ပစ္စည်းဝင်ခိုးသည့်ကျောင်းသားက စိုက်/သိပ္ပံကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမတစ်ဦးကို ဓားဖြင့်ခုတ်သတ်ရာ တစ်ဦး ပွဲချင်းပြီးသေဆုံးမှု နေပြည်တော်တွင် ဖြစ်ပွား

 3645

သန့်ဇင် (NP News) - နိုဝင်ဘာ ၂

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် ပစ္စည်းဝင်ခိုးသည့်ကျောင်းသားက စိုက်/သိပ္ပံကျောင်းအုပ် ဆရာမကြီး နှင့် ဆရာမတစ်ဦးကို ဓားဖြင့်ခုတ်သတ်ရာ တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မိုးစေတနာလူမှု ကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၂ ရက်)၊ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ပျဥ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ စိုက်/သိပ္ပံ ကျောင်း၀န်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝင်ခိုးတာက ဆရာမလေးအခန်းကိုဝင်ခိုးတာ။ ဝင်ခိုးတာမှာ မိသွားလို့ခုတ်တာ။ ဒဏ်ရာကတေ့ (၃)(၄)ချက် လောက်တော့ရှိတယ်လို့ ပြောတယ်။ ဆရာမလေးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ ဆရာမကြီးက သိသွားတော့ ဆရာမကြီးကိုထပ်ခုတ်တာ။ စိန်လက်စွတ်ချွတ် ပေးတာကိုယူပြီး ပြန်လာခုတ်တာ။ ဆရာမကြီး ကတော့ (၃)ချက်လို့တော့ ကြားတယ်” ဟု မိုးစေတနာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် အသက်(၂၂)နှစ်အရွယ် စိုက်/သိပ္ပံကျောင်းဆရာမ ဒေါ်အွန်စောမှာ လည်းပင်း ထိုးသွင်းဒဏ်ရာတစ်ချက် နှင့် ဝဲဘက်ညှပ်ရိုးထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံး သွားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီတွင်လည်း ဦးခေါင်းပြတ်ရှဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“ပြစ်မှုကျူးလွန်တဲ့အမျိုးသားက အဲဒီအဝတ်အစားနဲ့ ဆရာမကိုသတ်ပြီး ကျောင်းအုပ်ဆရာမကြီးကိုတော့ ဓားနဲ့ ခုတ်ပြီး အဝတ်ကိုရေတွင်း ထဲပစ်ချခဲ့တာ။ အဲဒါနဲ့ ကျွန်တော်တို့ကိုခေါ်လို့သွားကောက်ပေးတာမှာ အဝတ်ကတော့ ကောက်ပြီးသွားပြီ။ အဲဒါနဲ့ ကားကြီးဝန်းမှာပဲ အဲဒီကောင်ကို ပြန်မိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် သေဆုံးသူ ကျောင်းဆရာမနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းအုပ်ဆရာကြီးတို့ကို ပျဥ်းမနားမြို့ ခုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့ ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအမျိုးသားမှာ အသက်(၁၉)နှစ်အရွယ် စိုက်/သိပ္ပံဒုတိယနှစ်ကျောင်းသား မျိုးမင်းသူဖြစ်ပြီး ၎င်းအား ယနေ့ နံနက် ၁ဝ နာရီအချိန်တွင် နေပြည်တော်၊ ဘောဂသီရိကားဝန်းရှိ နေကြယ်မင်း ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ပစၥည္းဝင္ခိုးသည့္ေက်ာင္းသားက စိုက္/သိပၸံေက်ာင္းအုပ္ဆရာမႀကီး ႏွင့္ ဆရာမတစ္ဦးကို ဓားျဖင့္ခုတ္သတ္ရာ တစ္ဦး ပြဲခ်င္းၿပီးေသဆုံးမႈ ေနျပည္ေတာ္တြင္ ျဖစ္ပြား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕တြင္ ပစၥည္းဝင္ခိုးသည့္ေက်ာင္းသားက စိုက္/သိပၸံေက်ာင္းအုပ္ ဆရာမႀကီး ႏွင့္ ဆရာမတစ္ဦးကို ဓားျဖင့္ခုတ္သတ္ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း မိုးေစတနာလူမႈ ကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာ ၂ ရက္)၊ နံနက္ ၄ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က ပ်ဥ္းမနားၿမိဳ႕၊ ေ႐ႊခ်ီရပ္ကြက္၊ စိုက္/သိပၸံ ေက်ာင္း၀န္းအတြင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဝင္ခိုးတာက ဆရာမေလးအခန္းကိုဝင္ခိုးတာ။ ဝင္ခိုးတာမွာ မိသြားလို႔ခုတ္တာ။ ဒဏ္ရာကေတ့ (၃)(၄)ခ်က္ ေလာက္ေတာ့ရွိတယ္လို႔ ေျပာတယ္။ ဆရာမေလးကေတာ့ အခင္းျဖစ္တဲ့ေနရာမွာပဲ ဆုံးသြားတယ္။ ဆရာမႀကီးက သိသြားေတာ့ ဆရာမႀကီးကိုထပ္ခုတ္တာ။ စိန္လက္စြတ္ခြၽတ္ ေပးတာကိုယူၿပီး ျပန္လာခုတ္တာ။ ဆရာမႀကီး ကေတာ့ (၃)ခ်က္လို႔ေတာ့ ၾကားတယ္” ဟု မိုးေစတနာပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ဓားျဖင့္ထိုးခုတ္ခံရမႈေၾကာင့္ အသက္(၂၂)ႏွစ္အ႐ြယ္ စိုက္/သိပၸံေက်ာင္းဆရာမ ေဒၚအြန္ေစာမွာ လည္းပင္း ထိုးသြင္းဒဏ္ရာတစ္ခ်က္ ႏွင့္ ဝဲဘက္ညႇပ္႐ိုးထိုးသြင္းဒဏ္ရာတစ္ခ်က္ျဖင့္ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံး သြားခဲ့ၿပီး ေက်ာင္းအုပ္ဆရာမႀကီး ေဒၚဝင္းရီတြင္လည္း ဦးေခါင္းျပတ္ရွဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။
“ျပစ္မႈက်ဴးလြန္တဲ့အမ်ိဳးသားက အဲဒီအဝတ္အစားနဲ႔ ဆရာမကိုသတ္ၿပီး ေက်ာင္းအုပ္ဆရာမႀကီးကိုေတာ့ ဓားနဲ႔ ခုတ္ၿပီး အဝတ္ကိုေရတြင္း ထဲပစ္ခ်ခဲ့တာ။ အဲဒါနဲ႔ ကြၽန္ေတာ္တို႔ကိုေခၚလို႔သြားေကာက္ေပးတာမွာ အဝတ္ကေတာ့ ေကာက္ၿပီးသြားၿပီ။ အဲဒါနဲ႔ ကားႀကီးဝန္းမွာပဲ အဲဒီေကာင္ကို ျပန္မိတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ ေသဆုံးသူ ေက်ာင္းဆရာမႏွင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ေက်ာင္းအုပ္ဆရာႀကီးတို႔ကို ပ်ဥ္းမနားၿမိဳ႕ ခုတင္(၂၀၀)ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ ရေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားမွာ အသက္(၁၉)ႏွစ္အ႐ြယ္ စိုက္/သိပၸံဒုတိယႏွစ္ေက်ာင္းသား မ်ိဳးမင္းသူျဖစ္ၿပီး ၎အား ယေန႔ နံနက္ ၁ဝ နာရီအခ်ိန္တြင္ ေနျပည္ေတာ္၊ ေဘာဂသီရိကားဝန္းရွိ ေနၾကယ္မင္း ကားဂိတ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.