အမေရိကန်သမ္မတလောင်းများက အရူးများသာဖြစ်ကြောင်း ဘီလာရုစ်သမ္မတဝေဖန်
768
Pika (NP News) - အောက်တိုဘာ ၂၈
ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်တို့သည် အရူးများသာဖြစ်ကြောင်း ဘီလာရုစ် သမ္မတလူကာရှန်ကိုက ဝေဖန်ပြောဆိုလိုက်သည်။ ထို့ပြင် ဒေါ်နယ်ထရမ့်နှင့် ကာမာလာဟားရစ်တို့သည် ရုရှားသို့မဟုတ် ဘီလာရုစ်နိုင်ငံတို့တွင် ရွေး ကောက်ခံခဲ့မည်ဆိုပါက ၎င်းတို့နှစ်ဦးစလုံးအနက်မည်သူမှ သမ္မတအဖြစ် ရွေးချယ်ခံရမည်မဟုတ်ကြောင်း လူကာရှန်ကိုက ဝေဖန်ပြောဆိုသည်။
ရုရှားနိုင်ငံ ကာဇန်မြို့တွင်ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးအပြီးတွင် လူကာရှန်ကိုက ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် လာမည့်အမေရိကန် သမ္မတရွေး ကောက်ပွဲကို စောင့်ကြည့်နေသလား သို့မဟုတ် မည်သည့်ကိုယ်စားလှယ်လောင်းကို ပို သဘောကျသလဲ ဆိုသည့် သတင်းထောက်များ၏မေးခွန်းများကို လူကာရှန်ကိုက ပြန်လည်တုံ့ပြန် ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
လူကာရှန်ကိုက “ဒီရွေးကောက်ပွဲက ရုရှား ဒါမှမဟုတ် ဘီလာရုစ်နိုင်ငံမှာဖြစ်ခဲ့မယ်ဆိုရင် ဒေါ်နယ်ထရမ့်ရော၊ကာမာလာဟားရစ်ရော ရွေးချယ်ခံရမှာမဟုတ်ပါဘူး။ ဒါက တကယ်ကိုကြောက်ဖို့ ကောင်းပါတယ်။ တစ်ယောက်က အရည်အချင်းမရှိပါဘူး။ တခြားတစ်ယောက်ကတော့ ပေါက်ကရ စကားတွေ ပြောနေပါတယ်။ သူတို့အားလုံးက အရူးတွေပါ။ သူတို့ရဲ့ ကမ်းပိန်းနှစ်ခုစလုံးက အမေရိ ကန်ဒေါ်လာဘီလျံနဲ့ ချီပြီး ဖြုန်းတီးနေကြတာပါ။ ဒါက ကြောက်စရာကောင်းပြီး မိုက်မဲတဲ့ ရွေးကောက်ပွဲ တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အမြင်အရဆိုရင် ဘာကိုမှကျွန်တော်တို့နားမလည်ပါဘူး ” ဟုပြောသည်။
သို့သော်လည်း ဒေါ်နယ်ထရမ့် သို့မဟုတ် ၎င်း၏မူဝါဒများကို ပုဂ္ဂိုလ်ရေးအရ ကြိုက် နှစ်သက်ခြင်း မျိုးမဟုတ်ဘဲ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည်ကို မြင်တွေ့လိုကြောင်း လူကာရှန်ကိုက ဝန်ခံပြောဆိုခဲ့သည်။ လူကာရှန်ကိုက “ကာမာလာဟားရစ်သာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရ မယ်ဆိုရင် ဘာတွေဆက်ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် ကောင်းတာတွေ ဖြစ်လာမှာမဟုတ်ဘူးဆိုပေမယ့်လည်း မျှော်လင့်ချက် တော့ ရှိနေပါသေးတယ်”ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရမည်ဆိုပါက ရုရှား-ယူကရိန်းပဋိပက္ခကို အချိန် (၂၄)နာရီအ တွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးနိုင်ကြောင်း အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့ဖူးသည်။
zawgyi version
အေမရိကန္သမၼတေလာင္းမ်ားက အ႐ူးမ်ားသာျဖစ္ေၾကာင္း ဘီလာ႐ုစ္သမၼတေဝဖန္
