နစက NSPNC 7EAO ပါတီ (၁၀)ခုတို့ အိန္ဒိယတွင်ဖက်ဒရယ်နှင့် ဖွဲ့စည်းပုံအကြောင်း ဆွေးနွေးမည်
1131
မြူနစ် (NP News) - နိုဝင်ဘာ ၃
နစကအစိုးရ၏ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု များရှိနေသည့် နိုင်ငံရေးပါတီများနှင့် 7EAO Allience မှ ကိုယ်စားလှယ်အချို့ကို အိန္ဒိယနိုင်ငံက ဖိတ်ခေါ်တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းထံမှ သိရသည်။
ပြည်တွင်း၌ တရားဝင်ရပ်တည်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ၊ ပြည်သူ့ပါတီနှင့် တိုင်းရင်းသားပါတီ အချို့အပါအဝင် စုစုပေါင်း ပါတီ(၁၀)ခုမှ ကိုယ်စားလှယ် လူပုဂ္ဂိုလ်များသည် နိုဝင်ဘာ (၄)ရက်တွင် အိန္ဒိယနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရသည် ယခုကဲ့သို့ မြန်မာ နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခြင်းမှာ ၎င်းနိုင်ငံ၏ ဖက်ဒရယ်စနစ်နှင့် constitution အကြောင်းကို ရှင်းပြလိုသည့်အတွက် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှအထွေထွေအတွင်း ရေးမှူး ဒေါက်တာ မျိုးဆက်သွေးက NP News ကို ပြောသည်။
‘ဟုတ်ပါတယ်။ ကျွန်တော် သိသလောက်ဆိုရင် တော့ NDF ပါတယ်၊ PP က ဦးကိုကိုကြီးပါတယ်၊ ကျွန်တော် ပါတယ်၊ နာဂပါတီ ပါတယ်၊ ရခိုင့်ဦးဆောင် ပါတီပါတယ်၊ ပြည်ခိုင်ဖြိုးလည်းပါတယ်။ အဓိကတော့ Training သဘောပဲ။ Lecture သဘောမျိုးပဲ။ သူတို့ရဲ့ ဖက်ဒရယ်နဲ့ constitution တွေအကြောင်းပေါ့။ သူတို့ဆီမှာ ဖက်ဒရယ်ကို ဘယ်လို practice လုပ်သလဲ။ အဲဒီလို practice လုပ်ဖို့အတွက် constitution background ဘယ်လိုရှိ သလဲပေါ့။ ဒါတွေကို ပြောမယ့်သဘောမျိုးပါပဲ’ဟု ဒေါက်တာမျိုးဆက်သွေးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရ၏ NSPNC နှင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင် အစဉ်တစ်စိုက်ထိတွေ့ပါဝင်ခဲ့သော နိုင်ငံရေးပါတီများကို အိန္ဒိယနိုင်ငံဘက်က အဓိကဖိတ် ကြားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
‘များသောအားဖြင့်တော့ NSPNC နဲ့ ဆွေးနွေးပွဲတွေကို အစဉ်တစ်ဆက်တက်ခဲ့ပါတီက လူတွေပေါ့။ ကျွန်တော် တို့ ပါတီဆိုရင် ဥက္ကဋ္ဌကို ပထမဖိတ်ပေမယ့် ငြိမ်းချမ်းရေး process ပေါ့၊ ဒီ NSPNC နဲ့ ဆွေးနွေးတဲ့ process မှာ တစ်လျှောက်လုံးက ကျွန်တော်ပဲ တက်ခဲ့တော့ ကျွန်တော့်ကိုပဲ ခေါ်တာပေါ့။ အဲဒီလိုပဲ NDF ဆိုရင်လည်းပဲ ဒုဥက္ကဋ္ဌက တက်ခဲ့တော့ ဒုဥက္ကဋ္ဌကို ခေါ်တာပေါ့။ USDP ဆိုရင်လည်း အဲဒီလို အစဉ်တစ် စိုက်တက်ခဲ့တဲ့ ဒေါက်တာအောင်မြတ်ဦးကို ခေါ်တာပေါ့။ နာမည်တပ်ခေါ်တဲ့သဘောမျိုးပေါ့}ဟု ဒေါက် တာမျိုးဆက်သွေးက ဆက်လက်ပြောသည်။
အဆိုပါတွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံအနေဖြင့် သွားသင့်သည့် ဖက်ဒရယ်ပုံစံကိုလည်း ဆွေးနွေးခွင့်ရခဲ့ပါက ထည့်သွင်းဆွေးနွေးသွားရန်ရှိလည်း ၎င်းက ဆက်လက်ပြောသည်။ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာမျိုးဆက်သွေး က‘အဓိကတော့ ကျွန်တော်တို့ ဖက်ဒရယ်နဲ့ပတ်သက်လို့ practice လုပ်တာနဲ့ ပတ်သက်လို့ မြေပြင်မှာ ကြုံတွေ့နေတဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ၊ လက်ရှိဖွဲ့စည်းပုံက ပေးထားတဲ့ ပေးထားချက်ရယ်။ ကျွန်တော်တို့ရဲ့ သမိုင်း ကြောင်းအရ သွားသင့်တဲ့ ဖက်ဒရယ်ပုံစံရယ် ဒါမျိုးလေးတွေကိုတော့ ဆွေးနွေး ခွင့်ရရင် ဆွေးနွေးမှာပေါ့}ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီအချို့သည် ပြီးခဲ့သောကာလအတွင်း၌ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ဖူးသည်။ နစကအစိုးရဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်တို့ ဦးဆောက်တက်ရောက်မည်ဖြစ်ပြီး ပါတီများဘက်မှ (၁၀)ခု 7EAO အဖွဲ့မှ ကိုယ်စားလှယ် အချို့တို့ အိန္ဒိယတွင် နိုဝင်ဘာ (၄)ရက်မှ (၇)ရက်အထိ ရှိနေမည်ဖြစ်သည်။
Zawgyi Version;
နစက NSPNC 7EAO ပါတီ (၁၀)ခုတို႔ အိႏၵိယတြင္ဖက္ဒရယ္ႏွင့္ ဖြဲ႕စည္းပုံအေၾကာင္း ေဆြးေႏြးမည္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၃
နစကအစိုးရ၏ NSPNC ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈ မ်ားရွိေနသည့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ 7EAO Allience မွ ကိုယ္စားလွယ္အခ်ိဳ႕ကို အိႏၵိယႏိုင္ငံက ဖိတ္ေခၚေတြ႕ဆုံမည္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီအသိုင္းအဝိုင္းထံမွ သိရသည္။
ျပည္တြင္း၌ တရားဝင္ရပ္တည္ေနသည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ျပည္သူ႔ေရွ႕ ေဆာင္ပါတီ၊ ျပည္သူ႔ပါတီႏွင့္ တိုင္းရင္းသားပါတီ အခ်ိဳ႕အပါအဝင္ စုစုေပါင္း ပါတီ(၁၀)ခုမွ ကိုယ္စားလွယ္ လူပုဂၢိဳလ္မ်ားသည္ ႏိုဝင္ဘာ (၄)ရက္တြင္ အိႏၵိယႏိုင္ငံသို႔သြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။ အိႏၵိယအစိုးရသည္ ယခုကဲ့သို႔ ျမန္မာ ႏိုင္ငံအတြင္းရွိ ႏိုင္ငံေရးပါတီမ်ားကို ဖိတ္ေခၚျခင္းမွာ ၎ႏိုင္ငံ၏ ဖက္ဒရယ္စနစ္ႏွင့္ constitution အေၾကာင္းကို ရွင္းျပလိုသည့္အတြက္ ဖိတ္ေခၚျခင္းျဖစ္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)မွအေထြေထြအတြင္း ေရးမႉး ေဒါက္တာ မ်ိဳးဆက္ေသြးက NP News ကို ေျပာသည္။
