စိန်ခေါ်မှုများစွာရင်ဆိုင်နေရပေမယ့် ဆီးရီးယားသမ္မတအဖြစ် ဆယ်စုနှစ် နှစ်ခုကျော် ထိန်းသိမ်းရယူနိုင်တဲ့ ဘာရှားအာဆက်ဒ်

 865

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁ဝ

ဆီးရီးယားနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေ အလက်ပိုမြို့ကို ထိန်းချုပ်လိုက်နိုင်တာဟာ ဆီးရီးယားသမ္မတ ဘာရှားအာဆက်ဒ်ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွက်တော့ ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေပါတယ်။ ဆီးရီးယားရဲ့ဒုတိယ မြို့တော်ဖြစ်တဲ့ အလက်ပိုရဲ့နေရာအများစုဟာ သူပုန်တွေရဲ့ လက်ထဲကျရောက်သွားပြီလို့ ဆီးရီးယားစစ်တပ်က အတည်ပြုပြောဆိုပါတယ်။ ဆီးရီးယားစစ်တပ်ဟာ ကျဆုံးထိ ခိုက်မှုတွေနဲ့အတူ အလက်ပိုကနေဆုတ်ခွာသွားခဲ့ရ တယ်လို့ဆိုပါတယ်။ စစ်ကူတွေရောက်လာချိန်ကို စောင့်ပြီး အင်အားပြန်စုစည်းနိုင်အောင် ဆုတ်ခွာခဲ့တာဖြစ်တယ်လို့လည်း ဆီးရီးယားစစ်တပ်ကပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူတွေကို အစိုးရကဖြိုခွင်းခဲ့တဲ့ (၂၀၁၁)က စပြီး ပြည်တွင်း စစ်ပေါက်ကွဲထွက်လာတာဖြစ်ပါတယ်။ဆီးရီးယားသမ္မတ အာဆက်ဒ် ဦးဆောင်တဲ့ အစိုးရကို လက်နက်ကိုင်တိုက်ခိုက် ကြတဲ့ အုပ်စုအမျိုးမျိုးပေါ် ပေါက်လာပါတယ်။ အဲဒီထဲမှာ ဒီမိုကရေစီ အင်အားစု တွေပါဝင်သလို၊ အစ္စလာမ်ဘာသာ ရေးအခြေခံ ဝါဒီအုပ်စုတွေလည်း ပါဝင်ပါတယ်။ လက်နက်ကိုင်အဖွဲ့ တွေဟာ နယ်မြေဒေသ အတော်များများကို အသီးသီး သိမ်းယူနိုင်ခဲ့ပေမယ့်၊ ဆီးရီးယားအစိုးရဟာ နောက် ပိုင်းမှာ ရုရှားရဲ့အကူအညီနဲ့ ဆုံးရှုံးနယ်မြေ အများစု ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အစ်လစ်(ဘ) မြို့ကြီးတစ်ခုပဲ အတိုက်အခံအင်အားစုတွေရဲ့ နောက်ဆုံး ခြေကုပ်နေရာ အဖြစ် ကျန်ခဲ့ပါတယ်။ အဲဒီမြို့ကို အဓိက ထိန်းချုပ်ထားသူတွေဟာ အခုအလက်ပိုကို ဝင်သိမ်းတဲ့ HTS အုပ်စု ဖြစ်ပါတယ်။

(၁၉၆၅)ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဘာရှားအာ ဆက်ဒ်ဟာ ဆီးရီးယားနိုင်ငံသမ္မတအဖြစ် (၂၀ဝဝ) ပြည့်နှစ် နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိတာဝန်ယူနေသူဖြစ်ပြီး ဆီးရီးယားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ စစ်ဦးစီးချုပ်၊ အာရပ်ဆိုရှယ်လစ်ပါတီရဲ့ ဗဟိုအကြီးအကဲအဖြစ်တာဝန်ယူနေသူဖြစ်ပါတယ်။ဘာရှားအာဆက်ဒ်ဟာ ဆီးရီးယားနိုင်ငံကို (၁၉၇၁)ခုနှစ်ကနေ (၂၀ဝဝ)ပြည့်နှစ်အထိ နှစ်ပေါင်းများစွာ ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတ ဟာဖက်ဖ် အယ်အာဆက်ဒ်ရဲ့သား လည်းဖြစ်ပါတယ်။

ဘာရှား အာဆက်ဒ်ဟာ ငယ်စဉ်ကလေး ဘဝကတည်းက ဒမတ်စကတ်မြို့မှာမွေးဖွားကြီးပြင်းခဲ့ပြီး (၁၉၈၈)ခုနှစ်မှာ ဒမတ်စကတ်တက္ကသိုလ်ကနေ ဆေးပညာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ကာ ဆီးရီးယားစစ်တပ် ဆရာဝန်အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သူဖြစ်ပါ တယ်။ အာဆဒ်ဟာ (၁၉၉၄)ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Western Eye Hospital ဆေးရုံမှာလည်း ဆေးပညာဘာသာရပ်တွေကို ဆက်လက် သင်ယူခဲ့ပါတယ်။ အာဆက်ဒ်ရဲ့အကိုဖြစ်သူ ဘက်ဆယ် အယ်အာဆက်ဒ်ဟာ (၁၉၉၄)ခုနှစ်မှာ ကားအက်ဆီးဒန့်ဖြစ်ကာ ကွယ်လွန်ခဲ့ပြီးနောက် ဗြိတိန်မှာဆေးပညာ သင်ကြား နေတဲ့ ဘာရှားအာဆက်ဒ်ကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူပြီး အစ်ကိုဖြစ်သူတာ ဝန်ယူခဲ့တဲ့အလုပ်တွေကို လုပ်ကိုင် စေခဲ့ပါတယ်။

