ခြံအမှတ်(၅၄) လေလံကြမ်းခင်းဈေးနှင့်ပတ်သက်၍ နိုဝင်ဘာ(၁၃)တွင် တရားရုံးချိန်းရှိ

 52

သန့်စင် (NP News) - အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)နေအိမ်ကို လေလံ ကြမ်းခင်းဈေး ကျပ်(၂၉၀)ဘီလျံသို့ တင်ပြထားမှုနှင့်ပတ်သက်၍ လာမည့် နိုဝင်ဘာ(၁၃)တွင် တရားရုံး ချိန်းရှိ ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ရှေ့နေများက ပြီးခဲ့သော အောက်တိုဘာ (၂၂)ရက် တွင် ကမာရွတ်ခရိုင် တရားရုံး၌ ခြံအမှတ်(၅၄)နေအိမ်ကို လေလံကြမ်းခင်းဈေး ငွေကျပ် ဘီလျံ(၂၉၀)ဖြင့် ဈေးလျှော့ကာ လေလံ တင်ရောင်းချရန် တရားရုံးသို့ ပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။
‘‘တင်ပြထားတယ်။ သူတို့ဘက်က ဘာပြောမလဲဆိုတာတော့ မသိသေးဘူး။ လာမယ့်ရုံးချိန်းမှာ သူတို့ (ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများ)ဘက်ကပြန်တင်ပြရမှာပေါ့။ လေလံကြမ်းခင်းဈေး ကတော့ သင့်တင့် လျောက် ပတ်စွာတင်တာပဲလေ။ ဟိုးပထမဆုံးရုံးချိန်းတုန်းကဆိုရင် ဒီဟာမတိုင်ခင် ကျပ်ဘီလျံ (၃၀ဝ)နဲ့ လေလံမပစ်ခင်မှာ တုန်းက တင်ပြပါဆိုလို့ တင်ပြတာ။ ကျပ်ဘီလျံ (၂၈၅)နဲ့တုန်း ကတောင် ပယ်ခဲ့သေးတာပဲ။ သူတို့ဘက်က ကန့်ကွက်လို့။ ကန့်ကွက်ပြီး လျှောက်လဲချက်ဘာညာပေးပြီးတော့ ငွေကျပ် ဘီလျံ (၃၀ဝ)သတ်မှတ်ပေးတာပေါ့။ အဲဒီလို သူတို့ဘက်က တင်ပြတာက ကြမ်းခင်းဈေးက အဲလောက်အများကြီး မကွာသင့်ဘူးဆိုတဲ့သဘော။ သူတို့ဘက်ကပြောတာ လျှောက်လဲ ချက်တွေ နှစ်ဖက်ပေးကြတာပေါ့}}ဟု အဆိုပါတရားရုံးကိစ္စများ နှင့်ပတ်သက်၍ သိရှိသော တရားလွှတ် တော်ရှေ့နေတစ်ဦးက NP News ကို ပြောသည်။
ခြံအမှတ်(၅၄)နေအိမ်ကို ငွေကျပ် (၃၁၅)ဘီလျံဖြင့်တစ်ကြိမ်၊ ငွေကျပ်(၃၀ဝ)ဘီလျံဖြင့်တစ်ကြိမ် လေလံတင် ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ရာ ယခုတစ်ကြိမ်တွင် လေလံကြမ်းခင်းဈေးကို ငွေကျပ် (၂၉၀)ဘီလျံ သတ်မှတ်၍ လျှော့ချရောင်းချရန် ဦးအောင်ဆန်းဦး၏ ရှေ့နေများဘက်က တရားရုံးသို့ ပြန်လည်တင်ပြထားခြင်းဖြစ်သည်။ ထိုသို့ တင်ပြထား မှုနှင့်ပတ်သက်၍ လာမည့် နိုဝင်ဘာ (၁၃)ရက်တွင် တရားရုံးချိန်းရှိကြောင်း သိရသည်။
