မလေးရှားနိုင်ငံ၊ ပီနန်မှာ အမြန်ဘတ်စ်ကားပေါ် ဖုန်းအားသွင်းနေရင်း အသက် ၁၈ အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
508
ရောင်နီ (NP News) - နိုဝင်ဘာ ၄
မလေးရှားနိုင်ငံ၊ ပီနန်မြို့လယ်မှာ နိုဝင်ဘာ ၂ ရက်က အမြန်ဘတ်စ်ကားပေါ်မှာ ဖုန်းအားသွင်းနေရင်း အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ KL Sentral ကို သွားရောက်ဖို့ အမြန်ဘတ်စ်ကားနဲ့ လိုက်ပါလာခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်ဟာ နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ညနေ ၆ နာရီ ၂ဝ မိနစ်လောက်မှာ အရေးပေါ်လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူနာဟာ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ဘယ်ဘက်လက်ချောင်းတွေမှာ မီးလောင်ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်ကတော့ အမြန်ကားပေါ်မှာ ဖုန်းအားသွင်းနေရင်း ကေဘယ်ကြိုးအဆုံး အရည်ပျော်ကာ လျှပ်စစ်ရှော့ဖြစ်ခြင်း ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အလောင်းကို Seberang Jaya ဆေးရုံမှာ ခွဲစိတ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အခြားဒဏ်ရာ မတွေ့ရှိရခြင်းကြောင့် ရာဇ၀တ်မှုဆိုင်ရာ သံသယ ကင်းရှင်းတယ်လို့ သိရပါတယ်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလပ်ခ်ကတော့ အဆိုပါဖြစ်ရပ်ဖြစ်ပွားရတဲ့အကြောင်းအရင်းကို အထူးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ အခင်းဖြစ်ရာ ဘတ်စ်ကားကို ဖမ်းဆီးဖို့ အမိန့်ထုတ်ထားပြီး နောက်ပိုင်း ဒီလိုဖြစ်ရပ်တွေ ကာကွယ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ၎င်းက ပြောကြားခဲ့ပါ တယ်။
Zawgyi Version;
မေလးရွားႏိုင္ငံ၊ ပီနန္မွာ အျမန္ဘတ္စ္ကားေပၚ ဖုန္းအားသြင္းေနရင္း အသက္ ၁၈ အ႐ြယ္ အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄
မေလးရွားႏိုင္ငံ၊ ပီနန္ၿမိဳ႕လယ္မွာ ႏိုဝင္ဘာ ၂ ရက္က အျမန္ဘတ္စ္ကားေပၚမွာ ဖုန္းအားသြင္းေနရင္း အသက္ ၁၈ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္တစ္ဦး ဓာတ္လိုက္ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ေသဆုံးသူဟာ KL Sentral ကို သြားေရာက္ဖို႔ အျမန္ဘတ္စ္ကားနဲ႔ လိုက္ပါလာခဲ့တဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္တစ္ဦး ျဖစ္ပါတယ္။ အခင္းျဖစ္ပြားခ်ိန္ဟာ ႏိုဝင္ဘာ ၂ ရက္ ညေန ၆ နာရီခန႔္က ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ညေန ၆ နာရီ ၂ဝ မိနစ္ေလာက္မွာ အေရးေပၚလူနာတင္ယာဥ္နဲ႔ ေဆး႐ုံကို ပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ လူနာဟာ ေသဆုံးသြားတယ္လို႔ သိရပါတယ္။
ေသဆုံးသူရဲ႕ဘယ္ဘက္လက္ေခ်ာင္းေတြမွာ မီးေလာင္ဒဏ္ရာေတြ ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။ ျဖစ္စဥ္ကေတာ့ အျမန္ကားေပၚမွာ ဖုန္းအားသြင္းေနရင္း ေကဘယ္ႀကိဳးအဆုံး အရည္ေပ်ာ္ကာ လွ်ပ္စစ္ေရွာ့ျဖစ္ျခင္း ျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ အေလာင္းကို Seberang Jaya ေဆး႐ုံမွာ ခြဲစိတ္စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး အျခားဒဏ္ရာ မေတြ႕ရွိရျခင္းေၾကာင့္ ရာဇ၀တ္မႈဆိုင္ရာ သံသယ ကင္းရွင္းတယ္လို႔ သိရပါတယ္။
သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး အန္တိုနီလပ္ခ္ကေတာ့ အဆိုပါျဖစ္ရပ္ျဖစ္ပြားရတဲ့အေၾကာင္းအရင္းကို အထူးအဖြဲ႕ ဖြဲ႕စည္းၿပီး စုံစမ္းစစ္ေဆးသြားမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အဆိုပါ အခင္းျဖစ္ရာ ဘတ္စ္ကားကို ဖမ္းဆီးဖို႔ အမိန႔္ထုတ္ထားၿပီး ေနာက္ပိုင္း ဒီလိုျဖစ္ရပ္ေတြ ကာကြယ္ႏိုင္ဖို႔ ေဆာင္႐ြက္သြားမယ္လို႔ ၎က ေျပာၾကားခဲ့ပါ တယ္။