ရပ်စောက်မြို့တွင် TOYOTA LANDCRUISER PRADO ကားပေါ်မှ ငွေကျပ်သိန်း(၁၂၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 385

ချယ်ရီ (NP News) - အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် TOYOTA LANDCRUISER PRADO ကားပေါ်မှ ငွေကျပ်သိန်း (၁၂၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့်အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၄ နာရီ ၃ဝ မိနစ် အချိန်ခန့်က ရပ်စောက်မြို့၊ ဗထူးရပ်ကွက်၊ ကျောက်ဂူ - ရပ်စောက်သွား ကားလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ဦးထွန်းလွင် မောင်းနှင်လာသော TOYOTA LANDCRUISER PRADO ကားကို ရပ်တန့်၍ စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်၌ သိုဝှက်သယ်ဆောင်လာသော ကျပ်သိန်း (၁၁၉၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၃၈,၀၀၀) ပြား နှင့် ငွေကျပ် (၃၃)သိန်း တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် (၂၂၀) ဂရမ်တို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အသက် (၅၁)နှစ်အရွယ် ဦးထွန်းလွင်ကို ရပ်စောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၆ နာရီ ၃ဝ မိနစ်အချိန်ခန့်ကလည်း တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် အမျိုးသားတစ်ဦးမောင်းနင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ ငွေကျပ်သိန်း(၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ရပ္ေစာက္ၿမိဳ႕တြင္ TOYOTA LANDCRUISER PRADO ကားေပၚမွ ေငြက်ပ္သိန္း(၁၂၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၂၇

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕တြင္ TOYOTA LANDCRUISER PRADO ကားေပၚမွ ေငြက်ပ္သိန္း (၁၂၀၀) ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံ မွ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ေအာက္တိုဘာလ ၂၄ ရက္၊ ညေန ၄ နာရီ ၃ဝ မိနစ္ အခ်ိန္ခန႔္က ရပ္ေစာက္ၿမိဳ႕၊ ဗထူးရပ္ကြက္၊ ေက်ာက္ဂူ - ရပ္ေစာက္သြား ကားလမ္းေပၚတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကားလမ္းေပၚတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာပူးေပါင္းအဖြဲ႕က ဦးထြန္းလြင္ ေမာင္းႏွင္လာေသာ TOYOTA LANDCRUISER PRADO ကားကို ရပ္တန႔္၍ စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚ၌ သိုဝွက္သယ္ေဆာင္လာေသာ က်ပ္သိန္း (၁၁၉၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၃၈,၀၀၀) ျပား ႏွင့္ ေငြက်ပ္ (၃၃)သိန္း တန္ဖိုးရွိ ဘိန္းျဖဴ အေလးခ်ိန္ (၂၂၀) ဂရမ္တို႔ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အသက္ (၅၁)ႏွစ္အ႐ြယ္ ဦးထြန္းလြင္ကို ရပ္ေစာက္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ားကို ေဖာ္ထုတ္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ယင္းေန႔ ညေန ၆ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္ကလည္း တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္တြင္ အမ်ိဳးသားတစ္ဦးေမာင္းနင္လာေသာ ဆိုင္ကယ္တစ္စီးေပၚမွ ေငြက်ပ္သိန္း(၄၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.