ဒေါ်နယ်ထရမ့် အနိုင်ရစေရန် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်က အမေရိကန်ဒေါ်လာ (၄၄) သန်း ထပ်မံ ကူညီပေး

 86

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၇

အမေရိကန်သမ္မတ ရွေးကောက်ပွဲနီးကပ်လာနေချိန်တွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိနေရာ ကမ္ဘာကျော် ဘီလျံနာ အီလွန်မတ်စ်က ဒေါ်နယ်ထရမ့်ကို လိုလားပြီး မဲဆွယ်စည်းရုံးပေးနေသည့် အဖွဲ့များအတွက် အောက်တို ဘာလ ပထမသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ (၄၄) သန်း ကူညီထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

အီလွန်မတ်စ်သည် ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် သမ္မတလောင်းဒေါ်နယ်ထရမ့် ကိုလိုလား ထောက်ခံသူဖြစ်ရာ ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပေးနေသကဲ့သို့ ငွေကြေးကူညီထောက်ပံ့ပေးနေ ကြောင်း သိရသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သော အီလွန်မတ်စ်သည် ပြီးခဲ့သော ဇူလိုင်လမှ စက်တင်ဘာလအထိ ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပေးနေသည့်အဖွဲ့အစည်းများအတွက် အမေရိကန် ဒေါ်လာ (၇၅) သန်းပေးခဲ့ကြောင်း သိရသည်။ အီလွန်မတ်စ်သည် ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပေးနေ သည့်အဖွဲ့များတွင် အဓိကအဖွဲ့အစည်းအဖြစ်ပါဝင်နေသည့် America PAC အဖွဲ့ကိုလည်းငွေကြေး သန်းချီပေးခဲ့ ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံး ပေးနေသောအဖွဲ့အစည်းက အောက်တိုဘာလဝက်အတွင်း မဲဆွယ် စည်းရုံးရေးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ (၈၈) သန်း သုံးစွဲခဲ့ကြောင်း ပြောဆိုထားသည်။ ထို့ပြင် မဲဆွယ် စည်းရုံးရေး ရန်ပုံငွေအဖြစ်ရရှိ ထားသည့် အမေရိကန်ဒေါ်လာ(၃၆)သန်းကို ဘဏ်ထဲတွင်ထည့်ထားကြောင်း ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပေးနေသည့်အဖွဲ့ကပြောသည်။ ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပေး နေသောအဖွဲ့အစည်းသည် ရွေးကောက်ပွဲကော်မရှင်ထံ မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်ပြီး ရငွေ၊ သုံးငွေများကို တင်ပြခဲ့ကြောင်း သိရသည်။

ကာမလာဟားရစ်အတွက် မဲဆွယ်စည်းရုံးပေး နေသောအဖွဲ့သည် လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကော်မရှင် ထံ ရငွေ၊ သုံးငွေများကို အသေးစိတ် တင်ပြခြင်းမျိုးမရှိသေးကြောင်းသိရသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲ သည် လာမည့်နိုဝင်ဘာ (၅) ရက်တွင် ကျင်းပမည်ဖြစ်ရာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုပြီး သမ္မတဟောင်း ဒေါ်နယ် ထရမ့်က ယှဉ်ပြိုင်မည်ဖြစ်သကဲ့သို့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး လက်ရှိဒုတိယသမ္မတ ကာမလာဟားရစ်က ယှဉ်ပြိုင်မည်ဖြစ်ရာ အကြိတ်အနယ်မဲဆွယ်စည်းရုံးနေကြောင်း သိရသည်။

Zawgyi Version;
ေဒၚနယ္ထရမ့္ အႏိုင္ရေစရန္ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္စ္က အေမရိကန္ေဒၚလာ (၄၄) သန္း ထပ္မံ ကူညီေပး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၇

အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲနီးကပ္လာေနခ်ိန္တြင္ ၿပိဳင္ဆိုင္မႈမ်ား ျပင္းထန္လ်က္ရွိေနရာ ကမာၻေက်ာ္ ဘီလ်ံနာ အီလြန္မတ္စ္က ေဒၚနယ္ထရမ့္ကို လိုလားၿပီး မဲဆြယ္စည္း႐ုံးေပးေနသည့္ အဖြဲ႕မ်ားအတြက္ ေအာက္တို ဘာလ ပထမသီတင္းပတ္အတြင္း အေမရိကန္ေဒၚလာ (၄၄) သန္း ကူညီေထာက္ပံ့ေပး ခဲ့ေၾကာင္း သိရသည္။

အီလြန္မတ္စ္သည္ ရီပတ္ဘလီကန္ပါတီ ကိုယ္စားျပဳယွဥ္ၿပိဳင္မည့္ သမၼတေလာင္းေဒၚနယ္ထရမ့္ ကိုလိုလား ေထာက္ခံသူျဖစ္ရာ ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံးေပးေနသကဲ့သို႔ ေငြေၾကးကူညီေထာက္ပံ့ေပးေန ေၾကာင္း သိရသည္။ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္တစ္ဦးျဖစ္ေသာ အီလြန္မတ္စ္သည္ ၿပီးခဲ့ေသာ ဇူလိုင္လမွ စက္တင္ဘာလအထိ ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံးေပးေနသည့္အဖြဲ႕အစည္းမ်ားအတြက္ အေမရိကန္ ေဒၚလာ (၇၅) သန္းေပးခဲ့ေၾကာင္း သိရသည္။ အီလြန္မတ္စ္သည္ ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံးေပးေန သည့္အဖြဲ႕မ်ားတြင္ အဓိကအဖြဲ႕အစည္းအျဖစ္ပါဝင္ေနသည့္ America PAC အဖြဲ႕ကိုလည္းေငြေၾကး သန္းခ်ီေပးခဲ့ ေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံး ေပးေနေသာအဖြဲ႕အစည္းက ေအာက္တိုဘာလဝက္အတြင္း မဲဆြယ္ စည္း႐ုံးေရးရန္ပုံေငြအျဖစ္ အေမရိကန္ေဒၚလာ (၈၈) သန္း သုံးစြဲခဲ့ေၾကာင္း ေျပာဆိုထားသည္။ ထို႔ျပင္ မဲဆြယ္ စည္း႐ုံးေရး ရန္ပုံေငြအျဖစ္ရရွိ ထားသည့္ အေမရိကန္ေဒၚလာ(၃၆)သန္းကို ဘဏ္ထဲတြင္ထည့္ထားေၾကာင္း ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံးေပးေနသည့္အဖြဲ႕ကေျပာသည္။ ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္စည္း႐ုံးေပး ေနေသာအဖြဲ႕အစည္းသည္ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ မဲဆြယ္စည္း႐ုံးေရးႏွင့္ပတ္သက္ၿပီး ရေငြ၊ သုံးေငြမ်ားကို တင္ျပခဲ့ေၾကာင္း သိရသည္။

ကာမလာဟားရစ္အတြက္ မဲဆြယ္စည္း႐ုံးေပး ေနေသာအဖြဲ႕သည္ လက္ရွိအခ်ိန္တြင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ထံ ရေငြ၊ သုံးေငြမ်ားကို အေသးစိတ္ တင္ျပျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ သည္ လာမည့္ႏိုဝင္ဘာ (၅) ရက္တြင္ က်င္းပမည္ျဖစ္ရာ ရီပတ္ဘလီကန္ပါတီ ကိုယ္စားျပဳၿပီး သမၼတေဟာင္း ေဒၚနယ္ ထရမ့္က ယွဥ္ၿပိဳင္မည္ျဖစ္သကဲ့သို႔ ဒီမိုကရက္တစ္ပါတီ ကိုယ္စားျပဳၿပီး လက္ရွိဒုတိယသမၼတ ကာမလာဟားရစ္က ယွဥ္ၿပိဳင္မည္ျဖစ္ရာ အႀကိတ္အနယ္မဲဆြယ္စည္း႐ုံးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.