စပိန်နိုင်ငံမှာ သမိုင်းတွင်မယ့် မိုးရွာသွန်းမှုကြောင့် နေရာတော်တော်များများ ရေအောက်ရောက်

 1654

ရောင်နီ (NP News) - နိုဝင်ဘာ ၂

စပိန်နိုင်ငံမှာ ယခုသီတင်းပတ်အတွင်း သမိုင်းဝင် မိုးသည်းထန်စွာ မိုးရွာသွန်းမှုကြောင့် နိုင်ငံဧရိယာနေရာတချို့ ဟာ ရေနစ်မြုပ်ပြီး ကုန်းတွင်းပင်လယ်တစ်ခုသဖွယ်ဖြစ်နေတယ်လို့ သိရပါတယိ။

စပိန်နိုင်ငံ အရှေ့အလယ်ပိုင်းမှာ အင်္ဂါနေ့ (အောက်တိုဘာ ၂၉ ရက်) က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကမ်းပါး တွေကို ကျော်လွန်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကားလမ်းတွေပေါ်လည်း ရေကျော်လာခြင်းကြောင့် ကားနဲ့ တံတားတွေ မျောပါသွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မကြုံစဖူးမိုးရွာသွန်းမှုကြောင့် မြေပြင်ဟာ ရေပြင်ကျယ်ကြီး အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဧရိယာ အစိတ်အပိုင်း တချို့ဆိုရင် Balearic ပင်လယ်ရဲ့တိုးချဲ့လာတဲ့အစိတ်အပိုင်းတွေ သဖွယ်ဖြစ်နေတာကို အောက်တိုဘာ ၃၀ ရက်က ရိုက်ကူးထားတဲ့ဂြိုလ်တုဓာတ်ပုံတွေအရ တွေ့ရပါတယ်။ ဂြိုလ်တု ဓာတ်ပုံတွေမှာ စပိန်နိုင်ငံ၊ ဗလင်စီယာ မြို့လယ်ခေါင်မှ တောင်ဘက်ပိုင်းမှာ ယခင်က ထင်သာမြင်သာမရှိခဲ့တဲ့ ရေလမ်းတွေဟာ ယခုအခါ အပြာရောင်တောက်တောက် အရောင်ပြနေပြီး ထင်ထင်ရှားရှား ဖြစ်လာနေတာ တွေ့ရပါတယ်။ ဒါအပြင် ယခင်က လမ်းနေရာတွေဟာ မြစ်တွေအဖြစ် ပြောင်းလဲနေပြီး ကားတွေလည်း ပြန့်ကျဲနေ တာတွေ့ရပါတယ်။

ကမ္ဘာမိုးလေဝသ တွက်ချက်မှုအရ မြို့တော်ဗာလန်စီယာ အနောက်ဘက်ရှိ ရှီဗာဒေသမှာ အင်္ဂါနေ့(အောက်တိုဘာ ၂၉ ရက်) က ရှစ်နာရီကြာ မိုးရွာသွန်းခဲ့ပြီးရမိုးရေချိန် ၁၉ လက်မထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ရုပ်ကြွင်း လောင်စာဆီ ညစ်ညမ်းမှုကြောင့် ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ကမ္ဘာတဝန်း ပြင်းထန်မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေ ပါတယ်။

Zawgyi Version;
စပိန္ႏိုင္ငံမွာ သမိုင္းတြင္မယ့္ မိုး႐ြာသြန္းမႈေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ား ေရေအာက္ေရာက္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂

စပိန္ႏိုင္ငံမွာ ယခုသီတင္းပတ္အတြင္း သမိုင္းဝင္ မိုးသည္းထန္စြာ မိုး႐ြာသြန္းမႈေၾကာင့္ ႏိုင္ငံဧရိယာေနရာတခ်ိဳ႕ ဟာ ေရနစ္ျမဳပ္ၿပီး ကုန္းတြင္းပင္လယ္တစ္ခုသဖြယ္ျဖစ္ေနတယ္လို႔ သိရပါတယိ။

စပိန္ႏိုင္ငံ အေရွ႕အလယ္ပိုင္းမွာ အဂၤါေန႔ (ေအာက္တိုဘာ ၂၉ ရက္) က မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီး ျမစ္ကမ္းပါး ေတြကို ေက်ာ္လြန္ကာ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ကားလမ္းေတြေပၚလည္း ေရေက်ာ္လာျခင္းေၾကာင့္ ကားနဲ႔ တံတားေတြ ေမ်ာပါသြားတဲ့အထိ ျဖစ္ခဲ့ပါတယ္။ မႀကဳံစဖူးမိုး႐ြာသြန္းမႈေၾကာင့္ ေျမျပင္ဟာ ေရျပင္က်ယ္ႀကီး အျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး ဧရိယာ အစိတ္အပိုင္း တခ်ိဳ႕ဆိုရင္ Balearic ပင္လယ္ရဲ႕တိုးခ်ဲ႕လာတဲ့အစိတ္အပိုင္းေတြ သဖြယ္ျဖစ္ေနတာကို ေအာက္တိုဘာ ၃၀ ရက္က ႐ိုက္ကူးထားတဲ့ၿဂိဳလ္တုဓာတ္ပုံေတြအရ ေတြ႕ရပါတယ္။ ၿဂိဳလ္တု ဓာတ္ပုံေတြမွာ စပိန္ႏိုင္ငံ၊ ဗလင္စီယာ ၿမိဳ႕လယ္ေခါင္မွ ေတာင္ဘက္ပိုင္းမွာ ယခင္က ထင္သာျမင္သာမရွိခဲ့တဲ့ ေရလမ္းေတြဟာ ယခုအခါ အျပာေရာင္ေတာက္ေတာက္ အေရာင္ျပေနၿပီး ထင္ထင္ရွားရွား ျဖစ္လာေနတာ ေတြ႕ရပါတယ္။ ဒါအျပင္ ယခင္က လမ္းေနရာေတြဟာ ျမစ္ေတြအျဖစ္ ေျပာင္းလဲေနၿပီး ကားေတြလည္း ျပန႔္က်ဲေန တာေတြ႕ရပါတယ္။

ကမာၻမိုးေလဝသ တြက္ခ်က္မႈအရ ၿမိဳ႕ေတာ္ဗာလန္စီယာ အေနာက္ဘက္ရွိ ရွီဗာေဒသမွာ အဂၤါေန႔(ေအာက္တိုဘာ ၂၉ ရက္) က ရွစ္နာရီၾကာ မိုး႐ြာသြန္းခဲ့ၿပီးရမိုးေရခ်ိန္ ၁၉ လက္မထိ ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။ ႐ုပ္ႂကြင္း ေလာင္စာဆီ ညစ္ညမ္းမႈေၾကာင့္ ကမာၻႀကီးပူေႏြးလာတာနဲ႔အမွ် ကမာၻတဝန္း ျပင္းထန္မိုး႐ြာသြန္းမႈေတြ ျဖစ္ေပၚေန ပါတယ္။

Related news

© 2021. All rights reserved.