အမေရိကန်နိုင်ငံမှာ ရည်းစားကို ခရီးဆောင်အိတ်ထဲ နာရီပေါင်းများစွာ ပိတ်လှောင်သေဆုံးစေမှုကြောင့် အမျိုးသမီးတစ်ဦးကို ဒုတိယအဆင့် လူသတ်မှုနဲ့တရားစွဲ

 942

ရောင်နီ (NP News) - အောက်တိုဘာ ၂၈

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ အမျိုးသမီးတစ်ဦးက ရည်းစားဖြစ်သူကို ခရီးဆောင် လက်ဆွဲအိတ်ထဲ နာရီများစွာကြာ ပိတ်လှောင်ပြီး သေဆုံးစေမှုကြောင့် ဒုတိယအဆင့် လူသတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတာ်။

အခင်းဟာ ၂၀၂၀ ခုနှစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ သောကြာနေ့(အောက်တိုဘာ ၂၅ ရက်) မှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အခု အသက် ၄၇ နှစ်ရှိနေပြီဖြစ်တဲ့ ဆာရက်ဘိုနီ အမည်ရှိ အမျိုးသမီးဟာ ၂၀၂၀ ပြည့်နှစ်က သူမရဲ့ရည်းစား ဖြစ်သူ ဂျော့တောရက်စ် ၄၂ နှစ်နဲ့ "hide-and-seek" ဂိမ်းကို ကစားရင်း ရည်းစားက ခရီးဆောင်အိတ်ထဲ ဝင်ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။ "တရားခွင်အတွင်း တင်ပြခဲ့တဲ့ အထောက်အထားတွေထဲမှာ ဘိုနီရဲ့ဖုန်းထဲမှာ တောရက်စ်က အသက်ရူ မဝတော့တာကြောင့် အိတ်ကို ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဘိုနီက ဖွင့်မပေးပဲ ငြင်းဆိုနေခဲ့တာပါ။

ဒါအပြင် ဘိုနီဟာ "Battered Spouse Syndrome" ဆိုတဲ့ ဝေဒနာကိုလည်း ခံစားနေရပြီး တောရက်စ် ကို သူ့ဘာသာ ခရီးဆောင်အိတ်ထဲက ထွက်နိုင်တယ်လို့ ထင်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ အမှုကတော့ ဆက်လက်စစ်ဆေးနေတုန်းဖြစ်တာကြောင့် ပြစ်ဒဏ်ကိုတော့ မသိရသေးပါဘူး။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ ရည္းစားကို ခရီးေဆာင္အိတ္ထဲ နာရီေပါင္းမ်ားစြာ ပိတ္ေလွာင္ေသဆုံးေစမႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးကို ဒုတိယအဆင့္ လူသတ္မႈနဲ႔တရားစြဲ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၈

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္မွာ အမ်ိဳးသမီးတစ္ဦးက ရည္းစားျဖစ္သူကို ခရီးေဆာင္ လက္ဆြဲအိတ္ထဲ နာရီမ်ားစြာၾကာ ပိတ္ေလွာင္ၿပီး ေသဆုံးေစမႈေၾကာင့္ ဒုတိယအဆင့္ လူသတ္မႈနဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ပါတာ္။

အခင္းဟာ ၂၀၂၀ ခုႏွစ္က ျဖစ္ပြားခဲ့တာျဖစ္ၿပီး ၂၀၂၄ ခုႏွစ္၊ ေသာၾကာေန႔(ေအာက္တိုဘာ ၂၅ ရက္) မွာ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ အခု အသက္ ၄၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဆာရက္ဘိုနီ အမည္ရွိ အမ်ိဳးသမီးဟာ ၂၀၂၀ ျပည့္ႏွစ္က သူမရဲ႕ရည္းစား ျဖစ္သူ ေဂ်ာ့ေတာရက္စ္ ၄၂ ႏွစ္နဲ႔ "hide-and-seek" ဂိမ္းကို ကစားရင္း ရည္းစားက ခရီးေဆာင္အိတ္ထဲ ဝင္ပုန္းေအာင္းေနခဲ့တာျဖစ္ပါတယ္။ "တရားခြင္အတြင္း တင္ျပခဲ့တဲ့ အေထာက္အထားေတြထဲမွာ ဘိုနီရဲ႕ဖုန္းထဲမွာ ေတာရက္စ္က အသက္႐ူ မဝေတာ့တာေၾကာင့္ အိတ္ကို ဖြင့္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ဘိုနီက ဖြင့္မေပးပဲ ျငင္းဆိုေနခဲ့တာပါ။

ဒါအျပင္ ဘိုနီဟာ "Battered Spouse Syndrome" ဆိုတဲ့ ေဝဒနာကိုလည္း ခံစားေနရၿပီး ေတာရက္စ္ ကို သူ႔ဘာသာ ခရီးေဆာင္အိတ္ထဲက ထြက္ႏိုင္တယ္လို႔ ထင္ခဲ့ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။ အမႈကေတာ့ ဆက္လက္စစ္ေဆးေနတုန္းျဖစ္တာေၾကာင့္ ျပစ္ဒဏ္ကိုေတာ့ မသိရေသးပါဘူး။

Related news

© 2021. All rights reserved.