ကြည်သာဟန် ဖမ်းဆီးစစ်ဆေးခံရမှုနှင့် ကားလောကသားတို့၏ အသံ၊ သောက၊ ဂယက် (ဆောင်းပါး)

 9301

ကျော်နု (NP News) - နိုဝင်ဘာ ၁၁

နာမည်ကြီး ကားဝယ်ရောင်းသမား ကြည်သာဟန် ဖမ်းဆီးစစ်ဆေးခံရသည်။ အတည်ပြုနိုင်သော သတင်းများက နိုဝင်ဘာ(၃)ရက်တွင် ထွက်လာ၏။ EV နှင့် ကားလောကတစ်ခုလုံး လှုပ်ခတ်သွားသည့်အပြင် ကြည်သာဟန်၏ ဖေ့စ်ဘွတ်ခ် Follower များလည်း စိတ်ဝင်တစားဖြစ်သွားသည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းနှင့်ဆက်စပ်သော မည်သူများဆက်လက်ဖမ်းဆီးခံရနိုင်သနည်းနှင့် ကားလောက၌ မည်သည့်ကိစ္စများ ဆက်လက် ဖြစ်လာနိုင်သည်ကို စိတ်ဝင်စားကြခြင်းလည်းဖြစ်၏။ ကြည်သာဟန်ဆိုသူသည်ကား အခြားသူမဟုတ်။ အမျိုးသမီး ငယ်များစွာ၏ စောင့်ကြည့်အားပေးခြင်းခံရသော လူလတ်ပိုင်း ကားပွဲစားလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူက တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်သည့်အပြင် ၎င်းကိုယ်တိုင်ကလည်း တိုင်းမှူးတစ်ဦး၏သမီးနှင့် အိမ်ထောင်ကျပြီးနောက် ကွာရှင်းပြတ်စဲခဲ့သူလည်း ဖြစ်သည်။ NUG လော်ဘီထောက်ပို့ပွဲစား ပန်ဆယ်လိုကို ကုမ္ပဏီ၏ သံတမန်အဖြစ် ခန့်အပ်ခဲ့ဖူးသူလည်း ဖြစ်သည်။ “ဦး” ဟု အသုံး အနှုန်းဖြင့် အမျိုးသမီးငယ်များကြားတွင် ရေပန်းစား၏။ အမျိုးသမီး ငယ်များစွာက ပတ်သက်ချင်သူ ရုပ်ရည်သန့်ပြန့်သည့်အမျိုးသားတစ်ဦးလည်း ဖြစ်သည်။ အမျိုးသမီးလေးဦးဝန်းရံ၍ အတူတကွ အလှူပွဲတစ်ခု ပြုလုပ်ခဲ့သော ဓာတ်ပုံသည်ကား ကြည်သာဟန်ဆို သော ပုဂ္ဂိုလ်ကို လူသိများစေခဲ့သည့် အမှတ်တံဆိပ်လည်း ဖြစ်လာ၏။ (၂၀၂၁) ခုနှစ် နိုင်ငံရေးအခင်းအကျင်း အလွန် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်အကြီး အကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က EV ကားများ တင်သွင်းကြရန် မူဝါဒချမှတ်ပေးခဲ့သည်။ ထို မူဝါဒသည် ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်း၌ စတင်အကောင်အထည် ဖော်ရမည်ဖြစ်ပြီး ကားလောကသားတို့အတွက် ငွေရလမ်းကြီးတစ်ခု၊ အခွင့်အရေးတစ်ခု ဖြစ်လာ၏။ ထိုအထဲတွင် ကြည်သာဟန်လည်း ပါဝင်လာသည်။ ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်း၌ပင်လျှင် တရုတ်နိုင်ငံမှတစ်ဆင့် ဂျပန်တိုယိုတာ EV ကားများကို Shopping ထွက်ရင်း အပျင်းပြေဝယ်လာသည့်ပုံစံဆန်ဆန် တင်သွင်း လာခဲ့သည်။ ထိုအချိန်က EV မူဝါဒကို ခိုင်ခိုင်မာမာချမှတ်နိုင်ခြင်းမရှိသေးဘဲ ပြုလွယ်ပြင်လွယ်ပုံစံဖြင့် ခွင့်ပြု နေဆဲဖြစ်၏။ Sale Contract များဖြင့် တိုယိုတာနှင့် အခြားသော EV ကားအချို့ကို ဝယ်ယူ တင်သွင်းကာ မြန်မာနိုင်ငံ တွင်း၌ တစ်ဆင့်ပြန်လည် ရောင်းချသည့်အပြင် နိုင်ငံတော်၏မူဝါဒဖြစ်သော ဈေးနှုန်းသင့်တင့်မျှတရေး ခေါင်းစဉ်ကို လည်းက မောက်ကမ စတင်ဖြစ်ပွားစေခဲ့သူ ဖြစ်သည်။ အမှန်တကယ်တွင် EV ကားများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော Authorized dealers လိုင်စင်များဖြင့်သာ တင်သွင်းရောင်းချရမည်ဖြစ်သည်။ သို့သော်လည်း မူဝါဒ ပြုလွယ် ပြောင်းလွယ်ကာလကို အခွင့်ယူ၍ ကြည်သာဟန်အပါအဝင် ကားပွဲစားသမား (လုပ်ငန်းရှင်ဟု မသုံးလို၍) အချို့က ငွေရလမ်းရှာခဲ့ကြသည်။ ထို့နောက် EV လောကသည်ကား ဝေဖန်ထောက်ပြ စရာများစွာဖြင့် မူဝါဒများစွာကို အာဏာပိုင်များက မကြာခဏပြောင်းလဲပစ်ရတော့၏။ EV မူဝါဒ စတင်စဉ်က