ပြည်သူများအကြား အာမခံချက်မရှိသော Online လောင်းကစားဂိမ်းများ၏ ပျံ့နှံ့မှုပိုမိုတိုးလာနေပြီး နေရာစုံ အသုံးပြုကာ ကြော်ငြာနေ

 1372

သန့်ဇင် (NP News) - နိုဝင်ဘာ ၆

ပြည်သူများအကြား အာမခံချက်မရှိသော Online လောင်းကစားဂိမ်းများ၏ ပျံ့နှံ့မှု ပိုမိုတိုးလာနေပြီး နေရာစုံ အသုံးပြုကာ ကြော်ငြာနေကြောင်း NP News က မြင်တွေ့ရသောအချက်အလက်များနှင့် မေးမြန်းထားချက်များ အရ သိရသည်။ Online လောင်းကစားဂိမ်းများအထဲတွင် စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ကာစီနို စသည်ဖြင့် ဂိမ်းများ ပါဝင်ကာ အွန်လိုင်းပလက်ဖောင်းပေါင်းစုံမှ ကြော်ငြာခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာခြင်းဖြစ်ကြောင်း လည်း သိရသည်။ Online ဂိမ်းများသည် ကနဦးတွင် ထိုးသားကို ပေးလျော်လေ့ရှိသော်လည်း နောက်ပိုင်းတွင် ထိုးသားအနိုင်ရသော ပမာဏနည်းသွားပြီး အရှုံးများစေရန် စီမံထားခြင်းဖြစ်ကာ အဆိုပါ ဂိမ်းများ၏ ဆာဗာတို့မှာ ပိုင်ရှင်မှ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းဂိမ်းများအနေဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် သီးသန့်ကြော်ငြာခြင်း၊ Video များတွင် စက္ကန့်ပိုင်းစာ ကြော်ငြာများ ထည့်သွင်းခြင်းတို့ကို စတင်ပြုလုပ်ခဲ့ကြပြီး ယခုအခါ အင်တာနက် ပလက်ဖောင်းမျိုးစုံကို အသုံးပြုလာခြင်း ဖြစ်သည်။ “ လူတွေက ပိုပြီးစီးပွားရေး ကျပ်တည်းလာတဲ့ အခါကျတော့ ဒီဟာကိုထွက်ပေါက်တစ်ခုလို လိုက်လိုက်ရှာတာ။ အဲဒီမှာ ပိုပြီးဆိုးလာတယ်ပေါ့။ အခုဟာက ပျံ့နှံ့မှုအားက ပိုပြီးများလာတယ်။ ဖုန်း SMS တွေကပို့တယ်။ Viber ကပို့တယ်။ Telegram က နေလည်းပို့တယ်။ Telegram တွေမှာဆိုရင်လည်း မြန်မာရုပ်ရှင်ကား Channel တွေ၊ Porn Channel တွေမှာ သူတို့က သူတို့ကြော်ငြာတွေ ကပ်ပြီး ပြန်တင်တာတွေ အများကြီးရှိတယ်။ အဲဒါမျိုးတွေနဲ့ အဓိက သူတို့ဖောက်တဲ့လမ်းသည် Telegram ၊ Viber ၊ ဖုန်း SMS တွေက အများဆုံးဖြစ်လာတယ်။ Facebook ကတော့ အခုလတ်တလောမှာ တော်တော်လေးကို တင်းကြပ် ပစ်လိုက်တဲ့အတွက် တချို့တွေက လုပ်ဖို့ခက်လာတယ်” ဟု စောင့်ကြည့်လေ့လာသူ တစ်ဦးက ဆိုသည်။
ဆော့ကစားသူများသည် “ရေမျော ရေနှင့်လိုက်၊ ငွေမျော ငွေနှင့်လိုက်” ဆိုသော သဘောဖြင့် ဆော့ကစားရာမှ အချီကြီးရှုံးသွားသူများလည်းရှိကာ ငွေလိုသောကြောင့် ဒုစရိုက်လောကသို့ သက်ဆင်း သွားသူ များလည်းရှိကြောင်း သိရသည်။ “ငွေလိုတော့ မဟုတ်သောနည်းလမ်း၊ မမှန်သော နည်းလမ်း တွေဖြစ်တဲ့ ရွှေဆိုင် တွေ ဓားပြတိုက်တာတို့၊ လုယက်တာတို့ ဖြစ်လာတာပေါ့နော်။ ကျေးလက်မှာကို ကိုယ့်ယောကျာ်းက နိုင်ငံခြားမှာ အလုပ်လုပ်ပြီး အိမ်ကမိန်းမက လောင်းကစားတွေအခုလို စလော့တွေ လုပ်ပြီး ငွေကျပ်သိန်းရာနဲ့ချီပြီးတော့ ကုန်သွားတာတွေလည်းရှိတယ်” ဟု အငြိမ်းစားရဲမှူးကြီးတစ်ဦးက မှတ်ချက်ပေးပြောကြားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ Online လောင်းကစားကို တရားဝင်ပြုလုပ်ရန် မလိုသော်လည်း လိမ်လည်မှုဖြစ်သည့် အတွက် ပြစ်မှုကို ပြစ်မှုဖြင့် အရေးယူရန်လိုကြောင်း လည်း ၎င်းက ထောက်ပြပြောကြားသည်။

