အမ်းမြို့ နယ်အတွင်းရှိ ကိုရင်နှင့် ကျောင်းသား /သူများ အပါအဝင် (၁၀ဝ)ကျော် AA အဖွဲ့က ဖမ်းဆီးထား
1754
သန့်ဇင် (NP News) - အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကိုရင်နှင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူပေါင်း (၁၀ဝ)ကျော်ကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသခံများက NP News သို့ ဖွင့်ဟပြောကြားသည်။
ရခိုင်ပြည်နယ် အမ်းမြို့ကို AA လက်နက်ကိုင် အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ (၃)လ ကျော်ကြာမြင့်လာပြီဖြစ်ရာ မြို့နယ်အတွင်းမှ ဒေသခံများစွာ နေရပ်စွန့်စွာစစ်ဘေးရှောင်နေရပြီး အချို့မှာ AA လက်နက်ကိုင်အဖွဲ့၏ ပြန်ပေးဆွဲခေါ်ဆောင်ခြင်းကိုခံထားရကြောင်းသိရသည်။
ထို့ပြင် AA အဖွဲ့၏ ဖမ်းဆီးခံရသူများအတွင်း ကိုရင်များလည်းပါဝင်ကာ ပြီးခဲ့သည့် အောက်တို ဘာ (၂၀)ရက်က အမ်းဆရာတော် အရှင်မာဃိန္ဒကျောင်း ထိုင်ခဲ့ရာ ဘုန်းကြီး ကျောင်းမှ ကိုရင်(၆)ပါးနှင့် အဆိုပါ ဘုန်းကြီးကျောင်းရှိ အမျိုးသား၊ အမျိုးသမီး(၄)ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရကြောင်း အမ်းမြို့ခံတစ်ဦးက ဆိုသည်။
“ဆရာတော် အရှင်မာဃိန္ဒ ရန်ကုန်ကိုကြွသွားတဲ့အချိန်မှာ အဲဒီကျောင်းမှာ ရှင်သာမဏေ (၈)ပါး ကျန်ခဲ့တယ်။ အဲဒီကျောင်းကို AA က လာပြီးဖမ်းခေါ်သွားပါတယ်။ ကိုရင်တွေနဲ့ ဆွမ်းချက်တဲ့ ဒကာ၊ ဒါယိကာမ တွေကိုလည်းဖမ်းခေါ်သွားပါတယ်။ ကိုရင်က (၆)ပါးနဲ့ လူနဲ့ဆိုရင်(၁၀)ကျော် ဖမ်းခေါ်ခံခဲ့ရ တာပါ။ ပြီးရင်လည်း ရွာစဉ်၊ ရွာစဉ်က လူတွေကို အတင်းအဓမ္မ ဖမ်းခေါ်ခံရတာတွေရှိနေတယ် ” ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၁၆)ရက်ကလည်း အမ်းမြို့နယ်မှ ပဒါန်းမြို့နယ်သို့မောင်းနှင်လာ သော ခရီးသွားပြည်သူများလိုက်ပါလာသည့် Canter အမျိုးအစားကားကို အမ်းမြို့နယ်၏ အရှေ့မြောက် ဘက်မီတာ (၄၀ဝဝ)ခန့်အကွာမှ AA အဖွဲ့က ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး လူပေါင်း(၃၈)ဦးကို ဖမ်းဆီး ခေါ် ဆောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ “(၆)မိုင် (၄) အိမ်စုမှာ အဲဒီမှာ အမ်းက စစ်ဘေးရှောင်ကား (၁၁)စီးကို AA က မိုင်းခွဲပြီး သန်သန် မာမာလူငယ်ပိုင်း(၃၈)ယောက်ကို ဖမ်းခေါ်သွားပါတယ်။ အိုနာကျိုးကန်းနဲ့ ဒဏ်ရာရလူတွေကတော့ ပြည်မ ထဲရောက်သွားပါပြီ။ ဖမ်းခေါ်သွားခံရတဲ့အထဲမှာ အမ်းမြို့က ဓနကြွယ်ဝတဲ့ လူတွေပါသွားပါ တယ်။ နောက်ပြီး မီးလောင်ချောင်းနဲ့ ကျောက်ဆန်ကွဲမှာလည်း သူတို့ဖမ်းခေါ်သွားတာ (၇၈)ယောက် ဖမ်းခေါ်သွားပါတယ် ” ဟု အထက်ပါဒေသခံက ဆိုသည်။
