ကျိုက်ထိုမြို့နယ်တွင် TOYOTA PASSO ကားပေါ်မှ ကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
233
ချယ်ရီ (NP News) - နိုဝင်ဘာလ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် TOYOTA PASSO ကားပေါ်မှ ကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်)၊ နေ့လည် ၁၂ နာရီ ၃ဝ မိနစ်အချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းရရှိသောကြောင့် မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေရာ ပဲခူးမြို့ဘက်မှ မော်လမြိုင်မြို့ကို မောင်းနှင်လာသော TOYOTA PASSO ကားကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ချိန်တွင် ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း (၄,၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀,၀၀၀ ) ပြား နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ အသက် (၃၃)နှစ်အရွယ် အေးမင်းပိုင်ကို ကျိုက်ထိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်၍ စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ISUZU D-MAX ကားပါ်မှ ငွေကျပ်တစ်ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
က်ိဳက္ထိုၿမိဳ႕နယ္တြင္ TOYOTA PASSO ကားေပၚမွ က်ပ္သိန္း ၄,၀၀၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာလ ၄
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္တြင္ TOYOTA PASSO ကားေပၚမွ က်ပ္သိန္း ၄,၀၀၀ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ႏိုဝင္ဘာလ ၁ ရက္)၊ ေန႔လည္ ၁၂ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က က်ိဳက္ထိုၿမိဳ႕နယ္၊ မရမ္းေခ်ာင္ေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါေက်း႐ြာအနီးတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သတင္းရရွိေသာေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆးရွာေဖြရာ ပဲခူးၿမိဳ႕ဘက္မွ ေမာ္လၿမိဳင္ၿမိဳ႕ကို ေမာင္းႏွင္လာေသာ TOYOTA PASSO ကားကို ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ခ်ိန္တြင္ ယာဥ္ေပၚ၌ သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္သိန္း (၄,၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ ေဆးျပား (၂၀၀,၀၀၀ ) ျပား ႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူ အသက္ (၃၃)ႏွစ္အ႐ြယ္ ေအးမင္းပိုင္ကို က်ိဳက္ထိုၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း ဆက္လက္၍ စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ISUZU D-MAX ကားပၚမွ ေငြက်ပ္တစ္ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္းလည္း သိရသည္။