လကမ္ဘာပေါ်တွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသည့် အုတ်ခဲများကို တရုတ်သိပ္ပံပညာရှင်များ တီထွင်ဖန်တီး

 534

NP News - နိုဝင်ဘာ ၆

တရုတ်သိပ္ပံပညာရှင်များသည် လကမ္ဘာပေါ်တွင် ကမ္ဘာ့ပထမဆုံးအခြေစိုက်စခန်းနှင့် လူနေထိုင်နိုင်သော နေအိမ် တို့ကို တည်ဆောက်ရာတွင် အသုံးပြုရန်မျှော်လင့်ထားသည့် ဆန်းသစ်သောအုတ်ခဲအမျိုးအစားတစ်ခုကို မကြာသေးမီက ထုတ်ပြန်ပြသခဲ့ကြောင်း သိရသည်။

လကမ္ဘာပေါ်တွင် အခြေချမည့်ကိစ္စများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံတွင် ကြီးမားသည့်အစီအစဉ်များရှိသည် ဆိုသည့်အချက်မှာ လျှို့ဝှက်ချက်တစ်ခုလည်းမဟုတ်ကြောင်းသိရသည်။ ယခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံသည် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းသို့ ပထမဆုံးဆင်းသက်နိုင်ခဲ့ကာ မြေနမူနာများကို ပြန်လည်ယူဆောင်လာနိုင်ခဲ့ သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသည် လကမ္ဘာပေါ်တွင် အခြေစိုက်စခန်းများနှင့် အခြားအဆောက်အအုံများကို တည်ဆောက် နိုင်မည့်နေ့အတွက် စီစဉ်ပြီးနေပြီဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာဖိအားနှင့် နေထံမှလာမည့် မြင့်မားသော ဓာတ်ရောင်ခြည် များကို ခံနိုင်ရည်ရှိစေရန်အတွက် ဒီဇိုင်းထုတ်ထားသည့် အုတ်ခဲအမျိုးအစားကို တီထွင်ခဲ့ကြောင်းလည်း သိရသည်။ တရုတ်အစိုးရသည် “moon soil bricks” ဟုခေါ်သော အဆိုပါအုတ်ခဲများကို စမ်းသပ်မှုများ လုပ်ဆောင်ရန် အတွက် (၂၀၂၅) ခုနှစ်မကုန်မီအချိန်အတွင်း လကမ္ဘာသို့ ပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Huazhong University of Science and Technology ၏ National Digital Construction Technology Innovation Center မှ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က အဆိုပါအုတ်ခဲများကို တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း “ moon soil bricks ” အုတ်ခဲများတွင် အချို့ဂုဏ်သတ္တိများ ပါဝင်ရန်မရှိမဖြစ် လိုအပ် ကြောင်း အချို့ပညာရှင်များက ပြောဆိုထားကြသည်။
ဥပမာအားဖြင့် “moon soil bricks” အုတ်ခဲများသည် ပုံမှန်အုတ်နီခဲများနှင့် ကွန်ကရစ် အုတ်ခဲများထက် တစ်စတုရန်းစင်တီမီတာလျှင် တစ်တန်ထက်ပိုသော အလေးချိန်ကို ခံနိုင်ရည်ရှိ ခြင်းနှင့်ညီမျှသည့် ခံနိုင်ရည်အား သုံးဆပိုရှိရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ပထမဆုံး “ moon soil bricks ” အုတ်ခဲများကို “moon soil bricks” ကုန်တင်အာ ကာသယာဉ်ပေါ်ရှိ တရုတ်အာကာသစခန်းကို ပို့သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ တရုတ်သိပ္ပံပညာရှင်များသည် အဆိုပါအုတ်ခဲ များက လကမ္ဘာ၏ ဖွံ့ဖြိုးတက်မှုများ နှင့် အံဝင်ခွင်ကျဖြစ်/မဖြစ်ကို သိရှိနိုင်ရန်အတွက် (၂၀၂၅)ခုနှစ်ကုန်အထိ စမ်းသပ်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
လကမာၻေပၚတြင္ အသုံးျပဳရန္ ဒီဇိုင္းထုတ္ထားသည့္ အုတ္ခဲမ်ားကို တ႐ုတ္သိပၸံပညာရွင္မ်ား တီထြင္ဖန္တီး
ယြန္း (NP News) - ႏိုဝင္ဘာ ၆

