မြန်မာ့စားနပ်ရိက္ခာဖူလုံမှုအခြေအနေဆိုးရွားလာချိန် ဥရောပသမဂ္ဂက WFP ထံ ကူညီထောက်ပံ့ပေးမှုများ ထပ်မံပြုလုပ်

 356

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၄

လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုဒဏ်နှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာသော စားနပ်ရိက္ခာအခက်အခဲများကို တုံ့ပြန်ဖြေရှင်းသည့်လုပ်ငန်းများအား ပံ့ပိုးသည့်အနေဖြင့် ဥရောပသမဂ္ဂ (EU) သည် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံ ထပ်ဆောင်း ရန်ပုံငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကို ‌ပေးအပ်ထောက်ပံ့ခဲ့သည်။
ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဌာန (ECHO) မှတစ်ဆင့် ပေးအပ်ခဲ့ သည့် အဆိုပါရံပုံငွေဖြင့် ရေကြီးရေလျှံမှုဒဏ်ကို ထိခိုက်ခံစားခဲ့ရသူများအား အရေးပေါ်အသက်ကယ်စားနပ်ရိက္ခာ များကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
အဆိုပါရေကြီးရေလျှံမှုအတွင်း လူဦးရေ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့ကြရပြီး စိုက်ပျိုးမြေ ဧက ၁ သန်းလည်း ထိခိုက် ပျက်စီးခဲ့သည်။ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က “မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကိုစိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲဖြစ်နေတဲ့သဘာဝဘေးအန္တရာယ်တွေကြောင့် အရပ်သားပြည်သူတွေအဖို့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်‌နေကြရရှာပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့လေးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုလိုဆိုးရွားနေတဲ့အခြေအနေမှာ ထိခိုက် အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားဆဲပါ” ဟု ပြောသည်။

ထို့အပြင် WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က “အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုး စုံ ကြုံတွေ့နေရသူတွေများလာတာမို့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ မြန်မာနိုင်ငံရဲ့ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လူလေး‌ဦးလျှင် တစ်ဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ ၁၃.၃ သန်းသည် စားနပ်ရိက္ခာ အခက်အခဲကြုံနေကြရပြီး ထိုထဲကမှ လူဦးရေ ၂ ဒသမ ၇ သန်းသည်စားနပ်ရိက္ခာအခက်အခဲ အရေးပေါ် အခြေအနေကို ရင်ဆိုင်နေကြရသည်။ အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်းသည်လည်း ၂ဝ၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ လူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိရှိလာပြီး ၎င်းမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်ကရှိခဲ့သည့် လူဦးရေ ၃ သိန်း ထက် အဆများစွာ တိုးများလာခဲ့ခြင်း ဖြစ်သည်။

Zawgyi Version;
ျမန္မာ့စားနပ္ရိကၡာဖူလုံမႈအေျခအေနဆိုး႐ြားလာခ်ိန္ ဥေရာပသမဂၢက WFP ထံ ကူညီေထာက္ပံ့ေပးမႈမ်ား ထပ္မံျပဳလုပ္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၄

