တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ဟု တရုတ်ဝန်ကြီးချုပ်ပြော
1332
ထွန်းမွန်သက် (NP News) - နိုဝင်ဘာလ ၆
တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် Mr. Li Qiang က ယနေ့ နိုဝင်ဘာလ ၆ ရက်၌ တရုတ်နိုင်ငံ ကူမင်းမြို့၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း နှစ်နိုင်ငံဝန်ကြီးချုပ်များ တွေ့ဆုံမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်လည်း ဆန္ဒပြုကူညီမည်ဟုလည်း Mr. Li Qiang က ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကြောင်းလည်း ထုတ်ဖော်ပြောကြားထားသည်။
zawgyi Version
တ႐ုတ္ႏိုင္ငံအတြင္း အေျချပဳ၍ ျမန္မာႏိုင္ငံ၏ အက်ိဳးကို ပ်က္စီးေအာင္ေဆာင္႐ြက္ေနမႈမ်ားကို လက္သင့္ခံမည္မဟုတ္ဟု တ႐ုတ္ဝန္ႀကီးခ်ဳပ္ေျပာ
ထြန္းမြန္သက္ (NP News) - ႏိုဝင္ဘာလ ၆
တ႐ုတ္ႏိုင္ငံအတြင္း အေျချပဳ၍ ျမန္မာႏိုင္ငံ၏ အက်ိဳးကို ပ်က္စီးေအာင္ေဆာင္႐ြက္ေနမႈမ်ားကို လက္သင့္ခံမည္မဟုတ္ဟု တ႐ုတ္ႏိုင္ငံဝန္ႀကီးခ်ဳပ္ Mr. Li Qiang က ယေန႔ ႏိုဝင္ဘာလ ၆ ရက္၌ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ေၾကာင္း ႏွစ္ႏိုင္ငံဝန္ႀကီးခ်ဳပ္မ်ား ေတြ႕ဆုံမႈႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ကို ေထာက္ခံပါေၾကာင္းႏွင့္ ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရး အတြက္လည္း ဆႏၵျပဳကူညီမည္ဟုလည္း Mr. Li Qiang က ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ျမန္မာႏိုင္ငံေျမာက္ပိုင္း တည္ၿငိမ္ေအးခ်မ္းေရးသည္ အေရးႀကီးၿပီး တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမပိုင္ဆိုင္မႈတို႔ကို ထပ္ေလာင္းအသိအမွတ္ျပဳေၾကာင္းလည္း ထုတ္ေဖာ္ေျပာၾကားထားသည္။