မန္တလေးတွင် အကြော်ဆရာက ဓားဖြင့်ခုတ်သောကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ဇနီးနှင့် စားပွဲထိုးသေဆုံးပြီး (၂)ဦးပြင်းထန်ဒဏ်ရာရ

 1871

ချယ်ရီ (NP News) - အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် အကြော်ဆရာက ဓားဖြင့်ခုတ်သောကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ဇနီး နှင့် စားပွဲထိုးသေဆုံးပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၂၄ ရက်)၊ သန်ခေါင်ယံအချိန်က အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားအကွက်(၉)၊ (၁၈)လမ်း ၆၃ နှင့် ၆၄ ကြားရှိ ငွေကောင်းလက်ဖက် ရည်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူကတော့ အဲဒီမှာ အလုပ်အတူတူလုပ်ကြတာပဲ။ အဲဒီမှာ သတ်သွားတဲ့ကလေးက မုန့်လုပ်တဲ့ ဆရာ။ သူက အသက်(၁၉)နှစ်။ ပြီးတော့ ဒါက အိပ်နေကြတဲ့အချိန်မှာ ဖြစ်သွားတာ။ သူတို့က အကုန်လုံး အတူတူ အိပ်ကြတာလေ။ ဓားက ရှေ့ရက်ပိုင်းက ဝယ်လာတာ။ ဝက်သားခုတ်တဲ့ဓားလို စတီးဓားပေါ့နော်။ ဓားက လုပ်ငန်းသုံးဖို့ကို ဗန်းပြပြီး ဝယ်တဲ့သဘောပဲ။ ဓားအသစ်နဲ့ အိပ်နေတဲ့ အချိန်ကို ခုတ်တာဗျ”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ထိုဖြစ်စဉ်တွင် ဓားဖြင့်အခုတ်ခံရသူ(၄)ဦးမှာ ဆိုင်ပိုင်ရှင်ဇနီးမောင်နှံ နှင့် ဝန်ထမ်းနှစ်ဦးဖြစ်ပြီး အသက်(၃၈)နှစ်အရွယ် ဆိုင်ပိုင်ရှင်၏ဇနီးနှင့် အဆိုပါဆိုင်၌ စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်နေသော အသက် (၁၈)နှစ်အရွယ် အမျိုးသားငယ်တို့မှာ လည်ပင်းဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အသက်(၃၅)နှစ်အရွယ် ဆိုင်ပိုင်ရှင်အမျိုးသားနှင့် အသက်(၁၅) နှစ်အရွယ် အမျိုးသားတို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“ကလေးတစ်ယောက်ပါတယ်။ လူကြီးက (၃)ယောက်။ သေဆုံးသွားတဲ့အမျိုးသမီးက လည်ချောင်းရိုးအထိခုတ်ခံရတာပေါ့။ ပြီးတော့ဘယ်ဘက်လက်ဖျံမှာ ဓားရှဒဏ်ရာရှိတယ်။ ခုတ်တာတော့ အကုန်လုံး လည်ပင်းတွေချည်းခုတ်တာ။ သူ့ယောက်ျားက ကံကောင်းလို့ လွတ်သွားတာ။ လည်ပင်းကို မထိဘဲနဲ့ ညှပ်ရိုးကို ထိသွားတာ။ သေသွားတဲ့ကောင်လေးကိုလည်း လည်ပင်းကိုပဲ ခုတ်တာ။ ကလေးကိုလည်း လည်ပင်းကိုခုတ်တာကို လည်ပင်းကိုမကျဘဲ ဇက်အပေါ်ပိုင်းကို ခုတ်မိတာ။ ဘာကြောင့်သတ်လဲဆိုတဲ့အကြောင်းရင်းကိုတော့ ဂဃနဏ မသိရသေးဘူးပေါ့။ ကြည့်ရတာ အကြီးအကျယ်လည်း စကားများထားတာ ဘာမှမရှိလောက်ပါဘူး။ ကျွန်တော်ထင်တာတော့ ရိုးရိုးသာမန်တော့ မဟုတ်လောက်ဘူး။ မူးယစ်ဘာညာတော့ ပါလာနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ထို့နောက် လူနာများနှင့် သေဆုံးရုပ်အလောင်းများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးယာဥ်များဖြင့် အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူမှာ သတ်ဖြတ်ခဲ့ပြီးနောက် ၆၃A၊ ၁၆လမ်းထောင့်တွင် စောင့်ခိုင်းထားသော မီနီအိုးဝေမောင်းသမားထံသို့ ၎င်း၏အထုပ်တစ်ထုပ်ကိုယူကာ အိမ်နောက်ဖေးအပေါက်မှထွက်၍ အိုးဝေဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ရဲစခန်းမှ သိရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

