အီရန်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်ရန်စီစဉ်နေမှုနှင့်အတူ ရေနံဈေးနှုန်းများမြင့်တက်လာ
1973
Pika (NP News) - နိုဝင်ဘာ ၃
အီရန်က အစ္စရေးအပေါ် တိုက်ခိုက်မှုအသစ် များလုပ်ဆောင်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံထောက်ပံ့မှုများ ပြတ်တောက်နိုင်ခြေရှိသည်ဆိုသည့် အစီရင်ခံစာထွက်ပေါ်လာမှု နှင့်အတူ ရေနံဈေးနှုန်းများ တက်လာခဲ့ကြောင်း သိရသည်။
အီရန်သည် အီရတ်ရှိ ၎င်းကျောထောက်နောက် ခံပြုထားသော စစ်သွေးကြွအဖွဲ့များမှတစ်ဆင့် အစ္စရေးအပေါ် ကြီးမားသောလက်တုံ့ပြန် တိုက်ခိုက်မှု တစ်ခုလုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု အမည်မသိ သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး Axios သတင်းဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပြီးနောက် West Texas Intermediate ရေနံသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၀)ကျော်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် စံချိန်မီ Brent ရေနံစိမ်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၄)ဒေါ်လာအထက်သို့ မြင့်တက် သွားခဲ့ကြောင်းလည်း သိရသည်။ အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုများနှင့်အတူ အီရန်၏စွမ်းအင်အခြေခံ အဆောက် အအုံသည် ပစ်မှတ်ဖြစ် လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများထွက်ပေါ်လာပြီး နောက်ရက်ပိုင်းအကြာတွင် အရှေ့အလယ် ပိုင်းတွင် ဖြစ်ပွားနေသောပဋိပက္ခနှင့် ဆက်စပ်သည့်ရေနံစိမ်း အန္တရာယ်မှာ ပြန်လည်ထွက်ပေါ်လာခဲ့ သည်။
အီရတ်အခြေစိုက် စစ်သွေးကြွအဖွဲ့များကို အသုံးပြုမည့် အီရန်၏အစီအစဉ်သည် ၎င်း၏ကိုယ် ပိုင်နယ် မြေများကို အစ္စရေး၏ နောက်ထပ်တိုက်ခိုက် မှုများမှ ရှောင်ရှားရန် ကြိုးပမ်းမှုတစ်ခုဖြစ်နိုင်သည်ဟု Axios ကဖော်ပြခဲ့ သော်လည်း ရေနံစိမ်းထောက်ပံ့ မှုပြတ်တောက်သွားနိုင်ခြေရှိသည်ဆိုသည့် စိုးရိမ်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။ CIBC Private Wealth Group မှ အကြီးတန်း စွမ်းအင်ကုန်သည် Rebecca Babin က “ဒါက ဖောင်းလိုက်၊ ပိန်လိုက်ဖြစ်နေတဲ့ ပူဖောင်းတစ်လုံးလို ပါပဲ”ဟု ပြောဆိုခဲ့သည်။
ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင် ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခများကြောင့် ရေနံဈေးနှုန်းများ ပိုမိုမြင့် မားလာနိုင်ကြောင်း hedge fund မန်နေဂျာ Pierre Andurand က ခန့်မှန်းပြောခဲ့သည်။
Zawgyi Version;
အီရန္က အစၥေရးကို လက္တုံ႔ျပန္တိုက္ခိုက္ရန္စီစဥ္ေနမႈႏွင့္အတူ ေရနံေဈးႏႈန္းမ်ားျမင့္တက္လာ
Pika (NP News) - ႏိုဝင္ဘာ ၃
အီရန္က အစၥေရးအေပၚ တိုက္ခိုက္မႈအသစ္ မ်ားလုပ္ေဆာင္ရန္ စီစဥ္ေနသည္ဆိုသည့္ သတင္းမ်ားေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသမွ ေရနံေထာက္ပံ့မႈမ်ား ျပတ္ေတာက္ႏိုင္ေျခရွိသည္ဆိုသည့္ အစီရင္ခံစာထြက္ေပၚလာမႈ ႏွင့္အတူ ေရနံေဈးႏႈန္းမ်ား တက္လာခဲ့ေၾကာင္း သိရသည္။
အီရန္သည္ အီရတ္ရွိ ၎ေက်ာေထာက္ေနာက္ ခံျပဳထားေသာ စစ္ေသြးႂကြအဖြဲ႕မ်ားမွတစ္ဆင့္ အစၥေရးအေပၚ ႀကီးမားေသာလက္တုံ႔ျပန္ တိုက္ခိုက္မႈ တစ္ခုလုပ္ေဆာင္ရန္ ျပင္ဆင္ေနသည္ဟု အမည္မသိ သတင္းရင္းျမစ္ႏွစ္ခုကို ကိုးကားၿပီး Axios သတင္းဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ၿပီးေနာက္ West Texas Intermediate ေရနံသည္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၇၀)ေက်ာ္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စံခ်ိန္မီ Brent ေရနံစိမ္းသည္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၇၄)ေဒၚလာအထက္သို႔ ျမင့္တက္ သြားခဲ့ေၾကာင္းလည္း သိရသည္။ အစၥေရးက အီရန္အေပၚ တိုက္ခိုက္မႈမ်ားႏွင့္အတူ အီရန္၏စြမ္းအင္အေျခခံ အေဆာက္ အအုံသည္ ပစ္မွတ္ျဖစ္ လာႏိုင္သည္ဆိုသည့္ စိုးရိမ္မႈမ်ားထြက္ေပၚလာၿပီး ေနာက္ရက္ပိုင္းအၾကာတြင္ အေရွ႕အလယ္ ပိုင္းတြင္ ျဖစ္ပြားေနေသာပဋိပကၡႏွင့္ ဆက္စပ္သည့္ေရနံစိမ္း အႏၲရာယ္မွာ ျပန္လည္ထြက္ေပၚလာခဲ့ သည္။
အီရတ္အေျခစိုက္ စစ္ေသြးႂကြအဖြဲ႕မ်ားကို အသုံးျပဳမည့္ အီရန္၏အစီအစဥ္သည္ ၎၏ကိုယ္ ပိုင္နယ္ ေျမမ်ားကို အစၥေရး၏ ေနာက္ထပ္တိုက္ခိုက္ မႈမ်ားမွ ေရွာင္ရွားရန္ ႀကိဳးပမ္းမႈတစ္ခုျဖစ္ႏိုင္သည္ဟု Axios ကေဖာ္ျပခဲ့ ေသာ္လည္း ေရနံစိမ္းေထာက္ပံ့ မႈျပတ္ေတာက္သြားႏိုင္ေျခရွိသည္ဆိုသည့္ စိုးရိမ္မႈမ်ား က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာခဲ့သည္။ CIBC Private Wealth Group မွ အႀကီးတန္း စြမ္းအင္ကုန္သည္ Rebecca Babin က “ဒါက ေဖာင္းလိုက္၊ ပိန္လိုက္ျဖစ္ေနတဲ့ ပူေဖာင္းတစ္လုံးလို ပါပဲ”ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ အေရွ႕အလယ္ပိုင္းေဒသတြင္ ဆက္လက္ျဖစ္ပြားေနေသာပဋိပကၡမ်ားေၾကာင့္ ေရနံေဈးႏႈန္းမ်ား ပိုမိုျမင့္ မားလာႏိုင္ေၾကာင္း hedge fund မန္ေနဂ်ာ Pierre Andurand က ခန႔္မွန္းေျပာခဲ့သည္။