ဘာရှားအာဆက်ဒ်ဟာ စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး (၁၉၉၈)ခုနှစ်မှာ လက်ဘနွန် နိုင်ငံရှိ ဆီးရီးယား သိမ်းပိုက်ထားတဲ့နေရာတွေကို ကြီးကြပ် တာဝန်ယူခဲ့ပါတယ်။ အာဆက်ဒ်ဟာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီးနောက် (၂၀ဝဝ)ပြည့်နှစ် ဇူလိုင်လမှာ ဆီးရီးယားနိုင်ငံရဲ့သမ္မတအဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။ တကယ်တော့ ဆီးရီးယား နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်မယ့်သူဟာ အနည်းဆုံးအသက် (၄၀)ရှိရမယ် ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တွေရှိ ထားပေမယ့် သမ္မတဟာဖက်ဖ် အယ်အာဆက်ဒ် ကွယ်လွန်ခဲ့ပြီးနောက် ဆီးရီးယား လွှတ်တော်ဟာ ဘာရှားအာဆက်ဒ်ကို သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်အောင် သမ္မတလောင်းအသက် အရွယ်ကို (၃၄)နှစ်အထိ လျှော့ချပေးခဲ့ပါတယ်။

ဘာရှားအာဆက်ဒ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုက်ခြင်းကြောင့် သမ္မတရွေး ကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ခွင့်ရခဲ့ပြီး သမ္မတရွေး ကောက်ပွဲကို (၂၀ဝဝ)ပြည့်နှစ်မှာ ပါဝင်ယှဉ်ပြိုင် ခဲ့ပြီးနောက် ထောက်ခံမဲ(၉၇)ရာခိုင်နှုန်းရရှိခဲ့ ကာ သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

ဘာရှားအာဆက်ဒ် သမ္မတအဖြစ်တာဝန် ယူပြီးနောက်မကြာမီ ဆီးရီးယားနိုင်ငံမှာ နွေဦးတော်လှန်ရေးနဲ့အတူ လက်နက်ကိုင်တော်လှန်ပုန်ကန်မှု တွေကို ရင်ဆိုင်တွေ့ကြုံခဲ့ရသူဖြစ်ပါတယ်။ အာဆက်ဒ်ဟာ ဖခင်ဖြစ်သူတည် ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ရေးနဲ့ အာဏာပါဝါဖွဲ့စည်းပုံအတိုင်း သမ္မတအဖြစ် ဆက်ခံခွင့်ရခဲ့ပေမယ့် သူ့ဖခင်လောက် အာဆက်ဒ် အပေါ် သစ္စာရှိသူနည်းပါးခဲ့သလို ၎င်းရဲ့အုပ်ချုပ်မှုတွေကို မကျေနပ်ပုံများခဲ့တယ်လို့ သိရပါတယ်။ ဘာရှား အာဆက်ဒ် ရဲ့အုပ်ချုပ်မှုတွေကို မကျေနပ်တဲ့အတွက် ဆီးရီးယား ကိုယ်ရံတော် တပ်ဖွဲ့ဝင်ဟောင်းအများ အပြားနုတ်ထွက်ခဲ့သလို ပါတီအတွင်းစည်းပိုင်းက အဓိက တာဝန်ရှိသူတွေဟာလည်းအနားယူခဲ့ပါတယ်။

အာဆက်ဒ် ဦးဆောင်တဲ့ ဆီးရီးယားအစိုးရအဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူတွေကို ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ဥရောပသမဂ္ဂတို့ကအာဆက်ဒ်ကို ရာထူး ကနေနုတ်ထွက်ဖို့ တောင်းဆိုခဲ့ပြီး ဘာရှားအာဆက်ဒ်နဲ့ အနောက်အုပ်စုနိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့ပါ တယ်။ အနောက်အုပ်စုနိုင်ငံ တွေဟာ ဘာရှားအာ ဆက်ဒ် ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ဆန့်ကျင်နေတဲ့ သူတွေကို ကူညီထောက်ပံ့ပေးခဲ့ပြီး ဘားရှားအာ ဆက်ဒ်အစိုးရအဖွဲ့ကိုဖြုတ်ချဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဘာရှားအာဆက်ဒ်ဟာ အီရန်နိုင်ငံ၊ ရုရှားနိုင်ငံတို့ရဲ့အကူ အညီတွေနဲ့ ဆီးရီးယားနိုင်ငံကို ဆက် လက် ဦးဆောင်နိုင်အောင် ကြိုးပမ်းခဲ့ရပါတယ်.။ ဆီးရီးယားနိုင်ငံမှာ ဘာရှားအာ ဆက်ဒ်နဲ့ ဖခင်ဖြစ်သူ ဟာဖက်ဖ် အယ်အာဆက်ဒ်တို့နှစ်ဦးရဲ့ အုပ်ချုပ်မှုဟာ နှစ်ပေါင်း (၅၀)ကျော်ရှိနေပြီလည်းဖြစ် ရာဆီးရီးယားနိုင်ငံကို အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံအများစုကဝေဖန်ပြစ်တင်နေပါတယ်။ ဘာရှား အာဆက်ဒ်မှာ အစ်ကိုနှစ်ဦး၊ ညီမ တစ်ဦးတို့ မွေးချင်းရှိနေပြီး တခြားမွေးချင်းတွေက နိုင်ငံရေး၊ စစ်ရေးကို စိတ်ဝင်စားမှုမရှိတဲ့အတွက် ဘာရှားအာဆက်ဒ်က ဖခင်ဖြစ်သူရဲ့ အာဏာကို ဆက်လက်ရယူခဲ့တာမျိုးဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဟာဖက်ဖ် အယ်အာဆက်ဒ် ဟာ သားဖြစ်သူ ဘာရှားအာဆက်ဒ်ကို သမ္မတနေရာ ဆက်ခံနိုင်ဖို့ ၎င်းရဲ့အကြံပေးအဖြစ်ခန့်အပ်ခဲ့ဖူးသလို ဘာရှားအာဆက်ဒ်က ဆီးရီးယားစစ်တပ်မှာ ဗိုလ်မှူးကြီးတာဝန်ယူခဲ့ဖူးသူ လည်းဖြစ်ပါတယ်။ ဘာရှား အာဆက်ဒ် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ဆန္ဒပြသူ တွေကို ပြင်း ထန်စွာနှိပ်ကွပ်တဲ့အတွက် အမေရိကန်ဦးဆောင်တဲ့အ နောက်အုပ်စုနိုင်ငံတွေဟာ ဆီးရီးယားနိုင်ငံကို ပိတ် ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ရာ နိုင်ငံစီးပွားရေးကျဆင်းမှု တွေရှိခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမှာ Ba"ath ပါတီနဲ့ မိတ်ဖက်ပါ တီဖြစ်တဲ့ Alawite က တာဝန်ရှိသူတွေ ဆီးရီးယားသမ္မတအပါအဝင် အစိုးရအဖွဲ့ကို တာဝန် ယူခဲ့ပြီးနောက် နိုင်ငံအတွင်း အကျင့်ပျက်လာဘ်စားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ် ပွားလာခဲ့ပြီး ဘာရှားအာဆက်ဒ် သမ္မတ အဖြစ် တာဝန်ယူချိန်မှာ ပေါက်ကွဲထွက်လာခြင်းမျိုးဖြစ်တယ်လို့ ဆီးရီးယားအရေးစိတ်ဝင်စားသူ တွေကပြောပါတယ်။

