ရုရှားက အထီးကျန်နိုင်ငံမဟုတ်ကြောင်း သမ္မတပူတင် ထုတ်ဖော်ပြောဆို

 525

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၈

ရုရှားနိုင်ငံသည် အထီးကျန်နိုင်ငံ မဟုတ်ကြောင်း စေ့စပ်ဆွေးနွေးရေးအတွက် လမ်းကြောင်း ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထို့ပြင် ရုရှားသမ္မတက အနောက်အုပ်စု နိုင်ငံများနှင့်စေ့စပ် ဆွေးနွေးရန်ရှောင်ရှားနေသည်ဟု ပြောဆိုခြင်းများသည် လိမ်လည်ပြောဆိုခြင်းမျိုးသာဖြစ်ကြောင်း၊ ရုရှားက စေ့စပ်ဆွေးနွေးရန် အမြဲတမ်း လမ်းဖွင့်ထားကြောင်းပြောသည်။ ရုရှားသမ္မတပူတင်က “ကျွန်တော်တို့ ပြန်ကြားပါတယ်။ ကျွန်တော်ဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှောင်ရှားနေတယ်လို့ ပြောဆိုတာတွေကိုပြန်ကြားမိတယ်။ တ ကယ်တော့ ဒါတွေဟာ လိမ်လည်တဲ့ပြောစကားတွေသာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ စေ့စပ်ဆွေးနွေးမှုလုပ်ဖို့ ငြင်းဆန်ပယ်ချတာမရှိဘူး၊ အထူးသဖြင့် တစ်စုံတစ်ဦးက ကျွန်တော်တို့နဲ့ ဆက်ဆံရေးအသစ် လုပ်ဆောင်ဖို့ လိုလားမယ်ဆိုရင် ကြိုဆိုသွားမှာပါ” ဟုပြောသည်။

ရုရှားသမ္မတ ပူတင်သည် အနောက်အုပ်စုနိုင်ငံများ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေး ရန်ရှောင်ရှားနေပြီး အထီးကျန်သလိုမျိုးခံစားနေရ ကြောင်း မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့ သည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာ ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက် အုပ်စု နိုင်ငံများသည် ရုရှားနိုင်ငံကို အထီးကျန် နိုင်ငံဖြစ်စေရန် ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း သိရသည်။

အနောက်အုပ်စုနိုင်ငံများထဲမှ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်၊ တူရကီသမ္မတ အာဒို ဂမ်တို့သည် ယူကရိန်းစစ်ပွဲအတွင်း ကြားဝင်စေ့စပ်ရန် ကြိုးပမ်းခဲ့ပြီး အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများ၏ လုပ်ရပ်ကိုဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံသည် အနောက်အုပ်စုနိုင်ငံ များနှင့် တင်းမာမှုရှိနေချိန်တွင် ကာဇန်မြို့မှာ BRICS ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ အနောက်အုပ်စုနိုင်ငံများနှင့်နီးစပ် သောနိုင်ငံအချို့၏ ခေါင်းဆောင်များတက်ရောက်ခဲ့သည်။

ရုရှားနှင့် ယူကရိန်းနိုင်ငံကြား စစ်ပွဲနှင့်ဆက်နွှယ်ပြီး ရုရှားနှင့်အမေရိကန်နိုင်ငံကြား တင်းမာမှု အရှိန် ပိုမိုမြင့်တက်လာနေကြောင်းသိရသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲက အချိန် (၂) နှစ်ကျော်လာသော်လည်း လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေးရယူနိုင်ခြင်း၊ တိုက်ရိုက် ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

zawgyi version
႐ုရွားက အထီးက်န္ႏိုင္ငံမဟုတ္ေၾကာင္း သမၼတပူတင္ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၈

