ဂျပန်နိုင်ငံ ကျေးလက်ဒေသတစ်ခုမှာ လူနေအိမ်၊ ဧည့်ခန်းထဲ တောရိုင်းဝက်ဝံရောက်နေမှုဖြစ်ပွား
551
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၇
ဂျပန်နိုင်ငံရဲ့ နှင်းထူထပ်စွာ ကျရောက်လေ့ရှိတဲ့ ဖူကူရှီးမားဒေသ၊ ကျေးလက်နေရာတစ်ခုမှာ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက လူနေအိမ်၊ ဧည့်ခန်းထဲမှာ ဝက်ဝံတစ်ကောင် ရောက်ရှိနေတာကို အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက တွေ့ရှိခဲ့ပါတယ်။
ဝက်ဝံဟာ ၉၀ စင်တီမီတာခန့် အရှည်ရှိတယ်လို့ သိရပါတယ်။ အိမ်မှာနေထိုင်သူ အမျိုးသားဟာ ဝက်ဝံကြောင့် အိမ်နီးချင်းအိမ်ကို တိမ်းရှောင်နေရပြီး တစ်နာရီကျော်လောက်ကြာမှ အိမ်ပြန်လာတဲ့အခါမှာလည်း ဝက်ဝံက ထွက်မသွားသေးတဲ့အပြင် အစားအစာတွေလည်း ပြန့်ကျဲနေခဲ့တာကြောင့် ရဲကို ဖုန်းဆက်တိုင်ကြားခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က အနီးဝန်းကျင်အိမ်တွေ တံခါးသော့ခတ်ထားဖို့ တိုက်တွန်းခဲ့ပြီး အိမ်ကိုသွားရောက်ကာ ဝက်ဝံရှင်းလင်းရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့ပါတယ်။
ဂျပန်မှာ အန္တရာယ်ရှိ တိရစ္ဆာန်တွေကို ပစ်ခတ်ခြင်းမပြုဖို့ တင်းကြပ်တားမြစ်ထားတဲ့ ယခင်မူဝါဒကို အစိုးရက ပြန်လည်ဖြေလျှော့ပေးနေပါပြီ။ အဆိုပါ မူဝါဒဟာ ၂၀၂၅ ခုနှစ်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး လူနေထူထပ်တဲ့ဒေသတွေမှာ အန္တရာယ်ရှိ တိရစ္ဆာန်တွေကို မုဆိုးတွေ အရေးပေါ်ပစ်ခတ်မှုတွေ လုပ်ဆောင်နိုင်ဖို့ ဒေသဆိုင်ရာအစိုးရတွေကို လုပ်ပိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ၊ ကျေးလက်ဒေသတွေမှာ ဒီလိုနေအိမ်တွေထဲ တောရိုင်းတိရစ္ဆာန် ဝင်ရောက်နေထိုင်မှုတွေ မကြာခဏ တွေ့ရလေ့ရှိပါတယ်။
Zawgyi Version;
ဂ်ပန္ႏိုင္ငံ ေက်းလက္ေဒသတစ္ခုမွာ လူေနအိမ္၊ ဧည့္ခန္းထဲ ေတာ႐ိုင္းဝက္ဝံေရာက္ေနမႈျဖစ္ပြား
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၇
ဂ်ပန္ႏိုင္ငံရဲ႕ ႏွင္းထူထပ္စြာ က်ေရာက္ေလ့ရွိတဲ့ ဖူကူရွီးမားေဒသ၊ ေက်းလက္ေနရာတစ္ခုမွာ ဒီဇင္ဘာ ၂၃ ရက္ ညေနပိုင္းက လူေနအိမ္၊ ဧည့္ခန္းထဲမွာ ဝက္ဝံတစ္ေကာင္ ေရာက္ရွိေနတာကို အသက္ ၆၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေတြ႕ရွိခဲ့ပါတယ္။
ဝက္ဝံဟာ ၉၀ စင္တီမီတာခန႔္ အရွည္ရွိတယ္လို႔ သိရပါတယ္။ အိမ္မွာေနထိုင္သူ အမ်ိဳးသားဟာ ဝက္ဝံေၾကာင့္ အိမ္နီးခ်င္းအိမ္ကို တိမ္းေရွာင္ေနရၿပီး တစ္နာရီေက်ာ္ေလာက္ၾကာမွ အိမ္ျပန္လာတဲ့အခါမွာလည္း ဝက္ဝံက ထြက္မသြားေသးတဲ့အျပင္ အစားအစာေတြလည္း ျပန႔္က်ဲေနခဲ့တာေၾကာင့္ ရဲကို ဖုန္းဆက္တိုင္ၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ရဲတပ္ဖြဲ႕က အနီးဝန္းက်င္အိမ္ေတြ တံခါးေသာ့ခတ္ထားဖို႔ တိုက္တြန္းခဲ့ၿပီး အိမ္ကိုသြားေရာက္ကာ ဝက္ဝံရွင္းလင္းေရး လုပ္ငန္းစဥ္ကို လုပ္ေဆာင္ခဲ့ပါတယ္။
ဂ်ပန္မွာ အႏၲရာယ္ရွိ တိရစာၦန္ေတြကို ပစ္ခတ္ျခင္းမျပဳဖို႔ တင္းၾကပ္တားျမစ္ထားတဲ့ ယခင္မူဝါဒကို အစိုးရက ျပန္လည္ေျဖေလွ်ာ့ေပးေနပါၿပီ။ အဆိုပါ မူဝါဒဟာ ၂၀၂၅ ခုႏွစ္မွာ စတင္အသက္ဝင္မွာျဖစ္ၿပီး လူေနထူထပ္တဲ့ေဒသေတြမွာ အႏၲရာယ္ရွိ တိရစာၦန္ေတြကို မုဆိုးေတြ အေရးေပၚပစ္ခတ္မႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ ေဒသဆိုင္ရာအစိုးရေတြကို လုပ္ပိုင္ခြင့္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ဂ်ပန္ႏိုင္ငံ၊ ေက်းလက္ေဒသေတြမွာ ဒီလိုေနအိမ္ေတြထဲ ေတာ႐ိုင္းတိရစာၦန္ ဝင္ေရာက္ေနထိုင္မႈေတြ မၾကာခဏ ေတြ႕ရေလ့ရွိပါတယ္။