သမ္မတဘာရှားအာဆက်ဒ်နဲ့ Ba"ath ပါတီ ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ ဆီးရီးယားနိုင်ငံ အတွင်းရှိ ကာ့ဒ်လူမျိုးစု တွေကို နှိပ်ကွပ်မှုတွေရှိခဲ့ဖူးရာ ကာ့ဒ်လူမျိုးစုအများစုရှိနေတဲ့ တူရကီနိုင်ငံကလည်း ဘာရှားအာဆက်ဒ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုဖြုတ် ချနိုင်အောင် လက်နက်ကိုင်အဖွဲ့တွေကိုကူညီပေးခဲ့ပါတယ်။ ဘာရှားအာဆက်ဒ်ဟာ ၎င်းကို လက်နက်ကိုင် ဆန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဓာတု ပစ္စည်းများအသုံးပြုတိုက်ခိုက်တာ၊ စစ်ရာဇဝတ်မှု ကျူး လွန်တာစတဲ့ စွပ်စွဲချက်တွေကိုလည်းရင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ၎င်းကိုလက်ဝဲနိုင်ငံရေးအဖွဲ့အစည်းတွေက ဝေဖန်ဆန့် ကျင်ကြပါတယ်။ ဒါပေမဲ့ ဥရောပတိုက်ရှိ လက်ယာနိုင်ငံသမားတွေအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လက်ယာနိုင်ငံရေး သမားအများစုကတော့ ဘာရှားအာ ဆက်ဒ်ကို အားပေးထောက်ခံတယ်လို့ဆိုပါတယ်။အသက် (၆၀)အရွယ်ရှိဘာရှား အာဆက်ဒ်မှာ သားသမီးနှစ်ဦးရှိနေပြီး ဇနီးဖြစ်သူကတော့ ဆီးရီးယား မှာမွေးဖွားခဲ့ပေမယ့် ဗြိတိန်နိုင်ငံသား ခံယူထား သူဖြစ်ပါတယ်။

