သမ္မတဂျိုးဘိုင်ဒန် နဲ့ ကမ်မလာဟားရစ်တို့က ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြု
1247
Pika (NP News) - နိုဝင်ဘာ ၇
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ယခုသမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အာဏာအကူးအပြောင်းကို ဆွေးနွေးဖို့အတွက် အိမ်ဖြူတော်ကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်ကလည်း ယခုသမ္မတရွေးကောက်ပွဲမှာ ၎င်းရှုံးနိမ့်ကြောင်းဝန်ခံခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့အနိုင်ရရှိမှုကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတဖြစ်ဖို့လိုအပ်တဲ့ သမ္မတရွေးချယ်ရေးကော်မတီရဲ့ ဆန္ဒမဲ(၂၇၀)မဲအနက် (၂၉၄)မဲအထိရရှိခဲ့တာဖြစ်ပြီး ကမ်မလာဟားရစ်က (၂၂၃)မဲသာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဝန်ထမ်းတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ အကူးအပြောင်းအဖွဲ့နဲ့အတူ လာမယ့်ရက်ပိုင်းအတွင်း ရက်စွဲကိုညှိနှိုင်းသွားလိမ့်မယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဂျိုးဘိုင်ဒန်ကလည်း ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာလ(၇)ရက်မှာ မိန့်ခွန်းပြောကြားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်ကလည်း ရွေးကောက်ပွဲမှာ ၎င်းရဲ့ ရှုံးနိမ့်မှုနဲ့ပတ်သက်တဲ့ မိန့်ခွန်းကို မပြောကြားမီ ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှုရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ရဲ့အနိုင်ရရှိမှုကို ဗြိတိန်ဝန်ကြီးချုပ် Keir Starmer၊ ပြင်သစ်သမ္မတမက်ခရွန်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနဲ့ အခြားလူတွေအပါအဝင် ခေါင်းဆောင်အများအပြားက ချီးကျူးဂုဏ်ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ၎င်းကို အမေရိကန်ရဲ့ (၄၇)ယောက်မြောက်သမ္မတအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်ပြည်သူတွေအတွက် နေ့ရက်တိုင်းမှာ တိုက်ပွဲဝင်ပေးသွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ ပြီးတော့ အမေရိကန်အတွက် သာယာဝပြောပြီး ဘေးကင်းလုံခြုံတဲ့အနာဂတ်ကိုရရှိအောင် ဦးဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၎င်းကမ်းပိန်းရဲ့အကြီးတန်းအဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပြီး အောင်ပွဲရရှိဖို့အတွက် မှန်ကန်တဲ့လူတွေကို ရွေးချယ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဟာ အထက်လွှတ်တော်မှာ နေရာအများစုကို ရရှိနိုင်ဖွယ်ရှိနေတဲ့အပြင် အောက် လွှတ်တော်ကိုလည်း ဆက်လက်ထိန်းချုပ်သွားနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်အစိုးရအုပ်ချုပ်ရေးအဖွဲ့မှာ ၎င်းရဲ့မိသားစုဝင်တွေပါဝင်နေတာမျိုး မရှိစေရဘူးလို့လည်း ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ပါတယ်။
zawgyi version
သမၼတဂ်ိဳးဘိုင္ဒန္ နဲ႔ ကမ္မလာဟားရစ္တို႔က ေဒၚနယ္ထရမ့္ကို ခ်ီးက်ဴးဂုဏ္ျပဳ
Pika (NP News) - ႏိုဝင္ဘာ ၇