တာဝန်ရှိသူများက ပြစ်မှုကျူလွန်သူကို ဖမ်းမိရေးဆောင်ရွက်ခဲ့ရာ ယနေ့(အောက်တို ဘာလ ၂၅ ရက်)၊ မွန်းတည့် ၁၂နာရီ အချိန်ခန့်တွင် မန္တလေးဘူတာကြီးအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “သူ့ကို မန္တလေးဘူတာကြီးအနီးမှာ ဖမ်းမိတာပေါ့နော်။ မြို့မှာက ကားတွေကို တင်းတင်ကြပ်ကြပ်စစ်နေတော့ ရထားနဲ့သွားမယ်ဆိုပြီး လုပ်ထားတာ ထင်တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

zawgyi version
မႏၲေလးတြင္ အေၾကာ္ဆရာက ဓားျဖင့္ခုတ္ေသာေၾကာင့္ လက္ဖက္ရည္ဆိုင္ပိုင္ရွင္၏ဇနီးႏွင့္ စားပြဲထိုးေသဆုံးၿပီး (၂)ဦးျပင္းထန္ဒဏ္ရာရ
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၂၅

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ အေၾကာ္ဆရာက ဓားျဖင့္ခုတ္ေသာေၾကာင့္ လက္ဖက္ရည္ဆိုင္ပိုင္ရွင္၏ဇနီး ႏွင့္ စားပြဲထိုးေသဆုံးၿပီး (၂)ဦး ျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာလ ၂၄ ရက္)၊ သန္ေခါင္ယံအခ်ိန္က ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေဒါနဘြားအကြက္(၉)၊ (၁၈)လမ္း ၆၃ ႏွင့္ ၆၄ ၾကားရွိ ေငြေကာင္းလက္ဖက္ ရည္ဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူကေတာ့ အဲဒီမွာ အလုပ္အတူတူလုပ္ၾကတာပဲ။ အဲဒီမွာ သတ္သြားတဲ့ကေလးက မုန႔္လုပ္တဲ့ ဆရာ။ သူက အသက္(၁၉)ႏွစ္။ ၿပီးေတာ့ ဒါက အိပ္ေနၾကတဲ့အခ်ိန္မွာ ျဖစ္သြားတာ။ သူတို႔က အကုန္လုံး အတူတူ အိပ္ၾကတာေလ။ ဓားက ေရွ႕ရက္ပိုင္းက ဝယ္လာတာ။ ဝက္သားခုတ္တဲ့ဓားလို စတီးဓားေပါ့ေနာ္။ ဓားက လုပ္ငန္းသုံးဖို႔ကို ဗန္းျပၿပီး ဝယ္တဲ့သေဘာပဲ။ ဓားအသစ္နဲ႔ အိပ္ေနတဲ့ အခ်ိန္ကို ခုတ္တာဗ်”ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

ထိုျဖစ္စဥ္တြင္ ဓားျဖင့္အခုတ္ခံရသူ(၄)ဦးမွာ ဆိုင္ပိုင္ရွင္ဇနီးေမာင္ႏွံ ႏွင့္ ဝန္ထမ္းႏွစ္ဦးျဖစ္ၿပီး အသက္(၃၈)ႏွစ္အ႐ြယ္ ဆိုင္ပိုင္ရွင္၏ဇနီးႏွင့္ အဆိုပါဆိုင္၌ စားပြဲထိုးအျဖစ္ အလုပ္လုပ္ကိုင္ေနေသာ အသက္ (၁၈)ႏွစ္အ႐ြယ္ အမ်ိဳးသားငယ္တို႔မွာ လည္ပင္းဓားခုတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ၿပီး အသက္(၃၅)ႏွစ္အ႐ြယ္ ဆိုင္ပိုင္ရွင္အမ်ိဳးသားႏွင့္ အသက္(၁၅) ႏွစ္အ႐ြယ္ အမ်ိဳးသားတို႔တြင္ ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့ေသာေၾကာင့္ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။