Pika (NP News) - ေအာက္တိုဘာ ၂၈
ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရမ့္ႏွင့္ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္တို႔သည္ အ႐ူးမ်ားသာျဖစ္ေၾကာင္း ဘီလာ႐ုစ္ သမၼတလူကာရွန္ကိုက ေဝဖန္ေျပာဆိုလိုက္သည္။ ထို႔ျပင္ ေဒၚနယ္ထရမ့္ႏွင့္ ကာမာလာဟားရစ္တို႔သည္ ႐ုရွားသို႔မဟုတ္ ဘီလာ႐ုစ္ႏိုင္ငံတို႔တြင္ ေ႐ြး ေကာက္ခံခဲ့မည္ဆိုပါက ၎တို႔ႏွစ္ဦးစလုံးအနက္မည္သူမွ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံရမည္မဟုတ္ေၾကာင္း လူကာရွန္ကိုက ေဝဖန္ေျပာဆိုသည္။
႐ုရွားႏိုင္ငံ ကာဇန္ၿမိဳ႕တြင္က်င္းပေသာ BRICS ထိပ္သီးအစည္းအေဝးအၿပီးတြင္ လူကာရွန္ကိုက ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ လာမည့္အေမရိကန္ သမၼတေ႐ြး ေကာက္ပြဲကို ေစာင့္ၾကည့္ေနသလား သို႔မဟုတ္ မည္သည့္ကိုယ္စားလွယ္ေလာင္းကို ပို သေဘာက်သလဲ ဆိုသည့္ သတင္းေထာက္မ်ား၏ေမးခြန္းမ်ားကို လူကာရွန္ကိုက ျပန္လည္တုံ႔ျပန္ ေျဖၾကားခဲ့ေၾကာင္းလည္း သိရသည္။
လူကာရွန္ကိုက “ဒီေ႐ြးေကာက္ပြဲက ႐ုရွား ဒါမွမဟုတ္ ဘီလာ႐ုစ္ႏိုင္ငံမွာျဖစ္ခဲ့မယ္ဆိုရင္ ေဒၚနယ္ထရမ့္ေရာ၊ကာမာလာဟားရစ္ေရာ ေ႐ြးခ်ယ္ခံရမွာမဟုတ္ပါဘူး။ ဒါက တကယ္ကိုေၾကာက္ဖို႔ ေကာင္းပါတယ္။ တစ္ေယာက္က အရည္အခ်င္းမရွိပါဘူး။ တျခားတစ္ေယာက္ကေတာ့ ေပါက္ကရ စကားေတြ ေျပာေနပါတယ္။ သူတို႔အားလုံးက အ႐ူးေတြပါ။ သူတို႔ရဲ႕ ကမ္းပိန္းႏွစ္ခုစလုံးက အေမရိ ကန္ေဒၚလာဘီလ်ံနဲ႔ ခ်ီၿပီး ျဖဳန္းတီးေနၾကတာပါ။ ဒါက ေၾကာက္စရာေကာင္းၿပီး မိုက္မဲတဲ့ ေ႐ြးေကာက္ပြဲ တစ္ခုပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အျမင္အရဆိုရင္ ဘာကိုမွကြၽန္ေတာ္တို႔နားမလည္ပါဘူး ” ဟုေျပာသည္။
သို႔ေသာ္လည္း ေဒၚနယ္ထရမ့္ သို႔မဟုတ္ ၎၏မူဝါဒမ်ားကို ပုဂၢိဳလ္ေရးအရ ႀကိဳက္ ႏွစ္သက္ျခင္း မ်ိဳးမဟုတ္ဘဲ ေဒၚနယ္ထရမ့္က သမၼတအျဖစ္ ျပန္လည္ေ႐ြးခ်ယ္ခံရသည္ကို ျမင္ေတြ႕လိုေၾကာင္း လူကာရွန္ကိုက ဝန္ခံေျပာဆိုခဲ့သည္။ လူကာရွန္ကိုက “ကာမာလာဟားရစ္သာ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရ မယ္ဆိုရင္ ဘာေတြဆက္ျဖစ္လိမ့္မယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ ဒါေပမဲ့ ေဒၚနယ္ထရမ့္က သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရမယ္ဆိုရင္ ေကာင္းတာေတြ ျဖစ္လာမွာမဟုတ္ဘူးဆိုေပမယ့္လည္း ေမွ်ာ္လင့္ခ်က္ ေတာ့ ရွိေနပါေသးတယ္”ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္က ၎အေနျဖင့္ လာမည့္ေ႐ြးေကာက္ပြဲတြင္ သမၼတအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရမည္ဆိုပါက ႐ုရွား-ယူကရိန္းပဋိပကၡကို အခ်ိန္ (၂၄)နာရီအ တြင္း အဆုံးသတ္သြားေအာင္ လုပ္ေဆာင္ေပးႏိုင္ေၾကာင္း အႀကိမ္ႀကိမ္ ကတိျပဳေျပာဆိုခဲ့ဖူးသည္။