႐ုရွားႏိုင္ငံသည္ အထီးက်န္ႏိုင္ငံ မဟုတ္ေၾကာင္း ေစ့စပ္ေဆြးေႏြးေရးအတြက္ လမ္းေၾကာင္း ဖြင့္လွစ္ထားဆဲျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ထို႔ျပင္ ႐ုရွားသမၼတက အေနာက္အုပ္စု ႏိုင္ငံမ်ားႏွင့္ေစ့စပ္ ေဆြးေႏြးရန္ေရွာင္ရွားေနသည္ဟု ေျပာဆိုျခင္းမ်ားသည္ လိမ္လည္ေျပာဆိုျခင္းမ်ိဳးသာျဖစ္ေၾကာင္း၊ ႐ုရွားက ေစ့စပ္ေဆြးေႏြးရန္ အၿမဲတမ္း လမ္းဖြင့္ထားေၾကာင္းေျပာသည္။ ႐ုရွားသမၼတပူတင္က “ကြၽန္ေတာ္တို႔ ျပန္ၾကားပါတယ္။ ကြၽန္ေတာ္ဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ေရွာင္ရွားေနတယ္လို႔ ေျပာဆိုတာေတြကိုျပန္ၾကားမိတယ္။ တ ကယ္ေတာ့ ဒါေတြဟာ လိမ္လည္တဲ့ေျပာစကားေတြသာ ျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ေစ့စပ္ေဆြးေႏြးမႈလုပ္ဖို႔ ျငင္းဆန္ပယ္ခ်တာမရွိဘူး၊ အထူးသျဖင့္ တစ္စုံတစ္ဦးက ကြၽန္ေတာ္တို႔နဲ႔ ဆက္ဆံေရးအသစ္ လုပ္ေဆာင္ဖို႔ လိုလားမယ္ဆိုရင္ ႀကိဳဆိုသြားမွာပါ” ဟုေျပာသည္။

႐ုရွားသမၼတ ပူတင္သည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြး ရန္ေရွာင္ရွားေနၿပီး အထီးက်န္သလိုမ်ိဳးခံစားေနရ ေၾကာင္း မၾကာေသးမီက သတင္းမ်ားထြက္ေပၚခဲ့ သည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာ ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္ေသာ အေနာက္ အုပ္စု ႏိုင္ငံမ်ားသည္ ႐ုရွားႏိုင္ငံကို အထီးက်န္ ႏိုင္ငံျဖစ္ေစရန္ ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ေၾကာင္း သိရသည္။

အေနာက္အုပ္စုႏိုင္ငံမ်ားထဲမွ ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္တာေအာ္ဘန္၊ တူရကီသမၼတ အာဒို ဂမ္တို႔သည္ ယူကရိန္းစစ္ပြဲအတြင္း ၾကားဝင္ေစ့စပ္ရန္ ႀကိဳးပမ္းခဲ့ၿပီး အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ႏိုင္ငံမ်ား၏ လုပ္ရပ္ကိုေဝဖန္ျပစ္တင္ခဲ့ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံသည္ အေနာက္အုပ္စုႏိုင္ငံ မ်ားႏွင့္ တင္းမာမႈရွိေနခ်ိန္တြင္ ကာဇန္ၿမိဳ႕မွာ BRICS ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ရာ အေနာက္အုပ္စုႏိုင္ငံမ်ားႏွင့္နီးစပ္ ေသာႏိုင္ငံအခ်ိဳ႕၏ ေခါင္းေဆာင္မ်ားတက္ေရာက္ခဲ့သည္။

႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကား စစ္ပြဲႏွင့္ဆက္ႏႊယ္ၿပီး ႐ုရွားႏွင့္အေမရိကန္ႏိုင္ငံၾကား တင္းမာမႈ အရွိန္ ပိုမိုျမင့္တက္လာေနေၾကာင္းသိရသည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲက အခ်ိန္ (၂) ႏွစ္ေက်ာ္လာေသာ္လည္း လက္ရွိအခ်ိန္အထိ အပစ္အခတ္ရပ္စဲေရးရယူႏိုင္ျခင္း၊ တိုက္႐ိုက္ ေဆြးေႏြးႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.