အမေရိကန်မှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသူမိန်းကလေးငယ်က ကျောင်းဝန်းအတွင်း လူနှစ်ဦးကို ပစ်သတ်

 322

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၈

အမေရိကန်ပြည်ထောင်စု၊ ဝစ္စကွန်ဆင်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းမှာ တနင်္လာနေ့ (ဒီဇင်ဘာ ၁၆ ရက်) က အသက် ၁၅ နှစ်အရွယ်ကျောင်းသူဟာ ကျောင်းဝန်းအတွင်းမှာ အမျိုးသမီးတစ်ဦးနဲ့ ကျောင်းဆရာတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။
ပြည်နယ်မြို့တော် မာဒီဆန်မှ ရဲချုပ် ချွန်ဘာနက်က ကျောင်းသား ၄၀၀ ခန့်ရှိတဲ့ ပုဂ္ဂလိက ခရစ်ယာန်ကျောင်းမှာ ဒီအဖြစ်အပျက်ဖြစ်သွားခဲ့တာဖြစ်ပြီး လူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ သေနတ် ကိုင်ဆောင် ပစ်ခတ်သူဟာ အသက် ၁၅ နှစ်အရွယ်ကျောင်းသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ် သတ်သေခဲ့ တယ်လို့ သက်သေအထောက်အထားတွေအရ သိရပါတယ်” လို့ ၄င်းက ပြောပါတယ်။
ဆေးရုံတင်ထားရသူ ခြောက်ဦးထဲက ကျောင်းသားနှစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီး ကျန်နှစ်ဦးဟာ အခြေအနေတည်ငြိမ်နေပြီဖြစ်ကာ၊ ကျန်နှစ်ဦးကတော့ ဆေးရုံမှ ဆင်းသွားပြီဖြစ်တယ်လို့ ရဲမှူးက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ကျောင်းတွင်းပစ်ခတ်မှုတွေမှာ နောက်ဆုံးပေါ်ဖြစ်ရပ်ဖြစ်ပါတယ်။ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ တဝှမ်းမှာ အနည်းဆုံး လူလေးဦး သေဆုံး (သို့မဟုတ်) ဒဏ်ရာရတဲ့အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၄၈၇ မှု ဖြစ်ပွားခဲ့တယ်လို့ Gun Violence Archive အရ သိရပါတယ်။

Zawgyi Version;
အေမရိကန္မွာ အသက္ ၁၅ ႏွစ္အ႐ြယ္ ေက်ာင္းသူမိန္းကေလးငယ္က ေက်ာင္းဝန္းအတြင္း လူႏွစ္ဦးကို ပစ္သတ္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၈

အေမရိကန္ျပည္ေထာင္စု၊ ဝစၥကြန္ဆင္ျပည္နယ္ရွိ ေက်ာင္းတစ္ေက်ာင္းမွာ တနလၤာေန႔ (ဒီဇင္ဘာ ၁၆ ရက္) က အသက္ ၁၅ ႏွစ္အ႐ြယ္ေက်ာင္းသူဟာ ေက်ာင္းဝန္းအတြင္းမွာ အမ်ိဳးသမီးတစ္ဦးနဲ႔ ေက်ာင္းဆရာတစ္ဦးကို ေသနတ္နဲ႔ပစ္သတ္ခဲ့ၿပီး သူကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုယ္ သတ္ေသခဲ့ပါတယ္။
ျပည္နယ္ၿမိဳ႕ေတာ္ မာဒီဆန္မွ ရဲခ်ဳပ္ ခြၽန္ဘာနက္က ေက်ာင္းသား ၄၀၀ ခန႔္ရွိတဲ့ ပုဂၢလိက ခရစ္ယာန္ေက်ာင္းမွာ ဒီအျဖစ္အပ်က္ျဖစ္သြားခဲ့တာျဖစ္ၿပီး လူ ၃ ဦး ေသဆုံးၿပီး ၇ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ဆိုပါတယ္။ ေသနတ္ ကိုင္ေဆာင္ ပစ္ခတ္သူဟာ အသက္ ၁၅ ႏွစ္အ႐ြယ္ေက်ာင္းသူျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ ေသနတ္နဲ႔ပစ္ သတ္ေသခဲ့ တယ္လို႔ သက္ေသအေထာက္အထားေတြအရ သိရပါတယ္” လို႔ ၄င္းက ေျပာပါတယ္။
ေဆး႐ုံတင္ထားရသူ ေျခာက္ဦးထဲက ေက်ာင္းသားႏွစ္ဦးဟာ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနၿပီး က်န္ႏွစ္ဦးဟာ အေျခအေနတည္ၿငိမ္ေနၿပီျဖစ္ကာ၊ က်န္ႏွစ္ဦးကေတာ့ ေဆး႐ုံမွ ဆင္းသြားၿပီျဖစ္တယ္လို႔ ရဲမႉးက ေျပာပါတယ္။

ဒီျဖစ္ရပ္ဟာ အေမရိကန္ရဲ႕ေက်ာင္းတြင္းပစ္ခတ္မႈေတြမွာ ေနာက္ဆုံးေပၚျဖစ္ရပ္ျဖစ္ပါတယ္။ ယခုႏွစ္အတြင္း အေမရိကန္ႏိုင္ငံ တဝွမ္းမွာ အနည္းဆုံး လူေလးဦး ေသဆုံး (သို႔မဟုတ္) ဒဏ္ရာရတဲ့အစုလိုက္အၿပဳံလိုက္ ပစ္ခတ္မႈ ၄၈၇ မႈ ျဖစ္ပြားခဲ့တယ္လို႔ Gun Violence Archive အရ သိရပါတယ္။

Related news

© 2021. All rights reserved.