အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာအနီး၊ ဟင်းချက်ဆီ စက်ရုံမှာ ပေါက်ကွဲမှုကြောင့် လူရှစ်ဦး သေဆုံး
288
ရောင်နီ (NP News) - (NP News) - နိုဝင်ဘာ ၂
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာအနီးရှိ ဟင်းချက်ဆီ စက်ရုံတစ်ခုမှာ မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာမီးသတ်အာဏာပိုင်များက သောကြာနေ့(နိုဝင်ဘာ ၁ ရက်) မှာ ပြောကြား ခဲ့ပါတယ်။
မီးသတ်ကားအစီးရေ ၂၀ ဝန်းကျင်ခန့် မီးလောင်ရာနေရာ ရောက်ရှိနေပြီး စက်ရုံနေရာအများစုကို မီးငြှိမ်းသတ်နိုင်ခဲ့ တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ Metro TV သတင်းဌာနမှ ဗီဒီယိုဖိုင်တစ်ခုမှာ ဂျာကာတာ အရှေ့ဘက် အစွန်း၊ ဘယ်ကာစီ ရှိ စက်မှုဇုန်ရဲ့ အလယ်ဗဟို အဆောက်အအုံတစ်ခုမှ မီးတောက်နဲ့ မီးခိုးမည်းတွေ ထွက်နေတာ ပြသနေပါတယ်။ မီးလောင်မှုကြောင့် စက်ရုံအနီးတဝိုက် လမ်းတွေ ပိတ်ထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အလောင်းတွေအားလုံးကို နေရာမှ ဖယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရသူ ၃ ဦး ရှိတယ်လို့ Bekasi မီးသတ်ဌာနအကြီးအကဲ ဆူဟာတိုနို က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အသေအပျောက် အရေအတွက် တိုးလာနိုင်သေးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို ဒေသအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ စက်ရုံဟာ PT Primus Sanus ဟင်းချက်ဆီ စက်မှုလုပ်ငန်း (Priscolin) မှ လည်ပတ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာအနီး၊ ဟင္းခ်က္ဆီ စက္႐ုံမွာ ေပါက္ကြဲမႈေၾကာင့္ လူရွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - (NP News) - ႏိုဝင္ဘာ ၂
အင္ဒိုနီးရွားႏိုင္ငံ ၿမိဳ႕ေတာ္ ဂ်ကာတာအနီးရွိ ဟင္းခ်က္ဆီ စက္႐ုံတစ္ခုမွာ မီးေလာင္မႈႀကီးတစ္ခုျဖစ္ပြားခဲ့ရာ လူရွစ္ဦး ေသဆုံးခဲ့တယ္လို႔ ေဒသဆိုင္ရာမီးသတ္အာဏာပိုင္မ်ားက ေသာၾကာေန႔(ႏိုဝင္ဘာ ၁ ရက္) မွာ ေျပာၾကား ခဲ့ပါတယ္။
မီးသတ္ကားအစီးေရ ၂၀ ဝန္းက်င္ခန႔္ မီးေလာင္ရာေနရာ ေရာက္ရွိေနၿပီး စက္႐ုံေနရာအမ်ားစုကို မီးျငႇိမ္းသတ္ႏိုင္ခဲ့ တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ Metro TV သတင္းဌာနမွ ဗီဒီယိုဖိုင္တစ္ခုမွာ ဂ်ာကာတာ အေရွ႕ဘက္ အစြန္း၊ ဘယ္ကာစီ ရွိ စက္မႈဇုန္ရဲ႕ အလယ္ဗဟို အေဆာက္အအုံတစ္ခုမွ မီးေတာက္နဲ႔ မီးခိုးမည္းေတြ ထြက္ေနတာ ျပသေနပါတယ္။ မီးေလာင္မႈေၾကာင့္ စက္႐ုံအနီးတဝိုက္ လမ္းေတြ ပိတ္ထားတယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။ အေလာင္းေတြအားလုံးကို ေနရာမွ ဖယ္ထုတ္ႏိုင္ခဲ့ၿပီး ဒဏ္ရာရသူ ၃ ဦး ရွိတယ္လို႔ Bekasi မီးသတ္ဌာနအႀကီးအကဲ ဆူဟာတိုႏို က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္ အေသအေပ်ာက္ အေရအတြက္ တိုးလာႏိုင္ေသးတယ္လို႔ ၎က ဆက္ေျပာပါတယ္။ မီးေလာင္ရတဲ့ အေၾကာင္းရင္းကို ေဒသအာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနပါတယ္။ စက္႐ုံဟာ PT Primus Sanus ဟင္းခ်က္ဆီ စက္မႈလုပ္ငန္း (Priscolin) မွ လည္ပတ္ေနတဲ့ စက္႐ုံျဖစ္တယ္လို႔ သိရပါတယ္။