ပလုံကောက်ရင်း ဓာတ်လိုက်နေသော ဇနီးကို ကယ်တင်သောအမျိုးသား ဓာတ်လိုက်သေဆုံး

 152

ချယ်ရီ (NP News) - အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ပလုံကောက်ရင်း ဓာတ်လိုက်နေသော ဇနီးကို ကယ်တင်သောအမျိုးသား ဓာတ်လိုက်သေဆုံးသွားကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ၂၅ ရက်)၊ နံနက်ပိုင်း ၈ နာရီခွဲအချိန်ခန့်က မင်္ဂ လာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်၊ ဂန္ဓမာလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြောင်းထဲမှာ ဓာတ်ကြိုးက အိကျနေတာ။ ဟိုတလောက မိုးတွေကောင်းသွားတဲ့အခါကျတော့ ဓာတ်တိုင်က နည်းနည်းတော့ ယိုင်သွားတဲ့သဘော ရှိတယ်ပေါ့နော်။ အဲဒီမှာ ဓာတ် ကြိုးတွေ နည်းနည်းလျော့သွားတာတွေ၊ ဘာတွေ ဖြစ်တာပေါ့။ အဲဒီအချိန်မှာ သူတို့က မြောင်းထဲမှာ ရေသန့်ဘူးခွံလား၊ ဘီယာဘူးခွံလား မသိဘူးပေါ့။ တွေ့လို့ဆိုပြီး မိန်းမက ဆင်းကောက်တာ။ ဆင်းကောက်ရင်း ဓာတ်လိုက်တော့ ယောက်ျားက ဘေးအနားမှာရှိတဲ့ ဝါးလုံးအရှည်နဲ့ ဆွဲရိုက်ချတာပေါ့။ ရိုက်ချပြီး မိန်းမကို ဆွဲကယ်တော့ မိန်းမက လွတ်သွားတာပေါ့။ ဒါပေမဲ့ ယောက်ျားကတော့ ဓာတ်ကြိုးကို ထိမိပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သေဆုံးသူအမျိုးသားမှာ အသက်(၃၅)နှစ်အရွယ်ခန့်ရှိသူဖြစ်ပြီး အခင်းဖြစ်ချိန်တွင် အမျိုးသမီးဖြစ်သူသည် ဖိနပ်စီးထားသော်လည်း ၎င်းမှာ ဖိနပ်မပါကြောင်း သိရသည်။

“အဓိက ကတော့ Wifi တွေပေါ့။ Wifi ကြိုးတွေက ရပ်ကွက်တွေမှာ၊ ဓာတ်တိုင်တွေပေါ်မှာဆွဲ။ ကြိုးတွေက တဖြည်းဖြည်းနဲ့ များလာတယ်လေ။ များလာတော့ လူတွေက ဓာတ်ကြိုးမှန်းမသိ၊ Wifi ကြိုးမှန်းမသိပေါ့။ အဲဒီလိုမျိုး လွဲမှားမှုတွေဖြစ်ပြီး ဓာတ်လိုက်သေဆုံးကြတယ်။ အဓိက က Wifi ကြိုးတွေလည်း စည်းစနစ်တကျ လုပ်ဖို့လည်း လိုတာပေါ့နော်။ တချို့တွေက Wifi မသုံးဘူဆိုပြီး Wifi ကြိုးတွေကို လာဖြုတ်ပြီး မသိမ်းဘူးလေ။ ဒီအတိုင်းပဲ ကြိုးတွေကို ဆွဲထားတာ” ဟု ၎င်းက အကြုံပြု ပြောဆိုထားသည်။

ထို့နောက် သေဆုံးသူရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် (စက်တင်ဘာလ ၂၇ ရက်)၊ နေ့လည်ပိုင်း ၁နာရီ အချိန်ခန့်က တောင်ဥက္ကလာပမြို့နယ်တွင် ဝိုင်ဖိုင်ကြိုးတက်ပြင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ပလုံေကာက္ရင္း ဓာတ္လိုက္ေနေသာ ဇနီးကို ကယ္တင္ေသာအမ်ိဳးသား ဓာတ္လိုက္ေသဆုံး
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၂၅