“သူတို့ဘက်က နောက်ရုံးချိန်းမှ ကြမ်းခင်းဈေးသတ်မှတ်မှာ။ အခုလာမယ့်ရုံးချိန်းမှာတော့ သူတို့ဘက်က တစ်ခုခုကန့်ကွက်တယ် ဘာညာဆို ရင်တော့ ကြားထဲမှာ လျှောက်လဲချက်တွေ တင်ရဦးမှာ ပေါ့။ လျှောက်လဲချက်ရုံးချိန်း တွေပြီးတော့မှ လေလံ ကြမ်းခင်းဈေးသတ်မှတ်တဲ့ ရုံးချိန်းလာမှာပေါ့”ဟု အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆို သည်။
အဆိုပါ ခြံအမှတ်(၅၄)သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဆောင်ဆန်းဦးတို့၏မိခင် ဒေါ်ခင် ကြည်၏ အမည် ပေါက်နေအိမ်ခြံဝန်းဖြစ်ပြီး အဆိုပါ နေအိမ်ခြံဝန်းအတွင်း ရှိသမျှကို လေလံတင်ရောင်း ချရန် ဦးအောင်ဆန်းဦး ဘက်က ဆန္ဒရှိနေကာ ရလာသည့်ငွေကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မောင်နှမနှစ်ဦး ခွဲဝေယူရန်တွက် (၂၀ဝဝ)ပြည့်နှစ်က အမှု စတင်ရင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ၿခံအမွတ္(၅၄) ေလလံၾကမ္းခင္းေဈးႏွင့္ပတ္သက္၍ ႏိုဝင္ဘာ(၁၃)တြင္ တရား႐ုံးခ်ိန္းရွိ
သန႔္စင္ (NP News) - ေအာက္တိုဘာ ၂၇

ရန္ကုန္တိုင္းေဒသႀကီး ဗဟန္းၿမိဳ႕နယ္ တကၠသိုလ္ရိပ္သာလမ္းရွိ ၿခံအမွတ္(၅၄)ေနအိမ္ကို ေလလံ ၾကမ္းခင္းေဈး က်ပ္(၂၉၀)ဘီလ်ံသို႔ တင္ျပထားမႈႏွင့္ပတ္သက္၍ လာမည့္ ႏိုဝင္ဘာ(၁၃)တြင္ တရား႐ုံး ခ်ိန္းရွိ ေၾကာင္း သိရသည္။
ေဒၚေအာင္ဆန္းစုၾကည္၏ အစ္ကိုျဖစ္သူ ဦးေအာင္ဆန္းဦး၏ေရွ႕ေနမ်ားက ၿပီးခဲ့ေသာ ေအာက္တိုဘာ (၂၂)ရက္ တြင္ ကမာ႐ြတ္ခ႐ိုင္ တရား႐ုံး၌ ၿခံအမွတ္(၅၄)ေနအိမ္ကို ေလလံၾကမ္းခင္းေဈး ေငြက်ပ္ ဘီလ်ံ(၂၉၀)ျဖင့္ ေဈးေလွ်ာ့ကာ ေလလံ တင္ေရာင္းခ်ရန္ တရား႐ုံးသို႔ ျပန္လည္တင္ျပခဲ့ေၾကာင္း သိရသည္။
