သြစတြေးလျ လေအားလျှပ်စစ်စက်ရုံမှာ ပန်ကာဒလက်ပြုတ်ကျခိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံး
111
ရောင်နီ (NP News) - နိုဝင်ဘာ ၁၂
ဩစတြေးလျနိုင်ငံရဲ့အကြီးဆုံး လေရဟတ်ခြံတစ်ခုမှာ လေအားလျှပ်စစ်ပန်ကာရဲ့ပန်ကာဒလက်တစ်ခု မတော်တဆပြုတ်ကျခိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့ ပါတယ်။
ဖြစ်ပွားခဲ့တဲ့နေရာကတော့ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရဲ့ ၁၃၀ ခန့် အကွာမှာရှိတဲ့ Golden Plains လေအား လျှပ်စစ်စီမံကိန်းတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါအမျိုးသားဟာ လေရဟတ်ခြံမှာ အလုပ်လုပ်နေချိန် သူ့အပေါ်ကို ရဟတ်ဒလက် ပြုတ်ကျပြီး ဦးခေါင်းကြေမွသွားတာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ စက်မှုလေအားတာဘိုင်တွေမှာ အသုံးပြုတဲ့ ကြီးမားတဲ့ ပန်ကာဒလက်တွေဟာ အလေးချိန် ၂၂ တန်အထိရှိပြီး အလျား မီတာ ၆၀ ကျော်ထိ ရှိပါတယ်။
ပြည်နယ်ရဲ့လုပ်ငန်းခွင်ဘေးကင်းရေးစောင့်ကြည့်ရေးအဖွဲ့က အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေ တယ်လို့ ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ၾသစေၾတးလ် ေလအားလွ်ပ္စစ္စက္႐ုံမွာ ပန္ကာဒလက္ျပဳတ္က်ခိုက္မိၿပီး အမ်ိဳးသားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၂
ဩစေၾတးလ်ႏိုင္ငံရဲ႕အႀကီးဆုံး ေလရဟတ္ၿခံတစ္ခုမွာ ေလအားလွ်ပ္စစ္ပန္ကာရဲ႕ပန္ကာဒလက္တစ္ခု မေတာ္တဆျပဳတ္က်ခိုက္မိၿပီး အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ႏိုဝင္ဘာ ၁၁ ရက္မွာ ေျပာၾကားခဲ့ ပါတယ္။
ျဖစ္ပြားခဲ့တဲ့ေနရာကေတာ့ ဩစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းၿမိဳ႕ရဲ႕ ၁၃၀ ခန႔္ အကြာမွာရွိတဲ့ Golden Plains ေလအား လွ်ပ္စစ္စီမံကိန္းတစ္ခုမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အဆိုပါအမ်ိဳးသားဟာ ေလရဟတ္ၿခံမွာ အလုပ္လုပ္ေနခ်ိန္ သူ႔အေပၚကို ရဟတ္ဒလက္ ျပဳတ္က်ၿပီး ဦးေခါင္းေၾကမြသြားတာျဖစ္တယ္လို႔ ရဲေတြက ေျပာပါတယ္။ စက္မႈေလအားတာဘိုင္ေတြမွာ အသုံးျပဳတဲ့ ႀကီးမားတဲ့ ပန္ကာဒလက္ေတြဟာ အေလးခ်ိန္ ၂၂ တန္အထိရွိၿပီး အလ်ား မီတာ ၆၀ ေက်ာ္ထိ ရွိပါတယ္။
ျပည္နယ္ရဲ႕လုပ္ငန္းခြင္ေဘးကင္းေရးေစာင့္ၾကည့္ေရးအဖြဲ႕က အဆိုပါအျဖစ္အပ်က္ကို စုံစမ္းစစ္ေဆးေန တယ္လို႔ ေျပာၾကားခဲ့ပါတယ္။