ဘာရှားအာဆက်ဒ်ဟာ ဆီးရီးယားစကားအပြင် ပြင်သစ်နဲ့ အင်္ဂလိပ်ဘာသာစကားတွေကိုကျွမ်း ကျင်စွာပြောဆို တတ်သူတစ်ဦးဖြစ်ပါတယ်။ ဆီးရီး ယားနိုင်ငံရဲ့ဒီမိုကရေစီကို အနောက်အုပ်စုစတိုင် ဒီမိုကရေစီမျိုးဖန်တီးဖို့ ငြင်းဆန် ပယ်ချထားပြီး ဆီးရီးယားနိုင်ငံနဲ့ သင့်တော် မှုရှိမယ့်ဒီမိုကရေစီပုံစံမျိုး လုပ်ဆောင်လိုသူဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ စီးပွားရေးဟာ နှစ်ပေါင်းများစွာကြာ အခက်အခဲဖြစ်နေခဲ့ပြီး နိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းတွေကို ဗျူ ရိုကရေစီပုံစံမျိုး ဖန်တီးထားခဲ့တဲ့အတွက် ပုဂ္ဂလိက လုပ်ငန်းတွေအဖြစ်ပြောင်းလဲဖို့ အခက်အခဲဖြစ်ခဲ့ ရပါတယ်။ ဒါပေမဲ့ ဘာရှား အာဆက်ဒ်ဟာ ဆက်သွယ်ရေးလုပ်ငန်းအပါအဝင် နိုင်ငံရဲ့အချို့စီးပွားရေး ကဏ္ဍတွေကို သိသာတဲ့အပြောင်းအလဲ တွေလုပ်နိုင် ခဲ့တယ်လို့ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ (၂၀၁၁)ခုနှစ် ဝန်းကျင်က နွေဦးတော်လှန်ရေးဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး တူနီးရှား၊ အီဂျစ်နဲ့ လစ်ဗျားတို့မှာ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပြီးနောက် (၂၀၁၁)ခုနှစ်မတ်လ (၁၅)ရက် မှာ ဆီးရီးယားနိုင်ငံကို ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။ ဆီးရီးယားပြည်သူတွေဟာ အရပ်သားအခွင့်အရေးအပြည့်အဝရရေး၊ နိုင်ငံရေးပြုပြင်ပြောင်း လဲဖို့နဲ့ (၁၉၆၃)ခုနှစ်ကတည်းကသတ်မှတ်ထားတဲ့ အရေးပေါ်အခြေအနေဥပဒေကို အဆုံးသတ်ဖို့တောင်းဆို ခဲ့ပြီး ဘာရှားအာဆက်ဒ်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဘာရှားအာဆက်ဒ်ဟာ ဆန္ဒပြသူတွေကို ဖြိုခွင်းတာနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအများစုက အာဆက်ဒ်ကို ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုခဲ့ပေမယ့် အာဆက်ဒ်ကငြင်းဆန်ခဲ့ပြီး အာရပ်လိဂ်အဖွဲ့ ချုပ်ကလည်း အပြန်အလှန် ဆက်ဆံရေးကိုလက်ရှိ အချိန်အထိ ဆိုင်းငံ့ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမှာ (၂၀၁၁) ခုနှစ်နောက်ပိုင်းတည်းက ဆန္ဒပြပွဲနဲ့ အတူ တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် ဘာရှားအာဆက်ဒ်ကတော့ သမ္မတရွေးကောက်ပွဲကို ပုံမှန်ကျင်းပခဲ့ပြီး သမ္မတရွေး ကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ဖိအားတွေအပြင် စစ်ပွဲတွေမှာတိုက်ရိုက် ပါဝင်ကူညီပေးမှုတွေကိုရင်ဆိုင်ခဲ့ရပေမယ့် ဘာရှားအာဆက်ဒ်ဟာသမ္မတရာထူးက နုတ်ထွက် ခြင်းမရှိဘဲ ရာထူး အာဏာဆက်လက်တည်မြဲနိုင်အောင် ရုရှား နိုင်ငံရဲ့အကူညီတွေကိုများစွာရယူခဲ့ရပါတယ်။ ဘာရှားအာဆက်ဒ်ဟာ ဆီးရီးယားအစိုးရကိုလက်နက်ကိုင်တော်လှန်နေသူတွေနဲ့ အမေရိကန် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ရင်ဆိုင်နိုင်အောင် ရုရှားတပ်ဖွဲ့တွေကို နိုင်ငံအတွင်းဖြန့်ကြက် ချထားခွင့်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆီးရီး ယားနိုင်ငံအတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်လာ နေတဲ့အတွက် သမ္မတဘာရှားအာဆက်ဒ်ဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကျော် ဖြတ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

zawgyi version
စိန္ေခၚမႈမ်ားစြာရင္ဆိုင္ေနရေပမယ့္ ဆီးရီးယားသမၼတအျဖစ္ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ ထိန္းသိမ္းရယူႏိုင္တဲ့ ဘာရွားအာဆက္ဒ္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁ဝ

ဆီးရီးယားႏိုင္ငံက လက္နက္ကိုင္အဖြဲ႕ေတြ အလက္ပိုၿမိဳ႕ကို ထိန္းခ်ဳပ္လိုက္ႏိုင္တာဟာ ဆီးရီးယားသမၼတ ဘာရွားအာဆက္ဒ္ဦးေဆာင္တဲ့ အစိုးရအဖြဲ႕အတြက္ေတာ့ ထိုးႏွက္ခ်က္ျဖစ္လာဖြယ္ရွိေနပါတယ္။ ဆီးရီးယားရဲ႕ဒုတိယ ၿမိဳ႕ေတာ္ျဖစ္တဲ့ အလက္ပိုရဲ႕ေနရာအမ်ားစုဟာ သူပုန္ေတြရဲ႕ လက္ထဲက်ေရာက္သြားၿပီလို႔ ဆီးရီးယားစစ္တပ္က အတည္ျပဳေျပာဆိုပါတယ္။ ဆီးရီးယားစစ္တပ္ဟာ က်ဆုံးထိ ခိုက္မႈေတြနဲ႔အတူ အလက္ပိုကေနဆုတ္ခြာသြားခဲ့ရ တယ္လို႔ဆိုပါတယ္။ စစ္ကူေတြေရာက္လာခ်ိန္ကို ေစာင့္ၿပီး အင္အားျပန္စုစည္းႏိုင္ေအာင္ ဆုတ္ခြာခဲ့တာျဖစ္တယ္လို႔လည္း ဆီးရီးယားစစ္တပ္ကေျပာပါတယ္။

