အီလွန်မက်ခ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်အတွင်း အမေရိကန်မှာ တရားမဝင် အလုပ်လုပ်ကိုင်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းဌာနက ထုတ်ဖော်

 683

ရောင်နီ (NP News) - အောက်တိုဘာ ၂၈

တောင်အာဖရိကနွယ်ဖွား ဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အီလွန်မက်ခ်ဟာ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အမေရိကန်မှာ တရားမဝင် ကုမ္ပဏီတစ်ခု တည်ဆောက်ပြီး အလုပ်လုပ်ကိုင်ခဲ့တယ်လို့ အမေရိကန်သတင်းဌာန တစ်ခုဖြစ်တဲ့ Washington Post က စနေနေ့ (အောက်တိုဘာ ၂၆ ရက်) မှာ ဖော်ပြခဲ့ပါတယ်။

မက်ခ်ဟာ ၁၉၉၅ ခုနှစ်က Stanford တက္ကသိုလ်မှာ ကျောင်းတက်ဖို့ အမေရိကန်ကို ရောက်လာခဲ့ပေမယ့် အတန်း အတွက် နာမည်စာရင်းမပေးပဲ ကုမ္ပဏီထောင်ခဲ့တယ်လို့ သိရပါတယ်။ မက်ခ်ဟာ ၁၉၉၉ ခုနှစ်မှာ ဒေါ်လာသန်း ၃၀၀ ဝန်းကျင်နဲ့ ဆော့ဖ်ဝဲကုမ္ပဏီ Zip2 ကို စတင်တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် "ကျောင်းသားတစ်ဦးအနေနဲ့ တရားဝင် အလုပ်ခွင့်ပြုချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မက်ခ်ဟာ တက္ကသိုလ်မှာ စာရင်းသွင်းဖို့ လိုအပ်ပါ တယ်" လို့ လူဝင်မှုကြီးကြပ်ရေးဥပဒေကျွမ်းကျင်သူနှစ်ဦးက ဆိုပါတယ်။

မက်ခ်ကတော့ "ကျွန်တော် ဒီနေရာကို တရားဝင်ရောက်လာတာပါ၊ ကျောင်းတတ်ရင်းနဲ့ အလုပ်လုပ်ခွင့် ရခဲ့တယ်" လို့ ၂၀၂၀ ပြည့်နှစ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကုမ္ပဏီလေးခုဖြစ်တဲ့ SpaceX၊ Tesla၊ ဆိုရှယ်မီဒီယာကုမ္ပဏီ X နဲ့ The Boring ကုမ္ပဏီဆီပေးပို့တဲ့မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို မက်ခ် က တုံ့ပြန်ခြင်းမရှိပါဘူး။

မက်ခ်ဟာ နိုဝင်ဘာလ ၅ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရန့်ကို ထောက်ခံထားသူဖြစ်ပါတယ်။

Zawgyi Version;
အီလြန္မက္ခ္ဟာ ၁၉၉၀ ျပည့္လြန္ႏွစ္အတြင္း အေမရိကန္မွာ တရားမဝင္ အလုပ္လုပ္ကိုင္ခဲ့တယ္လို႔ ဝါရွင္တန္ပို႔စ္ သတင္းဌာနက ထုတ္ေဖာ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၈

ေတာင္အာဖရိကႏြယ္ဖြား ဘီလ်ံနာစီးပြားေရးလုပ္ငန္းရွင္ အီလြန္မက္ခ္ဟာ ၁၉၉၀ ျပည့္ႏွစ္ေတြအတြင္း အေမရိကန္မွာ တရားမဝင္ ကုမၸဏီတစ္ခု တည္ေဆာက္ၿပီး အလုပ္လုပ္ကိုင္ခဲ့တယ္လို႔ အေမရိကန္သတင္းဌာန တစ္ခုျဖစ္တဲ့ Washington Post က စေနေန႔ (ေအာက္တိုဘာ ၂၆ ရက္) မွာ ေဖာ္ျပခဲ့ပါတယ္။

မက္ခ္ဟာ ၁၉၉၅ ခုႏွစ္က Stanford တကၠသိုလ္မွာ ေက်ာင္းတက္ဖို႔ အေမရိကန္ကို ေရာက္လာခဲ့ေပမယ့္ အတန္း အတြက္ နာမည္စာရင္းမေပးပဲ ကုမၸဏီေထာင္ခဲ့တယ္လို႔ သိရပါတယ္။ မက္ခ္ဟာ ၁၉၉၉ ခုႏွစ္မွာ ေဒၚလာသန္း ၃၀၀ ဝန္းက်င္နဲ႔ ေဆာ့ဖ္ဝဲကုမၸဏီ Zip2 ကို စတင္တည္ေထာင္ခဲ့ပါတယ္။ ဒါေပမယ့္ "ေက်ာင္းသားတစ္ဦးအေနနဲ႔ တရားဝင္ အလုပ္ခြင့္ျပဳခ်က္ကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ မက္ခ္ဟာ တကၠသိုလ္မွာ စာရင္းသြင္းဖို႔ လိုအပ္ပါ တယ္" လို႔ လူဝင္မႈႀကီးၾကပ္ေရးဥပေဒကြၽမ္းက်င္သူႏွစ္ဦးက ဆိုပါတယ္။

မက္ခ္ကေတာ့ "ကြၽန္ေတာ္ ဒီေနရာကို တရားဝင္ေရာက္လာတာပါ၊ ေက်ာင္းတတ္ရင္းနဲ႔ အလုပ္လုပ္ခြင့္ ရခဲ့တယ္" လို႔ ၂၀၂၀ ျပည့္ႏွစ္က အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူ႔ကုမၸဏီေလးခုျဖစ္တဲ့ SpaceX၊ Tesla၊ ဆိုရွယ္မီဒီယာကုမၸဏီ X နဲ႔ The Boring ကုမၸဏီဆီေပးပို႔တဲ့မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို မက္ခ္ က တုံ႔ျပန္ျခင္းမရွိပါဘူး။

မက္ခ္ဟာ ႏိုဝင္ဘာလ ၅ ရက္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလစ္ကန္သမၼတေလာင္းအျဖစ္ ေဒၚနယ္ထရန႔္ကို ေထာက္ခံထားသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.