အမေရိကန်နိုင်ငံသားများ၏ (၂၇)ရာခိုင်နှုန်းခန့်က ရွေးကောက်ပွဲပြီးလျှင် ပြည်တွင်းစစ် ဖြစ်လာနိုင်သည်ဟု ယုံကြည်နေ

 3678

Pika (NP News) - အောက်တိုဘာ ၂၈

လာမည့် အမေရိကန်သမ္မတရွေးကောက်ပွဲပြီးလျှင် ပြည်တွင်းစစ်ဖြစ်ပွားလာနိုင်ခြေရှိသည်ဟု အမေရိကန်နိုင်ငံသားများ၏ (၂၇) ရာခိုင်နှုန်းဝန်းကျင်က ယုံကြည်နေကြကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် YouGov စစ်တမ်းတစ်ခုအရသိရသည်။ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ် ထရမ့်နှင့် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်တို့၏ ထောက်ခံသူများကလည်း ပြည်တွင်းစစ်ဖြစ်ပွားလာနိုင်ခြေရှိသည်ဆိုသည့် အလားတူစိုးရိမ်မှုများကို ထုတ်ဖော်ပြသခဲ့ကြကြောင်းသိရသည်။

လာမည့်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် နိုင်ငံရေးအကြမ်းဖက်မှုများဖြစ်ပွားလာမည်ကို အမေရိကန်နိုင်ငံသားအများအပြားက စိုးရိမ်နေကြကြောင်းလည်းသိရသည်။ ဖြေဆိုသူများ၏ (၆)ရာခိုင် နှုန်းက ဒုတိယပြည်တွင်းစစ်သည် အလွန်ဖြစ်နိုင်ခြေရှိကြောင်း ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများ၏ (၂၁) ရာခိုင်နှုန်းက ပြည်တွင်းစစ်ဖြစ်ပွားနိုင်ခြေမှာ အနည်းငယ်သာရှိကြောင်း ဖြေဆိုခဲ့ကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ(၁၈)ရက်နှင့် (၂၁)ရက်ကြား လုပ်ဆောင်ခဲ့သော စစ်တမ်းအရ ဒေါ်နယ်ထရမ့်နှင့် ကာမာလာဟားရစ် တို့၏ ထောက်ခံသူများ၏ အကြမ်းဖျင်း ညီမျှသောအချိုးအစားမှာ ပြည်တွင်းစစ်ဖြစ် ပွားနိုင်ခြေရှိသည်ဟု ယုံကြည်နေကြကြောင်းသိရသည်။ လာမည့်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထ ရမ့်က လှည့်ဖြားမှုများလုပ်ဆောင်ကာ အနိုင်ရရှိခဲ့သည်ဟု ယုံကြည်သူများရှိခဲ့မည်ဆိုလျှင် လက်နက် ကိုင်ဆောင်မည့် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလာနိုင်သည်ဟု ဖြေဆိုသူ(၁၂၆၆)ဦး၏ (၁၂)ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်။

ထို့ပြင် ဖြေဆိုသူများ၏ (၅)ရာခိုင်နှုန်းခန့်က လာမည့်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့မည်ဆိုလျှင် ကာမာလာဟားရစ်အတွက် လက်နက်ကိုင်ဆောင်မှုများဖြစ်ပွားလာနိုင်သည်ဟု ယုံကြည်ကြောင်းဖြေဆိုခဲ့ကြသည်။ အဆိုပါစစ်တမ်း သည် အမေရိကန်လူ့အဖွဲ့အစည်းအတွင်းဖြစ်ပွား နေသော သဘောထားကွဲလွဲမှုများကို မီးမောင်းထိုးပြခဲ့ ပြီး ဖြေဆိုသူများ၏(၈၄)ရာခိုင်နှုန်းက အမေရိကန်နိုင်ငံသည် လွန်ခဲ့သည့်(၁၀)နှစ်အချိန်ကထက် ပိုမိုကွဲထွက်လာနေကြောင်း သဘောတူညီခဲ့ကြသည်။

zawgyi version
အေမရိကန္ႏိုင္ငံသားမ်ား၏ (၂၇)ရာခိုင္ႏႈန္းခန႔္က ေ႐ြးေကာက္ပြဲၿပီးလွ်င္ ျပည္တြင္းစစ္ ျဖစ္လာႏိုင္သည္ဟု ယုံၾကည္ေန