တ႐ုတ္သိပၸံပညာရွင္မ်ားသည္ လကမာၻေပၚတြင္ ကမာၻ႔ပထမဆုံးအေျခစိုက္စခန္းႏွင့္ လူေနထိုင္ႏိုင္ေသာ ေနအိမ္ တို႔ကို တည္ေဆာက္ရာတြင္ အသုံးျပဳရန္ေမွ်ာ္လင့္ထားသည့္ ဆန္းသစ္ေသာအုတ္ခဲအမ်ိဳးအစားတစ္ခုကို မၾကာေသးမီက ထုတ္ျပန္ျပသခဲ့ေၾကာင္း သိရသည္။

လကမာၻေပၚတြင္ အေျခခ်မည့္ကိစၥမ်ားႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံတြင္ ႀကီးမားသည့္အစီအစဥ္မ်ားရွိသည္ ဆိုသည့္အခ်က္မွာ လွ်ိဳ႕ဝွက္ခ်က္တစ္ခုလည္းမဟုတ္ေၾကာင္းသိရသည္။ ယခုႏွစ္ အေစာပိုင္းတြင္ တ႐ုတ္ႏိုင္ငံသည္ လကမာၻ၏ အေမွာင္ဘက္ျခမ္းသို႔ ပထမဆုံးဆင္းသက္ႏိုင္ခဲ့ကာ ေျမနမူနာမ်ားကို ျပန္လည္ယူေဆာင္လာႏိုင္ခဲ့ သည့္ ပထမဆုံးႏိုင္ငံျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံသည္ လကမာၻေပၚတြင္ အေျခစိုက္စခန္းမ်ားႏွင့္ အျခားအေဆာက္အအုံမ်ားကို တည္ေဆာက္ ႏိုင္မည့္ေန႔အတြက္ စီစဥ္ၿပီးေနၿပီျဖစ္ၿပီး ႐ုပ္ပိုင္းဆိုင္ရာဖိအားႏွင့္ ေနထံမွလာမည့္ ျမင့္မားေသာ ဓာတ္ေရာင္ျခည္ မ်ားကို ခံႏိုင္ရည္ရွိေစရန္အတြက္ ဒီဇိုင္းထုတ္ထားသည့္ အုတ္ခဲအမ်ိဳးအစားကို တီထြင္ခဲ့ေၾကာင္းလည္း သိရသည္။ တ႐ုတ္အစိုးရသည္ “moon soil bricks” ဟုေခၚေသာ အဆိုပါအုတ္ခဲမ်ားကို စမ္းသပ္မႈမ်ား လုပ္ေဆာင္ရန္ အတြက္ (၂၀၂၅) ခုႏွစ္မကုန္မီအခ်ိန္အတြင္း လကမာၻသို႔ ပို႔သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Huazhong University of Science and Technology ၏ National Digital Construction Technology Innovation Center မွ ကြၽမ္းက်င္သူအဖြဲ႕တစ္ဖြဲ႕က အဆိုပါအုတ္ခဲမ်ားကို တီထြင္ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း “ moon soil bricks ” အုတ္ခဲမ်ားတြင္ အခ်ိဳ႕ဂုဏ္သတၱိမ်ား ပါဝင္ရန္မရွိမျဖစ္ လိုအပ္ ေၾကာင္း အခ်ိဳ႕ပညာရွင္မ်ားက ေျပာဆိုထားၾကသည္။
ဥပမာအားျဖင့္ “moon soil bricks” အုတ္ခဲမ်ားသည္ ပုံမွန္အုတ္နီခဲမ်ားႏွင့္ ကြန္ကရစ္ အုတ္ခဲမ်ားထက္ တစ္စတုရန္းစင္တီမီတာလွ်င္ တစ္တန္ထက္ပိုေသာ အေလးခ်ိန္ကို ခံႏိုင္ရည္ရွိ ျခင္းႏွင့္ညီမွ်သည့္ ခံႏိုင္ရည္အား သုံးဆပိုရွိရန္ လိုအပ္ေၾကာင္း သိရသည္။

ထို႔ျပင္ ကမာၻ႔ပထမဆုံး “ moon soil bricks ” အုတ္ခဲမ်ားကို “moon soil bricks” ကုန္တင္အာ ကာသယာဥ္ေပၚရွိ တ႐ုတ္အာကာသစခန္းကို ပို႔သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။ တ႐ုတ္သိပၸံပညာရွင္မ်ားသည္ အဆိုပါအုတ္ခဲ မ်ားက လကမာၻ၏ ဖြံ႕ၿဖိဳးတက္မႈမ်ား ႏွင့္ အံဝင္ခြင္က်ျဖစ္/မျဖစ္ကို သိရွိႏိုင္ရန္အတြက္ (၂၀၂၅)ခုႏွစ္ကုန္အထိ စမ္းသပ္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.