လက္နက္ကိုင္ပဋိပကၡ၊ ရာသီဥတုဒဏ္ႏွင့္ ေငြေၾကးေဖာင္းပြမႈတို႔ေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ျဖစ္ေပၚလာေသာ စားနပ္ရိကၡာအခက္အခဲမ်ားကို တုံ႔ျပန္ေျဖရွင္းသည့္လုပ္ငန္းမ်ားအား ပံ့ပိုးသည့္အေနျဖင့္ ဥေရာပသမဂၢ (EU) သည္ ကုလသမဂၢကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ထံ ထပ္ေဆာင္း ရန္ပုံေငြအေမရိကန္ေဒၚလာ ၁ ဒသမ ၃ သန္းကို ‌ေပးအပ္ေထာက္ပံ့ခဲ့သည္။
ဥေရာပသမဂၢ၏ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးေရးဌာန (ECHO) မွတစ္ဆင့္ ေပးအပ္ခဲ့ သည့္ အဆိုပါရံပုံေငြျဖင့္ ေရႀကီးေရလွ်ံမႈဒဏ္ကို ထိခိုက္ခံစားခဲ့ရသူမ်ားအား အေရးေပၚအသက္ကယ္စားနပ္ရိကၡာ မ်ားကို ေထာက္ပံ့ေပးသြားမည္ျဖစ္ပါသည္။
အဆိုပါေရႀကီးေရလွ်ံမႈအတြင္း လူဦးေရ ၁ သန္းနီးပါး ေရေဘးသင့္ခဲ့ၾကရၿပီး စိုက္ပ်ိဳးေျမ ဧက ၁ သန္းလည္း ထိခိုက္ ပ်က္စီးခဲ့သည္။ ျမန္မာႏိုင္ငံရွိ ဥေရာပသမဂၢရဲ႕ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအစီအစဥ္မ်ားကို ႀကီးၾကပ္သူ Mr. Luc Verna က “ျမန္မာႏိုင္ငံရဲ႕ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အေျခအေနေတြက တကယ့္ကိုစိုးရိမ္စရာပါ။ လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡေတြက နယ္ေျမသစ္ေတြဆီ ဆက္လက္ကူးစက္မႈနဲ႔အတူ ထပ္တလဲလဲျဖစ္ေနတဲ့သဘာဝေဘးအႏၲရာယ္ေတြေၾကာင့္ အရပ္သားျပည္သူေတြအဖို႔ တစ္ပူေပၚ ႏွစ္ပူဆင့္ ျဖစ္‌ေနၾကရရွာပါတယ္။ လက္ရွိမွာ ျမန္မာႏိုင္ငံ လူဦးေရရဲ႕ေလးပုံတစ္ပုံဟာ စားနပ္ရိကၡာ မလုံေလာက္တဲ့ အေျခအေနကို ရင္ဆိုင္ေနၾကရပါတယ္။ ဥေရာပသမဂၢအေနနဲ႔ အခုလိုဆိုး႐ြားေနတဲ့အေျခအေနမွာ ထိခိုက္ အလြယ္ဆုံးေသာ အရပ္သားျပည္သူေတြကို ပံ့ပိုးကူညီဖို႔ ကတိကဝတ္ျပဳထားဆဲပါ” ဟု ေျပာသည္။

ထို႔အျပင္ WFP ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ Mr. Paolo Mattei က “အခက္အခဲမ်ိဳးစုံ ႐ိုက္ခတ္မႈမ်ိဳး စုံ ႀကဳံေတြ႕ေနရသူေတြမ်ားလာတာမို႔ စားနပ္ရိကၡာဖူလုံမႈအေျခအေနဟာ ျမန္မာႏိုင္ငံရဲ႕ေခတ္သစ္သမိုင္းမွာ တစ္ခါမွ ဒီေလာက္ထိ ဆိုး႐ြားတာမ်ိဳး မရွိခဲ့ဖူးပါဘူး” ဟု ေျပာသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ လူေလး‌ဦးလွ်င္ တစ္ဦးႏႈန္းျဖင့္ စုစုေပါင္းလူဦးေရ ၁၃.၃ သန္းသည္ စားနပ္ရိကၡာ အခက္အခဲႀကဳံေနၾကရၿပီး ထိုထဲကမွ လူဦးေရ ၂ ဒသမ ၇ သန္းသည္စားနပ္ရိကၡာအခက္အခဲ အေရးေပၚ အေျခအေနကို ရင္ဆိုင္ေနၾကရသည္။ အေျခခံစားေသာက္ကုန္မ်ား၏ ကုန္ေဈးႏႈန္းသည္လည္း ၂ဝ၂၃ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ၅၀ ရာခိုင္ႏႈန္း တိုးျမင့္လာခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ျမန္မာႏိုင္ငံတြင္ ေနရပ္စြန႔္ခြာသူ လူဦးေရ ၃ ဒသမ ၄ သန္းခန႔္အထိရွိလာၿပီး ၎မွာ လြန္ခဲ့သည့္ ၃ ႏွစ္ခန႔္ကရွိခဲ့သည့္ လူဦးေရ ၃ သိန္း ထက္ အဆမ်ားစြာ တိုးမ်ားလာခဲ့ျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.