ရုရှား နှင့် တရုတ်တို့ ဦးဆောင်နေသော BRICSBRICS အဖွဲ့၏ မိတ်ဖက်အသစ်နိုင်ငံများစာရင်းတွင် အာဆီယံဒေသမှ နိုင်ငံ (၄)နိုင်ငံ ပါဝင်လာ

 109

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၇

မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် ရုရှားနှင့် တရုတ်နိုင်ငံတို့ ဦးဆောင်နေသော BRICS အဖွဲ့၏ မိတ်ဖက်အသစ်နိုင်ငံများ ဖြစ်လာခဲ့ကြောင်းသိရသည်။ BRICS အဖွဲ့သည် မိတ်ဖက်အသစ်နိုင်ငံများ အဖြစ် ခွင့်ပြုခဲ့သော နိုင်ငံပေါင်း (၁၃) နိုင်ငံ စာရင်းကို အောက်တိုဘာ (၂၅) ရက်က ထုတ်ပြန်ကြေညာခဲ့ရာ မလေးရှား၊ အင်ဒို နီးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အပြင် အယ်ဂျီးရီးယား၊ ဘီလာရုစ်၊ ကျူးဘား၊ ကာဇက်စတန်၊ နိုင်ဂျီးရီးယား၊ တူရကီ ၊ ယူဂန်ဒါ၊ ဥဇဘက် ကစ္စတန် နိုင်ငံတို့လည်း ပါဝင်ခဲ့ကြောင်းသိရသည်။

အဆိုပါ အဖွဲ့ကို (၂၀ဝ၆) ခုနှစ်တွင် ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံ၊ ဘရာဇီးနိုင်ငံတို့က ဦးဆောင်ဖွဲ့ စည်းခဲ့ပြီး (၂၀၁၀) ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ ပူးပေါင်းပါဝင်လာခဲ့ပြီး အီသီယိုးပီးယား၊ အီရန်၊ ယူအေအီး နိုင်ငံတို့သည် လည်း BRICS အဖွဲ့ ဝင်နိုင်ငံများအဖြစ် ပူးပေါင်းပါဝင်လျက်ရှိနေကြောင်း သိရသည်။ BRICS အဖွဲ့သည် ကမ္ဘာ့စီးပွား ရေးကို အဓိကထားမည့် အဖွဲ့အစည်းဖြစ်ရာ အဖွဲ့ဝင်နိုင်ငံ အားလုံး၏ စီးပွားရေးစုစုပေါင်းက ကမ္ဘာ့စီးပွားရေး ၏ (၂၈) ရာခိုင်နှုန်းရှိနေကြောင်းသိရသည်။

နှစ်စဉ်ကျင်းပလေ့ရှိသော BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ ကာဇန်မြို့တွင် အောက်တိုဘာ(၂၂) ရက်မှ (၂၄)ရက်အထိ ကျင်းပခဲ့ကြောင်းသိရသည်။ BRICS အဖွဲ့သည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စု နိုင်ငံများ၏ ကမ္ဘာကြီးကို လွှမ်းမိုးရန်ကြိုးပမ်းမှုများကို တုံ့ပြန်ရန် ရည်ရွယ်ထားသည့် အဖွဲ့စည်းတစ်ခုဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ‘‘မ‌လေးရှား နိုင်ငံဟာ BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပိုမိုကောင်း မွန်တဲ့ ဆက်ဆံရေးတည်ဆောက်သွားမယ်လို့ ကတိပြုပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ခက်ခဲရှုပ်ထွေးမှု တွေရှိနေချိန်မှာ BRICS အဖွဲ့ဝင်ရဲ့ မိတ်ဖက်နိုင်ငံ အသစ်ဖြစ်လာတာကို ဝမ်းသာမိပါတယ်။ ဒီလိုမျိုး မိတ်ဖက်အသစ် ဖြစ်လာတာကြောင့် မလေးရှားနိုင်ငံဟာ စီးပွားရေးအခွင့်လမ်းအသစ်တွေ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ရယူနိုင်ဖို့ လမ်းကြောင်း ပွင့်သွားမှာ ဖြစ်ပါတယ်’’ဟု ပြောသည်။

Zawgyi Version;
႐ုရွား ႏွင့္ တ႐ုတ္တို႔ ဦးေဆာင္ေနေသာ BRICSBRICS အဖြဲ႕၏ မိတ္ဖက္အသစ္ႏိုင္ငံမ်ားစာရင္းတြင္ အာဆီယံေဒသမွ ႏိုင္ငံ (၄)ႏိုင္ငံ ပါဝင္လာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၇

