ေတာ႐ြာမ်ားတြင္ လက္ကမ္းစာေစာင္ေဝျခင္း၊ ေမ်ာက္ပုံမ်ားကို ဓာတ္ပုံမ်ား၊ ဗီဒီယိုမ်ား Base Camp တြင္ ျပသထားျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ သစ္ေတာဌာနက လည္း ေမ်ာက္ထိန္းသိမ္းေရးကို ယခင္ကထက္ ပိုမိုဦးစားေပးေဆာင္႐ြက္လာၿပီး ကင္မရာေထာင္ေခ်ာက္ မ်ားတပ္ဆင္ကာ အေကာင္အေရအတြက္ ေစာင့္ၾကည့္ျခင္းမ်ားလည္း ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.