ထိုင်းနိုင်ငံက (၁၀)နှစ်အတွင်း ဒရုန်းအစင်းရေ (၁)သန်းအထိ ထုတ်လုပ်ရန် စီစဉ်နေ

 850

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၈

ထိုင်းနိုင်ငံသည် လာမည့် (၁၀)နှစ်အတွင်း ဒရုန်းအစင်းရေ (၁)သန်းထုတ်လုပ်သွားနိုင်ရန် မျှော်လင့်ထားကြောင်း အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ (CAAT)က ထုတ်ဖော်ပြောဆို လိုက်သည်။ ထိုင်းအရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က “ အောက်တိုဘာလအကုန်မှာ ဒရုန်းအစင်း ရေ (၁၃၀ဝဝဝ)ကျော်အထိ မှတ်ပုံတင်အမည်စာရင်း ပေးသွင်းသွားမယ်လို့မျှော်လင့်ထားတယ်။ လူတိုင်း ဟာ ဒရုန်းတွေကို မောင်းနှင်လာကြတယ်။ ဒရုန်းတွေကို မိုလ်ဘိုင်းဖုန်းတွေနဲ့ မောင်းနှင်တာတွေလည်း လုပ်ဆောင်လာတယ်။ လက်ရှိအချိန်မှာ ဒရုန်းအစင်း ရေ (၁၃၀ဝဝဝ)အထိ မှတ်ပုံတင်မှာဖြစ်ပြီး လာမယ့် (၁၀)နှစ်အထိဆိုရင် ဒရုန်းအစင်းရေ (၁)သန်းထိ မှတ်ပုံတင်နိုင်ဖို့ မျှော်လင့်ထားတယ်”ဟု ပြောသည်။

ဒရုန်းများကို သုတေသနလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ဓာတ်ပုံနှင့်ရိုက်ကူးရေးလုပ်ငန်း ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများတွင် အဓိကထားအသုံးပြုမည်ဖြစ်ကြောင်း (CAAT)အဖွဲ့ကပြောသည်။ (CAAT) အဖွဲ့သည် ထိုင်းနိုင်ငံ အတွင်းရှိ ဒရုန်းနည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းနှင့် စည်းမျဉ်းစည်းကမ်းများသတ်မှတ်ရေးတွင်အဓိကအခန်းကဏ္ဍ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရသည် ဒရုန်းများကို ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင်အဓိကထားအသုံးပြုရန် ရည်ရွယ်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ ထိုင်း နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဒရုန်းလိုအပ် ချက်များမြင့်တက်လာနေပြီး ဒရုန်းအမျိုးမျိုးကို တီထွင်ထုတ်လုပ်နိုင်ရန် ပြင်ဆင်နေကြောင်း ထိုင်း အာဏာပိုင်များကပြောသည်။ ထိုင်းနိုင်ငံအတွင်းရှိ ဒရုန်းဈေးကွက်သည်လည်း လာမည့် နှစ်ပိုင်းအတွင်း ပိုမိုမြင့်တက်လာမည်ဖြစ်ပြီး ဒရုန်းအရောင်းအဝယ် ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။

zawgyi version
ထိုင္းႏိုင္ငံက (၁၀)ႏွစ္အတြင္း ဒ႐ုန္းအစင္းေရ (၁)သန္းအထိ ထုတ္လုပ္ရန္ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၈

ထိုင္းႏိုင္ငံသည္ လာမည့္ (၁၀)ႏွစ္အတြင္း ဒ႐ုန္းအစင္းေရ (၁)သန္းထုတ္လုပ္သြားႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း အရပ္ဘက္ေလေၾကာင္း အာဏာပိုင္အဖြဲ႕ (CAAT)က ထုတ္ေဖာ္ေျပာဆို လိုက္သည္။ ထိုင္းအရပ္ဘက္ေလေၾကာင္းအာဏာပိုင္အဖြဲ႕က “ ေအာက္တိုဘာလအကုန္မွာ ဒ႐ုန္းအစင္း ေရ (၁၃၀ဝဝဝ)ေက်ာ္အထိ မွတ္ပုံတင္အမည္စာရင္း ေပးသြင္းသြားမယ္လို႔ေမွ်ာ္လင့္ထားတယ္။ လူတိုင္း ဟာ ဒ႐ုန္းေတြကို ေမာင္းႏွင္လာၾကတယ္။ ဒ႐ုန္းေတြကို မိုလ္ဘိုင္းဖုန္းေတြနဲ႔ ေမာင္းႏွင္တာေတြလည္း လုပ္ေဆာင္လာတယ္။ လက္ရွိအခ်ိန္မွာ ဒ႐ုန္းအစင္း ေရ (၁၃၀ဝဝဝ)အထိ မွတ္ပုံတင္မွာျဖစ္ၿပီး လာမယ့္ (၁၀)ႏွစ္အထိဆိုရင္ ဒ႐ုန္းအစင္းေရ (၁)သန္းထိ မွတ္ပုံတင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္”ဟု ေျပာသည္။

ဒ႐ုန္းမ်ားကို သုေတသနလုပ္ငန္း၊ စိုက္ပ်ိဳးေရး လုပ္ငန္း၊ ဓာတ္ပုံႏွင့္႐ိုက္ကူးေရးလုပ္ငန္း ရွာေဖြကယ္ ဆယ္ေရးလုပ္ငန္းႏွင့္ လုံၿခဳံေရးဆိုင္ရာလုပ္ငန္းမ်ားတြင္ အဓိကထားအသုံးျပဳမည္ျဖစ္ေၾကာင္း (CAAT)အဖြဲ႕ကေျပာသည္။ (CAAT) အဖြဲ႕သည္ ထိုင္းႏိုင္ငံ အတြင္းရွိ ဒ႐ုန္းနည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ ငန္းႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားသတ္မွတ္ေရးတြင္အဓိကအခန္းက႑ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းအစိုးရသည္ ဒ႐ုန္းမ်ားကို ျပည္တြင္း စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္အဓိကထားအသုံးျပဳရန္ ရည္႐ြယ္အသုံးျပဳမည္ျဖစ္ေၾကာင္း သိရသည္။ ထိုင္း ႏိုင္ငံ၏ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ ဒ႐ုန္းလိုအပ္ ခ်က္မ်ားျမင့္တက္လာေနၿပီး ဒ႐ုန္းအမ်ိဳးမ်ိဳးကို တီထြင္ထုတ္လုပ္ႏိုင္ရန္ ျပင္ဆင္ေနေၾကာင္း ထိုင္း အာဏာပိုင္မ်ားကေျပာသည္။ ထိုင္းႏိုင္ငံအတြင္းရွိ ဒ႐ုန္းေဈးကြက္သည္လည္း လာမည့္ ႏွစ္ပိုင္းအတြင္း ပိုမိုျမင့္တက္လာမည္ျဖစ္ၿပီး ဒ႐ုန္းအေရာင္းအဝယ္ ပိုမိုျဖစ္လာဖြယ္ရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.