သတ်မှတ်စည်းကမ်းအချက်အလက်များ စွာရှိသော်လည်း ထိုအထဲမှ အရေးကြီးသောအချက်ဖြစ်သည့် Charging Station များတည်ဆောက်ပေးရေးကိုလည်း EV ကား တင်သွင်းခွင့်ရကုမ္ပဏီ(၅၀)ထက် မနည်းက လိုက်နာခြင်းမရှိခဲ့ပေ။ လက်ရှိတွင် EV ကားတင်သွင်းခွင့်ရ ကုမ္ပဏီ (၈၀)ထက်မနည်း ရှိသည်။ စည်းကမ်းဥပဒေအတိုင်း လိုက်နာလုပ်ဆောင်သော အဆင့်အတန်းရှိသည့်ကုမ္ပဏီများ ရှိနေ သော်လည်း အဆင့်အတန်းမရှိသည့် ကုမ္ပဏီများစွာလည်း ပေါ်ပေါက်ခဲ့၏။ သို့သော်လည်း EV ကော်မတီက ‘နွားထီး ငါးကျပ်၊ နွားမငါးကျပ်’မူကို ဆက်လက်ကိုင်စွဲ၍ စည်းကမ်းချိုးဖောက်သော ကုမ္ပဏီများကို မျက်စိ တစ်ဖက်မှိတ် ပေးထားသည်။ ရည်ရွယ် ၍လုပ်ခြင်းဟု မဆိုလို။ မရည်ရွယ်ဘဲ ရပ်မိလျက်သား ဖြစ်နေသည်ဟု ယူဆရမည်ပင်။ ကြည်သာဟန် ဖမ်းဆီးခံရခြင်း၏နောက်တွင် EV နှင့် အခြားသော ကားလောကသား အချို့က အစိုးရ၏ပေါ်လစီ တစ်ဖန်ပြန် ပြောင်းလဲ သွားမည်ကို စိုးရိမ်နေကြသည်။ အကြိမ်ကြိမ် မကြာ ခဏပြောင်းလဲလေ့ရှိသော ပေါ်လစီက ကြည်သာဟန် ဖြစ်ရပ်တွင် ထပ်ဆင့်လာမည်ကို စိုးရိမ်ကြခြင်းပင်။ ကြည်သာဟန်ကို ဖမ်းဆီးရခြင်းနောက်ကွယ်တွင် မြုပ်နေသော ဇာတ်လမ်းများစွာရှိ၏။

"ကားကိစ္စမှာ အခွန်လိမ်ထားတာတွေလည်း ရှိတယ်လို့ကြားတယ်။ Suzuki ကား တွေကို သူရောင်းခဲ့သေးတယ်လေ။ အဲဒီမှာလည်း ဘီလျံနဲ့ချီပြီး အခွန်လိမ်ထားတယ်လို့ ကြားတယ်။ အဲဒါကို သတင်းရလို့ ခေါ်စစ်တာမျိုးပဲ။ စစ်ရင်းနဲ့ တစ်ခုပြီးတစ်ခု ပေါ်လာမှာပေါ့။ EV ကိစ္စ မှာလည်း သူငြိသွားတဲ့ကိစ္စတွေ ရှိတယ်။ လူကြီးအ သိုင်းအဝိုင်းနဲ့ပိုင်တယ်ဆိုပြီး ထင်တိုင်းကျဲခဲ့တဲ့ အကျိုးဆက်ပေါ့"ဟု ကားလောက ဝါရင့်တစ်ဦးက ပြောသည်။ EV ကား ပေါ်လစီ စတင်ချိန်တွင် ကြည်သာဟန်က ဝန်ကြီးတစ်ဦး၏သား၊ တပ်မတော် အကြီးအကဲတစ်ဦး၏ သားများနှင့် ရှယ်ယာပူးပေါင်း၍ ကားတင်သွင်းရောင်းချခြင်းများလုပ်ခဲ့သည်။ တစ်နှစ်ကျော် ကြာလာချိန်၌ ရှယ်ယာအမြတ်ငွေများ ခွဲဝေမှုတွင် တစ်နည်းတစ်ဖုံ ပြဿနာရှိလာပုံရပြီး နယ်ပယ်အသီး သီးမှ တိုင်ကြားချက်များနှင့်ပေါင်း၍ ဖမ်းဆီးစစ်ဆေး ခံရခြင်းမျိုးဖြစ်နိုင်သည်ဟု လောကသားများက ကောက်ချက်ချ၏။ EV ကားများကို Pre-Order အမှာစာများလက်ခံ၍ ယင်းငွေများဖြင့် အခြားသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ကားမှာယူ ထားသူများက ကားလည်းမရ၊ ငွေလည်း ခေတ်ကာလ ပေါက်ဈေးနှင့်အညီ ပြန်အမ်းခြင်းမခံရသည့်ဖြစ်ရပ်တို့ကြောင့် ဆိုင်ရာပိုင်ရာများထံ တိုင်ကြားချက်များ လုပ်ခဲ့ပုံရသည်။ ‘အိမ်ခြံမြေဘက်မှာလည်း ကားဘက်က ရတဲ့ငွေတွေကို သွားသုံးတယ်လို့ ကြားတယ်။ မြေသမား နှစ်ဦးလည်း ပါသွားတယ်လို့ ကြားရတယ်။ ကားတင်သွင်းတာမှာလည်း လူကြီးသားသမီးတွေ အပေါ်မှာ နည်းနည်း လူလည်ကျခဲ့ပုံရတယ်။ ဒါတွေ အကုန်ပေါင်းသွားတာပေါ့}ဟု အခြားသော ဝါရင့်ကား သမားတစ်ဦးကလည်း ပြောသည်။ ကား လောကအတွင်း၌ ကြည်သာဟန်ကို အားကျသူများရှိသကဲ့သို့ အမြင်မကြည်သူများလည်း ရှိနေသည်ဟု ဆိုသည်။ အထူးသဖြင့် အမျိုးသမီးများ၏အားပေးမှုကို အားကျ သော်လည်း လုပ်ငန်းကဏ္ဍတွင် စည်း မစောင့်တတ် သောကြောင့် အမြင်မကြည်ကြကြောင်းလည်း ဆိုနိုင်သည်။ ကားနှင့်ပတ်သက်သော အသင်းတစ်ခုတွင် အမှုဆောင်အဖြစ် ပါဝင်ထား သူ ကြည်သာဟန်က အသင်း၏အစည်းအဝေးများကို တက်ရောက်ချိန်တွင် လောကသားများအတွက် မျက်စိဆံပင်မွေးစူး စေသော လုပ်ရပ်မျိုး မကြာခဏလုပ်လေ့ရှိသည်ဟု ဆိုသည်။ ‘အစည်းအဝေးလာရင် ရှေ့ကားတစ်စီး နောက်ကား တစ်စီးနဲ့။ မသိရင် ဝန်ကြီးလမ်းကြောင်းလိုလိုပေါ့ဗျာ။ ကားပေါ်က ဆင်းတာနဲ့ ထီးပြေးဆောင်းပေးသူ လုံခြုံ ရေးလိုက် ပေးသူတွေနဲ့ ရှုပ်ယှက်ခတ်နေတာပါပဲ။ အစည်းအဝေးထဲမှာလည်း တစ်ခါတစ်ခါ ထထပြောရင် အကြီးကြီးတွေချည်းပဲ။ ကြာလာတော့ ကားလောက သားတွေက သူ့ကိုကြည့်မရတော့ဘူးပေါ့ဗျာ’ဟု အခြားသောဝါရင့်တစ်ဦးက ပြောသည်။ လေးဦးထက်မ နည်းသော ကားလောကသားများထံ မေးမြန်းစုံစမ်းချက်အရ ကြည်သာဟန်ကို ဖမ်းဆီးသွားခြင်းအပေါ် ကောင်းသည်ဆိုးသည် မဝေဖန်လိုဘဲ ကြည်သာဟန်ကြောင့် ကားလောကအပေါ် အစိုးရအသိုင်းအဝိုင်းက အမြင်မကြည် လင်မှုဖြင့် စဉ်းစားဆုံးဖြတ်မည်ကို စိုးသောအချက်ပင်ဖြစ်နေသည်။ EV ကား ခေတ်စားစဉ် ကနဦးကာလများအတွင်း၌ ကြည်သာဟန်တစ်ဦးတည်း ပင်လျှင် အစီးရေ(၅၀ဝ)ထက်မနည်းတင်သွင်းရောင်းချ ခဲ့ပြီး တစ်စီးချင်းစီလျှင် အမြတ်ငွေ အနည်းဆုံးကျပ် သိန်း(၂၀ဝ)အထက် ရရှိခဲ့သည်ဟု ကားလောကသားများက ခန့်မှန်းကြသည်။

ထိုမျှများပြားသော အမြတ်အစွန်းမျိုးကို ရှာဖွေရန် ကြည်သာဟန်နှင့် ၎င်း၏ ပါတနာများက သုံးခဲ့ရသောအချိန်သည် တစ်နှစ်ခန့်သာ ရှိခဲ့သည်။ အချို့သတင်းများအရ ပါတနာများနှင့် သဘောထားကွဲလွဲသွားခြင်းသည် ပါတနာများအပေါ် တွင်လည်း စည်းမစောင့်သောကြောင့်ဟု ဆိုသည်။ ဆိုလိုသည်မှာ ကားလောက၌ ဆယ်စုနှစ် နှစ်ခုနီးပါး ကျင်လည်ခဲ့သူက EV ပေါ်လစီကြောင့် လာရောက် ရင်းနှီးမြှုပ်နှံသူ လူလတ်ပိုင်းလုပ်ငန်းရှင်များအပေါ်တွင် နှစ်သီးမျှမက စားခဲ့သည်ဟု ယူဆစရာများ ရှိနေခြင်းပင်။ EV ကားတင် သွင်းခွင့်ရကုမ္ပဏီများအနေဖြင့် ကားများကိုဝယ်ရောင်းများမှတစ်ဆင့် ထပ်ခါထပ်ခါ ဆင့်ကဲရောင်းချ၍ ဈေးနှုန်းမြင့်တက် စေခြင်းများမရှိစေရန် တာဝန်ယူရမည်ဆိုသောအ ချက်ကို ပွဲစားဆန် ဆန်လှည့်စားကစားခဲ့သည်ဟု ဆိုနိုင်သည်။ ကြိုတင်မှာယူထားသူများကိုလည်း သတ်မှတ်ရက်တွင် အပ်နှံပေးခြင်းမရှိဘဲ အခြားနည်း လမ်းဖြင့် ပြင်ပဈေးကွက်၌ ရောင်းချခြင်းများ မလုပ်ဟုမဆိုနိုင်။ ယင်းအတွက်လည်း ပြဿနာများ တက်ခဲ့ကြဖူးသည်။ ကြိုတင်မှာယူထားသူများက မှာယူမည့်ကားတန်ဖိုး၏အနည်းဆုံး (၃၀)ရာခိုင်နှုန်း ကို EV ကားတင်သွင်းခွင့်ရသူများထံ ပေးချေထားသည်။ တစ်ဦးလျှင် ကျပ်သိန်း(၃၀ဝ) ပေးချေထား သည်ဆိုပါစို့။ ကားကြို တင်မှာယူသူ အနည်းဆုံး(၁၀ဝ)သာရှိသည်ဆိုလျှင်ပင် ကားကုမ္ပဏီအနေဖြင့် ကျပ် သိန်းပေါင်း(၃၀ဝဝဝ)ကို အသားတင် လက်ဝယ်ရရှိပြီး ဖြစ်နေသည်။ ထိုငွေများထဲမှ အချို့ကို အိမ်ခြံမြေ ကဏ္ဍ၌ သွားရောက်ရင်းနှီးမြှုပ်နှံထားခြင်း၊ ရွှေ zအ ရောင်းအဝယ်ကဏ္ဍ၌ဖြစ်စေ၊ ဒေါ်လာ အရောင်းအဝယ်ကဏ္ဍ၌ဖြစ်စေ သွားရောက်ရင်းနှီးမြှုပ်နှံ ကစားခြင်းမပြုဟု မဆိုနိုင်ပေ။ ထိုကဲ့သို့သော အချက်များ စွာအပြင် EV ကားလောကအတွင်း၌ အကျင့်ပျက်ခြ စားသော ပွဲစားဆန်ဆန် တစ်ကိုယ်ကောင်းသမားများ ရှိနေသည်ဟု ကောက်ချက်ချစရာရှိသည်။ ထိုသူ သည် ကြည်သာဟန်ဟု မဆိုလိုပါ။ ‘သိရသလောက် ကားကိစ္စက သေးသေးလေးရယ်တဲ့။ အခြားကိစ္စတွေ ရှိနေသေးတယ်လို့ ကြားပါတယ်။ အဆက်အသွယ် ကောင်းပြီး ပိုင်ရာဆိုင်ရာတွေနဲ့ ပြန်လွတ်လာတာမျိုး ဖြစ်မလား မသိလို့ မပြောချင်တော့ပါဘူးဗျာ’ဟု ဝါရင့် ကားသမား တစ်ဦးက ပြောသည်။ ယခုနှစ်လယ်ပိုင်း၌ ကြည်သာဟန်ကို ထိုင်းနိုင်ငံတွင်မြင်ခဲ့သူတစ်ဦးကမူ ဘန်ကောက်၌ အိမ်ဝယ်ရန်စုံစမ်းမေးမြန်းမှုများရှိသည့်အပြင် ရုံးခန်းဖွင့်ရန်လည်းစီစဉ်ခဲ့သည်ဟု