အစ္စရေးနိုင်ငံအနေဖြင့် ခါးသီးသောအကျိုးဆက်ကို ရင်ဆိုင်ရမည်ဟု အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး သတိပေး
2201
ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၈
အစ္စရေးနိုင်ငံအနေဖြင့် အောက်တိုဘာ ၂၆ ရက်တွင်ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများအတွက် ခါးသီးသော အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အီရန်စစ်တပ်၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်သော အီရန်ဗိုလ်ချုပ်ကြီး ဟူစိန် ဆာလာမီက ပြောသည်။
အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံက အောက်တိုဘာလ ၁ ရက်တွင် တိုက်ခိုက်ခဲ့သောလုပ်ရပ်ကို လက်တုံ့ပြန်မှုအဖြစ် အောက်တိုဘာ ၂၆ ရက်တွင် အီရန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ကြောင်း သိရသည်။
အီရန်ဗိုလ်ချုပ်ကြီး ဟူစိန် ဆာလာမီက အစ္စရေးသည် အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့သော်လည်း ရည်မှန်းချက်ကို ရယူ နိုင်ခြင်းမျိုးမရှိခဲ့ကြောင်း၊ အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုသည် တွက်ချက်မှု မှားယွင်းကြောင်းကို ပြသခဲ့ခြင်းမျိုး ဖြစ်ကြောင်း ပြောသည်။
အစ္စရေးသည်လက်ရှိအချိန်တွင် ဟစ်ဘိုလာအဖွဲ့ နှင့် လက်ဘနွန်စစ်ပွဲ၊ ဟားမက်စ်အဖွဲ့ နှင့် ဂါဇာစစ်ပွဲကို ရင်ဆိုင်နေရကြောင်း သိရသည်။ အီရန်ဗိုလ်ချုပ်ကြီး ဟူစိန် ဆာလာမီက "အစ္စရေးဟာ ခါးသီးတဲ့အကျိုးဆက်တွေ ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေပါတယ်" ဟု ပြောသည်။
အီရန်သမ္မတကလည်း "ကျွန်တော်တို့ဟာ စစ်ပွဲဖြစ်ပွားအောင်ဖန်တီးမှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ကို အသုံးချသွားမယ်။ အီရန်ဟာ အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေကို သင့်တော်တဲ့အချိန်မှာ ပြန်လည်တုံ့ပြန်မယ်" ဟု ပြောသည်။
အီရန် နှင့် အစ္စရေးတို့သည် ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး ဧပြီလအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အောက်တိုဘာလအတွင်း ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အီရန်သည် အစ္စရေးကို အောက်တိုဘာ ၁ ရက်တွင် ဒုံးကျည်အစင်းပေါင်း ၁၈ဝ ဖြင့် တိုက်ခိုက်ခဲ့ပြီး အစ္စရေးက တိုက်လေယာဉ်များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Zawgyi Version;
အစၥေရးႏိုင္ငံအေနျဖင့္ ခါးသီးေသာအက်ိဳးဆက္ကို ရင္ဆိုင္ရမည္ဟု အီရန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး သတိေပး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၈
အစၥေရးႏိုင္ငံအေနျဖင့္ ေအာက္တိုဘာ ၂၆ ရက္တြင္ျပဳလုပ္ခဲ့ေသာ တိုက္ခိုက္မႈမ်ားအတြက္ ခါးသီးေသာ အက်ိဳးဆက္မ်ားကို ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း အီရန္စစ္တပ္၏ ထိပ္တန္းစစ္ဘက္ေခါင္းေဆာင္တစ္ဦးျဖစ္ေသာ အီရန္ဗိုလ္ခ်ဳပ္ႀကီး ဟူစိန္ ဆာလာမီက ေျပာသည္။
အစၥေရးႏိုင္ငံသည္ အီရန္ႏိုင္ငံက ေအာက္တိုဘာလ ၁ ရက္တြင္ တိုက္ခိုက္ခဲ့ေသာလုပ္ရပ္ကို လက္တုံ႔ျပန္မႈအျဖစ္ ေအာက္တိုဘာ ၂၆ ရက္တြင္ အီရန္ႏိုင္ငံ၏ စစ္ဘက္ဆိုင္ရာအေဆာက္အဦးမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။
အီရန္ဗိုလ္ခ်ဳပ္ႀကီး ဟူစိန္ ဆာလာမီက အစၥေရးသည္ အီရန္ႏိုင္ငံကို တိုက္ခိုက္ခဲ့ေသာ္လည္း ရည္မွန္းခ်က္ကို ရယူ ႏိုင္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း၊ အစၥေရးႏိုင္ငံ၏ တိုက္ခိုက္မႈသည္ တြက္ခ်က္မႈ မွားယြင္းေၾကာင္းကို ျပသခဲ့ျခင္းမ်ိဳး ျဖစ္ေၾကာင္း ေျပာသည္။
အစၥေရးသည္လက္ရွိအခ်ိန္တြင္ ဟစ္ဘိုလာအဖြဲ႕ ႏွင့္ လက္ဘႏြန္စစ္ပြဲ၊ ဟားမက္စ္အဖြဲ႕ ႏွင့္ ဂါဇာစစ္ပြဲကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။ အီရန္ဗိုလ္ခ်ဳပ္ႀကီး ဟူစိန္ ဆာလာမီက "အစၥေရးဟာ ခါးသီးတဲ့အက်ိဳးဆက္ေတြ ျပန္လည္ရင္ဆိုင္ရဖြယ္ရွိေနပါတယ္" ဟု ေျပာသည္။
အီရန္သမၼတကလည္း "ကြၽန္ေတာ္တို႔ဟာ စစ္ပြဲျဖစ္ပြားေအာင္ဖန္တီးမွာ မဟုတ္ဘူး။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို ကာကြယ္ပိုင္ခြင့္ကို အသုံးခ်သြားမယ္။ အီရန္ဟာ အစၥေရးႏိုင္ငံရဲ႕တိုက္ခိုက္မႈေတြကို သင့္ေတာ္တဲ့အခ်ိန္မွာ ျပန္လည္တုံ႔ျပန္မယ္" ဟု ေျပာသည္။
အီရန္ ႏွင့္ အစၥေရးတို႔သည္ ဂါဇာစစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး ဧၿပီလအတြင္း အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေအာက္တိုဘာလအတြင္း ထပ္မံတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ အီရန္သည္ အစၥေရးကို ေအာက္တိုဘာ ၁ ရက္တြင္ ဒုံးက်ည္အစင္းေပါင္း ၁၈ဝ ျဖင့္ တိုက္ခိုက္ခဲ့ၿပီး အစၥေရးက တိုက္ေလယာဥ္မ်ားျဖင့္ တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။