ထရာမီမုန်တိုင်းအရှိန်ကြောင့် ဗီယက်နမ်လေဆိပ် လေးခုမှာ လေယာဉ်ခရီးစဉ်များ ရပ်နားထားရ

 130

ရောင်နီ (NP News) - အောက်တိုဘာ ၂၇

ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်နေတဲ့ အပူပိုင်းမုန်တိုင်း ထရမီ၊ တဖြည်းဖြည်း ဗီယက်နမ်နိုင်ငံနဲ့ နီးကပ်လာတာနဲ့အမျှ ဗီယက်နမ်အာဏာပိုင်တွေက ဗီယက်နမ် အလယ်ပိုင်းပြည်နယ်တွေက လေဆိပ်လေးခုမှာ လေယာဉ်ခရီးစဉ်တွေ ရပ်နားဖို့ ပြင်ဆင်နေပါတယ်။

အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ဗီယက်နမ်အလယ်ပိုင်းမှာ အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းနီးကပ်လာတာနဲ့အမျှ လေဆိပ်တွေမှာ အန္တရာယ်ရှိတာကြောင့် ဗီယက်နမ်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က Phu Bai အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် လေဆိပ် ၄ ခုကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းမှာ ပိတ်ထားမှာဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နှောင်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်မယ်လို့ ပြောကြားထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် အလယ်ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ ကွမ်ဘင်၊ ကွမ်နိုင် နဲ့ ဟာတင့်ဒေသတွေမှာ အောက်တိုဘာ ၂၆ ရက် ညပိုင်းမှ အောက်တိုဘာ ၂၈ ရက်နှောင်းပိုင်းအထိ သိသိသာသာ မိုးရွာသွန်းနိုင်တယ်လို့ National Center for Hydro-meteorological forecasting က သတိပေးထားပါတယ်။ ဒါ့ပြင် မြေပြိုမှုတွေ အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ထရာမီမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ အနည်းဆုံး လူ ၇ဝ ထက်မနည်း သေဆုံးခဲ့ပြီး လူဦးရေ ၄.၂ သန်းကျော် မုန်တိုင်ဒဏ် ခံခဲ့ရပါတယ်။ စိုက်ပျိုးရေးနဲ့ အခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုတွေကတော့ ပီဆို ၂၉၁ သန်း (စင်ကာပူဒေါ်လာ ၆.၅ သန်း) ထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version;
ထရာမီမုန္တိုင္းအရွိန္ေၾကာင့္ ဗီယက္နမ္ေလဆိပ္ ေလးခုမွာ ေလယာဥ္ခရီးစဥ္မ်ား ရပ္နားထားရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၇

ဖိလစ္ပိုင္ႏိုင္ငံမွာ တိုက္ခတ္ေနတဲ့ အပူပိုင္းမုန္တိုင္း ထရမီ၊ တျဖည္းျဖည္း ဗီယက္နမ္ႏိုင္ငံနဲ႔ နီးကပ္လာတာနဲ႔အမွ် ဗီယက္နမ္အာဏာပိုင္ေတြက ဗီယက္နမ္ အလယ္ပိုင္းျပည္နယ္ေတြက ေလဆိပ္ေလးခုမွာ ေလယာဥ္ခရီးစဥ္ေတြ ရပ္နားဖို႔ ျပင္ဆင္ေနပါတယ္။

အပူပိုင္းမုန္တိုင္း ထရာမီေၾကာင့္ ဗီယက္နမ္အလယ္ပိုင္းမွာ ေအာက္တိုဘာ ၂၆ ရက္မွ ေအာက္တိုဘာ ၂၈ ရက္အထိ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းနဲ႔ ေရႀကီးေရလွ်ံျခင္းမ်ား ျဖစ္ေပၚႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ မုန္တိုင္းနီးကပ္လာတာနဲ႔အမွ် ေလဆိပ္ေတြမွာ အႏၲရာယ္ရွိတာေၾကာင့္ ဗီယက္နမ္ၿမိဳ႕ျပေလေၾကာင္း အာဏာပိုင္အဖြဲ႕က Phu Bai အျပည္ျပည္ဆိုင္ရာေလဆိပ္ အပါအဝင္ ေလဆိပ္ ၄ ခုကို ေအာက္တိုဘာ ၂၇ ရက္ နံနက္ပိုင္းမွာ ပိတ္ထားမွာျဖစ္ၿပီး ေအာက္တိုဘာ ၂၈ ရက္ေႏွာင္းပိုင္းမွာ ျပန္လည္ဖြင့္လွစ္မယ္လို႔ ေျပာၾကားထားပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ အလယ္ပိုင္းျပည္နယ္ေတြ ျဖစ္တဲ့ ကြမ္ဘင္၊ ကြမ္ႏိုင္ နဲ႔ ဟာတင့္ေဒသေတြမွာ ေအာက္တိုဘာ ၂၆ ရက္ ညပိုင္းမွ ေအာက္တိုဘာ ၂၈ ရက္ေႏွာင္းပိုင္းအထိ သိသိသာသာ မိုး႐ြာသြန္းႏိုင္တယ္လို႔ National Center for Hydro-meteorological forecasting က သတိေပးထားပါတယ္။ ဒါ့ျပင္ ေျမၿပိဳမႈေတြ အတြက္လည္း ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ဖို႔ အာဏာပိုင္ေတြက တိုက္တြန္းထားပါတယ္။

ထရာမီမုန္တိုင္းေၾကာင့္ ဖိလစ္ပိုင္မွာ အနည္းဆုံး လူ ၇ဝ ထက္မနည္း ေသဆုံးခဲ့ၿပီး လူဦးေရ ၄.၂ သန္းေက်ာ္ မုန္တိုင္ဒဏ္ ခံခဲ့ရပါတယ္။ စိုက္ပ်ိဳးေရးနဲ႔ အေျခခံအေဆာက္အဦမ်ား ပ်က္စီးဆုံးရႈံးမႈေတြကေတာ့ ပီဆို ၂၉၁ သန္း (စင္ကာပူေဒၚလာ ၆.၅ သန္း) ထိ ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.