“လိမ်တယ်ဆို တာလည်း ပြစ်မှုပဲ။ ပြစ်မှုကို ပြစ်မှုလိုပဲ အရေးယူတာ ကောင်းတယ်။ ဒါတွေက အွန်လိုင်းက လုပ်တာ ဖြစ်တဲ့အတွက် နည်းပညာအရ ဖော်ထုတ် တဲ့နည်းပညာ တွေရှိဖို့လိုတယ်။ အဲဒါတွေ ဖမ်းဆီးဖို့အတွက်လည်း အရည်အသွေးရှိတဲ့ တပ်ဖွဲ့ဝင်တွေ လိုမယ်။ နည်းပညာပစ္စည်းတွေလိုတယ်။ အဲဒီအဖွဲ့အစည်းအတွက်လည်း လုပ်နိုင်ကိုင်နိုင်အောင် ဘတ်ဂျက်လိုတယ်” ဟု အငြိမ်းစား ရဲမှူးကြီးက အကြံပြုသည်။
အဆိုပါ Online လောင်း ကစားဂိမ်းများကစား ၍ အရှုံးကို ကြုံတွေ့ပြီးနောက် ကုမ္ပဏီ၊ လုပ်ငန်းများမှ လုပ်ငန်း ငွေကြေးများကို အလွဲသုံးစားလုပ်သွား သည့် ဝန်ထမ်းများလည်းရှိနေကြောင်း လုပ်ငန်းရှင် သတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။
“အဲဒီ Online ဂိမ်းတွေ ဆော့ပြီးတော့ ကုမ္ပဏီပိုက်ဆံတွေ အလွဲသုံးစားလုပ်တာတွေကအစ ဖြစ်လာတာ ရှိတယ်။ လူငယ်တွေ အကျင့်စာရိတ္တတွေပျက်ပြားလာတာပေါ့။ အွန်လိုင်းဂိမ်းဆိုတာက အစတည်းက ပေးနိုင်မယ် ပေးရှုံး မယ်ပေါ့နော်။ ဂိမ်းဆိုတည်းက သူ့ရဲ့ Control သူ အောက်မှာဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။ Online လောင်း ကစား ဂိမ်းနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာနိုင် သည်ဆိုသောအချက်ကိုလည်း မန္တလေးမြို့ခံတစ်ဦးက ထောက်ပြပြောကြားသည်။

