ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် (၄) ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း(၄၀) နီးပါး ဖမ်းမိ

 188

နာမူ ( NP News ) - အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် (၃ ဒသမ ၉၈) ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း (၄၀)နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၂၉)ရပ် ကွက်တွင် သတင်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ် ဝင်းထွဋ်မောင်းနှင်လာပြီး တင်မောင်လတ် (ခ) ကရဒ်ဘိုင် လိုက်ပါလာသည့် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၃)သိန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဆက်လက်စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ အဆိုပါနေ့ ညနေ(၅)နာရီခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၉) ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ခဲ့သည့် TOYOTA SUCCEED မော်တော်ယာဉ်တစ်စီးနှင့် ညနေ (၅) နာရီခွဲခန့်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ကျီစု(အနောက်)ရပ်ကွက်၊ ရွှေကျီးလမ်းသွယ်ရှိ ဝင်းထွဋ်၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၃၆ ဒသမ ၈)သိန်းတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်းအားဖြင့် ငွေကျပ် (၃ ဒသမ ၉၈) ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးချက်အရ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်နေ စိုင်းဆိုင်နွံ (ခ) ပီနွံနှင့် ကျေးသီးမြို့နယ်နေ ဟန်သိန်း(ခ) စိုင်းဆန်ဆွေတို့မှ ရောင်းချခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်နယ် မောင်တောမြို့နေ စိုးမြင့်(ခ)ဇီဘူရာမောက်က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် မူးယစ်ဆေးဝါးများ သယ် ဆောင်ရောင်းဝယ်ခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းတို့ ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နေ စိုးမိုးအောင် (ခ) မိုလ်ဇူရာမန်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နေ ကျော်ဝင်းစိုးနှင့် ဇနီး မသီတာဝင်း(ခ) ယာစမင်းတို့အား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် ဤအမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင် ရောင်း ဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

zawgyi version
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေငြက်ပ္ (၄) ဘီလ်ံနီးပါးတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား သိန္း(၄၀) နီးပါး ဖမ္းမိ
နာမူ ( NP News ) - ေအာက္တိုဘာ ၂၅

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေငြက်ပ္ (၃ ဒသမ ၉၈) ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား သိန္း (၄၀)နီးပါး ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၄ ရက္ ညေန ၄ နာရီခြဲအခ်ိန္ခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕သည္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္ (၂၉)ရပ္ ကြက္တြင္ သတင္းအရ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္စဥ္ ဝင္းထြဋ္ေမာင္းႏွင္လာၿပီး တင္ေမာင္လတ္ (ခ) ကရဒ္ဘိုင္ လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ကို သတင္းအရရွာေဖြရာ ယာဥ္ေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃)သိန္းခန႔္ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

ဆက္လက္စုံစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့ရာ အဆိုပါေန႔ ညေန(၅)နာရီခန႔္တြင္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ (၂၉) ရပ္ကြက္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားသယ္ေဆာင္ခဲ့သည့္ TOYOTA SUCCEED ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္ ညေန (၅) နာရီခြဲခန႔္တြင္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္၊ က်ီစု(အေနာက္)ရပ္ကြက္၊ ေ႐ႊက်ီးလမ္းသြယ္ရွိ ဝင္းထြဋ္၏ေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၆ ဒသမ ၈)သိန္းတို႔ကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စုစုေပါင္းအားျဖင့္ ေငြက်ပ္ (၃ ဒသမ ၉၈) ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃၉ ဒသမ ၈ သိန္းအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထပ္မံစစ္ေဆးခ်က္အရ ဖမ္းဆီးရမိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရွမ္းျပည္နယ္ (ေတာင္ပိုင္း) နမ့္စန္ၿမိဳ႕နယ္ေန စိုင္းဆိုင္ႏြံ (ခ) ပီႏြံႏွင့္ ေက်းသီးၿမိဳ႕နယ္ေန ဟန္သိန္း(ခ) စိုင္းဆန္ေဆြတို႔မွ ေရာင္းခ်ခဲ့ျခင္းျဖစ္ကာ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ေန စိုးျမင့္(ခ)ဇီဘူရာေမာက္က ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေနာက္ မူးယစ္ေဆးဝါးမ်ား သယ္ ေဆာင္ေရာင္းဝယ္ျခင္းႏွင့္ ေငြေၾကးလႊဲေျပာင္းျခင္းတို႔ ေဆာင္႐ြက္သည့္ ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တေထာင္ၿမိဳ႕နယ္ေန စိုးမိုးေအာင္ (ခ) မိုလ္ဇူရာမန္၊ မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္ေန ေက်ာ္ဝင္းစိုးႏွင့္ ဇနီး မသီတာဝင္း(ခ) ယာစမင္းတို႔အား ဆက္လက္ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့သျဖင့္ ၎တို႔အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ ျပစ္မႈက်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္းသိရသည္။

ထို႔ျပင္ ဤအမႈတြင္ ဆက္စပ္ပါဝင္သူမ်ားႏွင့္ ၎တို႔မူးယစ္ေဆးဝါးသယ္ေဆာင္ ေရာင္း ဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ ဆက္လက္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.