တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကို ရှောင်ရှားဖို့ အမေရိကန်ကို ရုရှားအစိုးရသတိပေး

 3197

Pika (NP News) - နိုဝင်ဘာ ၃

တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကို ရှောင်ရှားဖို့အတွက် ရုရှားရဲ့နျူကလီးယားသတိပေးချက်တွေကို အလေးအနက် ထားဖို့ အမေရိကန်ကို ရုရှားသမ္မတဟောင်းဒီမစ်ထရီမက်ဗီဒက်က နိုဝင်ဘာလ(၂)ရက်မှာ သတိပေးပြောဆိုလိုက်ပါ တယ်။ အမေရိကန်ထိပ်တန်းအရာရှိတွေဟာ တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကို မလိုလားကြပေမယ့်လည်း ရုရှား ဟာ ဘယ်တော့မှ အနီရောင်မျဉ်းတစ်ကြောင်းကို ဖြတ်ကျော်မှာ မဟုတ်ဘူးဆိုပြီး ယုံကြည်နေကြတယ်လို့ ဒီမစ်ထရီမက်ဗီဒက်က ပြောကြားခဲ့ပါတယ်။ ဒီမစ်ထရီမက်ဗီဒက်က "အဲဒီလိုထင်နေတယ်ဆိုရင်တော့ သူတို့ အားလုံး မှားပါတယ်။ လက်ရှိအမေရိကန်နဲ့ ဥရောပနိုင်ငံရေးအဖွဲ့အစည်းတွေဟာ အမြော်အမြင်ကင်းမဲ့နေပုံစံမျိုး ဖြစ်နေတယ်လို့ ရုရှားကယုံကြည်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားလာခဲ့မယ်ဆိုရင် ရင်ဆိုင်ဖို့ကလွဲပြီး ကျွန်တော်တို့မှာ အခြားရွေးချယ်စရာမရှိပါဘူး" လို့ ပြောခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းကို ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်လာတာနဲ့အမျှ ရုရှား-ယူကရိန်းစစ်ပွဲ ဟာ အန္တရာယ်အရှိဆုံး အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ရုရှားအရာရှိတွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနိုင်ငံတွင်းက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် အမေရိကန်နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေက တာဝေးပစ် ဒုံးကျည်တွေ ကူညီပေးခဲ့မယ်ဆိုရင် လက်တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ အနောက်အုပ်စုနိုင်ငံတွေကို ရုရှားဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ရုရှားဖက်က ပေးပို့ခဲ့တဲ့ သတိပေး အချက်ပြမှုတွေကို အနောက်အုပ်စုနိုင်ငံတွေရဲ့ခေါင်းဆောင်တွေက ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့တယ်လို့ ရုရှားအရာရှိတွေက ပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၂)နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဘက်စလုံးက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရယူနိုင် တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
တတိယကမာၻစစ္ျဖစ္ပြားလာမွာကို ေရွာင္ရွားဖို႔ အေမရိကန္ကို ႐ုရွားအစိုးရသတိေပး
Pika (NP News) - ႏိုဝင္ဘာ ၃

တတိယကမာၻစစ္ျဖစ္ပြားလာမွာကို ေရွာင္ရွားဖို႔အတြက္ ႐ုရွားရဲ႕န်ဴကလီးယားသတိေပးခ်က္ေတြကို အေလးအနက္ ထားဖို႔ အေမရိကန္ကို ႐ုရွားသမၼတေဟာင္းဒီမစ္ထရီမက္ဗီဒက္က ႏိုဝင္ဘာလ(၂)ရက္မွာ သတိေပးေျပာဆိုလိုက္ပါ တယ္။ အေမရိကန္ထိပ္တန္းအရာရွိေတြဟာ တတိယကမာၻစစ္ျဖစ္ပြားလာမွာကို မလိုလားၾကေပမယ့္လည္း ႐ုရွား ဟာ ဘယ္ေတာ့မွ အနီေရာင္မ်ဥ္းတစ္ေၾကာင္းကို ျဖတ္ေက်ာ္မွာ မဟုတ္ဘူးဆိုၿပီး ယုံၾကည္ေနၾကတယ္လို႔ ဒီမစ္ထရီမက္ဗီဒက္က ေျပာၾကားခဲ့ပါတယ္။ ဒီမစ္ထရီမက္ဗီဒက္က "အဲဒီလိုထင္ေနတယ္ဆိုရင္ေတာ့ သူတို႔ အားလုံး မွားပါတယ္။ လက္ရွိအေမရိကန္နဲ႔ ဥေရာပႏိုင္ငံေရးအဖြဲ႕အစည္းေတြဟာ အေျမာ္အျမင္ကင္းမဲ့ေနပုံစံမ်ိဳး ျဖစ္ေနတယ္လို႔ ႐ုရွားကယုံၾကည္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားလာခဲ့မယ္ဆိုရင္ ရင္ဆိုင္ဖို႔ကလြဲၿပီး ကြၽန္ေတာ္တို႔မွာ အျခားေ႐ြးခ်ယ္စရာမရွိပါဘူး" လို႔ ေျပာခဲ့ပါတယ္။

႐ုရွားတပ္ဖြဲ႕ေတြက ယူကရိန္းအေရွ႕ပိုင္းကို ထိုးစစ္ဆင္မႈေတြ ပိုမိုလုပ္ေဆာင္လာတာနဲ႔အမွ် ႐ုရွား-ယူကရိန္းစစ္ပြဲ ဟာ အႏၲရာယ္အရွိဆုံး အဆင့္ကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း ႐ုရွားအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားႏိုင္ငံတြင္းက ပစ္မွတ္ေတြကို တိုက္ခိုက္ဖို႔အတြက္ အေမရိကန္နဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြက တာေဝးပစ္ ဒုံးက်ည္ေတြ ကူညီေပးခဲ့မယ္ဆိုရင္ လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အေနာက္အုပ္စုႏိုင္ငံေတြကို ႐ုရွားဖက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း ႐ုရွားဖက္က ေပးပို႔ခဲ့တဲ့ သတိေပး အခ်က္ျပမႈေတြကို အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြက ဂ႐ုမစိုက္ဘဲ လ်စ္လ်ဴရႈထားခဲ့တယ္လို႔ ႐ုရွားအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီ ျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဘက္စလုံးက အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာတူညီခ်က္ရယူႏိုင္ တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.