တောင်ကိုရီးယားကို နျူကလီးယားလက်နက်များ ကူညီပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်း အမေရိကန်အစိုးရပြော

 2098

Pika (NP News) - နိုဝင်ဘာ ၄

တောင်ကိုရီးယားကို ၎င်း၏ နျူကလီးယား နှင့် နျူကလီးယားမဟုတ်သော စစ်ရေးစွမ်းရည်နှစ်မျိုးစလုံးဖြင့် ကူညီပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ထုတ်ဖော်ပြောဆို သည်။ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့်အတူ လွိုက်အော်စတင်၏ ပြောကြားချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကြီးစားစစ်ရေး လေ့ကျင့်ခန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွိုက်အော်စတင်က ပြောကြားခဲ့သည်။ လွိုက်အော်စတင်သည် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်ယုန်ဟွမ်နှင့် တွေ့ဆုံချိန်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

လွိုက်အော်စတင်က “အမေရိကန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးအတွက် အပြည့်အဝ ကတိပြု ထားဆဲဖြစ်ပြီး တိုးချဲ့တားဆီးရေး ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်ဆိုတာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးကင်ယုန်ဟွမ်ကို ပြောကြားခဲ့ပါတယ်။ ဒီကတိကဝတ်ကို အမေရိကန်ရဲ့ သမားရိုးကျဒုံးကျည် ကာကွယ်ရေး၊ နျူကလီးယားနဲ့ အဆင့်မြင့် နျူကလီးယား မဟုတ်တဲ့ စွမ်းရည်တွေနဲ့ အပြည့်အဝထောက်ခံထား ပါတယ်” ဟု ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန် နှင့်တောင်ကိုရီးယားတို့သည် ကြီးမားသောစစ်ရေးလေ့ကျင့်ခန်း များကို ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာ အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွိုက်အော်စတင်က ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခြင်းအတွက် အမေရိကန်နှင့်တောင် ကိုရီးယားတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် အစမ်းလေ့ကျင့်မှုများလုပ်ဆောင်နေကြခြင်းမျိုးဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောဆိုခဲ့သည်။

ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့်ဆက်သွယ်ထားသော လမ်းများနှင့် ရထားလမ်းများကို ဖောက်ခွဲပစ်ကာ လမ်းကြောင်းဖြတ်တောက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း လည်းသိရသည်။

Zawgyi Version;
ေတာင္ကိုရီးယားကို န်ဴကလီးယားလက္နက္မ်ား ကူညီပံ့ပိုးေပးရန္ အဆင္သင့္ရွိေၾကာင္း အေမရိကန္အစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၄

ေတာင္ကိုရီးယားကို ၎၏ န်ဴကလီးယား ႏွင့္ န်ဴကလီးယားမဟုတ္ေသာ စစ္ေရးစြမ္းရည္ႏွစ္မ်ိဳးစလုံးျဖင့္ ကူညီပံ့ပိုးေပးရန္ အဆင္သင့္ရွိေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္က ထုတ္ေဖာ္ေျပာဆို သည္။ ကိုရီးယားကြၽန္းဆြယ္တြင္ တင္းမာမႈမ်ားျမင့္တက္ေနမႈႏွင့္အတူ လြိဳက္ေအာ္စတင္၏ ေျပာၾကားခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

ထို႔ျပင္ အေမရိကန္ႏွင့္ေတာင္ကိုရီးယားတို႔သည္ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈႏွင့္ အႀကီးစားစစ္ေရး ေလ့က်င့္ခန္းမ်ားကို အရွိန္ျမႇင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း လြိဳက္ေအာ္စတင္က ေျပာၾကားခဲ့သည္။ လြိဳက္ေအာ္စတင္သည္ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး ကင္ယုန္ဟြမ္ႏွင့္ ေတြ႕ဆုံခ်ိန္အတြင္း ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

လြိဳက္ေအာ္စတင္က “အေမရိကန္ႏိုင္ငံဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ကာကြယ္ေရးအတြက္ အျပည့္အဝ ကတိျပဳ ထားဆဲျဖစ္ၿပီး တိုးခ်ဲ႕တားဆီးေရး ကတိကဝတ္ကို ဆက္လက္ထိန္းသိမ္းထားဆဲျဖစ္တယ္ဆိုတာ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးကင္ယုန္ဟြမ္ကို ေျပာၾကားခဲ့ပါတယ္။ ဒီကတိကဝတ္ကို အေမရိကန္ရဲ႕ သမား႐ိုးက်ဒုံးက်ည္ ကာကြယ္ေရး၊ န်ဴကလီးယားနဲ႔ အဆင့္ျမင့္ န်ဴကလီးယား မဟုတ္တဲ့ စြမ္းရည္ေတြနဲ႔ အျပည့္အဝေထာက္ခံထား ပါတယ္” ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ အေမရိကန္ ႏွင့္ေတာင္ကိုရီးယားတို႔သည္ ႀကီးမားေသာစစ္ေရးေလ့က်င့္ခန္း မ်ားကို ျပန္လည္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုအားေကာင္းလာ ေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း လြိဳက္ေအာ္စတင္က ေျပာၾကားခဲ့သည္။

ကိုရီးယားကြၽန္းဆြယ္တြင္ တင္းမာမႈမ်ား ျမင့္တက္လာျခင္းအတြက္ အေမရိကန္ႏွင့္ေတာင္ ကိုရီးယားတို႔၏ ပူးတြဲ စစ္ေရးေလ့က်င့္မႈမ်ားကို ေျမာက္ကိုရီးယားက ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားသည္ ေျမာက္ကိုရီးယားကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္အတြက္ အစမ္းေလ့က်င့္မႈမ်ားလုပ္ေဆာင္ေနၾကျခင္းမ်ိဳးျဖစ္ေၾကာင္း ေျမာက္ကိုရီးယားက ေျပာဆိုခဲ့သည္။

ယခုလအေစာပိုင္းတြင္ ေျမာက္ကိုရီးယားသည္ ေတာင္ကိုရီးယားႏွင့္ဆက္သြယ္ထားေသာ လမ္းမ်ားႏွင့္ ရထားလမ္းမ်ားကို ေဖာက္ခြဲပစ္ကာ လမ္းေၾကာင္းျဖတ္ေတာက္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း လည္းသိရသည္။

Related news

© 2021. All rights reserved.