‘ဟုတ္ပါတယ္။ ကြၽန္ေတာ္ သိသေလာက္ဆိုရင္ ေတာ့ NDF ပါတယ္၊ PP က ဦးကိုကိုႀကီးပါတယ္၊ ကြၽန္ေတာ္ ပါတယ္၊ နာဂပါတီ ပါတယ္၊ ရခိုင့္ဦးေဆာင္ ပါတီပါတယ္၊ ျပည္ခိုင္ၿဖိဳးလည္းပါတယ္။ အဓိကေတာ့ Training သေဘာပဲ။ Lecture သေဘာမ်ိဳးပဲ။ သူတို႔ရဲ႕ ဖက္ဒရယ္နဲ႔ constitution ေတြအေၾကာင္းေပါ့။ သူတို႔ဆီမွာ ဖက္ဒရယ္ကို ဘယ္လို practice လုပ္သလဲ။ အဲဒီလို practice လုပ္ဖို႔အတြက္ constitution background ဘယ္လိုရွိ သလဲေပါ့။ ဒါေတြကို ေျပာမယ့္သေဘာမ်ိဳးပါပဲ’ဟု ေဒါက္တာမ်ိဳးဆက္ေသြးက ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရ၏ NSPNC ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြး ပြဲမ်ားတြင္ အစဥ္တစ္စိုက္ထိေတြ႕ပါဝင္ခဲ့ေသာ ႏိုင္ငံေရးပါတီမ်ားကို အိႏၵိယႏိုင္ငံဘက္က အဓိကဖိတ္ ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။
‘မ်ားေသာအားျဖင့္ေတာ့ NSPNC နဲ႔ ေဆြးေႏြးပြဲေတြကို အစဥ္တစ္ဆက္တက္ခဲ့ပါတီက လူေတြေပါ့။ ကြၽန္ေတာ္ တို႔ ပါတီဆိုရင္ ဥကၠ႒ကို ပထမဖိတ္ေပမယ့္ ၿငိမ္းခ်မ္းေရး process ေပါ့၊ ဒီ NSPNC နဲ႔ ေဆြးေႏြးတဲ့ process မွာ တစ္ေလွ်ာက္လုံးက ကြၽန္ေတာ္ပဲ တက္ခဲ့ေတာ့ ကြၽန္ေတာ့္ကိုပဲ ေခၚတာေပါ့။ အဲဒီလိုပဲ NDF ဆိုရင္လည္းပဲ ဒုဥကၠ႒က တက္ခဲ့ေတာ့ ဒုဥကၠ႒ကို ေခၚတာေပါ့။ USDP ဆိုရင္လည္း အဲဒီလို အစဥ္တစ္ စိုက္တက္ခဲ့တဲ့ ေဒါက္တာေအာင္ျမတ္ဦးကို ေခၚတာေပါ့။ နာမည္တပ္ေခၚတဲ့သေဘာမ်ိဳးေပါ့}ဟု ေဒါက္ တာမ်ိဳးဆက္ေသြးက ဆက္လက္ေျပာသည္။
အဆိုပါေတြ႕ဆုံပြဲအတြင္း ျမန္မာႏိုင္ငံအေနျဖင့္ သြားသင့္သည့္ ဖက္ဒရယ္ပုံစံကိုလည္း ေဆြးေႏြးခြင့္ရခဲ့ပါက ထည့္သြင္းေဆြးေႏြးသြားရန္ရွိလည္း ၎က ဆက္လက္ေျပာသည္။ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ေဒါက္တာမ်ိဳးဆက္ေသြး က‘အဓိကေတာ့ ကြၽန္ေတာ္တို႔ ဖက္ဒရယ္နဲ႔ပတ္သက္လို႔ practice လုပ္တာနဲ႔ ပတ္သက္လို႔ ေျမျပင္မွာ ႀကဳံေတြ႕ေနတဲ့ တိုင္းရင္းသားေတြရဲ႕ လိုလားခ်က္ေတြ၊ လက္ရွိဖြဲ႕စည္းပုံက ေပးထားတဲ့ ေပးထားခ်က္ရယ္။ ကြၽန္ေတာ္တို႔ရဲ႕ သမိုင္း ေၾကာင္းအရ သြားသင့္တဲ့ ဖက္ဒရယ္ပုံစံရယ္ ဒါမ်ိဳးေလးေတြကိုေတာ့ ေဆြးေႏြး ခြင့္ရရင္ ေဆြးေႏြးမွာေပါ့}ဟု ေျပာသည္။
ျမန္မာႏိုင္ငံအတြင္းရွိ ႏိုင္ငံေရးပါတီအခ်ိဳ႕သည္ ၿပီးခဲ့ေသာကာလအတြင္း၌ တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ ဖိတ္ၾကား ခ်က္အရ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ဖူးသည္။ နစကအစိုးရဘက္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းႏိုင္ႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ ႀကီး ထြန္းထြန္းေနာင္တို႔ ဦးေဆာက္တက္ေရာက္မည္ျဖစ္ၿပီး ပါတီမ်ားဘက္မွ (၁၀)ခု 7EAO အဖြဲ႕မွ ကိုယ္စားလွယ္ အခ်ိဳ႕တို႔ အိႏၵိယတြင္ ႏိုဝင္ဘာ (၄)ရက္မွ (၇)ရက္အထိ ရွိေနမည္ျဖစ္သည္။