မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်က အမေရိကန်ကိုရောက်ရှိနိုင်ကြောင်း ဂျပန်အစိုးရ သတိပေး
2972
Pika (NP News) - နိုဝင်ဘာ ၃
မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ထားသော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM)
သည် အမေရိကန်နိုင်ငံကမ်းရိုးတန်း သို့ရောက်ရှိနိုင်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းဝန် ယိုရှီမာဆာဟာယာရှီက သတိပေးသည်။
မြောက်ကိုရီးယားသည် အောက်တိုဘာလ (၃၁)ရက် အစောပိုင်းတွင် တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ယိုရှီ မာဆာဟာယာရှီ၏ပြောဆိုချက်များထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါတိုက်ချင်း ပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် ဒေသတွင်းရှိ ရန်ဘက်နိုင်ငံများကို သတိပေးမှုတစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ဖော်ပြပြောဆိုခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယားအရာရှိများသည် အဆိုပါ တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးကျည်၏အမျိုးအစား သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာအသေးစိတ်အချက် အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ် လိုက်သော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် အချိန် (၈၇)မိနစ်ခန့် ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်အစိုးရတို့က ခန့်မှန်းပြောဆိုခဲ့သည်။ ယိုရှီမာ ဆာဟာယာရှီက ‘‘မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ရဲ့ ပျံသန်း တဲ့အကွာအဝေး၊ အမြင့် တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရထားတဲ့သတင်းအချက်အလက်တွေအပြင် ဒုံးကျည်ထိပ်ဖူးအလေးချိန်အပေါ် မူတည်ပြီး အဲဒီ ICBM ဟာ အကွာအဝေး ကီလိုမီတာ(၁၅၀ဝဝ)ကျော်အထိ ရောက်ရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။
ဆိုလိုတာက မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးကျည်ဟာ အမေရိကန်နိုင်ငံကို ရောက်ရှိ နိုင်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံကြားက အကွာအဝေးက (၉၉၀ဝ)ကီလိုမီတာ လောက်ပဲရှိတာပါ” ဟုပြောဆို ခဲ့သည်။ မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ် လွှတ်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် တင်းမာမှု များတိုးမြင့်လာစေသည့် ပြင်းထန်သောလုပ်ရပ် တစ်ခုအဖြစ် ယိုရှီမာဆာဟာယာရှီက ပြစ်တင်ရှုတ်ချ ပြောဆိုခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံရှိ ၎င်း၏သံရုံးမှတစ်ဆင့် ဒုံးကျည်ပစ်လွှတ်မှုကို ကန့်ကွက် သည့် စာတစ်စောင်ကို မြောက်ကိုရီးယားကို ပေးပို့ခဲ့ကြောင်း ယိုရှီမာဆာဟာယာရှီကပြောကြားခဲ့သည်။
Zawgyi Version;
ေျမာက္ကိုရီးယား၏ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အသစ္က အေမရိကန္ကိုေရာက္ရွိႏိုင္ေၾကာင္း ဂ်ပန္အစိုးရ သတိေပး
Pika (NP News) - ႏိုဝင္ဘာ ၃
ေျမာက္ကိုရီးယားက ေနာက္ဆုံးအႀကိမ္ စမ္းသပ္ပစ္လႊတ္ထားေသာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ (ICBM)
သည္ အေမရိကန္ႏိုင္ငံကမ္း႐ိုးတန္း သို႔ေရာက္ရွိႏိုင္ေၾကာင္း ဂ်ပန္အစိုးရအဖြဲ႕အတြင္းဝန္ ယိုရွီမာဆာဟာယာရွီက သတိေပးသည္။
ေျမာက္ကိုရီးယားသည္ ေအာက္တိုဘာလ (၃၁)ရက္ အေစာပိုင္းတြင္ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံး က်ည္တစ္စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးေနာက္ ယိုရွီ မာဆာဟာယာရွီ၏ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္း ျဖစ္သည္။ အဆိုပါတိုက္ခ်င္း ပစ္ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈသည္ ေဒသတြင္းရွိ ရန္ဘက္ႏိုင္ငံမ်ားကို သတိေပးမႈတစ္ခုျဖစ္ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက ေဖာ္ျပေျပာဆိုခဲ့သည္။
သို႔ေသာ္လည္း ေျမာက္ကိုရီးယားအရာရွိမ်ားသည္ အဆိုပါ တိုက္ခ်င္းပစ္ပဲ့ ထိန္းဒုံးက်ည္၏အမ်ိဳးအစား သို႔မဟုတ္ နည္းပညာပိုင္းဆိုင္ရာအေသးစိတ္အခ်က္ အလက္မ်ားကို ထုတ္ေဖာ္ေျပာဆိုျခင္း မ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။
ေျမာက္ကိုရီးယားက စမ္းသပ္ပစ္လႊတ္ လိုက္ေသာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္သည္ အခ်ိန္ (၈၇)မိနစ္ခန႔္ ပ်ံသန္းခဲ့ေၾကာင္း ေတာင္ကိုရီးယားႏွင့္ ဂ်ပန္အစိုးရတို႔က ခန႔္မွန္းေျပာဆိုခဲ့သည္။ ယိုရွီမာ ဆာဟာယာရွီက ‘‘ေျမာက္ကိုရီးယားက စမ္းသပ္ပစ္လႊတ္လိုက္တဲ့ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ရဲ႕ ပ်ံသန္း တဲ့အကြာအေဝး၊ အျမင့္ ေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ရထားတဲ့သတင္းအခ်က္အလက္ေတြအျပင္ ဒုံးက်ည္ထိပ္ဖူးအေလးခ်ိန္အေပၚ မူတည္ၿပီး အဲဒီ ICBM ဟာ အကြာအေဝး ကီလိုမီတာ(၁၅၀ဝဝ)ေက်ာ္အထိ ေရာက္ရွိႏိုင္တယ္လို႔ ယုံၾကည္ရပါတယ္။
ဆိုလိုတာက ေျမာက္ကိုရီးယားရဲ႕တိုက္ခ်င္းပစ္ပဲ့ ထိန္းဒုံးက်ည္ဟာ အေမရိကန္ႏိုင္ငံကို ေရာက္ရွိ ႏိုင္ပါတယ္။ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကားက အကြာအေဝးက (၉၉၀ဝ)ကီလိုမီတာ ေလာက္ပဲရွိတာပါ” ဟုေျပာဆို ခဲ့သည္။ ေျမာက္ကိုရီးယား၏ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္ လႊတ္မႈကို ႏိုင္ငံတကာအသိုင္းအဝိုင္းတြင္ တင္းမာမႈ မ်ားတိုးျမင့္လာေစသည့္ ျပင္းထန္ေသာလုပ္ရပ္ တစ္ခုအျဖစ္ ယိုရွီမာဆာဟာယာရွီက ျပစ္တင္ရႈတ္ခ် ေျပာဆိုခဲ့သည္။ ထို႔ျပင္ ဂ်ပန္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံရွိ ၎၏သံ႐ုံးမွတစ္ဆင့္ ဒုံးက်ည္ပစ္လႊတ္မႈကို ကန႔္ကြက္ သည့္ စာတစ္ေစာင္ကို ေျမာက္ကိုရီးယားကို ေပးပို႔ခဲ့ေၾကာင္း ယိုရွီမာဆာဟာယာရွီကေျပာၾကားခဲ့သည္။