“ကေလးတစ္ေယာက္ပါတယ္။ လူႀကီးက (၃)ေယာက္။ ေသဆုံးသြားတဲ့အမ်ိဳးသမီးက လည္ေခ်ာင္း႐ိုးအထိခုတ္ခံရတာေပါ့။ ၿပီးေတာ့ဘယ္ဘက္လက္ဖ်ံမွာ ဓားရွဒဏ္ရာရွိတယ္။ ခုတ္တာေတာ့ အကုန္လုံး လည္ပင္းေတြခ်ည္းခုတ္တာ။ သူ႔ေယာက္်ားက ကံေကာင္းလို႔ လြတ္သြားတာ။ လည္ပင္းကို မထိဘဲနဲ႔ ညႇပ္႐ိုးကို ထိသြားတာ။ ေသသြားတဲ့ေကာင္ေလးကိုလည္း လည္ပင္းကိုပဲ ခုတ္တာ။ ကေလးကိုလည္း လည္ပင္းကိုခုတ္တာကို လည္ပင္းကိုမက်ဘဲ ဇက္အေပၚပိုင္းကို ခုတ္မိတာ။ ဘာေၾကာင့္သတ္လဲဆိုတဲ့အေၾကာင္းရင္းကိုေတာ့ ဂဃနဏ မသိရေသးဘူးေပါ့။ ၾကည့္ရတာ အႀကီးအက်ယ္လည္း စကားမ်ားထားတာ ဘာမွမရွိေလာက္ပါဘူး။ ကြၽန္ေတာ္ထင္တာေတာ့ ႐ိုး႐ိုးသာမန္ေတာ့ မဟုတ္ေလာက္ဘူး။ မူးယစ္ဘာညာေတာ့ ပါလာႏိုင္တယ္”ဟု ၎က ဆိုသည္။

ထို႔ေနာက္ လူနာမ်ားႏွင့္ ေသဆုံး႐ုပ္အေလာင္းမ်ားကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရးယာဥ္မ်ားျဖင့္ အေရးေပၚ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျပစ္မႈက်ဴးလြန္သူမွာ သတ္ျဖတ္ခဲ့ၿပီးေနာက္ ၆၃A၊ ၁၆လမ္းေထာင့္တြင္ ေစာင့္ခိုင္းထားေသာ မီနီအိုးေဝေမာင္းသမားထံသို႔ ၎၏အထုပ္တစ္ထုပ္ကိုယူကာ အိမ္ေနာက္ေဖးအေပါက္မွထြက္၍ အိုးေဝျဖင့္ ထြက္ေျပးသြားခဲ့ေၾကာင္း ရဲစခန္းမွ သိရသည္ဟု ၎က ဆက္လက္ေျပာသည္။

တာဝန္ရွိသူမ်ားက ျပစ္မႈက်ဴလြန္သူကို ဖမ္းမိေရးေဆာင္႐ြက္ခဲ့ရာ ယေန႔( ေအာက္တိုဘာ လ ၂၅ ရက္)၊ မြန္းတည့္ ၁၂နာရီ အခ်ိန္ခန႔္တြင္ မႏၲေလးဘူတာႀကီးအနီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ “သူ႔ကို မႏၲေလးဘူတာႀကီးအနီးမွာ ဖမ္းမိတာေပါ့ေနာ္။ ၿမိဳ႕မွာက ကားေတြကို တင္းတင္ၾကပ္ၾကပ္စစ္ေနေတာ့ ရထားနဲ႔သြားမယ္ဆိုၿပီး လုပ္ထားတာ ထင္တယ္”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

Related news

© 2021. All rights reserved.