ကျွန်းတစ်ကျွန်းကို သိမ်းယူတဲ့ပုံစံ စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်စစ်တပ် စတင်ပြုလုပ်

 460

Pika (NP News) - နိုဝင်ဘာ ၅

ဖိလစ်ပိုင်စစ်တပ်ဟာ အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းက ကျွန်းတစ်ကျွန်းကို သိမ်းယူတဲ့ပုံစံ သီတင်းပတ်(၂)ပတ်ကြာ တိုက်ခိုက်ရေးစစ်ရေးလေ့ကျင့်ခန်းကို နိုဝင်ဘာလ(၄)ရက်မှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်စစ်တပ်ရဲ့ကျွန်းတစ်ကျွန်းကို သိမ်းယူတဲ့ပုံစံ စစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး တရုတ်ဘက်က စိတ်ဆိုးဒေါသဖြစ်နိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာ ဖိလစ်ပိုင်စစ်တပ်၊ ရေတပ်နဲ့ လေတပ် တပ်ဖွဲ့ဝင်(၃)ထောင်ကျော် ပါဝင်မှာဖြစ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ဘယ်နိုင်ငံကိုမှ တိုက်ရိုက်ဆန့်ကျင်တာမျိုး မဟုတ်ဘူးလို့ ဖိလစ်ပိုင်စစ်ဘက်အရာရှိတွေပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ထားတယ်လို့ အခိုင်အမာပြောဆိုထားတဲ့ တရုတ်ဟာ ၎င်းရဲ့စစ်အင်အားကို လျင်မြန်စွာတိုးချဲ့မှုတွေ လုပ်ဆောင်နေချိန်မှာပဲ ဖိလစ်ပိုင်စစ်တပ်ရဲ့ ယခုလိုစစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းက ဖိလစ်ပိုင်နဲ့တရုတ်တို့ရဲ့သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားကျွန်းအနီးမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ပြင် မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်ရဲ့တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားကြတာလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရိုမီယိုဘရောင်နာဂျူနီယာက "ကျွန်တော်တို့ရဲ့ ဒီနေ့မစ်ရှင်က ရိုးရိုးလေးပါ။ ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကို စိန်ခေါ်နေတဲ့ ပြင်ပခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးပြင်ဆင်နိုင်ဖို့ပဲဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် အဲဒီစစ်ရေးလေ့ကျင့်မှုအတွင်း အမြောက်တွေ၊ ရိုင်ဖယ်တွေနဲ့ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေအပြင် ကမ်းခြေဆင်းသက်မှုလေ့ကျင့်မှုတွေ ပါဝင်မယ်လို့လည်း ရိုမီယိုဘရောင်နာဂျူနီယာက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ကြၽန္းတစ္ကြၽန္းကို သိမ္းယူတဲ့ပုံစံ စစ္ေရးေလ့က်င့္မႈကို ဖိလစ္ပိုင္စစ္တပ္ စတင္ျပဳလုပ္
Pika (NP News) - ႏိုဝင္ဘာ ၅

ဖိလစ္ပိုင္စစ္တပ္ဟာ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းက ကြၽန္းတစ္ကြၽန္းကို သိမ္းယူတဲ့ပုံစံ သီတင္းပတ္(၂)ပတ္ၾကာ တိုက္ခိုက္ေရးစစ္ေရးေလ့က်င့္ခန္းကို ႏိုဝင္ဘာလ(၄)ရက္မွာ စတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဖိလစ္ပိုင္စစ္တပ္ရဲ႕ကြၽန္းတစ္ကြၽန္းကို သိမ္းယူတဲ့ပုံစံ စစ္ေရးေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီး တ႐ုတ္ဘက္က စိတ္ဆိုးေဒါသျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။ အဲဒီစစ္ေရးေလ့က်င့္ခန္းမွာ ဖိလစ္ပိုင္စစ္တပ္၊ ေရတပ္နဲ႔ ေလတပ္ တပ္ဖြဲ႕ဝင္(၃)ေထာင္ေက်ာ္ ပါဝင္မွာျဖစ္ၿပီး ဒီစစ္ေရးေလ့က်င့္မႈေတြဟာ ဘယ္ႏိုင္ငံကိုမွ တိုက္႐ိုက္ဆန႔္က်င္တာမ်ိဳး မဟုတ္ဘူးလို႔ ဖိလစ္ပိုင္စစ္ဘက္အရာရွိေတြေျပာၾကားခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ထားတယ္လို႔ အခိုင္အမာေျပာဆိုထားတဲ့ တ႐ုတ္ဟာ ၎ရဲ႕စစ္အင္အားကို လ်င္ျမန္စြာတိုးခ်ဲ႕မႈေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ ဖိလစ္ပိုင္စစ္တပ္ရဲ႕ ယခုလိုစစ္ေရးေလ့က်င့္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လေတြတုန္းက ဖိလစ္ပိုင္နဲ႔တ႐ုတ္တို႔ရဲ႕သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းက အျငင္းပြားကြၽန္းအနီးမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားခဲ့ၿပီး တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့ျပင္ မေလးရွား၊ ဘ႐ူႏိုင္း၊ အင္ဒိုနီးရွား နဲ႔ ဗီယက္နမ္တို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္ရဲ႕တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားၾကတာလည္းျဖစ္ပါတယ္။ ဖိလစ္ပိုင္စစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး ႐ိုမီယိုဘေရာင္နာဂ်ဴနီယာက "ကြၽန္ေတာ္တို႔ရဲ႕ ဒီေန႔မစ္ရွင္က ႐ိုး႐ိုးေလးပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို စိန္ေခၚေနတဲ့ ျပင္ပၿခိမ္းေျခာက္မႈေတြကို လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္အေကာင္းဆုံးျပင္ဆင္ႏိုင္ဖို႔ပဲျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ အဲဒီစစ္ေရးေလ့က်င့္မႈအတြင္း အေျမာက္ေတြ၊ ႐ိုင္ဖယ္ေတြနဲ႔ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈေတြအျပင္ ကမ္းေျခဆင္းသက္မႈေလ့က်င့္မႈေတြ ပါဝင္မယ္လို႔လည္း ႐ိုမီယိုဘေရာင္နာဂ်ဴနီယာက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.