တာချီလိတ်မြို့တွင် ငွေကျပ် (၅)ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
170
နာမူ (NP News) - ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့တွင် ငွေကျပ် (၅ ဒသမ ၇)ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကျန်ကြားအန်၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေမှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) (၁၄၁)ကီလို၊ ကတ်တမင်း (၂၃) ကီလိုနှင့် အက်တက်စီ ဆေးပြား (၁၂၈၀၀၀) ပြားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ တွမ်လောင်(ခ) အားဟွာ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရှာဖွေရာ အဆိုပါ နေအိမ်မှ တွမ်လောင်(ခ) အားဟွာနှင့် တွမ်ရှီးခွမ်တို့ကို စိတ်ပြောင်းဆေးဝါး Happy Water (၂) ကီလို၊ Happy - 5 ဆေးပြား (၁၆၀၀၀)ပြားနှင့် အက်တက်စီအမှုန့် (၉) ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိမှုသည် စုစုပေါင်း ငွေကျပ် ၅ ဒသမ ၇ ဘီလျံတန်ဖိုးရှိကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းလည်း သိရသည်။
zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္ (၅)ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိ
နာမူ (NP News) - ဒီဇင္ဘာ ၁၈
ရွမ္းျပည္နယ္ ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေငြက်ပ္ (၅ ဒသမ ၇)ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၄ ရက္က တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္ရွိ က်န္ၾကားအန္၏ ေနအိမ္ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းအဖြဲ႕က သတင္းအရ ဝင္ေရာက္ရွာေဖြမႈမ်ား ျပဳ လုပ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ဝင္ေရာက္ရွာေဖြရာ ေနအိမ္အတြင္းမွ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ အိုက္စ္(မက္သ္အဖက္တမင္း) (၁၄၁)ကီလို၊ ကတ္တမင္း (၂၃) ကီလိုႏွင့္ အက္တက္စီ ေဆးျပား (၁၂၈၀၀၀) ျပားတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါေန႔ ညေန ၅ နာရီခြဲအခ်ိန္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ) ရပ္ကြက္ရွိ တြမ္ေလာင္(ခ) အားဟြာ၏ ေနအိမ္သို႔ ဝင္ေရာက္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ရွာေဖြရာ အဆိုပါ ေနအိမ္မွ တြမ္ေလာင္(ခ) အားဟြာႏွင့္ တြမ္ရွီးခြမ္တို႔ကို စိတ္ေျပာင္းေဆးဝါး Happy Water (၂) ကီလို၊ Happy - 5 ေဆးျပား (၁၆၀၀၀)ျပားႏွင့္ အက္တက္စီအမႈန႔္ (၉) ကီလိုႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ အဆိုပါ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိမႈသည္ စုစုေပါင္း ေငြက်ပ္ ၅ ဒသမ ၇ ဘီလ်ံတန္ဖိုးရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္းလည္း သိရသည္။