ဒီမိုကရက်တစ်အချို့က မြောက်ကိုရီးယားထက် အမေရိကန်အတွက် ပိုမိုကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဒေါ်နယ်ထရမ့် ဝေဖန်

 186

Pika (NP News) - အောက်တိုဘာ ၂၇

ဒီမိုကရက်တစ်ပါတီအတွင်းမှာရှိတဲ့ ဆိုးသွမ်းတဲ့လူတွေဟာ နိုင်ငံခြားရန်သူတွေထက် အမေရိကန်ကို ခြိမ်းခြောက်မှု ပိုမိုဖြစ်စေတယ်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲက နီးကပ်လာတာနဲ့အမျှ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်နဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်တို့ဟာ တစ်ဦးနဲ့တစ်ဦး ပြင်းထန်တဲ့ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြတုန်းပဲဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အောက်တိုဘာလ(၂၅)ရက်က လုပ်ဆောင်ခဲ့တဲ့ကမ်းပိန်းတစ်ခုအတွင်း ယခုလိုမှတ်ချက်ပြု ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ရမ့်က "မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ ကျွန်တော်တို့နဲ့က ပြဿနာမရှိပါဘူး။ ကျွန်တော့်ရဲ့အမြင်အရတော့ နိုင်ငံအတွင်းက ရန်သူတွေနဲ့အတူ ပိုမိုကြီးမားတဲ့ ပြဿနာရှိနေပါ တယ်။ ကျွန်တော်တို့ နိုင်ငံတွင်းမှာတင် အရမ်းဆိုးတဲ့လူတွေ ရှိနေပါတယ်။ သူတို့တွေက အမေရိကန်ကို မအောင်မြင်အောင်လုပ်ဆောင်နေချင်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကာမာလာဟားရစ်ဟာ ဒေါ်နယ်ထရမ့်ကို ကျန်းမာရေးပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ကာမာလာဟားရစ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ၎င်းရဲ့ဆရာဝန်ဆီကနေယူကာ ထုတ်ပြန်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ကို ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ကာမာလာဟားရစ်က "ကျွန်မရဲ့ပြိုင်ဖက်ဖြစ်တဲ့ဒေါ်နယ်ထရမ့်ဟာ သူဘာတွေလုပ်နေတယ်ဆိုတာကို အမေရိကန် ပြည်သူတွေကိုမမြင်စေချင်ပါဘူး။ ပြီးတော့ သူက သမ္မတဖြစ်ဖို့ သင့်တော်လားဆိုတာကိုလည်း အမေရိကန်ပြည်သူ တွေကို အသိမပေးချင်ပါဘူး။ ဒီနေ့ ကျွန်မရဲ့ဆေးမှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ပြီးပါပြီ။ ဒေါ်နယ်ထရမ့်ကလွဲပြီး သမ္မတလောင်းတိုင်းက ဆေးမှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ကြတာပါ။ ဒါက ဒေါ်နယ်ထရမ့်ရဲ့ပွင့်လင်းမြင်သာမှု မရှိခြင်းရဲ့ နောက်ထပ်ဥပမာတစ်ခုပဲဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဒီမိုကရက္တစ္အခ်ိဳ႕က ေျမာက္ကိုရီးယားထက္ အေမရိကန္အတြက္ ပိုမိုႀကီးမားတဲ့ၿခိမ္းေျခာက္မႈတစ္ခုျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ ေဝဖန္
Pika (NP News) - ေအာက္တိုဘာ ၂၇

ဒီမိုကရက္တစ္ပါတီအတြင္းမွာရွိတဲ့ ဆိုးသြမ္းတဲ့လူေတြဟာ ႏိုင္ငံျခားရန္သူေတြထက္ အေမရိကန္ကို ၿခိမ္းေျခာက္မႈ ပိုမိုျဖစ္ေစတယ္လို႔ ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္က ေဝဖန္ေျပာဆိုလိုက္ပါတယ္။
အေမရိကန္သမၼတေ႐ြးေကာက္ပြဲက နီးကပ္လာတာနဲ႔အမွ် ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္နဲ႔ ၿပိဳင္ဖက္ျဖစ္တဲ့ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္တို႔ဟာ တစ္ဦးနဲ႔တစ္ဦး ျပင္းထန္တဲ့ပုဂၢိဳလ္ေရး တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနၾကတုန္းပဲျဖစ္ပါတယ္။

ေဒၚနယ္ထရမ့္ဟာ ေအာက္တိုဘာလ(၂၅)ရက္က လုပ္ေဆာင္ခဲ့တဲ့ကမ္းပိန္းတစ္ခုအတြင္း ယခုလိုမွတ္ခ်က္ျပဳ ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ေဒၚနယ္ရမ့္က "ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ ကြၽန္ေတာ္တို႔နဲ႔က ျပႆနာမရွိပါဘူး။ ကြၽန္ေတာ့္ရဲ႕အျမင္အရေတာ့ ႏိုင္ငံအတြင္းက ရန္သူေတြနဲ႔အတူ ပိုမိုႀကီးမားတဲ့ ျပႆနာရွိေနပါ တယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံတြင္းမွာတင္ အရမ္းဆိုးတဲ့လူေတြ ရွိေနပါတယ္။ သူတို႔ေတြက အေမရိကန္ကို မေအာင္ျမင္ေအာင္လုပ္ေဆာင္ေနခ်င္ၾကတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းက ကာမာလာဟားရစ္ဟာ ေဒၚနယ္ထရမ့္ကို က်န္းမာေရးပိုင္းဆိုင္ရာတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္အစိုးရဟာ ကာမာလာဟားရစ္ရဲ႕ က်န္းမာေရးနဲ႔ပတ္သက္တဲ့ ၎ရဲ႕ဆရာဝန္ဆီကေနယူကာ ထုတ္ျပန္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ကို ေဝဖန္မႈေတြ ထြက္ေပၚလာခဲ့တာလည္း ျဖစ္ပါတယ္။

ကာမာလာဟားရစ္က "ကြၽန္မရဲ႕ၿပိဳင္ဖက္ျဖစ္တဲ့ေဒၚနယ္ထရမ့္ဟာ သူဘာေတြလုပ္ေနတယ္ဆိုတာကို အေမရိကန္ ျပည္သူေတြကိုမျမင္ေစခ်င္ပါဘူး။ ၿပီးေတာ့ သူက သမၼတျဖစ္ဖို႔ သင့္ေတာ္လားဆိုတာကိုလည္း အေမရိကန္ျပည္သူ ေတြကို အသိမေပးခ်င္ပါဘူး။ ဒီေန႔ ကြၽန္မရဲ႕ေဆးမွတ္တမ္းေတြကို ထုတ္ျပန္ခဲ့ၿပီးပါၿပီ။ ေဒၚနယ္ထရမ့္ကလြဲၿပီး သမၼတေလာင္းတိုင္းက ေဆးမွတ္တမ္းေတြကို ထုတ္ျပန္ခဲ့ၾကတာပါ။ ဒါက ေဒၚနယ္ထရမ့္ရဲ႕ပြင့္လင္းျမင္သာမႈ မရွိျခင္းရဲ႕ ေနာက္ထပ္ဥပမာတစ္ခုပဲျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.