“အခုနောက်ပိုင်းက ပိုပြီးဆိုးလာတယ်လို့ပြောလို့ရတယ်။ တချို့ဆိုရင်လည်းအပြင် လောင်းကစားနဲ့ Online လောင်းစားတွေကြောင့် ဆိုင်ကယ်တွေ၊ တခြားပစ္စည်းတွေ ပေါင်နှံရောင်းချတဲ့အထိကို ဖြစ်သွားတာတွေမြင် ရတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာကို အဲဒီလောင်းကစားဂိမ်းနဲ့ပတ်သက်ပြီး တွင်တွင် ကျယ်ကျယ်ကိုဖြစ်နေတာ။ တလောက်ပဲ ကျွန်တော့်ကို ကျွန်တော့်အသိ တစ် ယောက်က messenger ကနေ link ပေးပြီး အဲဒီဂိမ်းကစားဖို့ပြောတယ်။ ၅၅၅ ဂိမ်းပေါ့။ အဲဒီလိုမျိုးတွေ လည်းရှိနေတယ်။ ဒီဂိမ်းတွေကြောင့်လည်း ခိုးဆိုးလုယက်မှုတွေက များနေတယ်လို့ ယူဆလို့ရတာ” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အထက်ပါ Online လောင်းကစားဂိမ်းများကို ဖော်ထုတ်၊ ဖမ်းဆီးခြင်းများ တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေသော်လည်း ရသည့်နည်းလမ်းများဖြင့် အဆိုပါဂိမ်းများ ထိုးဖောက်နေဆဲဖြစ် ကြောင်းလည်း သိရသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနထက် လောင်းကစားသမား များက ပိုမိုအရည်အချင်းရှိနေခြင်းမျိုး ဖြစ်နေသည်။

Zawgyi Version;
ျပည္သူမ်ားအၾကား အာမခံခ်က္မရွိေသာ Online ေလာင္းကစားဂိမ္းမ်ား၏ ပ်ံ႕ႏွံ႔မႈပိုမိုတိုးလာေနၿပီး ေနရာစုံ အသုံးျပဳကာ ေၾကာ္ျငာေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၆

