စင်ကာပူမှာ ရောင်းချနေတဲ့ Q-nic Care အသားဖြူခရင်မ်မှာ အလွန်မြင့်မားတဲ့ပြဒါးဓာတ်တွေ ပါဝင်နေကြောင်း HSA သတိပေး

 175

ရောင်နီ (NP News) - အောက်တိုဘာ ၂၇

အာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုများအရ စင်ကာပူနိုင်ငံရဲ့ Lucky Plaza မှာ ရောင်းချနေတဲ့ Q-nic Care Whitening Underarm Cream အသားဖြူခရမ်မှာ တားမြစ်ထားသော အစွမ်းထက် စတီးရွိုက်နဲ့ တာရှည်ခံပစ္စည်း တွေ ပါ၀င်နေတယ်လို့ ကျန်ူမာရေး သိပ္ပံအာဏာပိုင်အဖွဲ့ - HSA က အောက်တိုဘာ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

HSA ဟာ Lucky Plaza မှာ Beauty & Bath လို့ခေါ်တဲ့ ဆိုင်တစ်ခုက ရောင်းချတဲ့ Q-nic အလှကုန်ပစ္စည်း အရေအတွက်အားလုံးကို သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ အဲဒီအသားဖြူခရင်မ်ကို လူကြိုက်များတဲ့ ပြည်တွင်း e-commerce ပလပ်ဖောင်း Carousell၊ Shopee နဲ့ Lazada တွေမှာလည်း ရောင်းချနေတာဖြစ်ပါတယ်။ ခရင်မ်ဟာ ဘေးကင်းတယ်။ သဘာဝအတိုင်း ထုတ်လုပ်ထားတယ်။ အဆိပ်အတောက်တွေ ကင်းစေတယ်။ အရေပြားအတွက် စိတ်ချရတယ် စသဖြင့် ကြောငြာထားပေမယ့် ပစ္စည်းထဲမှာ မာကျူရီလို့ခေါ်တဲ့ ပြဒါးဓာတ်တွေ လွန်ကဲစွာ ပါဝင်နေတာကို အခုမှ စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မာကျူရီ-ပြဒါးဓာတ်ဟာ အရေပြားကို ယားယံစေတာမျိုးဖြစ်စေတာကြောင့် အလှကုန်ပစ္စည်းတွေမှာ ပါဝင်ပစ္စည်း အဖြစ် အသုံးပြုခြင်းကို တားမြစ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပြဒါးဓာတ်ပါတဲ့ အလှကုန်ပစ္စည်းတွေဟာ အရေပြားထုံကျင်ခြင်း၊ မူးဝေခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကိုလည်းဖြစ်စေနိုင်ပြီး ရေရှည်အသုံးပြုမယ်ဆိုရင် ကျောက်ကပ်၊ အစာခြေစနစ်နဲ့ အာရုံကြောစနစ်တွေကို အဆိပ်ဖြစ်စေနိုင်တယ်လို့ HSA က ထပ်လောင်း သတိပေး ပြောကြားထားပါတယ်။

Zawgyi Version;
စင္ကာပူမွာ ေရာင္းခ်ေနတဲ့ Q-nic Care အသားျဖဴခရင္မ္မွာ အလြန္ျမင့္မားတဲ့ျပဒါးဓာတ္ေတြ ပါဝင္ေနေၾကာင္း HSA သတိေပး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၇

အာဏာပိုင္ေတြရဲ႕စုံစမ္းစစ္ေဆးမႈမ်ားအရ စင္ကာပူႏိုင္ငံရဲ႕ Lucky Plaza မွာ ေရာင္းခ်ေနတဲ့ Q-nic Care Whitening Underarm Cream အသားျဖဴခရမ္မွာ တားျမစ္ထားေသာ အစြမ္းထက္ စတီး႐ြိဳက္နဲ႔ တာရွည္ခံပစၥည္း ေတြ ပါ၀င္ေနတယ္လို႔ က်ႏ္ူမာေရး သိပၸံအာဏာပိုင္အဖြဲ႕ - HSA က ေအာက္တိုဘာ ၂၅ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

HSA ဟာ Lucky Plaza မွာ Beauty & Bath လို႔ေခၚတဲ့ ဆိုင္တစ္ခုက ေရာင္းခ်တဲ့ Q-nic အလွကုန္ပစၥည္း အေရအတြက္အားလုံးကို သိမ္းဆည္းလိုက္တယ္လို႔ သိရပါတယ္။ အဲဒီအသားျဖဴခရင္မ္ကို လူႀကိဳက္မ်ားတဲ့ ျပည္တြင္း e-commerce ပလပ္ေဖာင္း Carousell၊ Shopee နဲ႔ Lazada ေတြမွာလည္း ေရာင္းခ်ေနတာျဖစ္ပါတယ္။ ခရင္မ္ဟာ ေဘးကင္းတယ္။ သဘာဝအတိုင္း ထုတ္လုပ္ထားတယ္။ အဆိပ္အေတာက္ေတြ ကင္းေစတယ္။ အေရျပားအတြက္ စိတ္ခ်ရတယ္ စသျဖင့္ ေၾကာျငာထားေပမယ့္ ပစၥည္းထဲမွာ မာက်ဴရီလို႔ေခၚတဲ့ ျပဒါးဓာတ္ေတြ လြန္ကဲစြာ ပါဝင္ေနတာကို အခုမွ စမ္းသပ္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

မာက်ဴရီ-ျပဒါးဓာတ္ဟာ အေရျပားကို ယားယံေစတာမ်ိဳးျဖစ္ေစတာေၾကာင့္ အလွကုန္ပစၥည္းေတြမွာ ပါဝင္ပစၥည္း အျဖစ္ အသုံးျပဳျခင္းကို တားျမစ္ထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ျပဒါးဓာတ္ပါတဲ့ အလွကုန္ပစၥည္းေတြဟာ အေရျပားထုံက်င္ျခင္း၊ မူးေဝျခင္းနဲ႔ ေခါင္းကိုက္ျခင္းတို႔ကိုလည္းျဖစ္ေစႏိုင္ၿပီး ေရရွည္အသုံးျပဳမယ္ဆိုရင္ ေက်ာက္ကပ္၊ အစာေျခစနစ္နဲ႔ အာ႐ုံေၾကာစနစ္ေတြကို အဆိပ္ျဖစ္ေစႏိုင္တယ္လို႔ HSA က ထပ္ေလာင္း သတိေပးေျပာၾကားထားပါတယ္။

Related news

© 2021. All rights reserved.