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ယခုသမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရမ့္ကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၿပီး အာဏာအကူးအေျပာင္းကို ေဆြးေႏြးဖို႔အတြက္ အိမ္ျဖဴေတာ္ကို ဖိတ္ေခၚခဲ့တယ္လို႔ သိရပါတယ္။
ဒီမိုကရက္တစ္သမၼတေလာင္း ကမ္မလာဟားရစ္ကလည္း ယခုသမၼတေ႐ြးေကာက္ပြဲမွာ ၎ရႈံးနိမ့္ေၾကာင္းဝန္ခံခဲ့ၿပီး ေဒၚနယ္ထရမ့္ရဲ႕အႏိုင္ရရွိမႈကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့တယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတျဖစ္ဖို႔လိုအပ္တဲ့ သမၼတေ႐ြးခ်ယ္ေရးေကာ္မတီရဲ႕ ဆႏၵမဲ(၂၇၀)မဲအနက္ (၂၉၄)မဲအထိရရွိခဲ့တာျဖစ္ၿပီး ကမ္မလာဟားရစ္က (၂၂၃)မဲသာရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ ဝန္ထမ္းေတြဟာ ေဒၚနယ္ထရမ့္ရဲ႕ အကူးအေျပာင္းအဖြဲ႕နဲ႔အတူ လာမယ့္ရက္ပိုင္းအတြင္း ရက္စြဲကိုညႇိႏႈိင္းသြားလိမ့္မယ္လို႔ အေမရိကန္အစိုးရက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဂ်ိဳးဘိုင္ဒန္ကလည္း ေ႐ြးေကာက္ပြဲရလဒ္ေတြနဲ႔ပတ္သက္ၿပီး ႏိုဝင္ဘာလ(၇)ရက္မွာ မိန႔္ခြန္းေျပာၾကားသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီမိုကရက္တစ္သမၼတေလာင္း ကမ္မလာဟားရစ္ကလည္း ေ႐ြးေကာက္ပြဲမွာ ၎ရဲ႕ ရႈံးနိမ့္မႈနဲ႔ပတ္သက္တဲ့ မိန႔္ခြန္းကို မေျပာၾကားမီ ၿငိမ္းခ်မ္းတဲ့အာဏာလႊဲေျပာင္းမႈရဲ႕ အေရးပါမႈကို ေဆြးေႏြးခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ရဲ႕အႏိုင္ရရွိမႈကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Keir Starmer၊ ျပင္သစ္သမၼတမက္ခ႐ြန္၊ ဥေရာပေကာ္မရွင္ဥကၠ႒ ဗြန္ဒါလီယန္၊ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီ၊ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုနဲ႔ အျခားလူေတြအပါအဝင္ ေခါင္းေဆာင္အမ်ားအျပားက ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ၎ကို အေမရိကန္ရဲ႕ (၄၇)ေယာက္ေျမာက္သမၼတအျဖစ္ ေ႐ြးခ်ယ္ခဲ့တဲ့အတြက္ ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ အေမရိကန္ျပည္သူေတြအတြက္ ေန႔ရက္တိုင္းမွာ တိုက္ပြဲဝင္ေပးသြားမယ္လို႔ ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ အေမရိကန္အတြက္ သာယာဝေျပာၿပီး ေဘးကင္းလုံၿခဳံတဲ့အနာဂတ္ကိုရရွိေအာင္ ဦးေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ကတိျပဳခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ၎ကမ္းပိန္းရဲ႕အႀကီးတန္းအဖြဲ႕ဝင္ေတြကို ေက်းဇူးတင္ေၾကာင္းလည္း ေျပာဆိုခဲ့ၿပီး ေအာင္ပြဲရရွိဖို႔အတြက္ မွန္ကန္တဲ့လူေတြကို ေ႐ြးခ်ယ္ခဲ့တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ ရီပတ္ဘလစ္ကန္ပါတီဟာ အထက္လႊတ္ေတာ္မွာ ေနရာအမ်ားစုကို ရရွိႏိုင္ဖြယ္ရွိေနတဲ့အျပင္ ေအာက္ လႊတ္ေတာ္ကိုလည္း ဆက္လက္ထိန္းခ်ဳပ္သြားႏိုင္ဖြယ္ရွိေနတယ္လို႔ ေဒၚနယ္ထရမ့္က ထပ္မံေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္အစိုးရအုပ္ခ်ဳပ္ေရးအဖြဲ႕မွာ ၎ရဲ႕မိသားစုဝင္ေတြပါဝင္ေနတာမ်ိဳး မရွိေစရဘူးလို႔လည္း ေဒၚနယ္ထရမ့္က ကတိျပဳေျပာဆိုခဲ့ပါတယ္။