Pika (NP News) - ေအာက္တိုဘာ ၂၈

လာမည့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲၿပီးလွ်င္ ျပည္တြင္းစစ္ျဖစ္ပြားလာႏိုင္ေျခရွိသည္ဟု အေမရိကန္ႏိုင္ငံသားမ်ား၏ (၂၇) ရာခိုင္ႏႈန္းဝန္းက်င္က ယုံၾကည္ေနၾကေၾကာင္း မၾကာေသးမီက ျပဳလုပ္ခဲ့သည့္ YouGov စစ္တမ္းတစ္ခုအရသိရသည္။ ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ ထရမ့္ႏွင့္ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္တို႔၏ ေထာက္ခံသူမ်ားကလည္း ျပည္တြင္းစစ္ျဖစ္ပြားလာႏိုင္ေျခရွိသည္ဆိုသည့္ အလားတူစိုးရိမ္မႈမ်ားကို ထုတ္ေဖာ္ျပသခဲ့ၾကေၾကာင္းသိရသည္။

လာမည့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံေရးအၾကမ္းဖက္မႈမ်ားျဖစ္ပြားလာမည္ကို အေမရိကန္ႏိုင္ငံသားအမ်ားအျပားက စိုးရိမ္ေနၾကေၾကာင္းလည္းသိရသည္။ ေျဖဆိုသူမ်ား၏ (၆)ရာခိုင္ ႏႈန္းက ဒုတိယျပည္တြင္းစစ္သည္ အလြန္ျဖစ္ႏိုင္ေျခရွိေၾကာင္း ေျဖဆိုခဲ့ၾကၿပီး ေျဖဆိုသူမ်ား၏ (၂၁) ရာခိုင္ႏႈန္းက ျပည္တြင္းစစ္ျဖစ္ပြားႏိုင္ေျခမွာ အနည္းငယ္သာရွိေၾကာင္း ေျဖဆိုခဲ့ၾကသည္။ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၁၈)ရက္ႏွင့္ (၂၁)ရက္ၾကား လုပ္ေဆာင္ခဲ့ေသာ စစ္တမ္းအရ ေဒၚနယ္ထရမ့္ႏွင့္ ကာမာလာဟားရစ္ တို႔၏ ေထာက္ခံသူမ်ား၏ အၾကမ္းဖ်င္း ညီမွ်ေသာအခ်ိဳးအစားမွာ ျပည္တြင္းစစ္ျဖစ္ ပြားႏိုင္ေျခရွိသည္ဟု ယုံၾကည္ေနၾကေၾကာင္းသိရသည္။ လာမည့္သမၼတေ႐ြးေကာက္ပြဲတြင္ ေဒၚနယ္ထ ရမ့္က လွည့္ျဖားမႈမ်ားလုပ္ေဆာင္ကာ အႏိုင္ရရွိခဲ့သည္ဟု ယုံၾကည္သူမ်ားရွိခဲ့မည္ဆိုလွ်င္ လက္နက္ ကိုင္ေဆာင္မည့္ ႐ုန္းရင္းဆန္ခတ္မႈမ်ားျဖစ္ပြားလာႏိုင္သည္ဟု ေျဖဆိုသူ(၁၂၆၆)ဦး၏ (၁၂)ရာခိုင္ႏႈန္းက ေျဖဆိုခဲ့ၾကသည္။

ထို႔ျပင္ ေျဖဆိုသူမ်ား၏ (၅)ရာခိုင္ႏႈန္းခန႔္က လာမည့္သမၼတေ႐ြးေကာက္ပြဲတြင္ ေဒၚနယ္ထရမ့္ အႏိုင္ရရွိခဲ့မည္ဆိုလွ်င္ ကာမာလာဟားရစ္အတြက္ လက္နက္ကိုင္ေဆာင္မႈမ်ားျဖစ္ပြားလာႏိုင္သည္ဟု ယုံၾကည္ေၾကာင္းေျဖဆိုခဲ့ၾကသည္။ အဆိုပါစစ္တမ္း သည္ အေမရိကန္လူ႔အဖြဲ႕အစည္းအတြင္းျဖစ္ပြား ေနေသာ သေဘာထားကြဲလြဲမႈမ်ားကို မီးေမာင္းထိုးျပခဲ့ ၿပီး ေျဖဆိုသူမ်ား၏(၈၄)ရာခိုင္ႏႈန္းက အေမရိကန္ႏိုင္ငံသည္ လြန္ခဲ့သည့္(၁၀)ႏွစ္အခ်ိန္ကထက္ ပိုမိုကြဲထြက္လာေနေၾကာင္း သေဘာတူညီခဲ့ၾကသည္။

Related news

© 2021. All rights reserved.