အထက်ပါဖြစ်စဉ်များမတိုင်မီကလည်း အမ်းမြို့နယ်အတွင်းမှ ဒေသခံများကို AA လက်နက်ကိုင် အဖွဲ့ကဖမ်းဆီး ပြန်ပေးဆွဲခြင်းမျိုးများစွာရှိနေပြီး ၎င်းတို့၏ လူမှုကွန်ရက်သတင်းများက သတင်းအမှား များဖြန့်ဝေကာ တပ်မတော်က ဖမ်းဆီးခြင်းမျိုး ဖော်ပြရေးသားခြင်းများကိုလည်း တွေ့မြင်နေရကြောင်း အထက်ပါ သတင်းအရင်းမြစ်က ဆိုသည်။
“သူတို့ကတော့ စစ်တပ်ကိုလွှဲချပြီး သူတို့ဘက် ကနယ်မြေခံသတင်းတွေက သတင်းအမှားတွေ တင်ထားတာပါ။ ဒီကိစ္စက စစ်တပ်နဲ့မဆိုင်ပါဘူး။ သူတို့ ဖမ်းခေါ်သွားတာအမှန်ပါ။ ပြီးတော့ မီးလောင် ချောင်းနဲ့ ကျောက်ဆန်ကွဲဘက်က စစ်ဘေးရှောင်တွေလည်း အများကြီးရောက်နေကြပါပြီ။ အဲဒီမှာလည်း လူမရှိတော့ဘူး။ သူတို့သားသမီးတွေနဲ့ မိန်းမတွေကို အလိုမတူဘဲ ဖမ်းခေါ်သွားကြောင်းကို ကျွန်တော်တို့ ကိုပြန် ပြောပြပါတယ်။ အမ်းမှာက စစ်ဘေးရှောင်က သောင်းဂဏန်းလောက်ကိုရှိပါပြီ။ မဲတောင်ရှည် ဘက်ကစပြီး လာကြတာ။ မဲတောင်ရှည်၊ ကျောက်ဆန်ကွဲ၊ မီး လောင်ချောင်း၊ ရွာသာရွာနဲ့ ဟိုဘက်မှာ ဆိုရင် ရပ်သာ၊ ကြောင်မြင်ကွင်း၊ ကျွဲသလင်း၊ ပွေးကိုင်း၊ ကျွန်းတော ကြီးဘက်ကလူမှန်သမျှဟာ မရှိ တော့ပါဘူး။ အမ်းမြို့ ထဲရောက်ကုန်ပါပြီ ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် ဖမ်းဆီးခေါ်ဆောင်ခံရသူများအတွင်း ဆယ်ကျော်သက်အရွယ်မှ အသက် (၅၀)ဝန်းကျင် အရွယ်အထိပါဝင်ပြီး ဖမ်းဆီးခံရသူများ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးငယ်များဖြစ်ကြောင်း အခြား ဒေသခံတစ်ဦးက ဆိုသည်။ “ပြန်ပေးဆွဲခံရတဲ့လူတွေက အကြီးဆုံးမှ အသက်(၅၀)ကျော်ပါ။ အဲဒီထဲမှာ မိန်းကလေးတွေ ဆိုရင် (၁၀)တန်းကျောင်း စာမေးပွဲ ဖြေပြီးတဲ့လူတွေ ပါပါတယ်။ မိန်းကလေးဆိုသူတို့က ပိုပြီးတော့ အရယူတယ်။ အဲဒါကြောင့် သူတို့လုပ်ရပ်တွေက မဟုတ်တော့ဘူးလို့ ကျွန်တော်ကတော့ ပြောချင်တယ်။ ကျွန်တော်တို့ ဒီမြို့ထဲက လူတွေကတော့ သူတို့ရဲ့လုပ်ရပ်တွေဟာ လူသားမဆန်တဲ့လုပ်ရပ်တွေလို့ ယူဆပါတယ်။ အဲဒီလိုလုပ်နေတာတော်တော်ကြာပြီ။ မီးလောင်ချောင်းရွာမှာဆိုရင် ကလေးမွေးပြီးလို့ (၄)လ အကြာမှာ ပြန်ပေးဆွဲသွားပါတယ်။ ကလေးက(၄)လသားလေးကျန်ခဲ့တယ် ငိုရယ်လို့။ မဟုတ်ရင် ဆွဲ မှန်းတောင်မသိဘူး။ အဲဒီတုန်းကဆွဲသွားတုန်းက သူတို့ကို မပြောဝံ့ပါ။ အဲဒီကလေးမလေးမှာ (၄)လ သားလေးကျန်ခဲ့ပြီး သူက သားဦးလေးမွေးထားတာ လို့သိရပါတယ်။ အဲဒီကလေးမလေးက အသက်(၂၀) ဝန်းကျင်ပဲရှိပါသေးတယ်။ အဲဒီအဖြစ်အပျက်က (၃)ပတ်လောက်ပဲရှိပါသေးတယ် ” ဟု ၎င်းဆိုသည်။
အထက်ပါ ဖမ်းဆီးရသူ(၁၀ဝ)ကျော်မှာ လက်ရှိ အချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရသေး ကြောင်းနှင့် AA လက်နက်ကိုင်အဖွဲ့ကလည်း ၎င်းတို့ဖမ်းဆီးခဲ့သူများကို တစ်ဦးတလေပင် ပြန်လည် လွှတ်ပေးခြင်းမျိုးမရှိသေးကြောင်း အထက်ပါဒေသခံများက ပြောသည်။ AA လက်နက်ကိုင်အဖွဲ့က အမ်းမြို့ကို ဝန်းရံ တိုက်ခိုက်နေစဉ်ကာလအတွင်း အင်အားအများအ ပြားဆုံးရှုံးခဲ့ရသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များအပါအဝင် ကိုရင်များကိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်း အထက်ပါဒေသခံများက ဆိုသည်။
zawgyi version
အမ္းၿမိဳ႕ နယ္အတြင္းရွိ ကိုရင္ႏွင့္ ေက်ာင္းသား /သူမ်ား အပါအဝင္ (၁၀ဝ)ေက်ာ္ AA အဖြဲ႕က ဖမ္းဆီးထား
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၈
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္တြင္ ကိုရင္ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအပါအဝင္ လူေပါင္း (၁၀ဝ)ေက်ာ္ကို AA လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထားေၾကာင္း ေဒသခံမ်ားက NP News သို႔ ဖြင့္ဟေျပာၾကားသည္။
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕ကို AA လက္နက္ကိုင္ အဖြဲ႕က ထိုးစစ္ဆင္တိုက္ခိုက္ေနသည္မွာ (၃)လ ေက်ာ္ၾကာျမင့္လာၿပီျဖစ္ရာ ၿမိဳ႕နယ္အတြင္းမွ ေဒသခံမ်ားစြာ ေနရပ္စြန႔္စြာစစ္ေဘးေရွာင္ေနရၿပီး အခ်ိဳ႕မွာ AA လက္နက္ကိုင္အဖြဲ႕၏ ျပန္ေပးဆြဲေခၚေဆာင္ျခင္းကိုခံထားရေၾကာင္းသိရသည္။
ထို႔ျပင္ AA အဖြဲ႕၏ ဖမ္းဆီးခံရသူမ်ားအတြင္း ကိုရင္မ်ားလည္းပါဝင္ကာ ၿပီးခဲ့သည့္ ေအာက္တို ဘာ (၂၀)ရက္က အမ္းဆရာေတာ္ အရွင္မာဃိႏၵေက်ာင္း ထိုင္ခဲ့ရာ ဘုန္းႀကီး ေက်ာင္းမွ ကိုရင္(၆)ပါးႏွင့္ အဆိုပါ ဘုန္းႀကီးေက်ာင္းရွိ အမ်ိဳးသား၊ အမ်ိဳးသမီး(၄)ဦးထက္မနည္း ဖမ္းဆီးျခင္းခံခဲ့ရေၾကာင္း အမ္းၿမိဳ႕ခံတစ္ဦးက ဆိုသည္။
