မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရ

 585

သန့်ဇင် (NP News) - အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၃၀ ရက်)၊ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၅၆×၁၃၃ လမ်းထောင့်ရှိ(ဇ)ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ အမျိုးသား(၂)ဦးက Click ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက်(၁၀)နှစ်ဝန်းကျင် အမျိုးသမီးငယ်တစ်ဦးနှင့် အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးတို့ ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ကားတစ်စီးသည်လည်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။ “မနေ့က ညနေ (၆)နာရီခွဲဝန်းကျင်လောက်မှာ အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်တာ။ ကလေးမလေးကတော့ လက်မောင်း ထိခိုက်ဒဏ်ရာရတယ်။ အမျိုးသားတစ်ယောက်လည်း ပေါက်ကွဲစမှန်တဲ့ ဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့ ကလေးမနဲ့ အမျိုးသားကတော့ ဆွေမျိုးတော်မယ်လို့တော့ထင်တယ်။ အဲဒီက အစောင့်လို့တော့ ထင်တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက NP News ကိုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

zawgyi version
မႏၲေလးရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို PDF အဖြဲ႕က လက္လုပ္မိုင္းျဖင့္ ပစ္ေပါက္ခဲ့ရာ ကေလးငယ္တစ္ဦးအပါအဝင္ (၂)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၃၁

မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို PDF အဖြဲ႕က လက္လုပ္မိုင္းျဖင့္ ပစ္ေပါက္ခဲ့ရာ ကေလးငယ္တစ္ဦးအပါအဝင္ (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၃၀ ရက္)၊ ညေန ၆ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ)ရပ္ကြက္၊ ၅၆×၁၃၃ လမ္းေထာင့္ရွိ(ဇ)ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕သို႔ အမ်ိဳးသား(၂)ဦးက Click ဆိုင္ကယ္တစ္စီးျဖင့္ေရာက္ရွိလာၿပီး လက္လုပ္မိုင္းတစ္လုံးျဖင့္ ပစ္ေပါက္၍ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အသက္(၁၀)ႏွစ္ဝန္းက်င္ အမ်ိဳးသမီးငယ္တစ္ဦးႏွင့္ အသက္(၃၀)ဝန္းက်င္ အမ်ိဳးသားတစ္ဦးတို႔ ေပါက္ကြဲစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ကာ ကားတစ္စီးသည္လည္း ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။ “မေန႔က ညေန (၆)နာရီခြဲဝန္းက်င္ေလာက္မွာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ေပါက္ကြဲမႈျဖစ္တာ။ ကေလးမေလးကေတာ့ လက္ေမာင္း ထိခိုက္ဒဏ္ရာရတယ္။ အမ်ိဳးသားတစ္ေယာက္လည္း ေပါက္ကြဲစမွန္တဲ့ ဒဏ္ရာ ရတယ္။ ဒဏ္ရာရတဲ့ ကေလးမနဲ႔ အမ်ိဳးသားကေတာ့ ေဆြမ်ိဳးေတာ္မယ္လို႔ေတာ့ထင္တယ္။ အဲဒီက အေစာင့္လို႔ေတာ့ ထင္တယ္”ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက NP News ကိုေျပာသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားကို မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.