ဩစတြေးလျနိုင်ငံမှာ အသေးစားလေယာဉ်နှစ်စီး လေထဲမှာ တိုက်မိခဲ့ပြီး လူ(၃)ဦး သေဆုံး
353
Pika (NP News) - အောက်တိုဘာ ၂၇
အောက်တိုဘာလ(၂၆)ရက်က ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အနောက်တောင်ဘက်မှာရှိတဲ့ တောအုပ်တစ်ခုအနီး မှာ အသေးစားလေယာဉ်နှစ်စီး လေထဲမှာတိုက်မိကာ ပျက်ကျခဲ့ပြီးနောက် အမျိုးသား(၃)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်မိမှုဖြစ်ပွားခဲ့ပြီးနောက် ဩစတြေးလျရဲတပ်ဖွဲ့၊ မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ဆစ်ဒနီ မြို့အနောက်တောင်ဘက် (၅၅)မိုင်အကွာမှာရှိတဲ့ အပျက်အစီးနေရာနှစ်ခုကို ချက်ချင်း သွားရောက်ခဲ့ကြတယ်လို့ လည်း သိရပါတယ်။ ပျက်ကျမှုနဲ့အတူ လေယာဉ်တစ်စီးဟာ မီးလောင်ကျွမ်းပြီးပေါက်ကွဲသွားခဲ့တယ်လို့လည်း သိရပါတယ်။
လူနှစ်ဦးကိုသယ်ဆောင်လာတဲ့ Cessna 182 အသေးစားလေယာဉ်ဟာ အနီးမှာရှိတဲ့လေယာဉ်ကွင်းတစ်ခုကနေ ပျံတက်လာပြီး လေယာဉ်မှူးတစ်ဦးသာလိုက်ပါလာတဲ့ အသေးစားလေယာဉ်နဲ့တိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့တာ ဖြစ်တယ်လို့ New South Wales ရဲတပ်ဖွဲ့ ယာယီရဲချုပ်တင်မိုသီကယ်လ်မန်းက အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း သေဆုံးသူတွေနဲ့ပတ်သက်တဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကို သတင်းထုတ်ပြန် တာမျိုးတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။
တင်မိုသီကယ်လ်မန်းက "လေယာဉ်နှစ်စီးတိုက်မိခဲ့ပြီးနောက် အပျက်အစီးတွေ ကောင်းကင်ပေါ်ကနေ ပြုတ်ကျ လာတာကို မျက်မြင်သက်သေတွေက တွေ့ရှိခဲ့ပါတယ်။ပြီးတော့ မျက်မြင်သက်သေတွေဟာ ကူညီကြဖို့ ကြိုးပမ်းခဲ့ ကြပေမယ့်လည်း အခြေအနေအမျိုးမျိုးကြောင့် အများကြီးတော့မကူညီနိုင်ခဲ့ကြပါဘူး" လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တစ်နေရာနဲ့တစ်နေရာ တစ်ကီလိုမီတာအကွာလောက်ရှိတဲ့ ပျက်ကျမှုနှစ်ခုစလုံးမှာ အသက်ရှင်ကျန်ရစ် နိုင်သူမရှိနိုင်ဘူးလို့ တင်မိုသီကယ်လ်မန်းက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ပြီးတော့ တိုက်မိမှုဘာကြောင့် ဖြစ်ပွားရသလဲဆိုတဲ့အချက်ကို ဩစတြေးလျသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဗျူရိုက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ဩစေၾတးလ်ႏိုင္ငံမွာ အေသးစားေလယာဥ္ႏွစ္စီး ေလထဲမွာ တိုက္မိခဲ့ၿပီး လူ(၃)ဦး ေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၂၇
ေအာက္တိုဘာလ(၂၆)ရက္က ဩစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕အေနာက္ေတာင္ဘက္မွာရွိတဲ့ ေတာအုပ္တစ္ခုအနီး မွာ အေသးစားေလယာဥ္ႏွစ္စီး ေလထဲမွာတိုက္မိကာ ပ်က္က်ခဲ့ၿပီးေနာက္ အမ်ိဳးသား(၃)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
တိုက္မိမႈျဖစ္ပြားခဲ့ၿပီးေနာက္ ဩစေၾတးလ်ရဲတပ္ဖြဲ႕၊ မီးသတ္နဲ႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြဟာ ဆစ္ဒနီ ၿမိဳ႕အေနာက္ေတာင္ဘက္ (၅၅)မိုင္အကြာမွာရွိတဲ့ အပ်က္အစီးေနရာႏွစ္ခုကို ခ်က္ခ်င္း သြားေရာက္ခဲ့ၾကတယ္လို႔ လည္း သိရပါတယ္။ ပ်က္က်မႈနဲ႔အတူ ေလယာဥ္တစ္စီးဟာ မီးေလာင္ကြၽမ္းၿပီးေပါက္ကြဲသြားခဲ့တယ္လို႔လည္း သိရပါတယ္။
လူႏွစ္ဦးကိုသယ္ေဆာင္လာတဲ့ Cessna 182 အေသးစားေလယာဥ္ဟာ အနီးမွာရွိတဲ့ေလယာဥ္ကြင္းတစ္ခုကေန ပ်ံတက္လာၿပီး ေလယာဥ္မႉးတစ္ဦးသာလိုက္ပါလာတဲ့ အေသးစားေလယာဥ္နဲ႔တိုက္မိခဲ့ၿပီးေနာက္ ပ်က္က်ခဲ့တာ ျဖစ္တယ္လို႔ New South Wales ရဲတပ္ဖြဲ႕ ယာယီရဲခ်ဳပ္တင္မိုသီကယ္လ္မန္းက အတည္ျပဳေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ေသဆုံးသူေတြနဲ႔ပတ္သက္တဲ့ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို သတင္းထုတ္ျပန္ တာမ်ိဳးေတာ့ မရွိေသးဘူးလို႔လည္း သိရပါတယ္။
တင္မိုသီကယ္လ္မန္းက "ေလယာဥ္ႏွစ္စီးတိုက္မိခဲ့ၿပီးေနာက္ အပ်က္အစီးေတြ ေကာင္းကင္ေပၚကေန ျပဳတ္က် လာတာကို မ်က္ျမင္သက္ေသေတြက ေတြ႕ရွိခဲ့ပါတယ္။ၿပီးေတာ့ မ်က္ျမင္သက္ေသေတြဟာ ကူညီၾကဖို႔ ႀကိဳးပမ္းခဲ့ ၾကေပမယ့္လည္း အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ အမ်ားႀကီးေတာ့မကူညီႏိုင္ခဲ့ၾကပါဘူး" လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တစ္ေနရာနဲ႔တစ္ေနရာ တစ္ကီလိုမီတာအကြာေလာက္ရွိတဲ့ ပ်က္က်မႈႏွစ္ခုစလုံးမွာ အသက္ရွင္က်န္ရစ္ ႏိုင္သူမရွိႏိုင္ဘူးလို႔ တင္မိုသီကယ္လ္မန္းက မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ တိုက္မိမႈဘာေၾကာင့္ ျဖစ္ပြားရသလဲဆိုတဲ့အခ်က္ကို ဩစေၾတးလ်သယ္ယူပို႔ေဆာင္ေရးေဘးကင္းေရးဗ်ဴ႐ိုက စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။