မှတ်ချက်ပြုသည်။ ခေတ်ဟောင်း ဝါရင့်တစ်ဦး၏ အဆိုအရ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော Suzuki ကားများကို ပြန်လည်ရောင်းချပေးမှုတွင်လည်း ဝယ်ယူသူများနှင့် ရှင်းလင်းရမည့် ပြဿနာများစွာ ရှိနေသေးသည်ဟု ဆိုသည်။ သို့သော်လည်း ၎င်းကိုယ်တိုင်သုံးသည့် ဖေ့စ်ဘွတ်ခ်အကောင့်မှ အားပေးသူများ၏ အင်အားကို အသုံးပြု၍ တစ်နည်းအားဖြင့် ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြစ်ခြင်းကို အသုံးပြု၍ ၎င်းထံသို့လာသော ပြဿနာများကို ပြန်လည်ပုတ်ထုတ်လေ့ရှိသည်။ နစ်နာမှု ကြောင့် ဝေဖန်သူ များကိုပင်လျှင် ၎င်းအား မနာလိုသဖြင့် ဝေဖန်သည့်သဖွယ် ဇာတ်òန်းပြောင်းလေ့ရှိ သည်ဟု ဆိုနိုင်သည်။ ‘သူလုပ်လို့ သူ့အဖေ ထောင်ကျသွားတာဆိုပြီး ကားလောကမှာ ပြောကြလေ့ရှိ တယ်။ သူက အရင်ကတည်းက Without ကားတွေ လည်း လုပ်တယ်လေ။ သူ့အဖေက တပ်က ဒုဗိုလ်မှူး ကြီး။ ဗိုလ်ချုပ်(--)ရဲ့သမီးနဲ့လည်း ညားပြီးမှ ပြန်ကွဲတာ။ နောက်တော့ Without ကြောင့် တော်တော် လေး ငုပ်သွားတယ်’ဟု ဝါရင့်တစ်ဦးက ပြောသည်။ နိုဝင်ဘာ(၇)ရက်အထိ သတင်းများအရ ကြည်သာဟန်ကို ဖမ်းဆီးစစ်ဆေးနေခြင်းအကြောင်းကို ပြည်တွင်းအခြေစိုက် တရားဝင်မည်သည့် သတင်းဌာန များတွင်မှ ထပ်မံတွေ့ရခြင်းမရှိတော့ပေ။ ခန့်မှန်းချက်အရ အောက်တိုဘာလကုန်ပိုင်းကတည်းက ဖမ်းဆီးခံရခြင်းမျိုးဖြစ်နိုင်ပြီး ဖမ်းဆီးခံရသည်ဟု သတင်းထွက်သော နိုဝင်ဘာ(၃)ရက်မှစ၍ တစ်ပတ်ခန့်ကြာသည်အထိ ကြည်သာဟန်နှင့် ဆက်စပ်ပတ် သက်ခဲ့သူများကို စုံစမ်းစစ်ဆေးရေးအရာရှိများက ဆင့်ခေါ်နေမည်ဖြစ်သည်။ ထိုအထဲတွင် လူကြီး သားသမီးများလည်း ပါနိုင်သည်။ ထင်ရှားသူ တစ်ဦးဖြစ်သော အဆိုတော် အာဘွိုင်းလည်း ပါနိုင် သည်။ ကြည်သာဟန်၏ဘေးနားတွင် အမြဲလိုလို ရှိနေတတ်သော အမျိုးသမီးငယ်အချို့နှင့် ကုမ္ပဏီဝန် ထမ်းအချို့လည်း ခေါ်ယူစစ်မေးခံရနိုင်သည်။

ကြည်သာဟန်၏ထွက်ဆိုချက်များနှင့် အခြားသော ခေါ်ယူစစ်မေးခံရသူများ၏ ထွက်ဆိုချက် များကို တိုက်ဆိုင် စစ်ဆေး၍ သင့်တော်သောသတင်း ထုတ်ပြန်ချက် များကို မကြာခင်ရက်ပိုင်းအတွင်း မြင်ရနိုင်ခြေ လည်း ရှိသည်။ မမြင်ရစေရန်လည်း လုပ်နိုင်သည်။ ခန့်မှန်း ထားကြသည်မှာ ကားကြိုပွိုင့်များ သတ်မှတ်ချိန်အတွင်း မအပ်နှံမှု၊ EV ကား ပေါ်လစီအပေါ် လက်တစ် လုံးခြားလုပ်မှု၊ အမြတ်ငွေများအပေါ် အခွန်ရှောင်လွှဲမှု၊ ဘဏ်ချေးငွေကိစ္စ၊ အိမ်ခြံမြေကဏ္ဍအလှုပ်အခတ်၊ ရွှေနှင့်ဒေါ်လာ အလှုပ်အခတ်များနှင့် လုပ်ငန်းအတူတူ လုပ်ကြသူချင်းအကြား အကျိုး စီးပွားပွတ်တိုက်မှု များလည်း ပါဝင်နိုင်သည်ဟုဆိုသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးသည် ဥပဒေပါစည်းကမ်းအရဆိုလျှင် ခိုင်မာအားကောင်းလှသည်။ စည်းကမ်းအတိုင်း မဟုတ်ခဲ့လျှင် မသိနိုင်ပေ။ ထို့အတူ ကြည်သာဟန်၏ ဂယက်က အဆင့်အတန်းရှိရှိ လုပ်ကိုင်နေသည့် အခြားသော ကားလောက သားများကို ထိခိုက်နစ်နာ စေရန်လည်းမသင့်။ လက်ရှိ EV ကား လောကသည် ပင်လျှင် နိုင်ငံခြားငွေ ကန့်သတ်ခံရမှု ကိစ္စနှင့် လုံးလည် ချာလပတ်လိုက်နေသည်။ စည်းကမ်းတကျလုပ်ကိုင် နေသူများခေါင်းကိုက်နေရ၏။ ထိုအပူပေါ်တွင် ကြည် သာဟန်၏ဖြစ်ရပ်က ဆင့်ကဲ၍ ပူလောင်ရန်မသင့်ခြင်းပင်။ အပြစ်ရှိလျှင် အပြစ်ရှိသူသာ အပြစ်ခံသင့်ပြီး အပြစ်မဲ့သူကို အပြစ်ယူခြင်းပြုလုပ်မိပါက အပြစ်ယူ သူများသာ အဂတိသမားများဖြစ်စေနိုင်သည်ကို သတိပြုဆင်ခြင်သင့်ကြောင်း တိုက်တွန်းလို၏။

