ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ်မှာ ၂၀၂၄ အတွက် ပထမဆုံးနှင်းကျခြင်း မရှိသေး

 357

ရောင်နီ(NP News) - အောက်တိုဘာ ၂၉

ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ်မှာ ၂၀၂၄ ခုနှစ်ရဲ့ အောက်တိုဘာ ၂၆ ရက်ထိ ဆီးနှင်းကျဆင်းမှု မမြင်ရသေးပဲ နှစ်ပေါင်း (၁၃၀) အတွင်း စံချိန်တင် နှင်းကျနောက်ကျနေတယ်လို့ သိရပါတယ်။

၂၀၂၄ ဟာ ဖူဂျီတောင်အတွက် နှစ်ပေါင်း (၁၃၀)အတွင်း ဆီးနှင်းကျဆင်းမှု နောက်အကျဆုံး စံချိန် ဖြစ်လာနိုင်ပါတယ်။ ယခင်ဆီးနှင်းကျဆင်းမှု နောက်အကျဆုံး ဖြစ်ခဲ့တဲ့ ၁၉၅၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကတောင် အောက်တိုဘာ ၂၆ ရက်ထိပဲ နောက်ကျခဲ့တာ ဖြစ်ပါတယ်။ ဖူဂျီတောင်မှာ ပထမဆုံး ဆီးနှင်းကျဆင်းခြင်းဟာ ဆောင်းရာသီ ဝင်ရောက်လာခြင်းကို ဂျပန်ရိုးရာအရ ကိုယ်စားပြုပါတယ်။ ကိုဖုဒေသဆိုင်ရာ မိုးလေဝသရုံးရဲ့ အဆိုအရ တောင်ပေါ်ရှိ နှင်းကျဆင်းမှု နှောင့်နှေးနေခြင်းကြောင့် နေ့အပူချိန် ပုံမှန်ထက် မြင့်မားနေတယ်လို့ ဆိုပါတယ်။ နှစ်စဉ်နှစ်တိုင်း မိုးလေဝသတာဝန်ရှိသူတွေဟာ ဖူဂျီတောင်မှ ကီလို မီတာ ၄၀ ခန့်အကွာမှာရှိတဲ့ မိုးလေဝသရုံးမှတဆင့် ရာသီရဲ့ပထမဆုံးဆီးနှင်းကျဆင်းမှုကို အတည်ပြုပါတယ်။

တောင်ပေါ်ဒေသ ဒါမှမဟုတ် မြို့တွင်းမှာ တိမ်ထူထပ်နေတဲ့ ရာသီဥတုကလည်း ဆီးနှင်းကျဆင်းဖို့ ခက်ခဲနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

zawgyi version
ဂ်ပန္ႏိုင္ငံ ဖူဂ်ီေတာင္ေပၚမွာ ၂၀၂၄ အတြက္ ပထမဆုံးႏွင္းက်ျခင္း မရွိေသး
ေရာင္နီ(NP News) - ေအာက္တိုဘာ ၂၉

ဂ်ပန္ႏိုင္ငံ ဖူဂ်ီေတာင္ေပၚမွာ ၂၀၂၄ ခုႏွစ္ရဲ႕ ေအာက္တိုဘာ ၂၆ ရက္ထိ ဆီးႏွင္းက်ဆင္းမႈ မျမင္ရေသးပဲ ႏွစ္ေပါင္း (၁၃၀) အတြင္း စံခ်ိန္တင္ ႏွင္းက်ေနာက္က်ေနတယ္လို႔ သိရပါတယ္။

၂၀၂၄ ဟာ ဖူဂ်ီေတာင္အတြက္ ႏွစ္ေပါင္း (၁၃၀)အတြင္း ဆီးႏွင္းက်ဆင္းမႈ ေနာက္အက်ဆုံး စံခ်ိန္ ျဖစ္လာႏိုင္ပါတယ္။ ယခင္ဆီးႏွင္းက်ဆင္းမႈ ေနာက္အက်ဆုံး ျဖစ္ခဲ့တဲ့ ၁၉၅၅ ခုႏွစ္နဲ႔ ၂၀၁၆ ခုႏွစ္ကေတာင္ ေအာက္တိုဘာ ၂၆ ရက္ထိပဲ ေနာက္က်ခဲ့တာ ျဖစ္ပါတယ္။ ဖူဂ်ီေတာင္မွာ ပထမဆုံး ဆီးႏွင္းက်ဆင္းျခင္းဟာ ေဆာင္းရာသီ ဝင္ေရာက္လာျခင္းကို ဂ်ပန္႐ိုးရာအရ ကိုယ္စားျပဳပါတယ္။ ကိုဖုေဒသဆိုင္ရာ မိုးေလဝသ႐ုံးရဲ႕ အဆိုအရ ေတာင္ေပၚရွိ ႏွင္းက်ဆင္းမႈ ေႏွာင့္ေႏွးေနျခင္းေၾကာင့္ ေန႔အပူခ်ိန္ ပုံမွန္ထက္ ျမင့္မားေနတယ္လို႔ ဆိုပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း မိုးေလဝသတာဝန္ရွိသူေတြဟာ ဖူဂ်ီေတာင္မွ ကီလို မီတာ ၄၀ ခန႔္အကြာမွာရွိတဲ့ မိုးေလဝသ႐ုံးမွတဆင့္ ရာသီရဲ႕ပထမဆုံးဆီးႏွင္းက်ဆင္းမႈကို အတည္ျပဳပါတယ္။

ေတာင္ေပၚေဒသ ဒါမွမဟုတ္ ၿမိဳ႕တြင္းမွာ တိမ္ထူထပ္ေနတဲ့ ရာသီဥတုကလည္း ဆီးႏွင္းက်ဆင္းဖို႔ ခက္ခဲႏိုင္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.