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ ပလုံေကာက္ရင္း ဓာတ္လိုက္ေနေသာ ဇနီးကို ကယ္တင္ေသာအမ်ိဳးသား ဓာတ္လိုက္ေသဆုံးသြားေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာ၂၅ ရက္)၊ နံနက္ပိုင္း ၈ နာရီခြဲအခ်ိန္ခန႔္က မဂၤ လာဒုံၿမိဳ႕နယ္၊ ေပါင္းကူဉာဏရပ္ကြက္၊ ဂႏၶမာလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေျမာင္းထဲမွာ ဓာတ္ႀကိဳးက အိက်ေနတာ။ ဟိုတေလာက မိုးေတြေကာင္းသြားတဲ့အခါက်ေတာ့ ဓာတ္တိုင္က နည္းနည္းေတာ့ ယိုင္သြားတဲ့သေဘာ ရွိတယ္ေပါ့ေနာ္။ အဲဒီမွာ ဓာတ္ ႀကိဳးေတြ နည္းနည္းေလ်ာ့သြားတာေတြ၊ ဘာေတြ ျဖစ္တာေပါ့။ အဲဒီအခ်ိန္မွာ သူတို႔က ေျမာင္းထဲမွာ ေရသန႔္ဘူးခြံလား၊ ဘီယာဘူးခြံလား မသိဘူးေပါ့။ ေတြ႕လို႔ဆိုၿပီး မိန္းမက ဆင္းေကာက္တာ။ ဆင္းေကာက္ရင္း ဓာတ္လိုက္ေတာ့ ေယာက္်ားက ေဘးအနားမွာရွိတဲ့ ဝါးလုံးအရွည္နဲ႔ ဆြဲ႐ိုက္ခ်တာေပါ့။ ႐ိုက္ခ်ၿပီး မိန္းမကို ဆြဲကယ္ေတာ့ မိန္းမက လြတ္သြားတာေပါ့။ ဒါေပမဲ့ ေယာက္်ားကေတာ့ ဓာတ္ႀကိဳးကို ထိမိၿပီး ေနရာမွာတင္ ပြဲခ်င္းၿပီးေသဆုံးသြားတယ္”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

ေသဆုံးသူအမ်ိဳးသားမွာ အသက္(၃၅)ႏွစ္အ႐ြယ္ခန႔္ရွိသူျဖစ္ၿပီး အခင္းျဖစ္ခ်ိန္တြင္ အမ်ိဳးသမီးျဖစ္သူသည္ ဖိနပ္စီးထားေသာ္လည္း ၎မွာ ဖိနပ္မပါေၾကာင္း သိရသည္။

“အဓိက ကေတာ့ Wifi ေတြေပါ့။ Wifi ႀကိဳးေတြက ရပ္ကြက္ေတြမွာ၊ ဓာတ္တိုင္ေတြေပၚမွာဆြဲ။ ႀကိဳးေတြက တျဖည္းျဖည္းနဲ႔ မ်ားလာတယ္ေလ။ မ်ားလာေတာ့ လူေတြက ဓာတ္ႀကိဳးမွန္းမသိ၊ Wifi ႀကိဳးမွန္းမသိေပါ့။ အဲဒီလိုမ်ိဳး လြဲမွားမႈေတြျဖစ္ၿပီး ဓာတ္လိုက္ေသဆုံးၾကတယ္။ အဓိက က Wifi ႀကိဳးေတြလည္း စည္းစနစ္တက် လုပ္ဖို႔လည္း လိုတာေပါ့ေနာ္။ တခ်ိဳ႕ေတြက Wifi မသုံးဘူဆိုၿပီး Wifi ႀကိဳးေတြကို လာျဖဳတ္ၿပီး မသိမ္းဘူးေလ။ ဒီအတိုင္းပဲ ႀကိဳးေတြကို ဆြဲထားတာ” ဟု ၎က အႀကဳံျပဳ ေျပာဆိုထားသည္။

ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းကို ပုလဲအရန္မီးသတ္တပ္ဖြဲ႕က အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ (စက္တင္ဘာလ ၂၇ ရက္)၊ ေန႔လည္ပိုင္း ၁နာရီ အခ်ိန္ခန႔္က ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ဝိုင္ဖိုင္ႀကိဳးတက္ျပင္သည့္ အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံးသည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

Picture

Zailk Zailk

25/10/2024 20:42

wifi

Related news

© 2021. All rights reserved.