zawgyi version
ၾကည္သာဟန္ ဖမ္းဆီးစစ္ေဆးခံရမႈႏွင့္ ကားေလာကသားတို႔၏ အသံ၊ ေသာက၊ ဂယက္ (ေဆာင္းပါး)
ေက်ာ္ႏု (NP News) - ႏိုဝင္ဘာ ၁၁

နာမည္ႀကီး ကားဝယ္ေရာင္းသမား ၾကည္သာဟန္ ဖမ္းဆီးစစ္ေဆးခံရသည္။ အတည္ျပဳႏိုင္ေသာ သတင္းမ်ားက ႏိုဝင္ဘာ(၃)ရက္တြင္ ထြက္လာ၏။ EV ႏွင့္ ကားေလာကတစ္ခုလုံး လႈပ္ခတ္သြားသည့္အျပင္ ၾကည္သာဟန္၏ ေဖ့စ္ဘြတ္ခ္ Follower မ်ားလည္း စိတ္ဝင္တစားျဖစ္သြားသည္။ မည္သည့္အတြက္ေၾကာင့္ ဖမ္းဆီးစစ္ေဆးခံရၿပီး ၎ႏွင့္ဆက္စပ္ေသာ မည္သူမ်ားဆက္လက္ဖမ္းဆီးခံရႏိုင္သနည္းႏွင့္ ကားေလာက၌ မည္သည့္ကိစၥမ်ား ဆက္လက္ ျဖစ္လာႏိုင္သည္ကို စိတ္ဝင္စားၾကျခင္းလည္းျဖစ္၏။ ၾကည္သာဟန္ဆိုသူသည္ကား အျခားသူမဟုတ္။ အမ်ိဳးသမီး ငယ္မ်ားစြာ၏ ေစာင့္ၾကည့္အားေပးျခင္းခံရေသာ လူလတ္ပိုင္း ကားပြဲစားလုပ္ငန္းရွင္တစ္ဦးျဖစ္သည္။ ဖခင္ျဖစ္သူက တပ္မေတာ္အရာရွိေဟာင္း တစ္ဦးျဖစ္သည့္အျပင္ ၎ကိုယ္တိုင္ကလည္း တိုင္းမႉးတစ္ဦး၏သမီးႏွင့္ အိမ္ေထာင္က်ၿပီးေနာက္ ကြာရွင္းျပတ္စဲခဲ့သူလည္း ျဖစ္သည္။ NUG ေလာ္ဘီေထာက္ပို႔ပြဲစား ပန္ဆယ္လိုကို ကုမၸဏီ၏ သံတမန္အျဖစ္ ခန႔္အပ္ခဲ့ဖူးသူလည္း ျဖစ္သည္။ “ဦး” ဟု အသုံး အႏႈန္းျဖင့္ အမ်ိဳးသမီးငယ္မ်ားၾကားတြင္ ေရပန္းစား၏။ အမ်ိဳးသမီး ငယ္မ်ားစြာက ပတ္သက္ခ်င္သူ ႐ုပ္ရည္သန႔္ျပန႔္သည့္အမ်ိဳးသားတစ္ဦးလည္း ျဖစ္သည္။ အမ်ိဳးသမီးေလးဦးဝန္းရံ၍ အတူတကြ အလႉပြဲတစ္ခု ျပဳလုပ္ခဲ့ေသာ ဓာတ္ပုံသည္ကား ၾကည္သာဟန္ဆို ေသာ ပုဂၢိဳလ္ကို လူသိမ်ားေစခဲ့သည့္ အမွတ္တံဆိပ္လည္း ျဖစ္လာ၏။ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္း အလြန္ ၂၀၂၂ ခုႏွစ္တြင္ ႏိုင္ငံေတာ္အႀကီး အကဲျဖစ္သူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က EV ကားမ်ား တင္သြင္းၾကရန္ မူဝါဒခ်မွတ္ေပးခဲ့သည္။ ထို မူဝါဒသည္ ၂၀၂၃ ခုႏွစ္ ႏွစ္ဦးပိုင္း၌ စတင္အေကာင္အထည္ ေဖာ္ရမည္ျဖစ္ၿပီး ကားေလာကသားတို႔အတြက္ ေငြရလမ္းႀကီးတစ္ခု၊ အခြင့္အေရးတစ္ခု ျဖစ္လာ၏။ ထိုအထဲတြင္ ၾကည္သာဟန္လည္း ပါဝင္လာသည္။ ၂၀၂၃ ခုႏွစ္ ႏွစ္ဦးပိုင္း၌ပင္လွ်င္ တ႐ုတ္ႏိုင္ငံမွတစ္ဆင့္ ဂ်ပန္တိုယိုတာ EV ကားမ်ားကို Shopping ထြက္ရင္း အပ်င္းေျပဝယ္လာသည့္ပုံစံဆန္ဆန္ တင္သြင္း လာခဲ့သည္။ ထိုအခ်ိန္က EV မူဝါဒကို ခိုင္ခိုင္မာမာခ်မွတ္ႏိုင္ျခင္းမရွိေသးဘဲ ျပဳလြယ္ျပင္လြယ္ပုံစံျဖင့္ ခြင့္ျပဳ ေနဆဲျဖစ္၏။ Sale Contract မ်ားျဖင့္ တိုယိုတာႏွင့္ အျခားေသာ EV ကားအခ်ိဳ႕ကို ဝယ္ယူ တင္သြင္းကာ ျမန္မာႏိုင္ငံ တြင္း၌ တစ္ဆင့္ျပန္လည္ ေရာင္းခ်သည့္အျပင္ ႏိုင္ငံေတာ္၏မူဝါဒျဖစ္ေသာ ေဈးႏႈန္းသင့္တင့္မွ်တေရး ေခါင္းစဥ္ကို လည္းက ေမာက္ကမ စတင္ျဖစ္ပြားေစခဲ့သူ ျဖစ္သည္။ အမွန္တကယ္တြင္ EV ကားမ်ားကို တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိေသာ Authorized dealers လိုင္စင္မ်ားျဖင့္သာ တင္သြင္းေရာင္းခ်ရမည္ျဖစ္သည္။ သို႔ေသာ္လည္း မူဝါဒ ျပဳလြယ္ ေျပာင္းလြယ္ကာလကို အခြင့္ယူ၍ ၾကည္သာဟန္အပါအဝင္ ကားပြဲစားသမား (လုပ္ငန္းရွင္ဟု မသုံးလို၍) အခ်ိဳ႕က ေငြရလမ္းရွာခဲ့ၾကသည္။ ထို႔ေနာက္ EV ေလာကသည္ကား ေဝဖန္ေထာက္ျပ စရာမ်ားစြာျဖင့္ မူဝါဒမ်ားစြာကို အာဏာပိုင္မ်ားက မၾကာခဏေျပာင္းလဲပစ္ရေတာ့၏။ EV မူဝါဒ စတင္စဥ္က သတ္မွတ္စည္းကမ္းအခ်က္အလက္မ်ား စြာရွိေသာ္လည္း