အစ္စရေးက အီရန်နိုင်ငံရဲ့နျူကလီးယားနဲ့ဒုံးကျည်စမ်းသပ်ရာနေရာတွေကို အဓိကထား တိုက်ခိုက်ခဲ့ဟု သုတေသီတွေပြော
1302
ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၇
အမေရိကန်သုတေသီတွေက အစ္စရေးနိုင်ငံဟာ အောက်တိုဘာ ၂၆ ရက်က အီရန်နိုင်ငံကို တိုက်ခိုက်ချိန်အတွင်း အီရန်ရဲ့နျူကလီးယားစမ်းသပ်ရာအဆောက်အဦးဟောင်းနဲ့ ဒုံးကျည်စမ်းသပ်ရာအဆောက်အဦးဟောင်းတွေကို အဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
ဂြိုလ်တုကတဆင့် ဓါတ်ပုံတွေကို ကြည့်ခဲ့ပြီးနောက်ကုလသမဂ္ဂ စုံစမ်းရေးအရာရှိဟောင်းဒေးဗစ် အော်ရိုက်က နေရာတွေကို အတိအကျပြောခဲ့တာဖြစ်ပါတယ်။ အစ္စရေးဟာ တီဟီရန်မြို့အနီးက ပါချင်အရပ်ဒေသက အဆောက် အဦးနဲ့ တီဟီရန်မြို့အနီးက ဒုံးကျည်ထုတ်လုပ်ရာနေရာတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမေရိကန် သုတေသီတစ်ဦးဖြစ်တဲ့ အီဗီလက်စ်က ထပ်မံပြောဆိုခဲ့ပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံရဲ့ဒုံးကျည်အများပြား ထုတ်လုပ်နိုင်မှုပိုင်းအနည်းငယ်သာ ထိခိုက်နိုင်ဖွယ် ရှိနေကြောင်း အမေရိကန်သုတေသီတွေက ပြောပါတယ်။ အစ္စရေးက ၎င်းတို့ဟာ အီရန်နိုင်ငံက အောက်တိုဘာ ၁ ရက်မှာ ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် တီဟီရန်မြို့ နဲ့ အီရန်နိုင်ငံအနောက်ပိုင်းရှိ ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံတွေကို ဂျက်တိုက်လေယာဉ်တွေနဲ သုံးကျော့တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် အစ္စရေးစစ်လေယာဉ်တွေဟာ တီဟီရန်မြို့ အပါအဝင် ဒေသသုံးခုရှိ ရေဒါစနစ်တွေကိုလည်း တိုက်ခိုက်ခဲ့ ကြောင်း သိရပါတယ်။ အစ္စရေးနိုင်ငံရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကို အီရန်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေက စိတ်ဆိုးဒေါသဖြစ်နေပြီး ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်၊ ဂျာမနီ နဲ့ ဗြိတိန် နိုင်ငံတို့က အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်တာတွေ မလုပ်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ အီရန် နဲ့ အစ္စရေးတို့ဟာ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးကြောင်း သိရပါတယ်။
Zawgyi Version;
အစၥေရးက အီရန္ႏိုင္ငံရဲ႕န်ဴကလီးယားနဲ႔ဒုံးက်ည္စမ္းသပ္ရာေနရာေတြကို အဓိကထား တိုက္ခိုက္ခဲ့ဟု သုေတသီ ေတြေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၇
အေမရိကန္သုေတသီေတြက အစၥေရးႏိုင္ငံဟာ ေအာက္တိုဘာ ၂၆ ရက္က အီရန္ႏိုင္ငံကို တိုက္ခိုက္ခ်ိန္အတြင္း အီရန္ရဲ႕န်ဴကလီးယားစမ္းသပ္ရာအေဆာက္အဦးေဟာင္းနဲ႔ ဒုံးက်ည္စမ္းသပ္ရာအေဆာက္အဦးေဟာင္းေတြကို အဓိကထားတိုက္ခိုက္ခဲ့ျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။
ၿဂိဳလ္တုကတဆင့္ ဓါတ္ပုံေတြကို ၾကည့္ခဲ့ၿပီးေနာက္ကုလသမဂၢ စုံစမ္းေရးအရာရွိေဟာင္းေဒးဗစ္ ေအာ္႐ိုက္က ေနရာေတြကို အတိအက်ေျပာခဲ့တာျဖစ္ပါတယ္။ အစၥေရးဟာ တီဟီရန္ၿမိဳ႕အနီးက ပါခ်င္အရပ္ေဒသက အေဆာက္ အဦးနဲ႔ တီဟီရန္ၿမိဳ႕အနီးက ဒုံးက်ည္ထုတ္လုပ္ရာေနရာေတြကို တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ အေမရိကန္ သုေတသီတစ္ဦးျဖစ္တဲ့ အီဗီလက္စ္က ထပ္မံေျပာဆိုခဲ့ပါတယ္။
အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ အီရန္ႏိုင္ငံရဲ႕ဒုံးက်ည္အမ်ားျပား ထုတ္လုပ္ႏိုင္မႈပိုင္းအနည္းငယ္သာ ထိခိုက္ႏိုင္ဖြယ္ ရွိေနေၾကာင္း အေမရိကန္သုေတသီေတြက ေျပာပါတယ္။ အစၥေရးက ၎တို႔ဟာ အီရန္ႏိုင္ငံက ေအာက္တိုဘာ ၁ ရက္မွာ ျပဳလုပ္ခဲ့တဲ့တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္မႈအျဖစ္ တီဟီရန္ၿမိဳ႕ နဲ႔ အီရန္ႏိုင္ငံအေနာက္ပိုင္းရွိ ဒုံးက်ည္ ထုတ္လုပ္ေရးစက္႐ုံေတြကို ဂ်က္တိုက္ေလယာဥ္ေတြနဲ သုံးေက်ာ့တိုက္ခိုက္ခဲ့ေၾကာင္း ေျပာပါတယ္။
ဒါ့အျပင္ အစၥေရးစစ္ေလယာဥ္ေတြဟာ တီဟီရန္ၿမိဳ႕ အပါအဝင္ ေဒသသုံးခုရွိ ေရဒါစနစ္ေတြကိုလည္း တိုက္ခိုက္ခဲ့ ေၾကာင္း သိရပါတယ္။ အစၥေရးႏိုင္ငံရဲ႕လက္တုံ႔ျပန္တိုက္ခိုက္မႈကို အီရန္ႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြက စိတ္ဆိုးေဒါသျဖစ္ေနၿပီး ေဝဖန္ျပစ္တင္ခဲ့ေၾကာင္းသိရပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္၊ ဂ်ာမနီ နဲ႔ ၿဗိတိန္ ႏိုင္ငံတို႔က အီရန္ကို လက္တုံ႔ျပန္တိုက္ခိုက္တာေတြ မလုပ္ဖို႔ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။ အီရန္ နဲ႔ အစၥေရးတို႔ဟာ ၿပီးခဲ့တဲ့ဧၿပီလတုန္းကလည္း ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး အျပန္အလွန္ပစ္ခတ္တိုက္ခိုက္ခဲ့ဖူးေၾကာင္း သိရပါတယ္။