ဆီးရီးယားႏိုင္ငံမွာ ဒီမိုကေရစီ ေတာင္းဆို ဆႏၵျပသူေတြကို အစိုးရကၿဖိဳခြင္းခဲ့တဲ့ (၂၀၁၁)က စၿပီး ျပည္တြင္း စစ္ေပါက္ကြဲထြက္လာတာျဖစ္ပါတယ္။ဆီးရီးယားသမၼတ အာဆက္ဒ္ ဦးေဆာင္တဲ့ အစိုးရကို လက္နက္ကိုင္တိုက္ခိုက္ ၾကတဲ့ အုပ္စုအမ်ိဳးမ်ိဳးေပၚ ေပါက္လာပါတယ္။ အဲဒီထဲမွာ ဒီမိုကေရစီ အင္အားစု ေတြပါဝင္သလို၊ အစၥလာမ္ဘာသာ ေရးအေျခခံ ဝါဒီအုပ္စုေတြလည္း ပါဝင္ပါတယ္။ လက္နက္ကိုင္အဖြဲ႕ ေတြဟာ နယ္ေျမေဒသ အေတာ္မ်ားမ်ားကို အသီးသီး သိမ္းယူႏိုင္ခဲ့ေပမယ့္၊ ဆီးရီးယားအစိုးရဟာ ေနာက္ ပိုင္းမွာ ႐ုရွားရဲ႕အကူအညီနဲ႔ ဆုံးရႈံးနယ္ေျမ အမ်ားစု ကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ အစ္လစ္(ဘ) ၿမိဳ႕ႀကီးတစ္ခုပဲ အတိုက္အခံအင္အားစုေတြရဲ႕ ေနာက္ဆုံး ေျခကုပ္ေနရာ အျဖစ္ က်န္ခဲ့ပါတယ္။ အဲဒီၿမိဳ႕ကို အဓိက ထိန္းခ်ဳပ္ထားသူေတြဟာ အခုအလက္ပိုကို ဝင္သိမ္းတဲ့ HTS အုပ္စု ျဖစ္ပါတယ္။

(၁၉၆၅)ခုႏွစ္မွာေမြးဖြားခဲ့တဲ့ ဘာရွားအာ ဆက္ဒ္ဟာ ဆီးရီးယားႏိုင္ငံသမၼတအျဖစ္ (၂၀ဝဝ) ျပည့္ႏွစ္ ေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိတာဝန္ယူေနသူျဖစ္ၿပီး ဆီးရီးယားလက္နက္ကိုင္အဖြဲ႕အားလုံးရဲ႕ စစ္ဦးစီးခ်ဳပ္၊ အာရပ္ဆိုရွယ္လစ္ပါတီရဲ႕ ဗဟိုအႀကီးအကဲအျဖစ္တာဝန္ယူေနသူျဖစ္ပါတယ္။ဘာရွားအာဆက္ဒ္ဟာ ဆီးရီးယားႏိုင္ငံကို (၁၉၇၁)ခုႏွစ္ကေန (၂၀ဝဝ)ျပည့္ႏွစ္အထိ ႏွစ္ေပါင္းမ်ားစြာ ၾကာအုပ္ခ်ဳပ္ခဲ့တဲ့ သမၼတ ဟာဖက္ဖ္ အယ္အာဆက္ဒ္ရဲ႕သား လည္းျဖစ္ပါတယ္။

ဘာရွား အာဆက္ဒ္ဟာ ငယ္စဥ္ကေလး ဘဝကတည္းက ဒမတ္စကတ္ၿမိဳ႕မွာေမြးဖြားႀကီးျပင္းခဲ့ၿပီး (၁၉၈၈)ခုႏွစ္မွာ ဒမတ္စကတ္တကၠသိုလ္ကေန ေဆးပညာဘာသာရပ္နဲ႔ ဘြဲ႕ရခဲ့ကာ ဆီးရီးယားစစ္တပ္ ဆရာဝန္အျဖစ္ တာဝန္ယူထမ္းေဆာင္ခဲ့သူျဖစ္ပါ တယ္။ အာဆဒ္ဟာ (၁၉၉၄)ခုႏွစ္က ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ Western Eye Hospital ေဆး႐ုံမွာလည္း ေဆးပညာဘာသာရပ္ေတြကို ဆက္လက္ သင္ယူခဲ့ပါတယ္။ အာဆက္ဒ္ရဲ႕အကိုျဖစ္သူ ဘက္ဆယ္ အယ္အာဆက္ဒ္ဟာ (၁၉၉၄)ခုႏွစ္မွာ ကားအက္ဆီးဒန႔္ျဖစ္ကာ ကြယ္လြန္ခဲ့ၿပီးေနာက္ ၿဗိတိန္မွာေဆးပညာ သင္ၾကား ေနတဲ့ ဘာရွားအာဆက္ဒ္ကို မိခင္ႏိုင္ငံကို ျပန္လည္ေခၚယူၿပီး အစ္ကိုျဖစ္သူတာ ဝန္ယူခဲ့တဲ့အလုပ္ေတြကို လုပ္ကိုင္ ေစခဲ့ပါတယ္။

ဘာရွားအာဆက္ဒ္ဟာ စစ္တကၠသိုလ္ကို တက္ေရာက္ခဲ့ၿပီး (၁၉၉၈)ခုႏွစ္မွာ လက္ဘႏြန္ ႏိုင္ငံရွိ ဆီးရီးယား သိမ္းပိုက္ထားတဲ့ေနရာေတြကို ႀကီးၾကပ္ တာဝန္ယူခဲ့ပါတယ္။ အာဆက္ဒ္ဟာ ဖခင္ျဖစ္သူ ကြယ္လြန္ခဲ့ၿပီးေနာက္ (၂၀ဝဝ)ျပည့္ႏွစ္ ဇူလိုင္လမွာ ဆီးရီးယားႏိုင္ငံရဲ႕သမၼတအျဖစ္ ဆက္လက္တာဝန္ယူခဲ့ပါတယ္။ တကယ္ေတာ့ ဆီးရီးယား ႏိုင္ငံရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ ၿပိဳင္မယ့္သူဟာ အနည္းဆုံးအသက္ (၄၀)ရွိရမယ္ ဆိုတဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြရွိ ထားေပမယ့္ သမၼတဟာဖက္ဖ္ အယ္အာဆက္ဒ္ ကြယ္လြန္ခဲ့ၿပီးေနာက္ ဆီးရီးယား လႊတ္ေတာ္ဟာ ဘာရွားအာဆက္ဒ္ကို သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ေအာင္ သမၼတေလာင္းအသက္ အ႐ြယ္ကို (၃၄)ႏွစ္အထိ ေလွ်ာ့ခ်ေပးခဲ့ပါတယ္။