ျပည္သူမ်ားအၾကား အာမခံခ်က္မရွိေသာ Online ေလာင္းကစားဂိမ္းမ်ား၏ ပ်ံ႕ႏွံ႔မႈ ပိုမိုတိုးလာေနၿပီး ေနရာစုံ အသုံးျပဳကာ ေၾကာ္ျငာေနေၾကာင္း NP News က ျမင္ေတြ႕ရေသာအခ်က္အလက္မ်ားႏွင့္ ေမးျမန္းထားခ်က္မ်ား အရ သိရသည္။ Online ေလာင္းကစားဂိမ္းမ်ားအထဲတြင္ စေလာ့ဂိမ္း၊ ငါးပစ္ဂိမ္း၊ ကာစီႏို စသည္ျဖင့္ ဂိမ္းမ်ား ပါဝင္ကာ အြန္လိုင္းပလက္ေဖာင္းေပါင္းစုံမွ ေၾကာ္ျငာျခင္းကို က်ယ္က်ယ္ျပန႔္ျပန႔္ ျပဳလုပ္လာျခင္းျဖစ္ေၾကာင္း လည္း သိရသည္။ Online ဂိမ္းမ်ားသည္ ကနဦးတြင္ ထိုးသားကို ေပးေလ်ာ္ေလ့ရွိေသာ္လည္း ေနာက္ပိုင္းတြင္ ထိုးသားအႏိုင္ရေသာ ပမာဏနည္းသြားၿပီး အရႈံးမ်ားေစရန္ စီမံထားျခင္းျဖစ္ကာ အဆိုပါ ဂိမ္းမ်ား၏ ဆာဗာတို႔မွာ ပိုင္ရွင္မွ ထိန္းခ်ဳပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အြန္လိုင္းဂိမ္းမ်ားအေနျဖင့္ လူမႈကြန္ရက္ ေဖ့စ္ဘြတ္စာမ်က္ႏွာထက္တြင္ သီးသန႔္ေၾကာ္ျငာျခင္း၊ Video မ်ားတြင္ စကၠန႔္ပိုင္းစာ ေၾကာ္ျငာမ်ား ထည့္သြင္းျခင္းတို႔ကို စတင္ျပဳလုပ္ခဲ့ၾကၿပီး ယခုအခါ အင္တာနက္ ပလက္ေဖာင္းမ်ိဳးစုံကို အသုံးျပဳလာျခင္း ျဖစ္သည္။ “ လူေတြက ပိုၿပီးစီးပြားေရး က်ပ္တည္းလာတဲ့ အခါက်ေတာ့ ဒီဟာကိုထြက္ေပါက္တစ္ခုလို လိုက္လိုက္ရွာတာ။ အဲဒီမွာ ပိုၿပီးဆိုးလာတယ္ေပါ့။ အခုဟာက ပ်ံ႕ႏွံ႔မႈအားက ပိုၿပီးမ်ားလာတယ္။ ဖုန္း SMS ေတြကပို႔တယ္။ Viber ကပို႔တယ္။ Telegram က ေနလည္းပို႔တယ္။ Telegram ေတြမွာဆိုရင္လည္း ျမန္မာ႐ုပ္ရွင္ကား Channel ေတြ၊ Porn Channel ေတြမွာ သူတို႔က သူတို႔ေၾကာ္ျငာေတြ ကပ္ၿပီး ျပန္တင္တာေတြ အမ်ားႀကီးရွိတယ္။ အဲဒါမ်ိဳးေတြနဲ႔ အဓိက သူတို႔ေဖာက္တဲ့လမ္းသည္ Telegram ၊ Viber ၊ ဖုန္း SMS ေတြက အမ်ားဆုံးျဖစ္လာတယ္။ Facebook ကေတာ့ အခုလတ္တေလာမွာ ေတာ္ေတာ္ေလးကို တင္းၾကပ္ ပစ္လိုက္တဲ့အတြက္ တခ်ိဳ႕ေတြက လုပ္ဖို႔ခက္လာတယ္” ဟု ေစာင့္ၾကည့္ေလ့လာသူ တစ္ဦးက ဆိုသည္။
ေဆာ့ကစားသူမ်ားသည္ “ေရေမ်ာ ေရႏွင့္လိုက္၊ ေငြေမ်ာ ေငြႏွင့္လိုက္” ဆိုေသာ သေဘာျဖင့္ ေဆာ့ကစားရာမွ အခ်ီႀကီးရႈံးသြားသူမ်ားလည္းရွိကာ ေငြလိုေသာေၾကာင့္ ဒုစ႐ိုက္ေလာကသို႔ သက္ဆင္း သြားသူ မ်ားလည္းရွိေၾကာင္း သိရသည္။ “ေငြလိုေတာ့ မဟုတ္ေသာနည္းလမ္း၊ မမွန္ေသာ နည္းလမ္း ေတြျဖစ္တဲ့ ေ႐ႊဆိုင္ ေတြ ဓားျပတိုက္တာတို႔၊ လုယက္တာတို႔ ျဖစ္လာတာေပါ့ေနာ္။ ေက်းလက္မွာကို ကိုယ့္ေယာက်ာ္းက ႏိုင္ငံျခားမွာ အလုပ္လုပ္ၿပီး အိမ္ကမိန္းမက ေလာင္းကစားေတြအခုလို စေလာ့ေတြ လုပ္ၿပီး ေငြက်ပ္သိန္းရာနဲ႔ခ်ီၿပီးေတာ့ ကုန္သြားတာေတြလည္းရွိတယ္” ဟု အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက မွတ္ခ်က္ေပးေျပာၾကားသည္။ လက္ရွိ ျမန္မာႏိုင္ငံ၏ အေျခအေန Online ေလာင္းကစားကို တရားဝင္ျပဳလုပ္ရန္ မလိုေသာ္လည္း လိမ္လည္မႈျဖစ္သည့္ အတြက္ ျပစ္မႈကို ျပစ္မႈျဖင့္ အေရးယူရန္လိုေၾကာင္း လည္း ၎က ေထာက္ျပေျပာၾကားသည္။