ထိုအထဲမွ အေရးႀကီးေသာအခ်က္ျဖစ္သည့္ Charging Station မ်ားတည္ေဆာက္ေပးေရးကိုလည္း EV ကား တင္သြင္းခြင့္ရကုမၸဏီ(၅၀)ထက္ မနည္းက လိုက္နာျခင္းမရွိခဲ့ေပ။ လက္ရွိတြင္ EV ကားတင္သြင္းခြင့္ရ ကုမၸဏီ (၈၀)ထက္မနည္း ရွိသည္။ စည္းကမ္းဥပေဒအတိုင္း လိုက္နာလုပ္ေဆာင္ေသာ အဆင့္အတန္းရွိသည့္ကုမၸဏီမ်ား ရွိေန ေသာ္လည္း အဆင့္အတန္းမရွိသည့္ ကုမၸဏီမ်ားစြာလည္း ေပၚေပါက္ခဲ့၏။ သို႔ေသာ္လည္း EV ေကာ္မတီက ‘ႏြားထီး ငါးက်ပ္၊ ႏြားမငါးက်ပ္’မူကို ဆက္လက္ကိုင္စြဲ၍ စည္းကမ္းခ်ိဳးေဖာက္ေသာ ကုမၸဏီမ်ားကို မ်က္စိ တစ္ဖက္မွိတ္ ေပးထားသည္။ ရည္႐ြယ္ ၍လုပ္ျခင္းဟု မဆိုလို။ မရည္႐ြယ္ဘဲ ရပ္မိလ်က္သား ျဖစ္ေနသည္ဟု ယူဆရမည္ပင္။ ၾကည္သာဟန္ ဖမ္းဆီးခံရျခင္း၏ေနာက္တြင္ EV ႏွင့္ အျခားေသာ ကားေလာကသား အခ်ိဳ႕က အစိုးရ၏ေပၚလစီ တစ္ဖန္ျပန္ ေျပာင္းလဲ သြားမည္ကို စိုးရိမ္ေနၾကသည္။ အႀကိမ္ႀကိမ္ မၾကာ ခဏေျပာင္းလဲေလ့ရွိေသာ ေပၚလစီက ၾကည္သာဟန္ ျဖစ္ရပ္တြင္ ထပ္ဆင့္လာမည္ကို စိုးရိမ္ၾကျခင္းပင္။ ၾကည္သာဟန္ကို ဖမ္းဆီးရျခင္းေနာက္ကြယ္တြင္ ျမဳပ္ေနေသာ ဇာတ္လမ္းမ်ားစြာရွိ၏။

"ကားကိစၥမွာ အခြန္လိမ္ထားတာေတြလည္း ရွိတယ္လို႔ၾကားတယ္။ Suzuki ကား ေတြကို သူေရာင္းခဲ့ေသးတယ္ေလ။ အဲဒီမွာလည္း ဘီလ်ံနဲ႔ခ်ီၿပီး အခြန္လိမ္ထားတယ္လို႔ ၾကားတယ္။ အဲဒါကို သတင္းရလို႔ ေခၚစစ္တာမ်ိဳးပဲ။ စစ္ရင္းနဲ႔ တစ္ခုၿပီးတစ္ခု ေပၚလာမွာေပါ့။ EV ကိစၥ မွာလည္း သူၿငိသြားတဲ့ကိစၥေတြ ရွိတယ္။ လူႀကီးအ သိုင္းအဝိုင္းနဲ႔ပိုင္တယ္ဆိုၿပီး ထင္တိုင္းက်ဲခဲ့တဲ့ အက်ိဳးဆက္ေပါ့"ဟု ကားေလာက ဝါရင့္တစ္ဦးက ေျပာသည္။ EV ကား ေပၚလစီ စတင္ခ်ိန္တြင္ ၾကည္သာဟန္က ဝန္ႀကီးတစ္ဦး၏သား၊ တပ္မေတာ္ အႀကီးအကဲတစ္ဦး၏ သားမ်ားႏွင့္ ရွယ္ယာပူးေပါင္း၍ ကားတင္သြင္းေရာင္းခ်ျခင္းမ်ားလုပ္ခဲ့သည္။ တစ္ႏွစ္ေက်ာ္ ၾကာလာခ်ိန္၌ ရွယ္ယာအျမတ္ေငြမ်ား ခြဲေဝမႈတြင္ တစ္နည္းတစ္ဖုံ ျပႆနာရွိလာပုံရၿပီး နယ္ပယ္အသီး သီးမွ တိုင္ၾကားခ်က္မ်ားႏွင့္ေပါင္း၍ ဖမ္းဆီးစစ္ေဆး ခံရျခင္းမ်ိဳးျဖစ္ႏိုင္သည္ဟု ေလာကသားမ်ားက ေကာက္ခ်က္ခ်၏။ EV ကားမ်ားကို Pre-Order အမွာစာမ်ားလက္ခံ၍ ယင္းေငြမ်ားျဖင့္ အျခားေသာ က႑မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ေၾကာင္း၊ ကားမွာယူ ထားသူမ်ားက ကားလည္းမရ၊ ေငြလည္း ေခတ္ကာလ ေပါက္ေဈးႏွင့္အညီ ျပန္အမ္းျခင္းမခံရသည့္ျဖစ္ရပ္တို႔ေၾကာင့္ ဆိုင္ရာပိုင္ရာမ်ားထံ တိုင္ၾကားခ်က္မ်ား လုပ္ခဲ့ပုံရသည္။ ‘အိမ္ၿခံေျမဘက္မွာလည္း ကားဘက္က ရတဲ့ေငြေတြကို သြားသုံးတယ္လို႔ ၾကားတယ္။ ေျမသမား ႏွစ္ဦးလည္း ပါသြားတယ္လို႔ ၾကားရတယ္။ ကားတင္သြင္းတာမွာလည္း လူႀကီးသားသမီးေတြ အေပၚမွာ နည္းနည္း လူလည္က်ခဲ့ပုံရတယ္။ ဒါေတြ အကုန္ေပါင္းသြားတာေပါ့}ဟု အျခားေသာ ဝါရင့္ကား သမားတစ္ဦးကလည္း ေျပာသည္။ ကား ေလာကအတြင္း၌ ၾကည္သာဟန္ကို အားက်သူမ်ားရွိသကဲ့သို႔ အျမင္မၾကည္သူမ်ားလည္း ရွိေနသည္ဟု ဆိုသည္။ အထူးသျဖင့္ အမ်ိဳးသမီးမ်ား၏အားေပးမႈကို အားက် ေသာ္လည္း လုပ္ငန္းက႑တြင္ စည္း မေစာင့္တတ္ ေသာေၾကာင့္ အျမင္မၾကည္ၾကေၾကာင္းလည္း ဆိုႏိုင္သည္။ ကားႏွင့္ပတ္သက္ေသာ အသင္းတစ္ခုတြင္ အမႈေဆာင္အျဖစ္ ပါဝင္ထား သူ ၾကည္သာဟန္က အသင္း၏အစည္းအေဝးမ်ားကို တက္ေရာက္ခ်ိန္တြင္ ေလာကသားမ်ားအတြက္ မ်က္စိဆံပင္ေမြးစူး ေစေသာ လုပ္ရပ္မ်ိဳး မၾကာခဏလုပ္ေလ့ရွိသည္ဟု ဆိုသည္။ ‘အစည္းအေဝးလာရင္ ေရွ႕ကားတစ္စီး ေနာက္ကား