‘‘တင္ျပထားတယ္။ သူတို႔ဘက္က ဘာေျပာမလဲဆိုတာေတာ့ မသိေသးဘူး။ လာမယ့္႐ုံးခ်ိန္းမွာ သူတို႔ (ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနမ်ား)ဘက္ကျပန္တင္ျပရမွာေပါ့။ ေလလံၾကမ္းခင္းေဈး ကေတာ့ သင့္တင့္ ေလ်ာက္ ပတ္စြာတင္တာပဲေလ။ ဟိုးပထမဆုံး႐ုံးခ်ိန္းတုန္းကဆိုရင္ ဒီဟာမတိုင္ခင္ က်ပ္ဘီလ်ံ (၃၀ဝ)နဲ႔ ေလလံမပစ္ခင္မွာ တုန္းက တင္ျပပါဆိုလို႔ တင္ျပတာ။ က်ပ္ဘီလ်ံ (၂၈၅)နဲ႔တုန္း ကေတာင္ ပယ္ခဲ့ေသးတာပဲ။ သူတို႔ဘက္က ကန႔္ကြက္လို႔။ ကန႔္ကြက္ၿပီး ေလွ်ာက္လဲခ်က္ဘာညာေပးၿပီးေတာ့ ေငြက်ပ္ ဘီလ်ံ (၃၀ဝ)သတ္မွတ္ေပးတာေပါ့။ အဲဒီလို သူတို႔ဘက္က တင္ျပတာက ၾကမ္းခင္းေဈးက အဲေလာက္အမ်ားႀကီး မကြာသင့္ဘူးဆိုတဲ့သေဘာ။ သူတို႔ဘက္ကေျပာတာ ေလွ်ာက္လဲ ခ်က္ေတြ ႏွစ္ဖက္ေပးၾကတာေပါ့}}ဟု အဆိုပါတရား႐ုံးကိစၥမ်ား ႏွင့္ပတ္သက္၍ သိရွိေသာ တရားလႊတ္ ေတာ္ေရွ႕ေနတစ္ဦးက NP News ကို ေျပာသည္။
ၿခံအမွတ္(၅၄)ေနအိမ္ကို ေငြက်ပ္ (၃၁၅)ဘီလ်ံျဖင့္တစ္ႀကိမ္၊ ေငြက်ပ္(၃၀ဝ)ဘီလ်ံျဖင့္တစ္ႀကိမ္ ေလလံတင္ ေရာင္းခ်ခဲ့ေသာ္လည္း ဝယ္ယူသူမရွိခဲ့ရာ ယခုတစ္ႀကိမ္တြင္ ေလလံၾကမ္းခင္းေဈးကို ေငြက်ပ္ (၂၉၀)ဘီလ်ံ သတ္မွတ္၍ ေလွ်ာ့ခ်ေရာင္းခ်ရန္ ဦးေအာင္ဆန္းဦး၏ ေရွ႕ေနမ်ားဘက္က တရား႐ုံးသို႔ ျပန္လည္တင္ျပထားျခင္းျဖစ္သည္။ ထိုသို႔ တင္ျပထား မႈႏွင့္ပတ္သက္၍ လာမည့္ ႏိုဝင္ဘာ (၁၃)ရက္တြင္ တရား႐ုံးခ်ိန္းရွိေၾကာင္း သိရသည္။
“သူတို႔ဘက္က ေနာက္႐ုံးခ်ိန္းမွ ၾကမ္းခင္းေဈးသတ္မွတ္မွာ။ အခုလာမယ့္႐ုံးခ်ိန္းမွာေတာ့ သူတို႔ဘက္က တစ္ခုခုကန႔္ကြက္တယ္ ဘာညာဆို ရင္ေတာ့ ၾကားထဲမွာ ေလွ်ာက္လဲခ်က္ေတြ တင္ရဦးမွာ ေပါ့။ ေလွ်ာက္လဲခ်က္႐ုံးခ်ိန္း ေတြၿပီးေတာ့မွ ေလလံ ၾကမ္းခင္းေဈးသတ္မွတ္တဲ့ ႐ုံးခ်ိန္းလာမွာေပါ့”ဟု အထက္ပါ တရားလႊတ္ေတာ္ေရွ႕ေနက ဆို သည္။
အဆိုပါ ၿခံအမွတ္(၅၄)သည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးေဆာင္ဆန္းဦးတို႔၏မိခင္ ေဒၚခင္ ၾကည္၏ အမည္ ေပါက္ေနအိမ္ၿခံဝန္းျဖစ္ၿပီး အဆိုပါ ေနအိမ္ၿခံဝန္းအတြင္း ရွိသမွ်ကို ေလလံတင္ေရာင္း ခ်ရန္ ဦးေအာင္ဆန္းဦး ဘက္က ဆႏၵရွိေနကာ ရလာသည့္ေငြကို ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ေမာင္ႏွမႏွစ္ဦး ခြဲေဝယူရန္တြက္ (၂၀ဝဝ)ျပည့္ႏွစ္က အမႈ စတင္ရင္ဆိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.