စီးပွားရေး နှင့် ကုန်ထုတ်လုပ်မှုများလုပ်ဆောင်သည့် ဝန်ကြီးဌာနများ၌ အောင်မြင်မှုမရှိသည့် ဌာနများရှိနေကြောင်း နစကဥက္ကဋ္ဌ ပြော

 443

ယွန်း (NP News) - ဒီဇင်ဘာ ၄

စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများလုပ်ဆောင်သည့် ဝန်ကြီးဌာနများတွင် အောင်မြင်မှုမရှိသည့် ဌာနများရှိနေကြောင်း နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားသည်။

နစကဥက္ကဋ္ဌက ဒီဇင်ဘာ(၄)ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားထားခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်ရသည့် ဝန်ကြီးဌာနများနှင့်ပတ်သက်၍ အကျိုးအမြတ်ကို ဖော်ဆောင်ပေးနိုင်သည့်ဌာနများရှိသကဲ့သို့ အောင်မြင်မှုမရှိသည့် ဌာနများလည်း ရှိကြောင်းသိရသည်။

ထို့ပြင် နိုင်ငံအတွက်အကျိုးရှိမည့် လုပ်ငန်းများကိုဆက်လက်အားပေးမည်ဖြစ်ပြီး အကျိုးအမြတ် ဖော်ဆောင်ပေးနိုင်ခြင်းမရှိသည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်၍ ရပ်တန့်သင့်က ရန်တန့်သွားရန် နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

စီးပွားရေးနှင့် ပတ်သက်၍ အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုများဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရပြီး ကုန်ထုတ်လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခြေခံစားကုန်များနှင့် ပတ်သက်၍သင့်တင့်သည့် အမြတ်ကိုသာတင်၍ရောင်းချရန် နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။

ပြည်သူများအား ရောင်းချရာတွင် အမြတ်ငွေနည်းနည်းနှင့် ပမာဏများများရောင်းချပြီး ပြည်သူလူထု သက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ပေးရန် အသိပေးပြောကြားထားသည်။ ထို့ပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။

zawgyi version
စီးပြားေရး ႏွင့္ ကုန္ထုတ္လုပ္မႈမ်ားလုပ္ေဆာင္သည့္ ဝန္ႀကီးဌာနမ်ား၌ ေအာင္ျမင္မႈမရွိသည့္ ဌာနမ်ားရွိေနေၾကာင္း နစကဥကၠ႒ ေျပာ

ယြန္း (NP News) - ဒီဇင္ဘာ ၄

စီးပြားေရးႏွင့္ ကုန္ထုတ္လုပ္မႈမ်ားလုပ္ေဆာင္သည့္ ဝန္ႀကီးဌာနမ်ားတြင္ ေအာင္ျမင္မႈမရွိသည့္ ဌာနမ်ားရွိေနေၾကာင္း ႏိုင္ငံတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးေျပာၾကားသည္။

နစကဥကၠ႒က ဒီဇင္ဘာ(၄)ရက္တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး၊ အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားထားျခင္းျဖစ္သည္။

စီးပြားေရးႏွင့္ ကုန္ထုတ္လုပ္မႈမ်ား လုပ္ေဆာင္ရသည့္ ဝန္ႀကီးဌာနမ်ားႏွင့္ပတ္သက္၍ အက်ိဳးအျမတ္ကို ေဖာ္ေဆာင္ေပးႏိုင္သည့္ဌာနမ်ားရွိသကဲ့သို႔ ေအာင္ျမင္မႈမရွိသည့္ ဌာနမ်ားလည္း ရွိေၾကာင္းသိရသည္။

ထို႔ျပင္ ႏိုင္ငံအတြက္အက်ိဳးရွိမည့္ လုပ္ငန္းမ်ားကိုဆက္လက္အားေပးမည္ျဖစ္ၿပီး အက်ိဳးအျမတ္ ေဖာ္ေဆာင္ေပးႏိုင္ျခင္းမရွိသည့္လုပ္ငန္းမ်ားကို ျပန္လည္သုံးသပ္၍ ရပ္တန႔္သင့္က ရန္တန႔္သြားရန္ နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။

စီးပြားေရးႏွင့္ ပတ္သက္၍ အသား၊ ငါးႏွင့္ အေျခခံစားကုန္ ကုန္ေဈးႏႈန္းမ်ား ႀကီးျမင့္လာမႈမ်ားျဖစ္ေပၚလ်က္ရွိသည္ကိုေတြ႕ရွိရၿပီး ကုန္ထုတ္လုပ္ငန္းရွင္မ်ားအေနျဖင့္ ျပည္သူမ်ား၏ အေျခခံစားကုန္မ်ားႏွင့္ ပတ္သက္၍သင့္တင့္သည့္ အျမတ္ကိုသာတင္၍ေရာင္းခ်ရန္ နစကဥကၠ႒က တိုက္တြန္းထားသည္။

ျပည္သူမ်ားအား ေရာင္းခ်ရာတြင္ အျမတ္ေငြနည္းနည္းႏွင့္ ပမာဏမ်ားမ်ားေရာင္းခ်ၿပီး ျပည္သူလူထု သက္သာေခ်ာင္ခ်ိမႈရွိေအာင္ ေဆာင္႐ြက္ေပးရန္ အသိေပးေျပာၾကားထားသည္။ ထို႔ျပင္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈအေပၚ ျပည္ေထာင္စုအဆင့္ႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားအေနျဖင့္ စနစ္တက်စိစစ္ၾကပ္မတ္ေဆာင္႐ြက္ရန္လိုေၾကာင္း နစကဥကၠ႒က အသိေပးထားသည္။

Related news

© 2021. All rights reserved.