နျူကလီးယားတပ်ဖွဲ့တွေ တည်ဆောက်ရေးချဉ်းကပ်မှုတွေကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားအစိုးရပြော

 750

Pika (NP News) - နိုဝင်ဘာ ၃

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာမှုနဲ့အတူ မြောက်ကိုရီးယားဟာ ၎င်းရဲ့နျူကလီးယားတပ်ဖွဲ့ တွေ တည်ဆောက်ရေးချဉ်းကပ်မှုတွေကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆန်းဟွေက ပြောကြားခဲ့ပါတယ်။
ချိုဆန်းဟွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့ မော်စကိုမြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင် ခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားဟာ ၎င်းရဲ့ လက်တုံ့ပြန်နိုင်စွမ်း တွေကို ချဲ့ထွင်ဖို့ လိုအပ်တယ်လို့လည်း ချိုဆန်းဟွေက ပြောကြားခဲ့ပါတယ်။

ချိုဆန်းဟွေက "လက်ရှိအခြေအနေတွေအပြင် အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့စိန်ခေါ်မှုတွေကြောင့် ကျွန်မတို့ရဲ့ခေတ်မီမဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေ၊ ထိုးစစ်နျူကလီးယားလက်နက်တွေအပြင် နျူကလီးယားလက်တုံ့ပြန်မှုတွေအတွက် ကျွန်မတို့ရဲ့အဆင်သင့်ဖြစ်မှုတွေကို မြှင့်တင်ဖို့လိုအပ်နေပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားတပ်ဖွဲ့တွေ အားကောင်းလာအောင်လုပ်ဆောင်မယ့်လမ်းကြောင်းကို ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ နျူကလီးယားအစိတ်အပိုင်းတွေပါဝင်တဲ့ မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်နေတာကြောင့် ကိုရီးယားကျွန်းဆွယ်မှာဖြစ်ပွားနေတဲ့အခြေအနေတွေဟာ ဘယ်အချိန်မှာမဆို ပြောင်းလဲသွားနိုင်တယ်လို့ ချိုဆန်းဟွေက ပြောကြားခဲ့ပါတယ်။ အဲဒီပြောင်းလဲမှုတွေဟာ ကိုရီးယားကျွန်းဆွယ် တစ်ခုလုံးကိုသာမက အရှေ့မြောက်အာရှတစ်ခုလုံးကိုပါ အပျက်သဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ချိုဆန်းဟွေက သတိပေးပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အကြိမ်ပေါင်းများစွာ ပြစ်တင်ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားကို ကျူးကျော်တိုက်ခိုက်ဖို့အတွက် အစမ်းလေ့ကျင့်မှုလုပ်ဆောင်နေတာမျိုး ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
န်ဴကလီးယားတပ္ဖြဲ႕ေတြ တည္ေဆာက္ေရးခ်ဥ္းကပ္မႈေတြကို ေျပာင္းလဲသြားမွာမဟုတ္ဘူးလို႔ ေျမာက္ကိုရီးယား အစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၃

ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈေတြ ျမင့္တက္လာမႈနဲ႔အတူ ေျမာက္ကိုရီးယားဟာ ၎ရဲ႕န်ဴကလီးယားတပ္ဖြဲ႕ ေတြ တည္ေဆာက္ေရးခ်ဥ္းကပ္မႈေတြကို ေျပာင္းလဲသြားမွာမဟုတ္ဘူးလို႔ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး ခ်ိဳဆန္းေဟြက ေျပာၾကားခဲ့ပါတယ္။
ခ်ိဳဆန္းေဟြဟာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္နဲ႔ ေမာ္စကိုၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ ခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားဟာ ၎ရဲ႕ လက္တုံ႔ျပန္ႏိုင္စြမ္း ေတြကို ခ်ဲ႕ထြင္ဖို႔ လိုအပ္တယ္လို႔လည္း ခ်ိဳဆန္းေဟြက ေျပာၾကားခဲ့ပါတယ္။

ခ်ိဳဆန္းေဟြက "လက္ရွိအေျခအေနေတြအျပင္ အလားအလာရွိတဲ့ ၿခိမ္းေျခာက္မႈေတြနဲ႔စိန္ေခၚမႈေတြေၾကာင့္ ကြၽန္မတို႔ရဲ႕ေခတ္မီမဟာဗ်ဴဟာေျမာက္န်ဴကလီးယားလက္နက္ေတြ၊ ထိုးစစ္န်ဴကလီးယားလက္နက္ေတြအျပင္ န်ဴကလီးယားလက္တုံ႔ျပန္မႈေတြအတြက္ ကြၽန္မတို႔ရဲ႕အဆင္သင့္ျဖစ္မႈေတြကို ျမႇင့္တင္ဖို႔လိုအပ္ေနပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားတပ္ဖြဲ႕ေတြ အားေကာင္းလာေအာင္လုပ္ေဆာင္မယ့္လမ္းေၾကာင္းကို ဘယ္ေတာ့မွ ေျပာင္းလဲမွာမဟုတ္ပါဘူး" လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ဟာ န်ဴကလီးယားအစိတ္အပိုင္းေတြပါဝင္တဲ့ မိတ္ဖက္ဆက္ဆံေရးကို တည္ေဆာက္ေနတာေၾကာင့္ ကိုရီးယားကြၽန္းဆြယ္မွာျဖစ္ပြားေနတဲ့အေျခအေနေတြဟာ ဘယ္အခ်ိန္မွာမဆို ေျပာင္းလဲသြားႏိုင္တယ္လို႔ ခ်ိဳဆန္းေဟြက ေျပာၾကားခဲ့ပါတယ္။ အဲဒီေျပာင္းလဲမႈေတြဟာ ကိုရီးယားကြၽန္းဆြယ္ တစ္ခုလုံးကိုသာမက အေရွ႕ေျမာက္အာရွတစ္ခုလုံးကိုပါ အပ်က္သေဘာေဆာင္တဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိလာလိမ့္မယ္လို႔ ခ်ိဳဆန္းေဟြက သတိေပးေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားဟာ အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ရဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို အႀကိမ္ေပါင္းမ်ားစြာ ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ေျမာက္ကိုရီးယားကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔အတြက္ အစမ္းေလ့က်င့္မႈလုပ္ေဆာင္ေနတာမ်ိဳး ျဖစ္တယ္လို႔ ျပစ္တင္ေဝဖန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.