နိုင်ငံတွင်းပဋိပက္ခများသည် နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်းကြောင့်ဖြစ်ဟု နစကဥက္ကဋ္ဌ ဆို
894
ယွန်း (NP News) - နိုဝင်ဘာ ၃
နိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိ ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားသည်။
အဆိုပါစကားကို နိုဝင်ဘာ(၂)ရက်က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့သော ဒီပါဝလီ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်စဥ် အထက်ပါကဲ့သို့ပြောကြားခဲ့သည်။
မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိသော်လည်း အမိမြေ ပေါ်တွင် အတူတကွကြီးပြင်းလာကြသူများဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ယုံကြည်ရာဘာသာ တရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုး ကို ဝိုင်းဝန်းသယ်ပိုးသွားကြရန်လည်း အသိပေးပြောကြားသည်။
လက်ရှိတွင် နိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်းကြောင့်ဖြစ်ပြီး ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့် လှုံ့ဆော်မှုအမျိုးမျိုးအား အခြေခံနေသည်ကိုတွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထိုသို့ သွေးထိုးလှုံ့ဆော်မှုများမှတဆင့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို မိုက်မဲစွာ ကျူးလွန်နေကြခြင်း ဖြစ်ပြီး သွေးကွဲနေပါက သွေးထိုးခံနေရမည်ပင်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာ သုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်ပင်ဖြစ်ပါစေ မြန်မာနိုင်ငံကိုချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးရန်လည်း နစကဥက္ကဋ္ဌ က တိုက်တွန်းပြောကြားသည်။
ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့အထိမ်းအမှတ်အခမ်းအနားသည်လည်း ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံ အတွင်း၌ရှိသည့် ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများအပါအဝင် လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဘာသာဝင်များ၊ အခြားသောဘာသာဝင်များစုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ႏိုင္ငံတြင္းပဋိပကၡမ်ားသည္ ႏိုင္ငံေရးအရျဖစ္ေပၚလာသည့္ျပႆနာကို ႏိုင္ငံေရးအရ ေျဖရွင္းမႈမရွိျခင္းေၾကာင့္ျဖစ္ဟု နစကဥကၠ႒ ဆို
ယြန္း (NP News) - ႏိုဝင္ဘာ ၃
ႏိုင္ငံ၌ျဖစ္ေပၚေနသည့္ ပဋိပကၡမ်ားသည္ ႏိုင္ငံေရးအရ ျဖစ္ေပၚလာသည့္ျပႆနာကို ႏိုင္ငံေရးအရ ေျဖရွင္းမႈမရွိ ျခင္းေၾကာင့္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ထည့္သြင္းေျပာၾကားသည္။
အဆိုပါစကားကို ႏိုဝင္ဘာ(၂)ရက္က ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕မေက်ာင္းလမ္းရွိ အမ်ိဳးသားဇာတ္႐ုံ၌ က်င္းပခဲ့ေသာ ဒီပါဝလီ အထိမ္းအမွတ္ အခမ္းအနားသို႔ တက္ေရာက္စဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့သည္။
မိမိတို႔ျမန္မာႏိုင္ငံသားမ်ားသည္ လူမ်ိဳးအရျဖစ္ေစ၊ ဘာသာတရားအရျဖစ္ေစ ကြဲျပားမႈမ်ားရွိေသာ္လည္း အမိေျမ ေပၚတြင္ အတူတကြႀကီးျပင္းလာၾကသူမ်ားျဖစ္ၾကသည္မွာ တူညီသည့္အတြက္ တစ္ဦး၏ယုံၾကည္ရာဘာသာ တရားကို အျခားတစ္ဦးက ေလးစားၾကရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။
ထို႔ျပင္ ျပည္ေထာင္စုစိတ္ဓာတ္ကို အေျခခံၿပီး အျပန္အလွန္ခ်စ္ၾကည္ရင္းႏွီးမႈမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံ၏အက်ိဳး ကို ဝိုင္းဝန္းသယ္ပိုးသြားၾကရန္လည္း အသိေပးေျပာၾကားသည္။
လက္ရွိတြင္ ႏိုင္ငံ၌ ျဖစ္ေပၚေနသည့္ ပဋိပကၡမ်ားသည္ ႏိုင္ငံေရးအရ ျဖစ္ေပၚလာသည့္ျပႆနာကို ႏိုင္ငံေရးအရ ေျဖရွင္းမႈမရွိျခင္းေၾကာင့္ျဖစ္ၿပီး ျပည္ပမွ ႏိုင္ငံေရး၊ လူမ်ိဳးေရး၊ ဘာသာေရး စသည့္ လႈံ႕ေဆာ္မႈအမ်ိဳးမ်ိဳးအား အေျခခံေနသည္ကိုေတြ႕ရေၾကာင္း နစကဥကၠ႒က ေျပာသည္။
ထိုသို႔ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားမွတဆင့္ ႏိုင္ငံအတြင္း အၾကမ္းဖက္လုပ္ရပ္မ်ားကို မိုက္မဲစြာ က်ဴးလြန္ေနၾကျခင္း ျဖစ္ၿပီး ေသြးကြဲေနပါက ေသြးထိုးခံေနရမည္ပင္ျဖစ္ေၾကာင္းလည္း ဆက္လက္ေျပာၾကားသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံအတြင္း ဒီေျမ၊ ဒီေရ၊ ဒီေလကို တူညီစြာ သုံးစြဲေနထိုင္ၾကသည့္ မည္သည့္လူမ်ိဳး၊ မည္သည့္ ဘာသာဝင္ပင္ျဖစ္ပါေစ ျမန္မာႏိုင္ငံကိုခ်စ္သည့္စိတ္၊ ျပည္ေထာင္စုစိတ္ဓာတ္ေမြးရန္လည္း နစကဥကၠ႒ က တိုက္တြန္းေျပာၾကားသည္။
ယခုႏွစ္က်င္းပသည့္ ဒီပါဝလီေန႔အထိမ္းအမွတ္အခမ္းအနားသည္လည္း ယခင္ႏွစ္မ်ားႏွင့္မတူဘဲ ျမန္မာႏိုင္ငံ အတြင္း၌ရွိသည့္ ဟိႏၵဴဘာသာေရးအဖြဲ႕အစည္းမ်ားအပါအဝင္ လူမႈေရးအဖြဲ႕အစည္းမ်ားအားလုံးႏွင့္ ဘာသာဝင္မ်ား၊ အျခားေသာဘာသာဝင္မ်ားစုေပါင္းၿပီး စည္ကားသိုက္ၿမိဳက္စြာ က်င္းပေဆာင္႐ြက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။