ဘာရွားအာဆက္ဒ္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္လိုက္ျခင္းေၾကာင့္ သမၼတေ႐ြး ေကာက္ပြဲကို ပါဝင္ယွဥ္ ၿပိဳင္ခြင့္ရခဲ့ၿပီး သမၼတေ႐ြး ေကာက္ပြဲကို (၂၀ဝဝ)ျပည့္ႏွစ္မွာ ပါဝင္ယွဥ္ၿပိဳင္ ခဲ့ၿပီးေနာက္ ေထာက္ခံမဲ(၉၇)ရာခိုင္ႏႈန္းရရွိခဲ့ ကာ သမၼတအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ဘာရွားအာဆက္ဒ္ သမၼတအျဖစ္တာဝန္ ယူၿပီးေနာက္မၾကာမီ ဆီးရီးယားႏိုင္ငံမွာ ေႏြဦးေတာ္လွန္ေရးနဲ႔အတူ လက္နက္ကိုင္ေတာ္လွန္ပုန္ကန္မႈ ေတြကို ရင္ဆိုင္ေတြ႕ႀကဳံခဲ့ရသူျဖစ္ပါတယ္။ အာဆက္ဒ္ဟာ ဖခင္ျဖစ္သူတည္ ေထာင္ခဲ့တဲ့ ပုဂၢိဳလ္ေရးနဲ႔ အာဏာပါဝါဖြဲ႕စည္းပုံအတိုင္း သမၼတအျဖစ္ ဆက္ခံခြင့္ရခဲ့ေပမယ့္ သူ႔ဖခင္ေလာက္ အာဆက္ဒ္ အေပၚ သစၥာရွိသူနည္းပါးခဲ့သလို ၎ရဲ႕အုပ္ခ်ဳပ္မႈေတြကို မေက်နပ္ပုံမ်ားခဲ့တယ္လို႔ သိရပါတယ္။ ဘာရွား အာဆက္ဒ္ ရဲ႕အုပ္ခ်ဳပ္မႈေတြကို မေက်နပ္တဲ့အတြက္ ဆီးရီးယား ကိုယ္ရံေတာ္ တပ္ဖြဲ႕ဝင္ေဟာင္းအမ်ား အျပားႏုတ္ထြက္ခဲ့သလို ပါတီအတြင္းစည္းပိုင္းက အဓိက တာဝန္ရွိသူေတြဟာလည္းအနားယူခဲ့ပါတယ္။

အာဆက္ဒ္ ဦးေဆာင္တဲ့ ဆီးရီးယားအစိုးရအဖြဲ႕ဟာ ေႏြဦးေတာ္လွန္ေရးမွာပါဝင္ခဲ့သူေတြကို ၿဖိဳခြင္းခဲ့မႈနဲ႔ ပတ္သက္ၿပီး အေမရိကန္သမၼတ ဘားရက္ အိုဘားမား၊ ဥေရာပသမဂၢတို႔ကအာဆက္ဒ္ကို ရာထူး ကေနႏုတ္ထြက္ဖို႔ ေတာင္းဆိုခဲ့ၿပီး ဘာရွားအာဆက္ဒ္နဲ႔ အေနာက္အုပ္စုႏိုင္ငံၾကား ဆက္ဆံေရးတင္းမာခဲ့ပါ တယ္။ အေနာက္အုပ္စုႏိုင္ငံ ေတြဟာ ဘာရွားအာ ဆက္ဒ္ ဦးေဆာင္တဲ့အစိုးရအဖြဲ႕ကို ဆန႔္က်င္ေနတဲ့ သူေတြကို ကူညီေထာက္ပံ့ေပးခဲ့ၿပီး ဘားရွားအာ ဆက္ဒ္အစိုးရအဖြဲ႕ကိုျဖဳတ္ခ်ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဒါေပမဲ့ ဘာရွားအာဆက္ဒ္ဟာ အီရန္ႏိုင္ငံ၊ ႐ုရွားႏိုင္ငံတို႔ရဲ႕အကူ အညီေတြနဲ႔ ဆီးရီးယားႏိုင္ငံကို ဆက္ လက္ ဦးေဆာင္ႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ရပါတယ္.။ ဆီးရီးယားႏိုင္ငံမွာ ဘာရွားအာ ဆက္ဒ္နဲ႔ ဖခင္ျဖစ္သူ ဟာဖက္ဖ္ အယ္အာဆက္ဒ္တို႔ႏွစ္ဦးရဲ႕ အုပ္ခ်ဳပ္မႈဟာ ႏွစ္ေပါင္း (၅၀)ေက်ာ္ရွိေနၿပီလည္းျဖစ္ ရာဆီးရီးယားႏိုင္ငံကို အာဏာရွင္စနစ္က်င့္သုံးတဲ့ ႏိုင္ငံအျဖစ္ ကမာၻ႔ႏိုင္ငံအမ်ားစုကေဝဖန္ျပစ္တင္ေနပါတယ္။ ဘာရွား အာဆက္ဒ္မွာ အစ္ကိုႏွစ္ဦး၊ ညီမ တစ္ဦးတို႔ ေမြးခ်င္းရွိေနၿပီး တျခားေမြးခ်င္းေတြက ႏိုင္ငံေရး၊ စစ္ေရးကို စိတ္ဝင္စားမႈမရွိတဲ့အတြက္ ဘာရွားအာဆက္ဒ္က ဖခင္ျဖစ္သူရဲ႕ အာဏာကို ဆက္လက္ရယူခဲ့တာမ်ိဳးျဖစ္ပါတယ္။