“ဆရာေတာ္ အရွင္မာဃိႏၵ ရန္ကုန္ကိုႂကြသြားတဲ့အခ်ိန္မွာ အဲဒီေက်ာင္းမွာ ရွင္သာမေဏ (၈)ပါး က်န္ခဲ့တယ္။ အဲဒီေက်ာင္းကို AA က လာၿပီးဖမ္းေခၚသြားပါတယ္။ ကိုရင္ေတြနဲ႔ ဆြမ္းခ်က္တဲ့ ဒကာ၊ ဒါယိကာမ ေတြကိုလည္းဖမ္းေခၚသြားပါတယ္။ ကိုရင္က (၆)ပါးနဲ႔ လူနဲ႔ဆိုရင္(၁၀)ေက်ာ္ ဖမ္းေခၚခံခဲ့ရ တာပါ။ ၿပီးရင္လည္း ႐ြာစဥ္၊ ႐ြာစဥ္က လူေတြကို အတင္းအဓမၼ ဖမ္းေခၚခံရတာေတြရွိေနတယ္ ” ဟု အမ္းၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ (၁၆)ရက္ကလည္း အမ္းၿမိဳ႕နယ္မွ ပဒါန္းၿမိဳ႕နယ္သို႔ေမာင္းႏွင္လာ ေသာ ခရီးသြားျပည္သူမ်ားလိုက္ပါလာသည့္ Canter အမ်ိဳးအစားကားကို အမ္းၿမိဳ႕နယ္၏ အေရွ႕ေျမာက္ ဘက္မီတာ (၄၀ဝဝ)ခန႔္အကြာမွ AA အဖြဲ႕က ပစ္ ခတ္တိုက္ခိုက္ခဲ့ၿပီး လူေပါင္း(၃၈)ဦးကို ဖမ္းဆီး ေခၚ ေဆာင္သြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။ “(၆)မိုင္ (၄) အိမ္စုမွာ အဲဒီမွာ အမ္းက စစ္ေဘးေရွာင္ကား (၁၁)စီးကို AA က မိုင္းခြဲၿပီး သန္သန္ မာမာလူငယ္ပိုင္း(၃၈)ေယာက္ကို ဖမ္းေခၚသြားပါတယ္။ အိုနာက်ိဳးကန္းနဲ႔ ဒဏ္ရာရလူေတြကေတာ့ ျပည္မ ထဲေရာက္သြားပါၿပီ။ ဖမ္းေခၚသြားခံရတဲ့အထဲမွာ အမ္းၿမိဳ႕က ဓနႂကြယ္ဝတဲ့ လူေတြပါသြားပါ တယ္။ ေနာက္ၿပီး မီးေလာင္ေခ်ာင္းနဲ႔ ေက်ာက္ဆန္ကြဲမွာလည္း သူတို႔ဖမ္းေခၚသြားတာ (၇၈)ေယာက္ ဖမ္းေခၚသြားပါတယ္ ” ဟု အထက္ပါေဒသခံက ဆိုသည္။
အထက္ပါျဖစ္စဥ္မ်ားမတိုင္မီကလည္း အမ္းၿမိဳ႕နယ္အတြင္းမွ ေဒသခံမ်ားကို AA လက္နက္ကိုင္ အဖြဲ႕ကဖမ္းဆီး ျပန္ေပးဆြဲျခင္းမ်ိဳးမ်ားစြာရွိေနၿပီး ၎တို႔၏ လူမႈကြန္ရက္သတင္းမ်ားက သတင္းအမွား မ်ားျဖန႔္ေဝကာ တပ္မေတာ္က ဖမ္းဆီးျခင္းမ်ိဳး ေဖာ္ျပေရးသားျခင္းမ်ားကိုလည္း ေတြ႕ျမင္ေနရေၾကာင္း အထက္ပါ သတင္းအရင္းျမစ္က ဆိုသည္။
“သူတို႔ကေတာ့ စစ္တပ္ကိုလႊဲခ်ၿပီး သူတို႔ဘက္ ကနယ္ေျမခံသတင္းေတြက သတင္းအမွားေတြ တင္ထားတာပါ။ ဒီကိစၥက စစ္တပ္နဲ႔မဆိုင္ပါဘူး။ သူတို႔ ဖမ္းေခၚသြားတာအမွန္ပါ။ ၿပီးေတာ့ မီးေလာင္ ေခ်ာင္းနဲ႔ ေက်ာက္ဆန္ကြဲဘက္က စစ္ေဘးေရွာင္ေတြလည္း အမ်ားႀကီးေရာက္ေနၾကပါၿပီ။ အဲဒီမွာလည္း လူမရွိေတာ့ဘူး။ သူတို႔သားသမီးေတြနဲ႔ မိန္းမေတြကို အလိုမတူဘဲ ဖမ္းေခၚသြားေၾကာင္းကို ကြၽန္ေတာ္တို႔ ကိုျပန္ ေျပာျပပါတယ္။ အမ္းမွာက စစ္ေဘးေရွာင္က ေသာင္းဂဏန္းေလာက္ကိုရွိပါၿပီ။ မဲေတာင္ရွည္ ဘက္ကစၿပီး လာၾကတာ။ မဲေတာင္ရွည္၊ ေက်ာက္ဆန္ကြဲ၊ မီး ေလာင္ေခ်ာင္း၊ ႐ြာသာ႐ြာနဲ႔ ဟိုဘက္မွာ ဆိုရင္ ရပ္သာ၊ ေၾကာင္ျမင္ကြင္း၊ ကြၽဲသလင္း၊ ေပြးကိုင္း၊ ကြၽန္းေတာ ႀကီးဘက္ကလူမွန္သမွ်ဟာ မရွိ ေတာ့ပါဘူး။ အမ္းၿမိဳ႕ ထဲေရာက္ကုန္ပါၿပီ ” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ျပင္ ဖမ္းဆီးေခၚေဆာင္ခံရသူမ်ားအတြင္း ဆယ္ေက်ာ္သက္အ႐ြယ္မွ အသက္ (၅၀)ဝန္းက်င္ အ႐ြယ္အထိပါဝင္ၿပီး ဖမ္းဆီးခံရသူမ်ား၏ ထက္ဝက္ေက်ာ္မွာ အမ်ိဳးသမီးငယ္မ်ားျဖစ္ေၾကာင္း အျခား ေဒသခံတစ္ဦးက ဆိုသည္။ “ျပန္ေပးဆြဲခံရတဲ့လူေတြက အႀကီးဆုံးမွ အသက္(၅၀)ေက်ာ္ပါ။ အဲဒီထဲမွာ မိန္းကေလးေတြ ဆိုရင္ (၁၀)တန္းေက်ာင္း စာေမးပြဲ ေျဖၿပီးတဲ့လူေတြ ပါပါတယ္။ မိန္းကေလးဆိုသူတို႔က ပိုၿပီးေတာ့ အရယူတယ္။ အဲဒါေၾကာင့္ သူတို႔လုပ္ရပ္ေတြက မဟုတ္ေတာ့ဘူးလို႔ ကြၽန္ေတာ္ကေတာ့ ေျပာခ်င္တယ္။ ကြၽန္ေတာ္တို႔ ဒီၿမိဳ႕ထဲက လူေတြကေတာ့ သူတို႔ရဲ႕လုပ္ရပ္ေတြဟာ လူသားမဆန္တဲ့လုပ္ရပ္ေတြလို႔ ယူဆပါတယ္။ အဲဒီလိုလုပ္ေနတာေတာ္ေတာ္ၾကာၿပီ။ မီးေလာင္ေခ်ာင္း႐ြာမွာဆိုရင္ ကေလးေမြးၿပီးလို႔ (၄)လ အၾကာမွာ ျပန္ေပးဆြဲသြားပါတယ္။ ကေလးက(၄)လသားေလးက်န္ခဲ့တယ္ ငိုရယ္လို႔။ မဟုတ္ရင္ ဆြဲ မွန္းေတာင္မသိဘူး။ အဲဒီတုန္းကဆြဲသြားတုန္းက သူတို႔ကို မေျပာဝံ့ပါ။ အဲဒီကေလးမေလးမွာ (၄)လ သားေလးက်န္ခဲ့ၿပီး သူက သားဦးေလးေမြးထားတာ လို႔သိရပါတယ္။ အဲဒီကေလးမေလးက အသက္(၂၀) ဝန္းက်င္ပဲရွိပါေသးတယ္။ အဲဒီအျဖစ္အပ်က္က (၃)ပတ္ေလာက္ပဲရွိပါေသးတယ္ ” ဟု ၎ဆိုသည္။
အထက္ပါ ဖမ္းဆီးရသူ(၁၀ဝ)ေက်ာ္မွာ လက္ရွိ အခ်ိန္အထိ မိသားစုႏွင့္ အဆက္အသြယ္မရေသး ေၾကာင္းႏွင့္ AA လက္နက္ကိုင္အဖြဲ႕ကလည္း ၎တို႔ဖမ္းဆီးခဲ့သူမ်ားကို တစ္ဦးတေလပင္ ျပန္လည္ လႊတ္ေပးျခင္းမ်ိဳးမရွိေသးေၾကာင္း အထက္ပါေဒသခံမ်ားက ေျပာသည္။ AA လက္နက္ကိုင္အဖြဲ႕က အမ္းၿမိဳ႕ကို ဝန္းရံ တိုက္ခိုက္ေနစဥ္ကာလအတြင္း အင္အားအမ်ားအ ျပားဆုံးရႈံးခဲ့ရသည့္အတြက္ ေဒသခံမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအပါအဝင္ ကိုရင္မ်ားကိုပါ အတင္းအဓမၼ ဖမ္းဆီးေခၚေဆာင္ေနျခင္းျဖစ္ၿပီး စစ္ရာဇဝတ္မႈမ်ားကို ေျပာင္ေျပာင္တင္းတင္းက်ဴးလြန္ေနျခင္းျဖစ္ေၾကာင္း အထက္ပါေဒသခံမ်ားက ဆိုသည္။