တစ္စီးနဲ႔။ မသိရင္ ဝန္ႀကီးလမ္းေၾကာင္းလိုလိုေပါ့ဗ်ာ။ ကားေပၚက ဆင္းတာနဲ႔ ထီးေျပးေဆာင္းေပးသူ လုံၿခဳံ ေရးလိုက္ ေပးသူေတြနဲ႔ ရႈပ္ယွက္ခတ္ေနတာပါပဲ။ အစည္းအေဝးထဲမွာလည္း တစ္ခါတစ္ခါ ထထေျပာရင္ အႀကီးႀကီးေတြခ်ည္းပဲ။ ၾကာလာေတာ့ ကားေလာက သားေတြက သူ႔ကိုၾကည့္မရေတာ့ဘူးေပါ့ဗ်ာ’ဟု အျခားေသာဝါရင့္တစ္ဦးက ေျပာသည္။ ေလးဦးထက္မ နည္းေသာ ကားေလာကသားမ်ားထံ ေမးျမန္းစုံစမ္းခ်က္အရ ၾကည္သာဟန္ကို ဖမ္းဆီးသြားျခင္းအေပၚ ေကာင္းသည္ဆိုးသည္ မေဝဖန္လိုဘဲ ၾကည္သာဟန္ေၾကာင့္ ကားေလာကအေပၚ အစိုးရအသိုင္းအဝိုင္းက အျမင္မၾကည္ လင္မႈျဖင့္ စဥ္းစားဆုံးျဖတ္မည္ကို စိုးေသာအခ်က္ပင္ျဖစ္ေနသည္။ EV ကား ေခတ္စားစဥ္ ကနဦးကာလမ်ားအတြင္း၌ ၾကည္သာဟန္တစ္ဦးတည္း ပင္လွ်င္ အစီးေရ(၅၀ဝ)ထက္မနည္းတင္သြင္းေရာင္းခ် ခဲ့ၿပီး တစ္စီးခ်င္းစီလွ်င္ အျမတ္ေငြ အနည္းဆုံးက်ပ္ သိန္း(၂၀ဝ)အထက္ ရရွိခဲ့သည္ဟု ကားေလာကသားမ်ားက ခန႔္မွန္းၾကသည္။

ထိုမွ်မ်ားျပားေသာ အျမတ္အစြန္းမ်ိဳးကို ရွာေဖြရန္ ၾကည္သာဟန္ႏွင့္ ၎၏ ပါတနာမ်ားက သုံးခဲ့ရေသာအခ်ိန္သည္ တစ္ႏွစ္ခန႔္သာ ရွိခဲ့သည္။ အခ်ိဳ႕သတင္းမ်ားအရ ပါတနာမ်ားႏွင့္ သေဘာထားကြဲလြဲသြားျခင္းသည္ ပါတနာမ်ားအေပၚ တြင္လည္း စည္းမေစာင့္ေသာေၾကာင့္ဟု ဆိုသည္။ ဆိုလိုသည္မွာ ကားေလာက၌ ဆယ္စုႏွစ္ ႏွစ္ခုနီးပါး က်င္လည္ခဲ့သူက EV ေပၚလစီေၾကာင့္ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံသူ လူလတ္ပိုင္းလုပ္ငန္းရွင္မ်ားအေပၚတြင္ ႏွစ္သီးမွ်မက စားခဲ့သည္ဟု ယူဆစရာမ်ား ရွိေနျခင္းပင္။ EV ကားတင္ သြင္းခြင့္ရကုမၸဏီမ်ားအေနျဖင့္ ကားမ်ားကိုဝယ္ေရာင္းမ်ားမွတစ္ဆင့္ ထပ္ခါထပ္ခါ ဆင့္ကဲေရာင္းခ်၍ ေဈးႏႈန္းျမင့္တက္ ေစျခင္းမ်ားမရွိေစရန္ တာဝန္ယူရမည္ဆိုေသာအ ခ်က္ကို ပြဲစားဆန္ ဆန္လွည့္စားကစားခဲ့သည္ဟု ဆိုႏိုင္သည္။ ႀကိဳတင္မွာယူထားသူမ်ားကိုလည္း သတ္မွတ္ရက္တြင္ အပ္ႏွံေပးျခင္းမရွိဘဲ အျခားနည္း လမ္းျဖင့္ ျပင္ပေဈးကြက္၌ ေရာင္းခ်ျခင္းမ်ား မလုပ္ဟုမဆိုႏိုင္။ ယင္းအတြက္လည္း ျပႆနာမ်ား တက္ခဲ့ၾကဖူးသည္။ ႀကိဳတင္မွာယူထားသူမ်ားက မွာယူမည့္ကားတန္ဖိုး၏အနည္းဆုံး (၃၀)ရာခိုင္ႏႈန္း ကို EV ကားတင္သြင္းခြင့္ရသူမ်ားထံ ေပးေခ်ထားသည္။ တစ္ဦးလွ်င္ က်ပ္သိန္း(၃၀ဝ) ေပးေခ်ထား သည္ဆိုပါစို႔။ ကားႀကိဳ တင္မွာယူသူ အနည္းဆုံး(၁၀ဝ)သာရွိသည္ဆိုလွ်င္ပင္ ကားကုမၸဏီအေနျဖင့္ က်ပ္ သိန္းေပါင္း(၃၀ဝဝဝ)ကို အသားတင္ လက္ဝယ္ရရွိၿပီး ျဖစ္ေနသည္။ ထိုေငြမ်ားထဲမွ အခ်ိဳ႕ကို အိမ္ၿခံေျမ က႑၌ သြားေရာက္ရင္းႏွီးျမႇဳပ္ႏွံထားျခင္း၊ ေ႐ႊ zအ ေရာင္းအဝယ္က႑၌ျဖစ္ေစ၊ ေဒၚလာ အေရာင္းအဝယ္က႑၌ျဖစ္ေစ သြားေရာက္ရင္းႏွီးျမႇဳပ္ႏွံ ကစားျခင္းမျပဳဟု မဆိုႏိုင္ေပ။ ထိုကဲ့သို႔ေသာ အခ်က္မ်ား စြာအျပင္ EV ကားေလာကအတြင္း၌ အက်င့္ပ်က္ျခ စားေသာ ပြဲစားဆန္ဆန္ တစ္ကိုယ္ေကာင္းသမားမ်ား ရွိေနသည္ဟု ေကာက္ခ်က္ခ်စရာရွိသည္။ ထိုသူ သည္ ၾကည္သာဟန္ဟု မဆိုလိုပါ။ ‘သိရသေလာက္ ကားကိစၥက ေသးေသးေလးရယ္တဲ့။ အျခားကိစၥေတြ ရွိေနေသးတယ္လို႔ ၾကားပါတယ္။ အဆက္အသြယ္ ေကာင္းၿပီး ပိုင္ရာဆိုင္ရာေတြနဲ႔ ျပန္လြတ္လာတာမ်ိဳး ျဖစ္မလား မသိလို႔ မေျပာခ်င္ေတာ့ပါဘူးဗ်ာ’ဟု ဝါရင့္ ကားသမား တစ္ဦးက ေျပာသည္။ ယခုႏွစ္လယ္ပိုင္း၌ ၾကည္သာဟန္ကို ထိုင္းႏိုင္ငံတြင္ျမင္ခဲ့သူတစ္ဦးကမူ ဘန္ေကာက္၌ အိမ္ဝယ္ရန္စုံစမ္းေမးျမန္းမႈမ်ားရွိသည့္အျပင္ ႐ုံးခန္းဖြင့္ရန္လည္းစီစဥ္ခဲ့သည္ဟု