ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတပ်ဆင်ပေးနေတာတွေ ရပ်တန့်ဖို့ အမေရိကန်ကို တရုတ် တိုက်တွန်း

 142

Pika (NP News) - အောက်တိုဘာ ၂၇

ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတပ်ဆင်ပေးနေတာတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်ကို တရုတ်အစိုးရက အောက်တိုဘာလ(၂၆)ရက်မှာ တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂)ဘီလျံနီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေရောင်းချပေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပေးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ(၂၆)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တရုတ်ဘက်က ယခုလိုတိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်ပစ္စည်းတွေရောင်းချမှုဟာ တရုတ်တစ်ပြည်တည်းမူဝါဒကို ပြင်းပြင်းထန် ထန် ချိုးဖောက်နေတာမျိုးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဒီလိုစစ်လက်နက်ပစ္စည်းတွေရောင်းချမှုဟာ တရုတ်ရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးအကျိုးစီးပွားတွေကို ထိခိုက်စေပြီး တရုတ်-အမေရိကန်ဆက်ဆံရေးကို ဆိုးရွားလာစေပါတယ်။ ပြီးတော့ အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းရောင်းချမှုဟာ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေပြီး ထိုင်ဝမ်လွတ်လပ်ရေးခွဲထွက်ရေးတပ်ဖွဲ့တွေဆီကို မှားယွင်းတဲ့သတင်းစကားတွေ ပေးပို့တာမျိုးဖြစ်စေပါတယ်။ တရုတ်အစိုးရဟာ အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်း ရောင်းချမှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် တရုတ်အစိုးရဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာ၊လုံခြုံရေးနဲ့နယ်မြေပိုင်ဆိုင်မှုကို အခိုင်အမာကာကွယ်ဖို့ အတွက် တန်ပြန်အရေးယူမှုတွေနဲ့ လိုအပ်တဲ့လုပ်ရပ်တွေအားလုံးကို ပြတ်ပြတ်သားသားလုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းတပ္ဆင္ေပးေနတာေတြ ရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္ တိုက္တြန္း
Pika (NP News) - ေအာက္တိုဘာ ၂၇

ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းတပ္ဆင္ေပးေနတာေတြ ခ်က္ခ်င္းရပ္တန႔္ဖို႔နဲ႔ ထိုင္ဝမ္ေရလက္ၾကားမွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနတဲ့လုပ္ရပ္ေတြကို ရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္အစိုးရက ေအာက္တိုဘာလ(၂၆)ရက္မွာ တိုက္တြန္းခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ထိုင္ဝမ္ကို အေမရိကန္ေဒၚလာ(၂)ဘီလ်ံနီးပါးတန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြေရာင္းခ်ေပးဖို႔အတြက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳေပးခဲ့တယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ေအာက္တိုဘာလ(၂၆)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က ယခုလိုတိုက္တြန္းခဲ့တာလည္း ျဖစ္ပါတယ္။

ထိုင္ဝမ္ကို အေမရိကန္က စစ္လက္နက္ပစၥည္းေတြေရာင္းခ်မႈဟာ တ႐ုတ္တစ္ျပည္တည္းမူဝါဒကို ျပင္းျပင္းထန္ ထန္ ခ်ိဳးေဖာက္ေနတာမ်ိဳးျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ဒီလိုစစ္လက္နက္ပစၥည္းေတြေရာင္းခ်မႈဟာ တ႐ုတ္ရဲ႕အခ်ဳပ္အျခာအာဏာနဲ႔လုံၿခဳံေရးအက်ိဳးစီးပြားေတြကို ထိခိုက္ေစၿပီး တ႐ုတ္-အေမရိကန္ဆက္ဆံေရးကို ဆိုး႐ြားလာေစပါတယ္။ ၿပီးေတာ့ အေမရိကန္ရဲ႕စစ္လက္နက္ပစၥည္းေရာင္းခ်မႈဟာ ထိုင္ဝမ္ေရလက္ၾကားမွာ ၿငိမ္းခ်မ္းေရး နဲ႔ တည္ၿငိမ္ေရးကို အေႏွာင့္အယွက္ျဖစ္ေစၿပီး ထိုင္ဝမ္လြတ္လပ္ေရးခြဲထြက္ေရးတပ္ဖြဲ႕ေတြဆီကို မွားယြင္းတဲ့သတင္းစကားေတြ ေပးပို႔တာမ်ိဳးျဖစ္ေစပါတယ္။ တ႐ုတ္အစိုးရဟာ အေမရိကန္ရဲ႕စစ္လက္နက္ပစၥည္း ေရာင္းခ်မႈေတြကို ျပင္းျပင္းထန္ထန္ရႈတ္ခ်ၿပီး ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနတဲ့လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔ ေတာင္းဆိုထားပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ တ႐ုတ္အစိုးရဟာ ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာ၊လုံၿခဳံေရးနဲ႔နယ္ေျမပိုင္ဆိုင္မႈကို အခိုင္အမာကာကြယ္ဖို႔ အတြက္ တန္ျပန္အေရးယူမႈေတြနဲ႔ လိုအပ္တဲ့လုပ္ရပ္ေတြအားလုံးကို ျပတ္ျပတ္သားသားလုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.