“လိမ္တယ္ဆို တာလည္း ျပစ္မႈပဲ။ ျပစ္မႈကို ျပစ္မႈလိုပဲ အေရးယူတာ ေကာင္းတယ္။ ဒါေတြက အြန္လိုင္းက လုပ္တာ ျဖစ္တဲ့အတြက္ နည္းပညာအရ ေဖာ္ထုတ္ တဲ့နည္းပညာ ေတြရွိဖို႔လိုတယ္။ အဲဒါေတြ ဖမ္းဆီးဖို႔အတြက္လည္း အရည္အေသြးရွိတဲ့ တပ္ဖြဲ႕ဝင္ေတြ လိုမယ္။ နည္းပညာပစၥည္းေတြလိုတယ္။ အဲဒီအဖြဲ႕အစည္းအတြက္လည္း လုပ္ႏိုင္ကိုင္ႏိုင္ေအာင္ ဘတ္ဂ်က္လိုတယ္” ဟု အၿငိမ္းစား ရဲမႉးႀကီးက အႀကံျပဳသည္။
အဆိုပါ Online ေလာင္း ကစားဂိမ္းမ်ားကစား ၍ အရႈံးကို ႀကဳံေတြ႕ၿပီးေနာက္ ကုမၸဏီ၊ လုပ္ငန္းမ်ားမွ လုပ္ငန္း ေငြေၾကးမ်ားကို အလြဲသုံးစားလုပ္သြား သည့္ ဝန္ထမ္းမ်ားလည္းရွိေနေၾကာင္း လုပ္ငန္းရွင္ သတင္း ရင္းျမစ္တစ္ဦးက ဆိုသည္။
“အဲဒီ Online ဂိမ္းေတြ ေဆာ့ၿပီးေတာ့ ကုမၸဏီပိုက္ဆံေတြ အလြဲသုံးစားလုပ္တာေတြကအစ ျဖစ္လာတာ ရွိတယ္။ လူငယ္ေတြ အက်င့္စာရိတၱေတြပ်က္ျပားလာတာေပါ့။ အြန္လိုင္းဂိမ္းဆိုတာက အစတည္းက ေပးႏိုင္မယ္ ေပးရႈံး မယ္ေပါ့ေနာ္။ ဂိမ္းဆိုတည္းက သူ႔ရဲ႕ Control သူ ေအာက္မွာျဖစ္သြားတာ” ဟု ၎က ဆိုသည္။ Online ေလာင္း ကစား ဂိမ္းေနာက္ဆက္တြဲ ဆိုးက်ိဳးအျဖစ္ ခိုးဆိုးလုယက္မႈမ်ား ပိုမိုမ်ားျပားလာႏိုင္ သည္ဆိုေသာအခ်က္ကိုလည္း မႏၲေလးၿမိဳ႕ခံတစ္ဦးက ေထာက္ျပေျပာၾကားသည္။

“အခုေနာက္ပိုင္းက ပိုၿပီးဆိုးလာတယ္လို႔ေျပာလို႔ရတယ္။ တခ်ိဳ႕ဆိုရင္လည္းအျပင္ ေလာင္းကစားနဲ႔ Online ေလာင္းစားေတြေၾကာင့္ ဆိုင္ကယ္ေတြ၊ တျခားပစၥည္းေတြ ေပါင္ႏွံေရာင္းခ်တဲ့အထိကို ျဖစ္သြားတာေတြျမင္ ရတယ္။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာကို အဲဒီေလာင္းကစားဂိမ္းနဲ႔ပတ္သက္ၿပီး တြင္တြင္ က်ယ္က်ယ္ကိုျဖစ္ေနတာ။ တေလာက္ပဲ ကြၽန္ေတာ့္ကို ကြၽန္ေတာ့္အသိ တစ္ ေယာက္က messenger ကေန link ေပးၿပီး အဲဒီဂိမ္းကစားဖို႔ေျပာတယ္။ ၅၅၅ ဂိမ္းေပါ့။ အဲဒီလိုမ်ိဳးေတြ လည္းရွိေနတယ္။ ဒီဂိမ္းေတြေၾကာင့္လည္း ခိုးဆိုးလုယက္မႈေတြက မ်ားေနတယ္လို႔ ယူဆလို႔ရတာ” ဟု ၎ကဆိုသည္။ လက္ရွိတြင္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ အထက္ပါ Online ေလာင္းကစားဂိမ္းမ်ားကို ေဖာ္ထုတ္၊ ဖမ္းဆီးျခင္းမ်ား တင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္ေနေသာ္လည္း ရသည့္နည္းလမ္းမ်ားျဖင့္ အဆိုပါဂိမ္းမ်ား ထိုးေဖာက္ေနဆဲျဖစ္ ေၾကာင္းလည္း သိရသည္။ တစ္နည္းအားျဖင့္ ႏိုင္ငံေတာ္အစိုးရ ျပည္ထဲေရးဝန္ႀကီးဌာနထက္ ေလာင္းကစားသမား မ်ားက ပိုမိုအရည္အခ်င္းရွိေနျခင္းမ်ိဳး ျဖစ္ေနသည္။

Related news

© 2021. All rights reserved.