မေလးရွား၊ အင္ဒိုနီးရွား၊ ဗီယက္နမ္ႏွင့္ ထိုင္းႏိုင္ငံတို႔သည္ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔ ဦးေဆာင္ေနေသာ BRICS အဖြဲ႕၏ မိတ္ဖက္အသစ္ႏိုင္ငံမ်ား ျဖစ္လာခဲ့ေၾကာင္းသိရသည္။ BRICS အဖြဲ႕သည္ မိတ္ဖက္အသစ္ႏိုင္ငံမ်ား အျဖစ္ ခြင့္ျပဳခဲ့ေသာ ႏိုင္ငံေပါင္း (၁၃) ႏိုင္ငံ စာရင္းကို ေအာက္တိုဘာ (၂၅) ရက္က ထုတ္ျပန္ေၾကညာခဲ့ရာ မေလးရွား၊ အင္ဒို နီးရွား၊ ဗီယက္နမ္ႏွင့္ ထိုင္းႏိုင္ငံတို႔အျပင္ အယ္ဂ်ီးရီးယား၊ ဘီလာ႐ုစ္၊ က်ဴးဘား၊ ကာဇက္စတန္၊ ႏိုင္ဂ်ီးရီးယား၊ တူရကီ ၊ ယူဂန္ဒါ၊ ဥဇဘက္ ကစၥတန္ ႏိုင္ငံတို႔လည္း ပါဝင္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ အဖြဲ႕ကို (၂၀ဝ၆) ခုႏွစ္တြင္ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ႏိုင္ငံ၊ ဘရာဇီးႏိုင္ငံတို႔က ဦးေဆာင္ဖြဲ႕ စည္းခဲ့ၿပီး (၂၀၁၀) ျပည့္ႏွစ္တြင္ ေတာင္အာဖရိကႏိုင္ငံ ပူးေပါင္းပါဝင္လာခဲ့ၿပီး အီသီယိုးပီးယား၊ အီရန္၊ ယူေအအီး ႏိုင္ငံတို႔သည္ လည္း BRICS အဖြဲ႕ ဝင္ႏိုင္ငံမ်ားအျဖစ္ ပူးေပါင္းပါဝင္လ်က္ရွိေနေၾကာင္း သိရသည္။ BRICS အဖြဲ႕သည္ ကမာၻ႔စီးပြား ေရးကို အဓိကထားမည့္ အဖြဲ႕အစည္းျဖစ္ရာ အဖြဲ႕ဝင္ႏိုင္ငံ အားလုံး၏ စီးပြားေရးစုစုေပါင္းက ကမာၻ႔စီးပြားေရး ၏ (၂၈) ရာခိုင္ႏႈန္းရွိေနေၾကာင္းသိရသည္။

ႏွစ္စဥ္က်င္းပေလ့ရွိေသာ BRICS အဖြဲ႕ ထိပ္သီးအစည္းအေဝးကို ႐ုရွားႏိုင္ငံ ကာဇန္ၿမိဳ႕တြင္ ေအာက္တိုဘာ(၂၂) ရက္မွ (၂၄)ရက္အထိ က်င္းပခဲ့ေၾကာင္းသိရသည္။ BRICS အဖြဲ႕သည္ အေမရိကန္ဦးေဆာင္ေသာ အေနာက္အုပ္စု ႏိုင္ငံမ်ား၏ ကမာၻႀကီးကို လႊမ္းမိုးရန္ႀကိဳးပမ္းမႈမ်ားကို တုံ႔ျပန္ရန္ ရည္႐ြယ္ထားသည့္ အဖြဲ႕စည္းတစ္ခုျဖစ္ေၾကာင္း သိရသည္။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ‘‘မ‌ေလးရွား ႏိုင္ငံဟာ BRICS အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ပိုမိုေကာင္း မြန္တဲ့ ဆက္ဆံေရးတည္ေဆာက္သြားမယ္လို႔ ကတိျပဳပါတယ္။ ကမာၻ႔စီးပြားေရးဟာ ခက္ခဲရႈပ္ေထြးမႈ ေတြရွိေနခ်ိန္မွာ BRICS အဖြဲ႕ဝင္ရဲ႕ မိတ္ဖက္ႏိုင္ငံ အသစ္ျဖစ္လာတာကို ဝမ္းသာမိပါတယ္။ ဒီလိုမ်ိဳး မိတ္ဖက္အသစ္ ျဖစ္လာတာေၾကာင့္ မေလးရွားႏိုင္ငံဟာ စီးပြားေရးအခြင့္လမ္းအသစ္ေတြ ရင္းႏွီးျမႇဳပ္ႏွံမႈ အသစ္ေတြ ရယူႏိုင္ဖို႔ လမ္းေၾကာင္း ပြင့္သြားမွာ ျဖစ္ပါတယ္’’ဟု ေျပာသည္။

Related news

© 2021. All rights reserved.