ဖခင္ျဖစ္သူ ဟာဖက္ဖ္ အယ္အာဆက္ဒ္ ဟာ သားျဖစ္သူ ဘာရွားအာဆက္ဒ္ကို သမၼတေနရာ ဆက္ခံႏိုင္ဖို႔ ၎ရဲ႕အႀကံေပးအျဖစ္ခန႔္အပ္ခဲ့ဖူးသလို ဘာရွားအာဆက္ဒ္က ဆီးရီးယားစစ္တပ္မွာ ဗိုလ္မႉးႀကီးတာဝန္ယူခဲ့ဖူးသူ လည္းျဖစ္ပါတယ္။ ဘာရွား အာဆက္ဒ္ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ျဖစ္ပြားခဲ့တဲ့ဆႏၵျပပြဲနဲ႔ပတ္သက္ၿပီး ဆႏၵျပသူ ေတြကို ျပင္း ထန္စြာႏွိပ္ကြပ္တဲ့အတြက္ အေမရိကန္ဦးေဆာင္တဲ့အ ေနာက္အုပ္စုႏိုင္ငံေတြဟာ ဆီးရီးယားႏိုင္ငံကို ပိတ္ ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခဲ့ရာ ႏိုင္ငံစီးပြားေရးက်ဆင္းမႈ ေတြရွိခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံမွာ Ba"ath ပါတီနဲ႔ မိတ္ဖက္ပါ တီျဖစ္တဲ့ Alawite က တာဝန္ရွိသူေတြ ဆီးရီးယားသမၼတအပါအဝင္ အစိုးရအဖြဲ႕ကို တာဝန္ ယူခဲ့ၿပီးေနာက္ ႏိုင္ငံအတြင္း အက်င့္ပ်က္လာဘ္စားမႈေတြ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ဆက္တိုက္ျဖစ္ ပြားလာခဲ့ၿပီး ဘာရွားအာဆက္ဒ္ သမၼတ အျဖစ္ တာဝန္ယူခ်ိန္မွာ ေပါက္ကြဲထြက္လာျခင္းမ်ိဳးျဖစ္တယ္လို႔ ဆီးရီးယားအေရးစိတ္ဝင္စားသူ ေတြကေျပာပါတယ္။

သမၼတဘာရွားအာဆက္ဒ္နဲ႔ Ba"ath ပါတီ ဦးေဆာင္တဲ့အစိုးရအဖြဲ႕ဟာ ဆီးရီးယားႏိုင္ငံ အတြင္းရွိ ကာ့ဒ္လူမ်ိဳးစု ေတြကို ႏွိပ္ကြပ္မႈေတြရွိခဲ့ဖူးရာ ကာ့ဒ္လူမ်ိဳးစုအမ်ားစုရွိေနတဲ့ တူရကီႏိုင္ငံကလည္း ဘာရွားအာဆက္ဒ္ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ကိုျဖဳတ္ ခ်ႏိုင္ေအာင္ လက္နက္ကိုင္အဖြဲ႕ေတြကိုကူညီေပးခဲ့ပါတယ္။ ဘာရွားအာဆက္ဒ္ဟာ ၎ကို လက္နက္ကိုင္ ဆန႔္က်င္တဲ့လက္နက္ကိုင္အဖြဲ႕အစည္းေတြကို ဓာတု ပစၥည္းမ်ားအသုံးျပဳတိုက္ခိုက္တာ၊ စစ္ရာဇဝတ္မႈ က်ဴး လြန္တာစတဲ့ စြပ္စြဲခ်က္ေတြကိုလည္းရင္ဆိုင္ခဲ့ရသူ ျဖစ္ၿပီး ၎ကိုလက္ဝဲႏိုင္ငံေရးအဖြဲ႕အစည္းေတြက ေဝဖန္ဆန႔္ က်င္ၾကပါတယ္။ ဒါေပမဲ့ ဥေရာပတိုက္ရွိ လက္ယာႏိုင္ငံသမားေတြအပါအဝင္ ကမာၻတစ္ဝန္းရွိ လက္ယာႏိုင္ငံေရး သမားအမ်ားစုကေတာ့ ဘာရွားအာ ဆက္ဒ္ကို အားေပးေထာက္ခံတယ္လို႔ဆိုပါတယ္။အသက္ (၆၀)အ႐ြယ္ရွိဘာရွား အာဆက္ဒ္မွာ သားသမီးႏွစ္ဦးရွိေနၿပီး ဇနီးျဖစ္သူကေတာ့ ဆီးရီးယား မွာေမြးဖြားခဲ့ေပမယ့္ ၿဗိတိန္ႏိုင္ငံသား ခံယူထား သူျဖစ္ပါတယ္။