မွတ္ခ်က္ျပဳသည္။ ေခတ္ေဟာင္း ဝါရင့္တစ္ဦး၏ အဆိုအရ ျပည္တြင္း၌ တပ္ဆင္ထုတ္လုပ္ေသာ Suzuki ကားမ်ားကို ျပန္လည္ေရာင္းခ်ေပးမႈတြင္လည္း ဝယ္ယူသူမ်ားႏွင့္ ရွင္းလင္းရမည့္ ျပႆနာမ်ားစြာ ရွိေနေသးသည္ဟု ဆိုသည္။ သို႔ေသာ္လည္း ၎ကိုယ္တိုင္သုံးသည့္ ေဖ့စ္ဘြတ္ခ္အေကာင့္မွ အားေပးသူမ်ား၏ အင္အားကို အသုံးျပဳ၍ တစ္နည္းအားျဖင့္ ေဖ့စ္ဘြတ္ခ္ဆယ္လီ ျဖစ္ျခင္းကို အသုံးျပဳ၍ ၎ထံသို႔လာေသာ ျပႆနာမ်ားကို ျပန္လည္ပုတ္ထုတ္ေလ့ရွိသည္။ နစ္နာမႈ ေၾကာင့္ ေဝဖန္သူ မ်ားကိုပင္လွ်င္ ၎အား မနာလိုသျဖင့္ ေဝဖန္သည့္သဖြယ္ ဇာတ္òန္းေျပာင္းေလ့ရွိ သည္ဟု ဆိုႏိုင္သည္။ ‘သူလုပ္လို႔ သူ႔အေဖ ေထာင္က်သြားတာဆိုၿပီး ကားေလာကမွာ ေျပာၾကေလ့ရွိ တယ္။ သူက အရင္ကတည္းက Without ကားေတြ လည္း လုပ္တယ္ေလ။ သူ႔အေဖက တပ္က ဒုဗိုလ္မႉး ႀကီး။ ဗိုလ္ခ်ဳပ္(--)ရဲ႕သမီးနဲ႔လည္း ညားၿပီးမွ ျပန္ကြဲတာ။ ေနာက္ေတာ့ Without ေၾကာင့္ ေတာ္ေတာ္ ေလး ငုပ္သြားတယ္’ဟု ဝါရင့္တစ္ဦးက ေျပာသည္။ ႏိုဝင္ဘာ(၇)ရက္အထိ သတင္းမ်ားအရ ၾကည္သာဟန္ကို ဖမ္းဆီးစစ္ေဆးေနျခင္းအေၾကာင္းကို ျပည္တြင္းအေျခစိုက္ တရားဝင္မည္သည့္ သတင္းဌာန မ်ားတြင္မွ ထပ္မံေတြ႕ရျခင္းမရွိေတာ့ေပ။ ခန႔္မွန္းခ်က္အရ ေအာက္တိုဘာလကုန္ပိုင္းကတည္းက ဖမ္းဆီးခံရျခင္းမ်ိဳးျဖစ္ႏိုင္ၿပီး ဖမ္းဆီးခံရသည္ဟု သတင္းထြက္ေသာ ႏိုဝင္ဘာ(၃)ရက္မွစ၍ တစ္ပတ္ခန႔္ၾကာသည္အထိ ၾကည္သာဟန္ႏွင့္ ဆက္စပ္ပတ္ သက္ခဲ့သူမ်ားကို စုံစမ္းစစ္ေဆးေရးအရာရွိမ်ားက ဆင့္ေခၚေနမည္ျဖစ္သည္။ ထိုအထဲတြင္ လူႀကီး သားသမီးမ်ားလည္း ပါႏိုင္သည္။ ထင္ရွားသူ တစ္ဦးျဖစ္ေသာ အဆိုေတာ္ အာဘြိဳင္းလည္း ပါႏိုင္ သည္။ ၾကည္သာဟန္၏ေဘးနားတြင္ အၿမဲလိုလို ရွိေနတတ္ေသာ အမ်ိဳးသမီးငယ္အခ်ိဳ႕ႏွင့္ ကုမၸဏီဝန္ ထမ္းအခ်ိဳ႕လည္း ေခၚယူစစ္ေမးခံရႏိုင္သည္။

ၾကည္သာဟန္၏ထြက္ဆိုခ်က္မ်ားႏွင့္ အျခားေသာ ေခၚယူစစ္ေမးခံရသူမ်ား၏ ထြက္ဆိုခ်က္ မ်ားကို တိုက္ဆိုင္ စစ္ေဆး၍ သင့္ေတာ္ေသာသတင္း ထုတ္ျပန္ခ်က္ မ်ားကို မၾကာခင္ရက္ပိုင္းအတြင္း ျမင္ရႏိုင္ေျခ လည္း ရွိသည္။ မျမင္ရေစရန္လည္း လုပ္ႏိုင္သည္။ ခန႔္မွန္း ထားၾကသည္မွာ ကားႀကိဳပြိဳင့္မ်ား သတ္မွတ္ခ်ိန္အတြင္း မအပ္ႏွံမႈ၊ EV ကား ေပၚလစီအေပၚ လက္တစ္ လုံးျခားလုပ္မႈ၊ အျမတ္ေငြမ်ားအေပၚ အခြန္ေရွာင္လႊဲမႈ၊ ဘဏ္ေခ်းေငြကိစၥ၊ အိမ္ၿခံေျမက႑အလႈပ္အခတ္၊ ေ႐ႊႏွင့္ေဒၚလာ အလႈပ္အခတ္မ်ားႏွင့္ လုပ္ငန္းအတူတူ လုပ္ၾကသူခ်င္းအၾကား အက်ိဳး စီးပြားပြတ္တိုက္မႈ မ်ားလည္း ပါဝင္ႏိုင္သည္ဟုဆိုသည္။ မည္သို႔ပင္ျဖစ္ေစ ျမန္မာႏိုင္ငံ၏ တရားဥပေဒစိုးမိုးေရးႏွင့္ တရားစီရင္ေရးသည္ ဥပေဒပါစည္းကမ္းအရဆိုလွ်င္ ခိုင္မာအားေကာင္းလွသည္။ စည္းကမ္းအတိုင္း မဟုတ္ခဲ့လွ်င္ မသိႏိုင္ေပ။ ထို႔အတူ ၾကည္သာဟန္၏ ဂယက္က အဆင့္အတန္းရွိရွိ လုပ္ကိုင္ေနသည့္ အျခားေသာ ကားေလာက သားမ်ားကို ထိခိုက္နစ္နာ ေစရန္လည္းမသင့္။ လက္ရွိ EV ကား ေလာကသည္ ပင္လွ်င္ ႏိုင္ငံျခားေငြ ကန႔္သတ္ခံရမႈ ကိစၥႏွင့္ လုံးလည္ ခ်ာလပတ္လိုက္ေနသည္။ စည္းကမ္းတက်လုပ္ကိုင္ ေနသူမ်ားေခါင္းကိုက္ေနရ၏။ ထိုအပူေပၚတြင္ ၾကည္ သာဟန္၏ျဖစ္ရပ္က ဆင့္ကဲ၍ ပူေလာင္ရန္မသင့္ျခင္းပင္။ အျပစ္ရွိလွ်င္ အျပစ္ရွိသူသာ အျပစ္ခံသင့္ၿပီး အျပစ္မဲ့သူကို အျပစ္ယူျခင္းျပဳလုပ္မိပါက အျပစ္ယူ သူမ်ားသာ အဂတိသမားမ်ားျဖစ္ေစႏိုင္သည္ကို သတိျပဳဆင္ျခင္သင့္ေၾကာင္း တိုက္တြန္းလို၏။

Related news

© 2021. All rights reserved.