ဘာရွားအာဆက္ဒ္ဟာ ဆီးရီးယားစကားအျပင္ ျပင္သစ္နဲ႔ အဂၤလိပ္ဘာသာစကားေတြကိုကြၽမ္း က်င္စြာေျပာဆို တတ္သူတစ္ဦးျဖစ္ပါတယ္။ ဆီးရီး ယားႏိုင္ငံရဲ႕ဒီမိုကေရစီကို အေနာက္အုပ္စုစတိုင္ ဒီမိုကေရစီမ်ိဳးဖန္တီးဖို႔ ျငင္းဆန္ ပယ္ခ်ထားၿပီး ဆီးရီးယားႏိုင္ငံနဲ႔ သင့္ေတာ္ မႈရွိမယ့္ဒီမိုကေရစီပုံစံမ်ိဳး လုပ္ေဆာင္လိုသူျဖစ္ပါတယ္။ ဆီးရီးယားႏိုင္ငံရဲ႕ စီးပြားေရးဟာ ႏွစ္ေပါင္းမ်ားစြာၾကာ အခက္အခဲျဖစ္ေနခဲ့ၿပီး ႏိုင္ငံအတြင္းစီးပြားေရးလုပ္ငန္းေတြကို ဗ်ဴ ႐ိုကေရစီပုံစံမ်ိဳး ဖန္တီးထားခဲ့တဲ့အတြက္ ပုဂၢလိက လုပ္ငန္းေတြအျဖစ္ေျပာင္းလဲဖို႔ အခက္အခဲျဖစ္ခဲ့ ရပါတယ္။ ဒါေပမဲ့ ဘာရွား အာဆက္ဒ္ဟာ ဆက္သြယ္ေရးလုပ္ငန္းအပါအဝင္ ႏိုင္ငံရဲ႕အခ်ိဳ႕စီးပြားေရး က႑ေတြကို သိသာတဲ့အေျပာင္းအလဲ ေတြလုပ္ႏိုင္ ခဲ့တယ္လို႔ဆိုပါတယ္။

အေရွ႕အလယ္ပိုင္းေဒသမွာ (၂၀၁၁)ခုႏွစ္ ဝန္းက်င္က ေႏြဦးေတာ္လွန္ေရးဆႏၵျပပြဲေတြျဖစ္ပြားခဲ့ၿပီး တူနီးရွား၊ အီဂ်စ္နဲ႔ လစ္ဗ်ားတို႔မွာ ဆႏၵျပပြဲေတြ ျဖစ္လာခဲ့ၿပီးေနာက္ (၂၀၁၁)ခုႏွစ္မတ္လ (၁၅)ရက္ မွာ ဆီးရီးယားႏိုင္ငံကို ကူးစက္ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ ဆီးရီးယားျပည္သူေတြဟာ အရပ္သားအခြင့္အေရးအျပည့္အဝရေရး၊ ႏိုင္ငံေရးျပဳျပင္ေျပာင္း လဲဖို႔နဲ႔ (၁၉၆၃)ခုႏွစ္ကတည္းကသတ္မွတ္ထားတဲ့ အေရးေပၚအေျခအေနဥပေဒကို အဆုံးသတ္ဖို႔ေတာင္းဆို ခဲ့ၿပီး ဘာရွားအာဆက္ဒ္ဦးေဆာင္တဲ့ အစိုးရအဖြဲ႕နဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ ဘာရွားအာဆက္ဒ္ဟာ ဆႏၵျပသူေတြကို ၿဖိဳခြင္းတာနဲ႔ပတ္သက္ၿပီး ကမာၻ႔ႏိုင္ငံအမ်ားစုက အာဆက္ဒ္ကို ရာထူးကႏုတ္ထြက္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ အာဆက္ဒ္ကျငင္းဆန္ခဲ့ၿပီး အာရပ္လိဂ္အဖြဲ႕ ခ်ဳပ္ကလည္း အျပန္အလွန္ ဆက္ဆံေရးကိုလက္ရွိ အခ်ိန္အထိ ဆိုင္းငံ့ခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံမွာ (၂၀၁၁) ခုႏွစ္ေနာက္ပိုင္းတည္းက ဆႏၵျပပြဲနဲ႔ အတူ တိုက္ပြဲေတြျဖစ္ပြားခဲ့ေပမယ့္ ဘာရွားအာဆက္ဒ္ကေတာ့ သမၼတေ႐ြးေကာက္ပြဲကို ပုံမွန္က်င္းပခဲ့ၿပီး သမၼတေ႐ြး ေကာက္ပြဲမွာ ထပ္မံအႏိုင္ရခဲ့ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ျပင္းထန္တဲ့ဖိအားေတြအျပင္ စစ္ပြဲေတြမွာတိုက္႐ိုက္ ပါဝင္ကူညီေပးမႈေတြကိုရင္ဆိုင္ခဲ့ရေပမယ့္ ဘာရွားအာဆက္ဒ္ဟာသမၼတရာထူးက ႏုတ္ထြက္ ျခင္းမရွိဘဲ ရာထူး အာဏာဆက္လက္တည္ၿမဲႏိုင္ေအာင္ ႐ုရွား ႏိုင္ငံရဲ႕အကူညီေတြကိုမ်ားစြာရယူခဲ့ရပါတယ္။ ဘာရွားအာဆက္ဒ္ဟာ ဆီးရီးယားအစိုးရကိုလက္နက္ကိုင္ေတာ္လွန္ေနသူေတြနဲ႔ အေမရိကန္ ဦးေဆာင္တဲ့ လက္နက္ကိုင္အဖြဲ႕ေတြကို ရင္ဆိုင္ႏိုင္ေအာင္ ႐ုရွားတပ္ဖြဲ႕ေတြကို ႏိုင္ငံအတြင္းျဖန႔္ၾကက္ ခ်ထားခြင့္ေပးခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ဆီးရီး ယားႏိုင္ငံအတြင္း တစ္ေက်ာ့ျပန္တိုက္ပြဲေတြျဖစ္လာ ေနတဲ့အတြက္ သမၼတဘာရွားအာဆက္ဒ္ဟာ စိန္ေခၚမႈေတြ၊ အခက္အခဲေတြကိုဘယ္လိုရင္ဆိုင္ေက်ာ္ ျဖတ္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။

Related news

© 2021. All rights reserved.